နေပြည်တော်ရှိ စစ်ခေါင်းဆောင် သုံးဦး၏ လုံခြုံရေး တိုးမြှင့်ထား

Saturday, October 31, 2009 ·

ညွန့်သက်ထားဦး | အမေရိကန် နိုင်ငံ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် အဖွဲ့ လာရောက် မည့် သီတင်း တစ်ပတ် အလိုက စပြီး နေပြည်တော်တွင် လုံခြုံရေးများ တိုးမြှင့် ထားသည်။ ကာကွယ်ရေး ၀န်ကြီးဌာန နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တို့၏ နေထိုင်ရာ အနီးတစ်ဝိုက်တွင် လက်မရွံ့ ကွန်မန်ဒို တပ်ဖွဲ့များ အများအပြား ချထားသည် ဟု သံချပ်ကာ ယန္တယား တပ်မှ အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။

လုံခြုံရေး အတားအဆီးများ ပိုမိုချထားသည့် နေပြည်တော်
သီတင်း နှစ်ပတ် အတွင်း သီရိလင်္ကာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် အစီအစဉ် ရှိသည့် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ ၎င်း၏ ကျန်းမာရေး အခြေအနေကြောင့် သွားရောက် နိုင်ခြင်း မရှိတော့ ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

နေပြည်တော် တွင် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကိစ္စရပ် များ အတွက် သဘော ကွဲလွဲ မှုများ ဖြစ်ပေါ်နေပြီး ၀ ပြည်အား ထိုးစစ်ဆင်မည့် သဘောထား ရှိသူများ ဘက်မှ အားသာ နေကြောင်း သိရသည်။

နေပြည်တော် တွင် ဂျူနီယာ စစ်ဗိုလ်ချုပ် များအား စစ်ခေါင်းဆောင် များ၏ လုံခြုံရေး အဖွဲ့များက စောင့်ကြည့် မှုများ ရှိနေပြီး အချို့ စစ်ဗိုလ်ချုပ်များ၏ သွားလာမှု များကို ထိန်းချုပ် ကန့်သတ် ထားသည် ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် ရက်များတွင် စစ်ဗိုလ်ချုပ် နှစ် ဒါဇင် ကျော်ခန့် အထူး စီမံထားသော တရား စခန်းတွင် ၀င်ရောက် နေထိုင်ရမည် ဖြစ်ပြီး ထို တရား စခန်း၏ အပြင်ဘက် တွင် ကွန်မန်ဒိုများက စောင့်ကြပ်ကာ အပြင် ထွက်ခွင့် နှင့် မိသားစု နှင့် တွေ့ဆုံခွင့်များ မရှိရဟု သိရသည်။

လာမည့်ရက် အနည်းငယ်အတွင်း အရေးပါသည့် ရာထူးနေရာ အပြောင်းအလဲများ ဖြစ်ပေါ်မည် ဟု လည်းသိရသည်။

သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦးက အရေးပါသည့် စစ်လက်နက် ပစ္စည်းများအား နေရာ ရွှေ့ပြောင်း ထားရှိသည်ဟု ပြောသည်။ နေပြည်တော်ရှိ အရပ်ဘက် အစိုးရ အရာရှိ တစ်ဦးကမူ နေပြည်တော် ၏ သက်တမ်းလေး နှစ် အတွင်း ပထမဆုံး အကြိမ် မတည်မငြိမ် ဖြစ်မှုဟု ပြောကြားကာ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပွား နိုင်ကြောင်း သုံးသပ် ပြောကြားသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */