အိမ်ဖေါ် အလုပ်သမား မြန်မာ အမျိုးသမီး တစ်ဦး ဓါးဒဏ်ရာများစွာဖြင့်သေဆုံး

Saturday, October 31, 2009 ·

28 October 2009 | ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီ ခရိုင်၊ ကော့စမွေ မြို့တွင် အိမ်ဖော် အလုပ် လုပ်ကိုင်နေသော မြန်မာ အလုပ်သမား အမျိုးသမီး တစ်ဦးအား အမည်မသိ လူသတ်သမားက သတ်ဖြတ် သွားခဲ့ကြောင်း ရဲများက ပြောသည်ဟု ထိုင်ရပ် သတင်းစာ အရ သိရှိရသည်။

အိမ်အမှတ် (၂၀၈/၁၂၄)၊ မူ (၁)တွင် အပုပ်နံ့များ ထွက်နေကြောင်း အနီး ပါတ်ဝန်းကျင်းမှ အကြောင်းကြား သဖြင့် အမှုစစ် အရာရှိ ရဲမှူးကြီး စီလီချိုင်စူစပ်က အောက်တိုဘာလ (၁၅)ရက်နေ့ ညနေ (၃)နာရီခန့်တွင် သွားရောက် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ အသက် (၂၆)နှစ်အရွယ် မဖြူ ဆိုသူ ဖြစ်ပြီး အိမ်နောက်ဖက်၊ အလုပ်သမားများနေထိုင်ရာ အိမ်ခန်း အတွင်းရှိ အိပ်ယာပေါ်တွင် သေဆုံးနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အိမ်ရှင်မှာ ကာပင်ထိုင်း လေယာဉ် ကုမ္ပဏီမှ အသက် (၄၂) နှစ် အရွယ်ရှိသူ ဟုန်နွယ် နန်ကယ်စလာ ဖြစ်ပြီး အောက်တိုဘာလ (၁၁)ရက်နေ့ ကတည်းက ဘန်ကောက်မြို့သို့ အလည်အပတ် သွားနေကြောင်းနှင့် မဖြူသည် နေအိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့ကြောင်း သိရသည်။

မဖြူနေအိမ်တွင် တယောက်တည်း ရှိနေစဉ် အမျိုးသား တဦးဦး ရောက်လာပြီး အဓ္ဓမ ပြုကျင့်ရန် အားထုတ် ခဲ့ကြောင်းနှင့် သူမက လက်ခံခြင်း မပြုဘဲ နီးစပ်ရာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ပြီး ကာကွယ် ခဲ့ကြောင်း ရဲများ၏ ထွက်ဆိုချက်များကို ကိုးကား၍ ဖော်ပြထားသည်။ လူသတ်သမားသည် အဖိုးတန် ပစ္စည်းများနှင့် ငွေများပါ ယူသွားကြောင်းကိုလည်း ရေးသားထားသည်။

ရဲမှူးကြီး စီလီချိုင် စူစပ်က “အဓ္ဓမ ပြုကျင့်ရန် ကြံစည်မှု၊ လုယက်မှု၊ လူသတ်မှုတွေနဲ့ ကျနော်တို့ တရားစွဲဆို နိုင်အောင် တရားခံကို ရှာဖွေနေပါတယ်”ဟု ပြောသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ သုံးရက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ အလောင်းမှာ ပုပ်ပွနံစော်နေကာ အိပ်ယာပေါ်နှင့် အိမ်သာခန်း များတွင်လည်း သွေများ ပေကျံ ခြောက်သွေ့ နေပြီး အလောင်း၏ လည်ပင်းနှင့် ခန္ဓာကိုယ် အနှံ့ တို့တွင် ဓါးဒဏ်ရာ များစွာ ရှိသည်။ သေဆုံးသူမှာ မြန်မာ အလုပ်သမား တစ်ဦး ဖြစ်သည်ဟုသာ သိရှိရပြီး မြန်မာနိုင်ငံ မည်သည့်ဒေသမှ မည်သူ၏ သားသမီး ဖြစ်ကြောင်းကိုမူ သတင်းစာတွင် ဖေါ်ပြထားခြင်း မရှိပေ။

ထိုင်းနိုင်ငံ အတွင်း မြန်မာ အလုပ်သမား သန်းချီရှိသည့် အနက် အိမ်တွင်း အကူ အလုပ်သမား (ခေါ်) အိမ်ဖေါ် အလုပ်သမား အများအပြား ရှိသော်လည်း စနစ်တကျ စာရင်းပြုစုထားမှု မရှိခြင်း၊ ပြုစုရန်ခက်ခဲခြင်း၊ အလုပ်သမားများ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့်၊ အိမ်အလုပ်သမားများ အသတ်ခံခြင်း၊ အဓ္ဓမ ပြုကျင့်ခံရခြင်း၊ လုပ်ခမရရှိခြင်း အစရှိသဖြင့် ပြဿနာ တစ်စုံတစ်ခု ပေါ်ပေါက် လာပါက ကူညီ ဆောင်ရွက် လိုသူများက အစရှာမရ ဖြစ်လေ့ ရှိကြောင်း သိရသည်။

source by : GRASSROOTS HUMAN RIGHTS

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */