Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

Friday, December 24, 2010 · 0 ရဲ့ အမြင်

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

ဒေါ်အောင်ဆန်းစုကြည်။ ။ ဖြူဖြူသင်းတို့ ကိစ္စတုန်းကလဲ အန်တီတို့ ဒီလိုပဲ လုပ်ခဲ့ပါတယ်။ တသီး ပုဂ္ဂလ အရွေးခံ ခဲ့တဲ့ သူတွေက နေပြီးတော့ ၀ိုင်းပြီးတော့ ပံ့ပိုး ပေးတယ်ပေါ့။ အဲဒီတော့ ဒီအခက်အခဲလေးကို အန်တီတို့ ကျော်လွှား နိုင်ခဲ့တယ်။ အခု ဂီရိကို သွားကြတဲ့ အခါကျတော့ တယောက်နဲ့ တယောက်လည်း ပိုသွားမယ်။ အန်တီတို့က NLD ထဲကိုဝင်ဖို့ ဆွယ်နေတာ မဟုတ်ဘူး။

မ၀င်တာတောင်မှ ပိုကြိုက် သေးတယ်။ မ၀င်တာကို ဘာဖြစ်လို့ ပိုကြိုက်သလဲ ဆိုတော့ “ပါတီ နာမည်တွေကို အလွဲ သုံးစား လုပ်တာတော့ မဟုတ်ဘူး နော် ”(ဦးနေမျိုးဝေတို့၏ ပါတီ အမည်မှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဖြစ်ပါသည်) မတူကွဲပြား တဲ့အမြင် တွေပေါ်မှာ ညီညွတ်မှု ယူနိုင်တယ် ဆိုတာ ပြချင်လို့။ NLD ကတော့ NLD ပေါ့။ NLD မဟုတ်လည်း လက်တွဲလုပ်လို့ရတယ်။ တကယ် ကိုယ့်ရဲ့ ရည်ရွယ်ချက်ချင်း တူလို့ရှိရင် ထိထိ ရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်တယ် ဆိုတာကို ပြနိုင်လို့ရှိရင် အန်တီတို့ ဒီမိုကရေစီ အတွက် ပိုကောင်းတယ်။ နိုင်ငံ အတွက်လည်း ပိုကောင်းတယ်။ အဲသလိုပဲ ယုံကြည်တယ်။

အန်တီတို့က လူငယ်တွေကို ဖိတ်ဖို့ ပြောထားတယ်။ တွေ့ဆုံ ဆွေးနွေးပွဲပေါ့။ NLD လူငယ်တွေနဲ့ NLD ပြင်ပ လူငယ်တွေ တွေ့ဆုံ ဆွေးနွေး ပွဲပေါ့။ လက်လှမ်း မီရာ ဖိတ်မှာပေါ့။ သားတို့ လာချင်လို့ ရှိရင် ပြောလိုက် ရုံပဲ။ အန်တီတို့ ဖိတ်ပါတယ်။ အန်တီတို့ ကလဲ မသိဘူးလေ။ အားလုံးကို လက်လှမ်းမီဖို့ ဆိုတာ ကိုယ်လက် လှမ်းမီ သလောက်ပဲ ဖိတ်လို့ ရတာကိုး။ တမင် ထားခဲ့ချင်တဲ့ စိတ်နဲ့ ထားခဲ့မှာတော့ မဟုတ်ပါဘူး။ မသိလို့တော့ ကျန်ရင် ကျန်သွားမယ်မှာပါ။

မေး။ ။ ကျွန်တော်တို့ တကယ်ကို ဂျာနယ်က နေပြီးတော့ အန်တီနဲ့ အင်တာဗျူး ထားတာကို ဖော်ပြခွင့် ရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကြိုးစားပြီး စုစည်း ဖော်ပြ ပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပိတ်လိုက်ရင် ဘယ်လို လုပ်မလဲ။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်သတင်း ထောက်များ၏ ရယ်သံများ တပြိုင်နက်တည်း ထွက်ပေါ် လာသည်)

ဂျာနယ် တစ်စောင်၏ တွေ့ဆုံ မေးမြန်းခန်း ပြီးပါပြီ။

(Facebook တွင် မြန်မာ သတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)

source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁)

· 0 ရဲ့ အမြင်

စစ်အစိုးရ စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်တွင်း သတင်း မီဒီယာများ တွေ့ဆုံ မေးမြန်းခန်း အပိုင်း(၁)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်း မီဒီယာ ငါးခုဖြစ်သည့် Venus ၊ ပြည်သူ့ခေတ်၊ 7 Day News၊The Voice ၊ ရန်ကုန်တိုင်းမ် တို့က တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပြီး အဆိုပါ အင်တာဗျူး များကို သက်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်း ဖော်ပြရန် ကြိုးစား ခဲ့ကြသော်လည်း စာပေ စိစစ်ရေး၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။

မြန်မာ သတင်းသမား ကွန်ရက်သည် အဆိုပါ အင်တာဗျူးများကို ချိတ်ဆက် ထားသော သတင်းသမားများ ထံမှ တောင်းခံခဲ့ပြီး ယင်းအင်တာဗျူး များကို မြန်မာသတင်းသမား ကွန်ရက်၏ Facebook တွင် ဖော်ပြပေးလိုက်ပါသည်။ သို့ရာတွင် မေးမြန်းသော ပြည်တွင်း သတင်း ဂျာနယ်များ၏ အမည်များကို လုံခြုံရေး အရ ထည့်သွင်း ဖော်ပြမည် မဟုတ်ကြောင်း အသိပေး အပ်ပါသည်။ အချို့ နေရာများတွင် မေးခွန်းများကို ဖျောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုသမျှကို အမေး၊ အဖြေပုံစံမဖော်ပြတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ တစုတစည်းတည်း ဖော်ပြ လိုက်ပါသည်။

မြန်မာ သတင်းသမားများ ကွန်ရက်(၂၃-၁၂-၂၀၁၀၊ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)

စိစစ်ရေးက ပိတ်ပင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ် တစောင်၏ တွေ့ဆုံ မေးမြန်းခန်း

မေး။ ။ ကျွန်တော်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက် လူငယ်နဲ့ပတ်သက်ပြီး တခုလောက်မေးချင်ပါတယ်။ မျိုးဆက်သစ် မြန်မာ လူငယ်တွေက NLD လူငယ်တွေနဲ့ မတူပဲသီးခြားပြီး နိုင်ငံရေးကို ပါဝင်လုပ်ဆောင်နေတဲ့ အစု အဖွဲ့လေးတွေ ရှိပါတယ်။ ဥပမာ - လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ NGO စတဲ့ အစုအဖွဲ့တွေ ရှိပါ တယ်။ အဲဒီအစုအဖွဲ့တွေအပေါ်မှာ အန်တီစုရဲ့ သဘောထား သိချင်ပါတယ်။ ဘယ်လို ဦးဆောင် သွားမယ် ဆိုတာ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ Diversity ပေါ့။ အဲဒါကို အန်တီ သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ပါတီ နိုင်ငံရေးကို အန်တီတို့ လုပ်ချင်တာ မဟုတ်ဘူး။ နောက်ပြီးတော့ အနှစ် ၂၀ အတွင်းမှာ NLD တစ်ဖွဲ့တည်း ရုန်းကန်ရတာ တော်တော်တော့ ပင်ပန်းတယ်။ NLD ကိုပေါ့နော်၊ အမျိုးမျိုး ဝေဖန်ကြတယ်။ ဝေဖန်စရာ အကြောင်းတွေလဲ ရှိပါတယ်။ အဲဒါတော့ မငြင်းပါဘူး။ ဒါပေမဲ့ NLD ကနေပြီး နိုင်ငံရေး လုပ်တဲ့သူ တိုင်းကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ကျန်တဲ့ လူတွေကလည်း တက်နိုင် သလောက်တော့ ရုန်းကန်တာပဲ။ ဒါပေမဲ့ အဲဒီမှာ ၀န်းရံမှုက နည်းနည်း အားနည်း သလိုပဲလို့ အန်တီ ထင်မိတယ်။ ထိုင်ပြီးတော့သာ NLD ကို ဝေဖန် နေကြတာ ပေါ့နော်။ ၀န်းရံပြီးတော့ ဘယ်လို ဖြစ်မြောက်အောင် လုပ်ပေးမလဲ ဆိုပြီးတော့ တကယ့် လက်တွေ့ ကျကျ လုပ်ပေးတဲ့ သူက အင်မတန် နည်းပါတယ်။ အခု မှာတော့ အန်တီ သတိထား မိတာ အရင်က ထက်စာရင် ဒီလို အစုအဖွဲ့တွေက ပိုများ လာတယ်။ နိုင်ငံရေး ရယ်တော့ မဟုတ်ဘူး။ လူမှုရေး အစုအဖွဲ့ သူတို့ တွေရဲ့ အနုပညာရှင်၊ စာပေ အသိုင်းအ၀ိုင်းပေါ့။ အဲဒီ အစုအဖွဲ့တွေ များလာတယ်။

ဒါဟာ နိုင်ငံအတွက် အလားအလာ ကောင်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ များလာတာတဲ့ အပြင် ဒီအစုအဖွဲ့လေးတွေက အခု အန်တီ ထွက်လာပြီး အချိန်မှာ မြင်ရတာက “အန်တီမှားရင် လည်းမှားနိုင်တယ်၊ မှားရင် သားတို့ပြင်ပေးရမှာပေါ့” NLD နဲ့ လက်တွဲပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အရင်တုန်းက ဆိုလို့ ရှိရင် ၈၈ တုန်းကတောင်မှ အစုအဖွဲ့တွေက ကိုယ့်ဟာကိုယ် သွားမယ်၊ ကိုယ့်လမ်းကို သွားကြမယ်၊ NLD ကို တချို့က မလိုလားတောင်မှ ရှိသေးတယ်။ NLD ကို အဖွဲ့ကြီး မို့လို့ မလိုလားဘူး။ NLD ကို နည်းနည်း တွန်းရမယ်၊ ဘေးဖယ် ထားရမယ်၊ ဆန့်ကျင် ရမယ်ဆိုတဲ့ အမြင်ရှိတဲ့ အဖွဲ့လေးတွေ တောင်မှ ရှိတယ်။

အခု ကျတော့ အများစုက အန်တီတို့အတွက် အားတက် စေတဲ့ ကိစ္စ လူငယ် အဖွဲ့အစည်းတွေက လက်တွဲပြီး လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ်လို့ အန်တီ မြင်တယ်။ အန်တီမှားရင် တော့ မှားမှာပေါ့နော်။ အန်တီတို့ကဖိတ်ခေါ်တဲ့အခါမှာ လိုလိုလားလားနဲ့ လက်ခံတာမျိုး မြင်ရတယ်။ အန်တီတို့ လူငယ်တွေ၊ NLD မဟုတ်တဲ့ အခြား လူငယ်တွေကို ဆွေးနွေးပွဲ တခု ဖိတ်ဖို့ အန်တီတို့ အစီအစဉ် တခု လုပ်ထားတယ်။ စပြီးတော့ ဆွေးနွေးမယ်၊ စကားပြောမယ်။ စကား ပြောရုံတင် မကဘူး၊ အန်တီတို့က အတူတူလက်တွဲပြီး လုပ်ချင်တယ်။ အခု ဂီရိ မုန်တိုင်း ဒုက္ခသည်တွေကို ကူညီဖို့ ဆိုပြီးတော့ အဖွဲ့တခု လွှတ်လိုက်တယ်။ အဲဒီအဖွဲ့ထဲမှာ ဆိုလို့ရှိရင် NLD တွေ မဟုတ်ပါဘူး၊ CRPP လည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ မှာ တသီး ပုဂ္ဂလ အဖြစ် ၀င်အရွေးချယ်ခံတဲ့ ဦးဝင်းချိုလည်း ပါတယ်။ ဒါ အန်တီတို့က ဖိတ်ခေါ်တာပေါ့။ အရင် ကတည်းကလည်း အန်တီတို့ တွေ့ပြီးပြီလေ။

တသီး ပုဂ္ဂလ တော်တော် များများနဲ့ တွေ့ပြီးပြီ။ အန်တီတို့က ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။ သပိတ်မှောက် ပေမယ့်လည်း ကိုယ်နဲ့ သဘောချင်း မတူလို့ ရန်သူလို့ အန်တီတို့ စိတ်ထဲမှာ မထားပါဘူး။ တချို့ ကိစ္စတွေမှာ သဘော မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ၀င်ခဲ့တာကို အန်တီတို့ ဆွေးနွေးတယ်။ ဘယ်လို ရည်မှန်းချက်တွေနဲ့ ၀င်ခဲ့တာလဲ။ သူတို့ တွေကလည်း ရှင်းပြ ကြတယ်။ ဒီတော့ အန်တီ ပြောချင်တာက ကောင်းပြီ၊ လွှတ်တော်ထဲ မရောက်လို့ရှိရင်လဲ လွှတ်တော် အပြင်က နေပြီးတော့ ဒီရည်မှန်းချက် တွေကို လက်တွဲပြီးတော့ ဖော်ဆောင်လို့ ရတာပဲ ဆိုပြီးတော့ အဲဒီလိုပေါ့။ လက်တွေ့ ကျကျ လုပ်တာပေါ့။

(Facebook တွင် မြန်မာ သတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူ ဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)
source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ဒီနေ့ ကိုထိန်လင်း မြန်မာပြည်က ပြန်လည် ထွက်ခွာ

Tuesday, December 7, 2010 · 0 ရဲ့ အမြင်










ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(Kim Aris)ဒီနေ့ မနက် ၉နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာ သွားပါပြီ။

နှုတ်ဆက် လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြ နှုတ်ဆက် နေပုံကို ခုလို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ် မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင် ထားတဲ့ မင်းသမီး မီရှဲရိုးဟာ လေယာဉ် တစီးတည်း အတူတူ ပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မီရှဲရိုးဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမ သရုပ်ဆောင် ရမယ့် ဒေါ်အောင် ဆန်းစုကြည် ဇာတ်ကောင် နေရာ အတွက် တွေ့ဆုံ စကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ညစာ တူတူစား ခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ကြည့်ချင်သေးလား....

စစ်သားစိတ် မပျောက်ပဲ လူမဆန်စွာ ဖိနှိပ်နေ

· 0 ရဲ့ အမြင်


ဗိုလ်မှူး မောင်ညိမ်း
မြန်မာနိုင်ငံတွင် မတရား အုပ်ချုပ်နေသော စစ်အစိုးရ ပေါ်လစီ အရ စစ်တပ်မှ အရာရှိ များကို အရပ်ဘက် ပြောင်းလဲ တာဝန် ချထား ပေးနေကြသည်။ သို့သော် ထိုသို့ အရပ်ဘက် ပြောင်းလဲ လာကြ သော်လည်း အချို့ စစ်တပ် အရာရှိများသည် အရပ်ဘက် ရုံးများတွင် အရပ်သား ၀န်တမ်းများကို စစ်သားစိတ် မပျောက်ပဲ စစ်တပ် ဆန်ဆန် ဖိနှိပ် ချုပ်ချယ် နေမှုကြောင့် ဖြစ်ပေါ်လာသော အစဉ်မပြေ မှုများသည် မြန်မာနိုင်ငံ ၀န်ထမ်း လောကတွင် အဖြစ်များ နေပါသည်။

ယခုလည်း သစ်တော ရေးရာ ၀န်ကြီးဌာန လက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(I.B.C)၏ ဗဟို မန်နေဂျာ ဖြစ်သော ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက် ၀န်တမ်းများ အပေါ် လူဂုဏ် သိက္ခာ ညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ် အုပ်ချုပ်မှုများ ရှိနေကြောင်း (I.B.C) ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သတင်း ရရှိပါသည်။

၎င်း ဗိုလိမှူး မောင်ညိမ်းသည် မိမိလက်အောက် ၀န်ထမ်းများကို ရုံးလုပ်ငန်း ကိစ္စများတွင် သာမက မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများပါ ခိုင်းစေပြီး၊ ထိုခိုင်းစေမှုများကို ၎င်းစိတ် အခက် မသင့်ပါက ကိုယ်ထိ လက်ရောက် ကျုးလွန် စော်ကားလေ့ ရှိသည်။ နေပြည်တော်ရှိ (I.B.C) စားသောက်ဆိုင် ခွဲတွင် တာဝန် ထမ်းဆောင် နေသူ မောင်ကျော်သူထင် အား ဗိုလ်မှူး မောင်ညိမ်း မျှစ်ချဉ်ကန် ပြုလုပ်ရန် စေခိုင်းစေရာ အချိုးမပြေဟု ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ဥိးခေါင်းကွဲ ဒါဏ်ရာ ရရှိပြီး ဆေးခန်းတွင် ချုပ်ရသည့် အထိ ဖြစ်ခဲ့သည်။ သို့ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုး အချို့သည် ဗိုလ်မှူး မောင်ညိမ်း လက်အောက်တွင် တာဝန် ထမ်းနေ ရသဖြင့် မောင်ကျော်သူထင်မှာ သူ့ဆွေမျိုးများကို ဗိုလိမှူး မောင်ညိမ်းမှ အငြိုးထား အလုပ်ဖြုတ်မည် စိုးသဖြင့် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုလုပ်ရဲပဲ ရေငုံ နှုတ်ပိတ် နေခဲ့ရသည်။

ထိုအပြင် မောင်ကျော်သူထင်၏ ဇနီး (I.B.C) ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုန်း ပြုပြင်ခိုင်းရာ အဆင်မပြေဟု ဆိုကာ ဗိုလ်မှူး မောင်ညိမ်းမှ ကိုယ်ထိ လက်ရောက် ပါးရိုက် ခဲ့သည်။

(I.B.C) ရုံးတွင်လည်း ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နှုတ် မိန့်ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) အား ထုတ်မပေးခြင်း (I.B.C) တွင် အလုပ်ဝင်သူ မည်သူ ဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်ဆဲးထား၍ အလုပ်ထွက်ပြီး ခြောက်လ ကြာသည့် အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည့် စည်းကမ်းများ ချထားကြောင်းသိရသည်။ ဗိုလ်မှူး မောင်ညိမ်းသည် သစ်တောရေးရာ ၀န်ကြီးနှင့် ပဏာသင့်သူ တဦးဖြစ်ပြီး ၀န်ကြီးမှ ၎င်းအား ကာကွယ် ပေးနေကြောင်း သိရှိရသည်။

(I.B.C)ရုံးတွင် ၀န်တမ်း ဦးရေ ပျမ်းမျှ (၆၀) ဦးခန့် ရှိကြရာ (၄၀) ဦး လောက်မှာ ဗိုလ်မှူး မောင်ညိမ်း၏ ကိုယ်ထိ လက်ရောက် စော်ကား ခံခဲ့ရဖူးသူများ ဖြစ်နေကြပြီိး အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုရဲကြပဲ ခေါင်းငုတ် ခံနေကြရသည်။
ယခု အခါ ဆက်လက် သည်းမခံနိုင် ကြတော့ပဲ ၀န်ထမ်းများက ဗိုလ်မှူး မောင်ညိမ်းအား အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (I.L.O) သို့ တိုင်ကြားရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ်

Tuesday, November 16, 2010 · 0 ရဲ့ အမြင်

ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး ။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။

သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီ တို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမား တာဝန် ကျေချင်တဲ့ အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။

သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာ ပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။

အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။

ကျနော်တော့ ဒီနေ့ တရား တော်တော် ရသွားတယ်။ လုံခြုံရေး သဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့  ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။
ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရြှိ ပီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချ ည်း ပါပဲ။

အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။ အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားေ တွ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့ လည်း သံသယ ၀င်မိပါတယ်။

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက် နှင့် သတင်း ဓါတ်ပုံ အသံဖိုင်

Sunday, November 14, 2010 · 0 ရဲ့ အမြင်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အသံဖိုင်း နားဆင်ရန်နှင့် ဒေါင်းလုပ် လုပ်ရန်

“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံး နိုင်ငံရေးဘဲ။ ကျမတို့ ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ အရှေ့က လုပ်နေတဲ့ သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်း ဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူး သိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူး သိတယ် ဆိုတာ ဘာလဲ။ တယောက်နဲ့ တယောက် သည်းခံ ရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ် ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်းလူတိုင်း အတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန် ကျေပွန် ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။

ကျမတို့ ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’

ဓါတ်ပုံ : မဇ္ဈိမ မှ ရယူပါသည်။

အသံဖိုင် ပို့ပေးသော ဗမာ့သွေး အားကျေးဇူးတင်ရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

သူမ လွတ်သည့် အချိန် ...

Saturday, November 13, 2010 · 0 ရဲ့ အမြင်

ကန့်သတ်နယ်မြေ (Restricted Area) ဆိုသော အနီရောင် စာလုံးကြီးများက အဖြူရောင် ဆိုင်းဘုတ်ပေါ်တွင် ထင်ထင်ရှားရှား တွေ့မြင်ရနေပြီး သံဆူးကြိုး ဘယ်ရီယာ များကလည်း လမ်းမကြီး တခုလုံးကို ဖြတ်ချထားသည်။
လွတ်မြောက်လာပြီးနောက် လာရောက် ထောက်ခံအားပေးသော လူထုကို နှုတ်ဆက်ရန် ခြံဝသို့ လျှောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)

ရော်ဘာနံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများ ပစ်နိုင်သည့် အမြောက်များ ကိုင်ဆောင်ထားသော လက်နက်အပြည့်အစုံ တပ်ဆင် ထားသည့် လုံထိန်းရဲများအားလုံးက သံဆူးကြိုးဘယ်ရီယာများနောက်တွင် အသင့်အနေအထား။

ရဲအရာရှိတဦးက ခက်ထန်သော မျက်နှာဖြင့် အော်လံ အသေးစားကို ကိုင်ကာ စူးရှသော အသံဖြင့် အော်ဟစ်နေသည်။

“ရှေ့တိုးမလာနဲ့၊ ဒါ ကန့်သတ်နယ်မြေပါ၊ နောက်ဆုတ်ပါ၊ တာဝန် ထမ်းဆောင်နေတာ” ဆိုသော ရဲအရာရှိက သူ့ရှေ့တည့်တည့်ရှိ လူ ရာပေါင်းများစွာကို အော်ဟစ် အမိန့် ပေးနေသည်။


လူအများစုက ရဲအရာရှိ၏ စကားကို နားမထောင်သည့်အပြင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသော အသံများကို တူညီကျယ်လောင်စွာ အော်ဟစ်နေပြီး လက်ခုပ်သံများကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်း အတွင်း တဖြောင်းဖြောင်း ထွက်ပေါ်လျက် ရှိသည်။

ယနေ့သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရမည့်နေ့ ဖြစ်သည့်အတွက် တက္ကသိုလ်ရိပ်သာလမ်းတလျှောက် သတင်းထောက်များ၊ ပြည်သူများ၊ နိုင်ငံခြားသံတမန်များ အပါအ၀င် လူတထောင်ကျော်ခန့် လာရောက်စုဝေးနေကြသည်။

မနက်လင်းအားကြီး အချိန်ကတည်းက လာရောက်စောင့်ဆိုင်းနေသော လူစုလူဝေးမှာ ညနေ ၅ နာရီကျော်လာချိန်အထိ ဆက် လက် စောင့်ဆိုင်းနေကြဆဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူ ငယ် သုံးဆယ်ခန့်က လုံထိန်းရဲများစောင့်ဆိုင်းနေသော သံဆူးကြိုးဘယ်ရီယာ ချထားသည့် နေရာရှေ့ တည့်တည့်တွင် ငုတ်တုတ်ထိုင်နေကြသည်။

လုံထိန်းကားများကလည်း တက္ကသိုလ်ရိပ်သာလမ်းမ ထိပ်တွင် ပိတ်ရပ်ထားပြီး လုံခြုံရေးအထူး တင်းကျပ်ထားသည်။ အရပ်ဝတ်ရဲ၊ စစ်ထောက်လှမ်းရေး၊ စွမ်းအားရှင်များကလည်း နေရာအနှံ့အပြားတွင်ရှိနေပြီး အဖွဲ့ချုပ်လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များကို ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

အချိန်ကား ညနေ ၅ နာရီ ၅ မိနစ်။

လူအုပ်ကြီးထံမှ လက်ခုပ်သံများ တဖြောင်းဖြောင်းထွက်ပေါ်လာပြီး လူအားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်ခြံအတွင်းသို့ စတေကာ အနက်ရောင်ကပ် ကားများဝင်ရောက်သွားကတည်းက လူအုပ်ကြီးက ဂနာမငြိမ် ဖြစ်နေချေပြီ။

“ဒေါ်အောင်ဆန်းစုကြည်ခြံတွင်းသို့ ကားများဝင်သွားပြီ” ဆိုသော သတင်းစကားကြောင့် သံဆူးကြိုး ဘယ်ရီယာ ချထားသည့် နေရာသို့ ပြေးသူပြေး၊ အားလုံး ရုတ်ရုတ်သဲသဲ။ လူတွေအားလုံး မျက်လုံး လားရာက ဒေါ်အောင်ဆန်းစုကြည် အိမ်တည်ရှိရာ နေရာဆီသို့ ဦးတည် ကြည့်ရှုလျက် ရှိသည်။

ညနေ ၅ နာရီ ၁၅ မိနစ်ခန့် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ချထားသည့် သံဆူးကြိုး ဘယ်ရီယာများကို လူ ဆယ်ဂဏန်း ကျော်က စတင်ရွှေ့နေကြပြီ။

“ဟေး......ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ... ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသော လူအုပ်ကြီးဆီမှ ပြိုင်တူ ထွက်ပေါ် လာသောအသံက ပတ်ဝန်းကျင်တခုလုံးကို မြည်ဟီး သွားစေတော့သည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင်ချထားသော သဲအိတ်များကို လုံထိန်းရဲကားတစီးပေါ် လျှင်မြန်စွာ ဆွဲတင်နေကြသည်။ လူအုပ်ကြီးက ပို၍ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာတော့သည်။

“ဟုတ်ကဲ့၊ သေချာသွားပြီ။ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ” ဆိုသော ဖုန်းဆက် အကြောင်းကြားသံများကလည်း လူအုပ် အတွင်း တွင် ဆူညံလွန်းလှသည်။

လုံထိန်းရဲများကလည်း သံဆူးကြိုး ဘယ်ရီယာများကို ဖယ်ရန် ပြင်ဆင်နေချေပြီ။ သံဆူးကြိုး ဘယ်ရီယာ နှစ်ခုမျှသာ ဖယ်ပြီးချိန် လူအုပ်ကြီးမှာ အပြေးအလွှားဖြင့် ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့သို့ ပြေးလွှားကြတော့သည်။

“အမေစု” “အန်တီစု ကျန်းမာပါစေ” စသော အသံများဖြင့် ပြေးလွှားနေကြသော လူအုပ်ကား ကမ္ဘာပျက်သည့်အလား။ လူ အားလုံး ၏ မျက်နှာက ပြုံးနေကြသည်။

“ဒေါ်အောင်ဆန်းစုကြည်” “ဒေါ်အောင်ဆန်းစုကြည်” “ဒေါ်အောင်ဆန်းစုကြည်” ဆိုသော ကြွေးကြော်သံများက အိမ်အမှတ် ၅၄ ခြံရှေ့တွင် ကျယ်လောင်စွာ မြည်ဟီးလျက်ရှိသည်။

ညနေ ၆ နာရီ ကျော်ချိန် ခြံအမှတ် ၅၄ ရှိ ခြံစည်းရိုးသံတိုင်လေးနှစ်ခုကို ကိုင်ကာ အမျိုးသမီး တဦး မျက်နှာပေါ်လာချိန်တွင်တော့ လူအုပ်မှာ ထိန်းမရတော့။ ထိုအမျိုးသမီး၏ မျက်နှာကား ပြုံးနေပြီး ပရိသတ်လူအုပ်ကို လက် ဝေ့ယမ်း နှုတ်ဆက်လိုက်သည်။

သူမမှာ ပြည်သူလူထုနှင့် နှစ်ပေါင်းများစွာ ကွာဝေးနေပြီး ယနေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်တော့သည်။

“အမေစု” “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” “အန်တီစု” ဆိုသော အသံများနှင့် ငိုသူက ငို၊ ခုန်ပေါက်သူက ပေါက်။ အားလုံးပျော်ရွှင်နေကြသည်။

ထောင်ကျော်ရှိသော လူအုပ်သည် တဖြည်းဖြည်း ပိုပိုများလာသည်။ ဗေဒါရောင် မြန်မာဆန်ဆန် အင်္ကျီဝတ်ဆင် ထားသော ဒေါ် အောင်ဆန်းစုကြည်က လူထု၏ မျက်နှာကို မြင်လိုက်သည်နှင့် ပို၍ ပြုံးလာသည်။

သူမ လက်တချက်ဝေ့ယမ်းပြလိုက်တိုင်း ပြည်သူလူထုက အော်ဟစ်ကြသည်။

နှစ်ပေါင်းများစွာ ပြည်သူလူထုနှင့် ခွဲခွာနေရသော သူမ၊ ခင်ပွန်းနှင့် သားနှစ်ဦးကို ပစ်ပယ်ပြီး မြန်မာလူထုအတွက် တိုက်ပွဲ ၀င် နေသော သူမ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတဦးဖြစ်သော သူမ၊ လက်နက်ကိုင် စစ်အာဏာရှင် အစိုးရကို ငြိမ်းချမ်းသောနည်းဖြင့် တိုက်ပွဲဝင်နေသော သူမ၊ ပြည်သူချစ်သော သူမ၊ လူထု၏ နှလုံးသားတွင် ထာဝရ ကိန်း
အောင်းနေသော သူမ။

သူမ တိတ်ဆိတ်စွာနေရန် ပြောလိုက်ချိန်တွင် လူအုပ်မှာ မီးကို ရေနှင့်ငြိမ်းသတ်သည့်အလား ငြိမ်သက်သွားတော့သည်။

သူမအနေဖြင့် အခုလို လာရောက်နှုတ်ဆက်သောလူထုကို ကျေးဇူး တင်ကြောင်း အပါအ၀င် နိုဝင်ဘာလ ၁၄ ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ရှိရာ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးသို့ နေ့လယ် ၁၂ နာရီလာရောက်ပါရန် လူထုကို ပန်ကြားနေသည်။

ပြည်သူများကို ၁၃ မိနစ်ခန့် နှုတ်ဆက်ပြီးနောက် သူမ နေအိမ်အတွင်းသို့ ပြန်ဝင်သွားတော့သည်။ တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် မျက်ရည်ဖြိုင်ဖြိုင်ကျနေသော အမျိုးသမီး၊ အမျိုးသား၊ သံဃာတော်များကို တွေ့မြင်ရသည်။ သူတို့အားလုံး ပျော်နေကြသည်။

ကင်မရာကိုကိုင်ပြီး ကခုန်နေသော သတင်းထောက်များကိုပင် တွေ့မြင်နေရသည်။

ယင်းနောက် သူမ နေအိမ်အတွင်း ပြန်ဝင်သွားသည်။ သို့သော်လည်း တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လူစုမကွဲသေး။ ညနေ ၆ နာရီ ၃၀မိနစ်ကျော်လာချိန်“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆိုသောအသံနှင့် ထောင်ချီရှိ လူအုပ်ကြီး ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာ ပြန်သည်။

ခြံရှေ့တွင် လက်ခုပ်သံများက တဖြောင်းဖြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ကိုင်ဆောင်ထားသော လူပေါင်း များစွာ ကလည်း သူတို့၏ ခေါင်းဆောင်ကို လာရောက်နှုတ်ဆက်ကြသည်။

“ဟေး” ဆိုသော အသံကြီး အလွန်မြည်ဟီးစွာ ထွက်ပေါ် လာပြန်သည်။ နောက်ဆက်တွဲ လက်ခုပ်သံများကလည်း ဆူညံလွန်း လှ၏။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုတိယ အကြိမ်ပြန်လည်ထွက်ပေါ်လာသည်။ ထောင်သောင်းချီရှိသော လူအုပ်ကြီးက သူတို့ ခေါင်းဆောင်ကို ပြန်လည်မြင်တွေ့ရသည်နှင့် လက်များကို မိုးပေါ်ထောင် ဝှေ့ယမ်း နှုတ်ဆက် ကြသည်။

ငါးမိနစ်ခန့် လူထုကို နှုတ်ဆက်ပြီးသူမ ခြံတွင်းပြန်ဝင်သွားသည်။ သို့သော် တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လူသူ မပျောက်သေး။ ဒေါ်အောင်ဆန်းစုကြည်ကို မမြင်တွေ့ရသည်တိုင် သူတို့ နှစ်ပေါင်းများစွာ ခြေချခွင့်မရသော ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့သို့ လူ ရာပေါင်းများစွာ လာရောက်နေကြဆဲ။

ည အမှောင်ကျနေပြီဖြစ်သော်လည်း ပျော်ရွှင်နေသော ပြည်သူများ၏ မျက်နှာကား အရောင် တောက်လျက်ရှိသည်။ ဒေါ်အောင် ဆန်း စုကြည် အမှန်တကယ် လွတ်မြောက်ခဲ့ပြီ။

ဖတ်ကြည့်ချင်သေးလား....

❶❸ ❙ ❶❶ ❙ ➓ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ ... ... ...

· 0 ရဲ့ အမြင်

  • ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောရန်ပြင်နေသည်ဟု ဆို။
  • ပြည်သူက ပေးတဲ့ ပန်းတပွင့်ကို ထိုးပြီး ပန်နေပါတယ်။ ဗေဒါရောင် လက်ရှည် ဝတ်စုံနဲ့ပါ။
  • ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။
  • မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါပြီ။
  • မတွေ့ရတာကလည်း ကြာပြီ ဆိုတော့ ပြောစရာတွေက အများကြီးပဲ။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီလာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ် ... တဲ့
  • အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။
  • မနက်ဖြန် နေ့လည် ၁၂ နာရီ NLD ရုံးကို လာခဲ့ကြပါတဲ့။
(အထဲကနေ တိုက်ရိုက်ပို့လိုက်တာကတော့ ဒီလိုပါ။)
၅:၄၅ လောက်မှာ စကားပြောတယ်၊ ၁၀ မိနစ်လောက် လူထု ငြိမ်အောင်စောင့်လိုက်ရတယ်၊ သူ ပြောတာက အားလုံးကြားအောင် အသံမထွက်ဖို့ ငြိမ်နေဖို့ပြောတယ်။ အသံထွက်ရမယ့် အချိန်ကျမှ ငြိမ်မနေနဲ့တဲ့။ ရှေ့က လူတွေပဲ ကြားရရင် နောက်က လူတွေကိုပြန်ပြောပြပေါ့ တဲ့၊ တကတည်းကို စစချင်းနိုင်ငံရေး သင်ခန်းစာပေးနေရတာပဲတဲ့၊ အခြင်းခြင်းနားလည်မှု ရှိပါ၊ လက်ညီတက်ညီ ရှိပါတဲ့ မတွေ့ရတာ ကြာတော့ ပြောစရာတွေ အများကြီးရှိတယ်တဲ့ အခုက လော်စပီကာမရှိတော့ မကြားရဘူးတဲ့ ဒါကြောင့် မနက်ဖြန် ရုံးမှာ စကားပြောမယ်။

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်ကို လူအများ ဆက်လက် စောင့်မျှော်

Friday, November 12, 2010 · 0 ရဲ့ အမြင်

ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့်ပြီး ရန်ကုန် ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် စောင့်ဆိုင်းနေသူများကို သောကြာနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။

ဖတ်ကြည့်ချင်သေးလား....

မင်္ဂလာဈေးတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ထပ်မံကြဲချ

Wednesday, November 3, 2010 · 0 ရဲ့ အမြင်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ရန်ကုန်မြို့ရဲ့ အထင်ကရ ဈေးကြီး တခု ဖြစ်တဲ့ မင်္ဂလာဈေး အပေါ်ထပ် ကနေ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာတွေကို မနေ့ နေ့လည်ပိုင်းက ကြဲဖြန့် ခဲ့တယ်လို့ ဧရာဝတီသို့ ပေးပို့ လာတဲ့ စာမှာ ဓါတ်ပုံနဲ့ တကွ ဖော်ပြ ထားပါတယ်။

ဒီစာရွက်တွေမှာ ပြည်သူ့ အစိုးရ ဖွဲ့စည်းရေး ဒို့အရေး ၊ မဲမပေးနဲ့ ပြည်သူ့ အစိုးရဖွဲ့ ၊ လူထု လှုပ်ရှားမှု ကော်မတီ ၂၀၁၀ လို့ ဖော်ပြထားတာပါ။ မင်္ဂလာဈေး အပေါ်ထပ် ကနေ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်တွေကို လွန်ခဲ့တဲ့ လပိုင်းကလည်း ကြဲဖြန့်မှု ရှိခဲ့ပြီး အခု တကြိမ်ဟာ ဒုတိယ အကြိမ် ကြဲဖြန့်မှု ဖြစ်ပါတယ်။

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ကုလ သမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေရပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကြီးကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ပြန် ထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပရန် ၃ ရက်သာ လိုတော့ချိန်တွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက် လာပါတယ်။

မနေ့က တောင်ဒဂုံမှာ မဲမပေးဘဲ နေပိုင်ခွင့်ရှိ စာရွက်စာတမ်း ဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ကိုအေးသွင်ကို အာဏာပိုင်တွေက ယနေ့ နံနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။

source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ကြံ့ဖွံ့က အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် “နဂါးနီ” သီချင်းအား ဖျက်ဆီးမှု ပြည်သူများ ကန့်ကွက်မည်

· 0 ရဲ့ အမြင်

ကိုဦး | စစ်ကြိုခေတ် တစ်လျှောက်နှင့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းစဉ် တစ်လျှောက်တွင် ပြည်သူတို့၏ ဇာတိမာန် တက်ကြွ စေရန် ဆရာ ရွှေတိုင်ညွှန့်က ရေးသားပြီး အဆိုတော် သရုပ်ဆောင် ခင်မောင်ရင် သီဆို ခဲ့သည့် “နဂါးနီ” သီချင်းအား ကြံ့ဖွံ့က ၎င်းတို့၏ မဲဆွယ်ပွဲ များတွင် မူရင်း သံစဉ် စာသားများအား ဖျက်၍ သီဆိုမှုကို ပြည်သူ တစ်ရပ်လုံးက စတင် ကန့်ကွက်တော့မည် ကျောက်မြောင်းနေ ပြည်သူများက FNG သို့ ပြောသည်။ နဂါးနီး သီချင်းကို လက်ရှိ ရောခ် အဆိုတော် ဇော်ဝင်းထွဋ်၏ အဖိုး ဖြစ်သူ ဆရာ ရွှေတိုင်ညွှန့်က သီဆိုထားခြင်း ဖြစ်ပြီး ကြံ့ဖွံ့က ထိုသီချင်းကို သီဆိုရန် ကာယကံရှင်နှင့် သက်ဆိုင်သူများကိုလည်း ခွင့်မတောင်းခဲ့ဟု သိရသည်။

ကြံ့ဖွံ့က နဂါးနီ သီချင်းကို မူရင်း စာသားများ ပြောင်းလဲ သီဆိုမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်း၌ အနုပညာ ဦးစားပေး မြားနတ်မောင် ရသ မဂ္ဂဇင်းကို တည်ထောင်ခဲ့သူ စာရေး ဆရာ ဒေါက်တာ လွဏ်းဆွေက “ကျွန်တော်တို့ မြန်မာ ပြည်သူတွေ အနေနဲ့ နိုင်ငံတော် သီချင်းပြီးရင် အလေးအမြတ် ထားရတဲ့ နဂါးနီ သီချင်းကို အခုလို ပြန်ဖျက်ပြီး ဆိုထား တကယ် မလုပ်သင့်တဲ့ ကိစ္စပဲ တကယ် ကန့်ကွက် ရှုံ့ချ သင့်တဲ့ ကိစ္စပဲ၊ တေးရေးသူ မရှိတော့ဘူး လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သဘောမျိုးတော့ မလုပ်သင့်ဘူး၊ အခုလို ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော် ထဲကနေ ဥပဒေပြု မယ် ဆိုတဲ့ ကြံ့ဖွံ့က မူပိုင်ခွင့် ဥပဒေတို့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် တွေကို ချိုးဖောက်မယ် ဆိုရင် ဒါက အတော့်ကို လွန်သွားပြီဟု သူ၏ အမြင်ကို ပြောသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု၌ အဓိကျသည့် နေရာမှ ပါဝင်ခဲ့သည့် ကြံ့ဖွံ့ အဖွဲ့ဝင် များသည် ၎င်းတို့၏ မဲဆွယ်ပွဲ များဉ် ထင်ရှား သော သမိုင်းဝင် သီချင်းဖြစ်သည့် နဂါးနီကို ပြန်လည် သီဆိုကြရာတွင် တာမွေ ကြံ့ဖွံ့ အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေ သီဆိုမှု၌ ကြီးမားသော ကန့်ကွက်မှုနှင့် ကြုံရသည်။

ထိုသီချင်းအား ရေးစပ်ခဲ့သည့် အဆိုတော် ရွှေတိုင်ညွှန့် နှစ် ၁၀၀ ပြည့်အား ပြီးခဲ့သည့် မတ်လက ရန်ကုန် မြို့၌ ကျင်းပခဲ့သည်။ နဂါးနီ သီချင်းအား အဆိုတော် ဇော်ဝင်းထွဋ်က သားဖြစ်သူ အီတိုးနှင့် ပြန်လည် သီဆိုရန် စီစဉ် ထားသည်။ ဆရာ ရွှေတိုင်ညွှန့်သည် ထင်ရှားသည့် လွတ်လပ်ရေး ကြိုပမ်းမှု သီချင်းများကို ရေးခဲ့သူ ဖြစ်သည်။

နဂါးနီ သီချင်းအား မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ တောင်းဆိုမှု အရ ၀န်ကြီးချုပ် ဦးနု က စာသား များ ရေးသားကာ ဆရာ ရွှေတိုင်ညွှန့် က သံစဉ် သီကုံး စပ်ဆိုမှု ပြုခဲ့ခြင်း ဖြစ်သည်။

ကိုဦး၏ သတင်း ပေးပို့မှုအား တင်ကျော်ကျော်စိုး တည်းဖြတ်သည်။


source by : FREEDOM NEWS GROUP

ဖတ်ကြည့်ချင်သေးလား....

ထင်သလို မဖြစ်ရင် အာဏာသိမ်းဦးမှာလား?

· 0 ရဲ့ အမြင်

နိုဝင်ဘာ ၁ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာပါ ပေါ်လစီ ဆောင်းပါးမှာ ရေးထားတာပါ။ “လက်ရှိ နိုင်ငံတော် တာဝန်ရယူထားသည့် အဖွဲ့အစည်း” ဆိုတာ ရှင်းပါတယ်၊ “စစ်အစိုးရ” ကို ဆိုလိုတာပါ။ “ဆက်လက်တာဝန်ယူ” ဆိုတာကတော့ “အာဏာကို ဆက်ထိန်းချုပ်ထားမယ်”၊ “အာဏာသိမ်းမယ်” လို့ အဓိပ္ပာယ် ကောက်ယူ နိုင်ပါတယ်။

စာဖတ်ပရိသတ်များ သဘောတူပါသလား။

source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ဖင်အတု တပ်ပြီး မဲဆွယ်သည့် ကြံ့ဖွံ့ အမတ်လောင်း

· 0 ရဲ့ အမြင်

FNG | ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး တွင် ပါခဲ့သည် ဆိုသည့် တာမွေ ကြံ့ဖွတ် အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေအား ယမန်နေ့က မဲဆွယ် ရာတွင် သတိပဌာန် လမ်းထိပ် အရောက် ပြည်သူ အချို့က

“ဗျို့ အစ်မကြီး ကိုယ်တုံးလုံး ချွတ်ပြီး ကပြရင် မဲထည့်မည်”

ဟု ၀ိုင်းဝန်း ရှုံ့ချ ခဲ့ရာမှ ပြည်သူများနှင့်အချင်းများ ခဲ့သည်ဟု သိရသည်။

ထိုသို့ အချင်းများပြီးနောက် သတင်း ရယူရန် ရောက်လာသည့် နိုင်ငံခြား သတင်းထောက် နှစ်ဦးကို ရန်မူကာ သတင်း မယူရန် နှင့် ဓာတ်ပုံ မရိုက်ရန် တားမြစ် ခဲ့သည်။

ဒေါ်လဲ့လဲ့ ၀င်းဆွေ မှာ ဖင်အတုတပ်ပြီး မဲဆွယ်မှု ကြောင့် စနေနေ့က မော်ဒန် လက်ဖက်ရည်ဆိုင် အနီးတွင် လူငယ်များ နှင့် ပြဿနာ တက်သေးသည်ဟု သိရသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသည် ကျောက်မြောင်းတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ခင်ပွန်းနှင့် သားသမီးများ ရှိသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေသည် မြန်မာ ယဉ်ကျေးမှု အမွေအနှစ် သီချင်း ဖြစ်သည့် နဂါးနီ သီချင်းကိုလည်း ကြံ့ဖွံ့ နာမည်များ ထည့်ကာ သံစဉ် စာသား ပြောင်းလဲ၍ သီဆိုသည်။

ပြီးခဲ့သည့် သတင်းပတ် ကလည်း တောင်ဥက္ကလာပ မြို့နယ် ကြံ့ဖွံ့ အမတ်လောင်းနှင့် လက်ရှိ မြို့တော်ဝန် ဦးအောင်သိန်းလင်းမှာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်ကို ပုဆိုး လှန်ပြ ခဲ့သေးသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ တပ်ထားသည့် ဖင်တုကြီးမှာ အမေရိကန် မော်ဒယ် ကင်ကာဒီရှန်း၏ ဖင်လောက်ပင် ကြီးသည်ဟု ဆိုသည်။ သို့သော်လည်း သူမ၏ ဖင်တုကြီးက တရုတ်လုပ် ဖင်တုကြီး ဖြစ်သောကြောင့် တစ်ခြမ်းကြီးပြီး တစ်ခြမ်းသေး နေသည်ဟု ဆိုသည်။

source by : FREEDOM NEWS GROUP

ဖတ်ကြည့်ချင်သေးလား....

ကျောက်ခွက် - အရာတော် ရေနံပိုက်လိုင်း မီးလောင်မှု နောက်ဆက်တွဲ

Monday, October 25, 2010 · 0 ရဲ့ အမြင်

ဇာနည်မာန် | တနင်္ဂနွေညက ကျောက်ခွက်-အရာတော် ရေနံပိုက်လိုင်း မီးလောင်မှုကြောင့် ဒဏ်ရာ ရသူတွေထဲက တချို့ဟာ မြစ်ခြေ ဆေးရုံနဲ့ ပခုက္ကူ ဆေးရုံတွေကို ရောက်လာတယ်လို့ ဆေးရုံ တာဝန် ရှိသူတွေက ပြောပါတယ်။


အနည်းဆုံး လူ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာ ရသည့် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားစဉ်(ဓာတ်ပုံ - AFP)
မြစ်ခြေ ဆေးရုံကို ဒဏ်ရာရသူ ၂၁ ယောက် ရောက်လာပြီး သေဆုံးသူ အလောင်း ၂ လောင်းလည်း ပါဝင်တယ်လို့ တာဝန်ကျ ဆရာဝန် တဦးက ပြောပါတယ်။

ပခုက္ကူ ဆေးရုံကိုတော့ ဒဏ်ရာရသူ ၆၀ ကျော်ရောက်လာပြီး သေဆုံးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒေသခံ အာဏာ ပိုင်တွေကို ဆက်သွယ် ကြည့်ရာမှာတော့ ဒဏ်ရာရသူ သေဆုံးသူ စာရင်းတွေ ကောက်နေဆဲပဲ လို့ပဲ သိရပြီး အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆန် သွားပါတယ်။

ရေနံခိုးမှုနဲ့ ဖမ်းဆီး ခံရမှာစိုးလို့ အိမ်မှာပဲ ကြိတ်ပြီး ကုတဲ့ သူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဧရာဝတီက ကနဦးရထားတဲ့ စာရင်းကတော့ ၈ ဦးသေ ၇၀ ကျော် ဒဏ်ရာ ရကြပါတယ်။ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ဒဏ်ရာပြင်းထန်သူတွေလည်း ရှိလို့ သေဆုံးသူ တိုးလာနိုင်တယ်လို့ ပြောဆိုကြပါတယ်။

ရေနံပိုက် ပေါက်တဲ့ နေရာကို ပိတ်ထားပြီး သက်ဆိုင်ရာက ပိုက်ပေါက်ကို ပိတ်လိုက်ပြီး မီးကိုလည်း ငြိမ်းသတ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ဒေသခံ တွေကတော့ ရေနံတွေကို ယူနေချိန်မှာ ဆေးလိပ် သောက်တာမျိုး၊ ရေနံစက်ရုံတွေကနေ ရေနံတွေ ပိုက်လိုင်းထဲ တွန်းပို့တဲ့ အချိန်မှာ အရှိန်နဲ့ ပွတ်တိုက်ပြီး ပတ်ဝန်းကျင်က အပူရှိန်နဲ့ မီးထတောက်မျိုး ဖြစ်နိုင်တယ်လို့ သုံးသပ် ပြောဆို နေကြပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်းက ရေနံထွက်တဲ့ ဒေသတွေဖြစ်တဲ့ အရာတော်ရေနံမြေ၊ မန်းရေနံမြေ၊ ချောက်ရေနံမြေ စတဲ့နေရာတွေမှာ ဒေသခံတွေရော တခြားဒေသကလာတဲ့သူတွေကပါ ရေနံပိုက်လိုင်းတွေကို ဖောက်ပြီးရေနံခိုးယူတာတွေ၊ ဒီလို ပိုက်ဖောက်လိုက်တာကို ပြန်မပိတ်တာ၊ ပြန်ပိတ်တဲ့နေရာက ပိုက်တွေပေါက်ပြီး ထွက်လာတဲ့ ရေနံတွေကို ခပ်ယူတာတွေက မကြာခဏ ဖြစ်နေတဲ့ ပြဿနာတွေပါ။

ရေနံစိမ်း တပေပါကို ရေနံစိမ်းရဲ့ အဆင့်အလိုက် အနည်းဆုံး ကျပ် ၅ သောင်းကနေ တသိန်းနီးပါးအထိ ရတတ်ကြတာမို့ စီးပွားဖြစ် ခိုးယူသူတွေကတော့ ပေပါလိုက် ခိုးယူကြပါတယ်။ တချို့ကျတော့လည်း အိမ်သုံးဖို့ဆိုပြီး တနိုင်တပိုင် ဆိုင်းထမ်းတွေနဲ့ ခပ်ယူ တတ်ကြပါတယ်။

ပိုက်လိုင်း ဖောက်ခိုးသူက ပိုက်တွေ ဖောက်ပြီးရင် သေချာ ပြန်ပိတ်တဲ့သူ ရှိသလို တချို့ကျတော့လည်း သေချာ ပြန်မပိတ်တာကြောင့် ရေနံတွေ ယိုစီး နေတာတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ တနိုင်တပိုင် ခပ်ယူသူတွေကတော့ အဲ့လို ပိုက်ပေါက် နေရာတွေမှာ သွားပြီး ရေနံခပ်ယူကြပါတယ်။

အရင်ကလည်း ရေနံမြေတွေက ရေနံခပ်သူတွေ မီးလောင်မှု ဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်း ကတော့ တယောက်စ နှစ်ယောက်စပဲ ဒဏ်ရာ ရကြတာမို့ အခုတခေါက် ဖြစ်တာကတော့ အဆိုးဝါးဆုံးပဲလို့ ပြောကြပါတယ်။

ရေနံ ပိုက်လိုင်းတွေကနေ ရေနံခိုးယူခြင်း၊ ရေနံ ခပ်ယူခြင်းတွေ လုပ်ရင် ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံရမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ထားပါတယ်။

source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူမြို့

· 0 ရဲ့ အမြင်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

ဂီရိ ဆိုင်ကလုန်း ၀င်ပြီး နောက်တစ်နေ့ ရခိုင် ပြည်နယ် ကျောက်ဖြူ မြို့နယ် မြင်ကွင်းများ

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */