Showing posts with label ကြေငြာချက်. Show all posts
Showing posts with label ကြေငြာချက်. Show all posts

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်

Monday, January 24, 2011 · 0 ရဲ့ အမြင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်

ဖတ်ကြည့်ချင်သေးလား....

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) ကြေငြာချက် ၄/၂၀၁၀

Tuesday, November 30, 2010 · 0 ရဲ့ အမြင်

Statement No.4 - 2010 of UFBAD အင်တာဗျူး အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်
ကိုရန်နိုင်
အတွင်းရေးမှူး
ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)
+95948836757

မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ
+95948836

ဖတ်ကြည့်ချင်သေးလား....

ABSDF မှ သဘောထား ထုတ်ပြန် ကြေငြာချက်

Friday, November 12, 2010 · 0 ရဲ့ အမြင်

Letter to Former Comrades Abroad

ဖတ်ကြည့်ချင်သေးလား....

မလေးရှား NLD-LA မှ ထုတ်ပြန်ချက်

Wednesday, November 3, 2010 · 0 ရဲ့ အမြင်




ဖတ်ကြည့်ချင်သေးလား....

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထုတ်ပြန် ကြေငြာချက်

Saturday, October 16, 2010 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့ မှ ထုတ်ပြန် ကြေငြာချက်

Friday, October 15, 2010 · 0 ရဲ့ အမြင်

ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အားစုများ အဖွဲ့များ အပါအ၀င် ပြည်သူ လူထု ရဟန်း သံယာတော်များ ကျောင်းသား လူငယ်များ သိသာစေရန် ယခု အိတ်ဖွင့် ပေးစာအား ပေးပို့ ပါသည်။ ကျွန်တော်သည် စစ်အာဏာရှင် တိုက်ဖျက်ရေး လူထု လှုပ်ရှားမှု ကော်မတီတွင် ပါဝင်သော ၂၀၁၀ လှုပ်ရှားမှု ကော်မတီ (ပြည်တွင်း)၏ တာဝန်ခံ ဖြစ်ပါသည်။

၁၀.၁၀.၂၀၁၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော သုံးရောင်ချယ် ကျောင်းသားများ အဖွဲ့ ၏ ထုတ်ပြန် ကြော်ငြာချက်အား ဖတ်ရှုရသော အခါ ကြော်ငြာချက်တွင် ပါဝင်သော တောင်းဆိုမှု သုံးချက်သည် လက်ရှိ ပြည်တွင်း နိုင်ငံရေး အတွက် အဓိက ကျသော တောင်းဆိုမှုများ ဖြစ်သည့် အတွက် ထို တောင်းဆိုမှုများအား လေးနက်စွာ ယုံကြည် ထောက်ခံပါသည်။ သုံးရောင်ချယ်ကျောင်းသားများအဖွဲ့တွင် ပါဝင်သော လုပ်ဖော်ကိုင်ဖက် များကိုလည်း လေးစားပါသည်။ သို့သော် လည်း ၁၃.၁၀.၂၀၁၀ ရက်စွဲဖြင့် သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့ဟု ဒုတိယမြောက် ထုတ်ပြန် ကြော်ငြာချက်ကို ထပ်မံ ဖတ်ရှု ရပါသည်။

ဒုတိယမြောက် ကြော်ငြာချက်တွင် ပြည်သူ့ ကိုယ်စားလှယ်များ ဒီမိုကရေစီ ခေါင်းဆောင် များကို စော်ကား ထားသည့် အပြင် မတရားသည့် ဥပဒေဖြင့် ကျင်းပ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံ ရန်လည်း ရေးသား ထားပါသည်။ ထို့ကြောင့် ကြောငြာချက် နှစ်ခုတွင် ဒုတိယမြောက် ကြော်ငြာ ချက်သည် ပထမ ကြော်ငြာချက်ကို ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား စော်ကား ပုတ်ခက် နိုင်ငံရေး သိက္ခာ ချရန် လူပုဂ္ဂိုယ် တစ်ဦး တစ်ယောက် အဖွဲ့အစည်း တစ်ခုခုမှ လုပ်ကြံ ရေးသားထားသော ထုတ်ပြန်ချက် ဖြစ်ကြောင်းတွေ့ရှိ ရသည်။

ထို ဒုတိယမြောက် ကြော်ငြာချက်အား လုပ်ကြံ ရေးသားခဲ့သူ နိုင်ငံရေး သစ္စာဖောက် အားမိမိတို့ ၂၀၁၀ လှုပ်ရှားမှု ကော်မတီမှ ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း ပထမ ကြော်ငြာချက် ထုတ်ပြန် ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား လေးနက်စွာ ယုံကြည် ထောက်ခံကြောင်း ရေးသားပေးပို့ လိုက်ပါသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး ၁၀.၁၀.၂၀၁၀တွင် ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့မှလည်း နိုင်ငံရေးသစ္စဖောက်တရားခံအား ရှာဖွေ ဖော်ထုတ် ပေးပါရန် တောင်းဆိုပါသည်။ (ကြော်ငြာချက် နှစ်ခုအား ပူးတွဲ ဖတ်ရှုနိုင် ပါသည်။)Tri Colour Statement[1]
3 Colours Statement

ဖတ်ကြည့်ချင်သေးလား....

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ နိုင်ငံတကာ သံရုံးများသို့ တောင်းဆိုစာများ ပေးပို့

Thursday, October 7, 2010 · 0 ရဲ့ အမြင်

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုမှ EU အပါအ၀င် နိုင်ငံတကာ သံရုံးများသို့ ၄င်းတို့ ၏ ကြေငြာချက်နှင့် တပ်ပေါင်းစုဝင် ကျောင်းသား လူငယ်ပေါင်း နှစ်ရာနီးပါး လက်မှတ် ရေးထိုး တောင်းဆို ထားသော တောင်းဆိုချက် စာကို ပေးပို့ ခဲ့ကြသည်။

တောင်းဆိုချက်စာတွင် နိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြရန်နှင့် ရွေးကောက်ပွဲဝင် ပါတီများကိုလည်း ထောက်ပံ့ ကူညီမှုများ မပြုလုပ်ကြရန် ကန့်ကွက် တောင်းဆို ထားပြီး ဗဒတ တပ်ပေါင်းစု၏ အချက် ခြောက်ချက်ပါ ကြေငြာချက်နှင့် လက်မှတ်ပေါင်း နှစ်ရာ နီးပါး ပါဝင်သော တောင်းဆိုချက် စာကိုပါ တပါတည်း ပေးပို့ ခဲ့ကြခြင်း ဖြစ်သည်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုကို ၁၉၈၈ ပြည်သူ့ အရေးတော်ပုံ နှစ်ဆယ့်နှစ် နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည့် (၈.၈.၂၀၁၀) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး (၁၆.၉.၂၀၁၀) ရက်နေ့ တွင် ၄င်းတို့၏ အချက် ခြောက်ချက်ပါ ကြေငြာချက်ကို ထုတ်ပြန် ကြေငြာခဲ့ကြသည်။

ယခု ပြုလုပ်သော တောင်းဆိုချက် ပေးပို့ခြင်းကို EU အပါအ၀င် နိုင်ငံတကာ သံရုံး အတော်များများသို့ ပေးပို့ ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ တပ်ပေါင်းစု ပြန်ကြားရေး ကော်မတီက ယခု လှုပ်ရှားမှုကို သတင်း ထုတ်ပြန်ရာတွင် နိုင်ငံတကာ အနေဖြင့် မြန်မာ ပြည်သူများ၏ ယခု လက်ရှိ အခြေအနေနှင့် ခံစားချက် အစစ်အမှန် များကို ကောင်းစွာ နားလည်မှု မရှိပဲ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေခြင်း များကို တွေ့မြင် နေရသဖြင့် ယခုကဲ့သို့ သံရုံးများသို့ စာရေး တောင်းဆို ရခြင်း ဖြစ်ကြောင်းနှင့် ၄င်း သံရုံးများမှ တဆင့် သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများက မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်ကို နားလည် သဘောပေါက် လာပြီး ၄င်းတို့ ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ သဘောတရား များကို ပြန်လည် သုံးသပ် ပြုပြင် လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြား သွားပါသည်။

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ (ဗဒတ) တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု၊ ၂၀၀၇ မျိုးဆက် ကျောင်းသား သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက်၊ NEW GENERATION၊ ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစု အဖွဲ့နှင့် မြေလတ် ကျောင်းသားများ အဖွဲ့များ ပါဝင်ပြီး အမာခံ ကျောင်းသား လူငယ်ပေါင်း နှစ်ရာကျော်နှင့် တနိုင်ငံလုံး အနေဖြင့် တပ်ပေါင်းစု အဖွဲ့ဝင်ပေါင်း ငါးရာကျော်ထိ ရှိသည်။ ၄င်းတို့ တပ်ပေါင်းစုသည် စစ်အာဏာရှင် စနစ် ဖြုတ်ချရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို ပုံစံ မျိုးစုံ နည်းမျိုးစုံဖြင့် မည်သည့် အင်အားစုနှင့် မဆို ပူးပေါင်း လုပ်ဆောင် သွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

ဖတ်ကြည့်ချင်သေးလား....

ပြည်သူ လူထူကြီးအား သိစေရန်

Wednesday, October 6, 2010 · 0 ရဲ့ အမြင်

အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည် စေချင်သောကြောင့် ဖြန့်ဝေ ပေးလိုက် ပါသည်။

အာဏာရှင် တို့သည် သူတို့အား အုပ်ချုပ်ရေး အာဏာကို ပြည်သူ လူထုမှ တရားဝင် အပ်နှင်းရန် အလို ရှိသောကြောင့် အရေခွံ လဲပွဲကို ကျင်းပခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံသားများ ဗိုလ်ချုပ် အောင်ဆန်း၏ ရင်သွေးလည်းဖြစ် ၊ မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော် ဆောင်ပေးမည့် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း လွန်စွာ မုန်းတီးလျှက် ရှိသော ကြောင့် NLD ပါတီကို ဖျက်စီးရန် အမျိုးမျိုး ကြိုးစားလျှက် ရှိပေသည်။

ထို့ကြောင့် NLD ပါတီဝင် များထဲမှ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားများကို စည်းရုံးကာ ပါတီ ခွဲထောင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေး၍ ကြိုးကိုင်လျှက် ရှိပါသည်။ ယခု အစိုးရ၏ ရွေးကောက်ပွဲသည် အတု အယောင် ရွေးကောက်ပွဲ ဖြစ်သည်သာ မက ရွေးကောက်ပွဲဝင် ပါတီများ၏ နောက်ကွယ်တွင် စစ်အစိုးရ နှင့် လျှို့ဝှက် ဆက်သွယ်၍ မြန်မာ တမျိုးသားလုံးကို ကျွန်အဖြစ် သွတ်သွင်းရန် ကြံစည်လျှက် ရှိပါသည်။ ထို ရွေးကောက်ပွဲကို လက်ခံ လိုက်ခြင်းသည် သင့်ကိုယ်သင် ကျွန်အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုး လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင် ရမည်။ ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လမ်းဆုံး မဟုတ် ၊ သို့သော် ဒီမိုကရေစနစ်၏ လမ်းစပင် ဖြစ်သည်။

တရားမျှတ၍ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့ ရောက်ရှိ လိုပါလျှင် တရား မျှတမှု မရှိသော ယခု ရွေးကောက်ပွဲကို အရင်ဆုံး ဆန့်ကျင်ကြပါ လေးစားစွာ တိုက်တွန်း ပြောကြား လိုပါတယ်။

ခင်မင် လေးစားလျှက်
ဗမာ့သွေး

ဖတ်ကြည့်ချင်သေးလား....

အထောက်တော် ပေးပို့ချက်နှင့် ဆက်သွယ်ရေး စက်သတင်းများ

Saturday, October 2, 2010 · 0 ရဲ့ အမြင်

More myanmar

ဖတ်ကြည့်ချင်သေးလား....

“ ပြည်သူ လူထုသို့ ပန်ကြားလွှာ ”

· 0 ရဲ့ အမြင်

ပြည်သူလူထု အပေါင်းတို့-

            မြန်မာ နိုင်ငံသည် ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်ကောင်စီ အစိုးရ လက်ထက်မှ ယနေ့ အချိန်ထိ စစ်အာဏာရှင် အဆက်ဆက် အုပ်ချုပ်မှု အောက်တွင် ဒုက္ခ အမျိုးမျိုးဖြင့် ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရပြီး ဖြစ်ပါသည်။

            ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇)ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေရန် ရည်ရွယ်၍ ပြုလုပ်သော ဒီမိုကရေစီ ဟန်ပြ ရွေးကောက်ပွဲသာ ဖြစ်သည်ကို ပြည်သူ အပေါင်းတို့မှ သိရှိ နားလည် ကြမည် ဖြစ်ပါသည်။
            ဆန္ဒမဲ ပေးခြင်း ဆိုသည်မှာ မိမိသဘော ဆန္ဒ အလျောက် လွတ်လပ်စွာ ဆုံးဖြတ် ရွေးချယ်ခြင်း၊ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခြင်း ဖြစ်သည်။ ကြိုက်ခြင်း /မကြိုက်ခြင်း ၊သဘောတူခြင်း /ကန့်ကွက်ခြင်း တို့ကို ဖော်ထုတ် ပြသနိုင်ရန် မည်သည့် အရာနှင့်မျှ ပိတ်ပင် တားဆီး၍ မရသော မွေးရာပါ အခွင့်အရေး ဖြစ်ပါသည်။

            အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂၁) အရသော် လည်းကောင်း၊ စစ်အစိုးရမှ ရေးဆွဲ ပြဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခန်း (၉) ရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ -(၃၉၁)၊ ပုဒ်မခွဲ (က) အရသော် လည်းကောင်း၊ “အရွယ် ရောက်ပြီး သူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသည်” ဟု တိကျစွာ ဖော်ပြထား ပါသည်။ စစ်အစိုးရ ကိုယ်တိုင် ထုတ်ပြန် ထားသော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁) ၊ပုဒ်မ(၂) ၊အပိုဒ် (ဎ)ရွေးကောက်မူ ဆိုင်ရာ အခွင့်အရေးတွင် “ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းများ အဖြစ် ပါဝင် ယှဉ်ပြိုင် နိုင်သော အခွင့်အရေး၊ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုသော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများ အဖြစ်မှ နုတ်ထွက် နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေး” ဟု ဖော်ပြ ထားပြီး ဖြစ်ပါသည်။

            ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၁၃) ၊ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ ခေါင်းစဉ် ပါ ပုဒ်မ(၅၇)၌” မည်သူ မဆို ရွေးကောက်ပွဲ များတွင် ပုဂ္ဂိုလ် တစ်ဦး၏ ဆန္ဒမဲ ပေးပိုင်ခွင့်နှင့် တင်မြှောက် ပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်း ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော် သြဇာ သုံးခြင်း ၊ လိမ်လည် လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း (သို့မဟုတ်) လာဘ်ယူခြင်း တို့ကို ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခံရလျင် ၊ ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် “ဟု ဖော်ပြထားပြီး ဖြစ်ပါသည်။

ပြည်သူ လူထု အပေါင်းတို့-

            ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ရွေးကောက်ပွဲအား သပိတ် မှောက်ကြောင်း ၂၀၁၀ ခုနှစ်သြဂုတ်လ(၁၉)ရက်နေ့တွင် တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပြီး ပြည်သူ လူထုအား ရွေးကောက်ပွဲအား သပိတ် မှောက်ကြရန် ရှင်းလင်း ပြောဆို ပန်ကြား ထားပြီး ဖြစ်ပါသည်။ တရားဝင် ပါတီအဖြစ် ဖွဲ့စည်း တည်ထောင်ခွင့် ရထားသော နိုင်ငံရေး ပါတီ အချို့မှ ကိုယ်စားလှယ် လောင်းများ သည်ပင်လျင် တရားမျှတမှု မရှိသည့် ဥပဒေများကြောင့် ၀င်ရောက် ရွေးချယ် ခံတော့မည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

            ပြည်သူ လူထုများ အနေဖြင့်လည်း တိုင်းပြည်၏ ကံကြမ္မာနှင့် မိမိတို့ အနာဂတ် အတွက် မိမိတို့ လိုချင်သော အရာများကို ရွေးချယ်ပိုင်ခွင့် မရရှိပဲ၊ မိမိတို့ ဘေး အန္တာရယ် ကျရောက် စေမည့် ရွေးချယ်မှုများအား လက်မခံ ၊ ပူးပေါင်း ပါဝင်မှု မလုပ်ကြောင်း ကန့်ကွက် ဆန္ဒပြမှုဖြင့် ပြည်သူ လူထု တစ်ရပ်လုံး ၏ သဘောထားကို ထုတ်ဖော် ပြသ ရပါမည်။
  • မဲရုံသို့ဆန္ဒမဲသွားရောက်မပေးခြင်း
  • ဆန္ဒမဲပေးပိုင်ခွင့်အား နည်းအမျိုးမျိုးဖြင့် ဟန့်တား နှောက်ယှက် ဖျက်ဆီးခြင်း ၊ လိမ်လည်မှု ပြုခြင်း ၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်း ပြုလုပ်သူများကို စောင့်ကြည့် ဖော်ထုတ် တိုင်ကြားမှုများ ပြုလုပ်ခြင်း
  • စစ်အာဏာရှင် သြဇာအောက်၌ တိုက်ရိုက် ရောက်ရှိနေသူ ပြည်သူများ အနေဖြင့် အတင်းအကျပ် ဖိအား ပေးမှုများကြောင့် မဲထည့် ရလျှင် မိမိ ဆန္ဒမဲပြားများအား ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း ၊
  • ၂၀၁၀ စာလုံးပေါ်တွင် ကြက်ခြေခတ် အမှတ်အသား (2010 ) အား မိမိ သွားလာလှုပ်ရှားရာ နေရာ များတွင် နည်းလမ်း မျိုးစုံ သုံးပြီး ပေါ်လွင်အောင် ရေးခြယ် ပြုလုပ်ခြင်း ဖြင့် ကြိုတင် ဆန္ဒပြ ကန့်ကွက်ကြောင်းကို ထုတ်ဖော် ပြသ၍ စစ်ကျွန်ဘ၀မှ လွတ်မြောက်ပြီး မိမိတို့နှင့် ထိုက်တန်သော အစိုးရအား လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် သွေးစည်း ညီညွတ်စွာ လုပ်ဆောင် ကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
Generation wave

“ဤပန်ကြားလွှာအား လက်ဆင့်ကမ်းဖြန့်ဝေခြင်ဖြင့် လက်တွဲ တိုက်ပွဲဝင်ကြပါစို့”

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်း ပြည်ပ ရှိ မြန်မာပြည်သူ အပေါင်းသို့ တပ်လှန့် နိုးဆော်ချက်

Friday, October 1, 2010 · 0 ရဲ့ အမြင်

Urgent Statement 10.10

ဖတ်ကြည့်ချင်သေးလား....

ဒဂုံ နှင့် မှော်ဘီ တက္ကသိုလ် ကျောင်းသားများအား ဥပဒေမဲ့ ဖမ်းဆီးထားခြင်း အပေါ် သဘောထား ထုတ်ပြန် ကြေငြာချက်

Wednesday, September 22, 2010 · 0 ရဲ့ အမြင်

Statement for Spot Student_s

ဖတ်ကြည့်ချင်သေးလား....

စစ်အာဏာသိမ်း တရားမ၀င် စစ်အစိုးရ အပေါ် သဘောထား ထုတ်ပြန် ကြေငြာချက်

Saturday, September 18, 2010 · 0 ရဲ့ အမြင်

statement

ဖတ်ကြည့်ချင်သေးလား....

Statement for Pegu

Wednesday, September 8, 2010 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မတီမှ ထုတ်ပြန် ကြေငြာချက်

Saturday, August 14, 2010 · 0 ရဲ့ အမြင်



Election[1]

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှု

Friday, July 30, 2010 · 0 ရဲ့ အမြင်

၃၀ .၇. ၂၀၁၀

ခင်မင် လေးစားရသော မိတ်ဆွေများရှင်

ယခု ကြေညာချက် ထုတ်ပြန်ရသော အကြောင်းအရင်းမှာ နအဖ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများနှင့် မတရားမှုများကို ရပ်တန်းက ရပ်စေရန် ဓါတ်ပုံများပေါ်တွင် လက်မှတ်ရေးထိုးတောင်းဆိုသော လှုပ်ရှားမှုများကို မိတ်ဆွေများ သိရှိစေရန် နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားနိုင်စေရန် ပန်ကြားခြင်း ဖြစ်ပါသည်။ ယခုလှုပ်ရှားမှုသည် မြန်မာ တပြည်လုံး အနှံ့ သိန်းပေါင်း များစွာသော ပြည်သူများ ခံစားနေရသော ကမောက်ကမ စီးပွားရေး စီမံခန့်ခွဲမှုပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများကို အဆုံးသတ်ဖို့ တောင်းဆိုသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်များကို အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း၊ လက်ရှိ နအဖ စစ်အုပ်စု၏ လက်ထက်တွင် ပိုမို ဆိုးရွားလာသော ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေမှုများအား မီးမောင်း ထိုးပြနိုင်ရန် ရည်ရွယ်ပါသည်။ လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည် နေ့တွင် စတင်မည် ဖြစ်သည်။

တစ်ဦးချင်း အနေဖြင့် ဖော်ပြထားသော လူ့အခွင့်အရေး ချိုးဖောက်မှု စာရင်းများထဲမှ ချိုးဖောက်မှုတခုအား ပိုစတာပေါ်တွင် ရေးသားပြီး လက်တွင် ကိုင်ထားကာ ဓါတ်ပုံ ရိုက်ခြင်းဖြင့် ယခုလှုပ်ရှားမှုတွင် ပါဝင် နိုင်ပါသည်။ ဤလှုပ်ရှားမှုကို မိတ်ဆွေများ အဖွဲ့အစည်းမှ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော ၈.၈.၈၈ နှစ်ပတ်လည် အခမ်းအနား အစီအစဉ်တွင်လည်း ထည့်သွင်း ပြုလုပ်နိုင်ပါသည်။

တစ်ဦးချင်းဆီမှ ပေးပို့ ထားသော ဓါတ်ပုံများကို စုဆောင်းပြီး ဆလိုက်ရှိုး အဖြစ် စုပေါင်းကာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့အတွက် ပြုလုပ်မယ့် အခမ်းအနား များတွင်လည်း ပြသနိုင်ရန် ပေးပို့မည်ဖြစ်သည်။ ထို့နောက် ဓါတ်ပုံများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သော စက်တင်ဘာလ ၂၇ရက်နေ့တွင် ပေးပို့မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂကို တိုက်တွန်းရန် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်စေရန် ဘန်ကီမွန်းမှ ဦးဆောင်ဦးရွက်ပြုစေရန် တောင်းဆိုသွားမည် ဖြစ်သည်။

တစ်ဦးချင်း အနေဖြင့် အင်တာနက်မှ တဆင့် ဓါတ်ပုံများကို ကျွန်ုပ်တို့၏ အင်တာနက် စာမျက်နှာဖြစ်သော info@burmapartnership.org ကိုပေးပို့ခြင်း၊ ဓါတ်ပုံများကို မိမိကိုယ်ပိုင် အင်တာနက် စာမျက်နှာများ၊ facebook စသည် ကဲ့သို့ အချင်းချင်း ဆက်သွယ်သော ကွန်ယက် များတွင် သုံးခြင်းဖြင့်လည်း လှုပ်ရှားမှုတွင် ပါဝင် နိုင်ပါသည်။

ဓါတ်ပုံ လှုပ်ရှားမှုကို ပိုမိုပြည့်စုံစေရန် - တဦးချင်း သို့မဟုတ် အဖွဲ့အစည်း အလိုက် အနေဖြင့် မိမိတို့ သက်ဆိုင်ရာ အစိုးရများထံသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေး တောင်းဆိုချက်များကို ထောက်ခံရန် ၊ စစ်အုပ်စု၏ မတရားသော ရွေးကောက်ပွဲကို ရှုံ့ချရန် နိုင်ငံရေး အကျဉ်းသားများအား မလွှတ်ပေးမခြင်း ၊ တိုင်းရင်းသား လူမျိုးများအား တိုက်ခိုက် နေခြင်းအား မရပ်တန့်မခြင်း၊ အားလုံး ပါဝင် နိုင်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲကို မပြုလုပ်ဘဲ ကျင်းပသော အတုအယောင် ရွေးကောက်ပွဲ၏ ရလာဒ်အား အသိအမှတ် မပြုရန် စသည့် တောင်းဆိုချက်များ ပါဝင်သည့် စာများ ရေသား ပေးပို့ ကြရန် ဖြစ်သည်။

လှုပ်ရှားမှုတွင် ပါဝင်သူများ အတွက် လို့အပ်သော ပစ္စည်း အပြည့်အစုံ စာရင်းကို မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက်သူများ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။ ၄င်းတို့မှာ -
  • လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ချိုးဖောက် ခံရသူများ စာရင်း
  • ပို့စ်တာအလွတ် ဒီဇိုင်း
  • သတင်း အချက်အလက် လက်ကမ်း စာစောင်
  • အစိုးရများ ထံသို့ ပေးပို့မည့် စာများ အတွက် မူကြမ်း ပုံစံ
  • လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သက်သည့် စုဆောင်း ထားသော ဓါတ်ပုံများ
ဤလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိပါက သို့မဟုတ် လိုအပ်သော သတင်းအချက်အလက် အပြည့်အစုံအား သိရှိလိုပါက info@burmapartnership.org သို့ အီမေးလ် ပေးပို့ စုံစမ်း နိုင်ပါသည်။
ဤ စုပေါင်း လှုပ်ရှားမှုအား ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ နအဖ စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာတဝှမ်းမှ မမေ့ပျောက် စေရန် မြင်သာ ထိရောက်သော သတင်းစကား ပေးပို့ နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့် ပါသည်။
မိတ်ဆွေများ အားလုံးမှ ဤလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

လေးစားစွာဖြင့်
ခင်ဥမ္မာ
တာဝန်ခံ၊ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့ (Burma Partnership)

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံတကာ မြန်မာ အမျိုးသား ကွန်ဂရက် ဖောင်ဒေးရှင်းမှ ၇ ဇူလှိုင် ထုတ်ပြန် ကြေငြာချက်

Tuesday, July 6, 2010 · 0 ရဲ့ အမြင်

(7) July Statement of IFBNC Bur

ဖတ်ကြည့်ချင်သေးလား....

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ

Friday, May 7, 2010 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

အကသ မှ ခွပ်ဒေါင်း အလံ အလွဲသုံးစား လုပ်ခြင်းအား ရှုတ်ချ ကန့်ကွက်ကြောင်း ကြေညာချက်

· 0 ရဲ့ အမြင်


အခြေခံပညာကျောင်းသားများ သမဂ္ဂ
ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား
ရှုတ်ချကန့်ကွက်ကြောင်းကြေညာချက် (၁/၂၀၁၀)
ရက်စွဲ။    ။ ၆.၅.၂၀၁၀


ခွပ်ဒေါင်း အလံသည် ကျောင်းသား သမဂ္ဂများ၏ တရားဝင် အလံဖြစ်သည်။

လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ တလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသား ဘ၀မှ စ၍ ကျောင်းသား သမဂ္ဂတွင် ခွပ်ဒေါင်း အလံကို သုံးစွဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင်လည်း ခွပ်ဒေါင်း အလံလွှင့်ထူကာ ပြည်သူ လူထုကြီး တရပ်လုံးက စစ်အာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့သည့် လူထု တိုက်ပွဲ အလံလည်း ဖြစ်သည်။

ထို့အပြင် ခွပ်ဒေါင်း အလံကို ၁၉၆၀ ခုနှစ် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၏ ဆဌမ အကြိမ် ကျောင်းသားများ ညီလာခံမှ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၏ တရားဝင် အလံအဖြစ် ဆုံးဖြတ် အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။

ထို့ကြောင့် ခွပ်ဒေါင်း အလံကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကျောင်းသား သမဂ္ဂများ ကသာ တရားဝင် သုံးစွဲခွင့်ရှိသည်။

ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့၏ အမည်ကို ဆင်တူယိုးမှား နာမည် ခိုးယူထားသည့် ဦးရဲထွန်းတို့၏ ၈၈မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)သည် ကိုယ့်ကိုယ်ကို ယုံကြည် လျှင် ကိုယ်ပိုင် အလံ၊ ကိုယ်ပိုင် တံဆိပ်တုံး တို့ကို တီထွင် အသုံးပြုနိုင် ပါသည်။ ယခုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးမားသည့် ကျောင်းသား သမဂ္ဂများ၏ တိုက်ပွဲဝင် အလံကို ခိုးယူသုံးစွဲခြင်း လုံးဝ မပြုလုပ်သင့်ပါ။

ဦးရဲထွန်းတို့၏ အတုအယောင် ၈၈မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၏ ခွပ်ဒေါင်း အလံနှင့် ခွပ်ဒေါင်း တံဆိပ်အား သူတို့၏ ပါတီ အလံနှင့် တံဆိပ် အဖြစ် သုံးစွဲရန် ကြံစည်မှုနှင့် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားမှုကို အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ လုံးဝ(လုံးဝ) ရှုတ်ချ ကန့်ကွက် ပါသည်။

မိမိတို့၏ ရှုတ်ချ ကန့်ကွက်ခြင်းကို လက်မခံဘဲ ခွပ်ဒေါင်း အလံကို ဆက်လက် သုံးစွဲနေမည် ဆိုလျှင် ၈၈မျိုးဆက် ကျောင်းသား အမည်ခံ ဦးရဲထွန်းနှင့် အပေါင်းအပါများ အားလုံးသည် အလွဲသုံးစားပြုခြင်း၏ အကျိုးဆက်၊ သမိုင်း၏ အကျိုးဆက်ကို ခံစားရလိမ့်မည် ဖြစ်ကြောင်း အသိပေး ကြေညာ လိုက်ပါသည်။ ။

အခြေခံ ပညာကျောင်းသားများ သမဂ္ဂ
ဆက်သွယ်ရန် - besunion09@gmail.com

ဖတ်ကြည့်ချင်သေးလား....

မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်

Tuesday, April 27, 2010 · 0 ရဲ့ အမြင်

အထူး ထုတ်ပြန်ကြေငြာချက်

လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့သည် ပြည်သူ လူထုအား လက်ရှိ ဖြစ်ပေါ် နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး များကို အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ချပြ စည်းရုံးခြင်း၊ မတရား ပြုလုပ်လျှက် ရှိသည့် နအဖ စစ်အာဏာရှင် တစု၏ ဆောင်ရွက်ချက်များကို ဒါမှားသည်၊ ဒါမှန်သည်ကို ပြည်သူ/သား တယောက်၏ အခွင့်အရေး အတိုင်း ချပြ စည်းရုံးခြင်း များနှင့် မတရား အုပ်ချုပ် မင်းလုပ်နေပြီး ပြည်သူ တရပ်လုံးအား မတရား အနိုင်ကျင့် သတ်ဖြတ် ဖမ်းဆီး နေသော အစိုးရအား ဘားတိုက် ပြန်ရောက်သည် အထိ အကြောက် တရားများ ဘေးဖယ်ပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုများ ပေါ်ထွက်လာဖို့ အတွက် ကြိုးစား ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်သည်။

ယခု အခါ စစ်အာဏာရှင် တစုနှင့် နောက်ပါများသည် မိမိ အဖွဲ့ဝင် လူငယ်များ ဖြစ်သော ဘိုဘိုသိန်း အပါအဝင် ( ၇ ) ယောက်အား မတရား ဖမ်းဆီးခြင်း၊ ကိုယ်ပိုင် ဟန်းဖုန်းများ သိမ်းယူခြင်း များကို ပြုလုပ်ခဲ့ကြပြီး မကြာခင်က ဖြစ်ပွားခဲ့သော ဗုံးကွဲမှုများကို မိမိတို့ မလုပ်ကိုင်ရ ပါပဲ မတရား စစ်ဆေး မေးမြန်းခြင်းများကို ပြုလုပ် နေပါသည်။

၂၅-၄-၂၀၁၀(တနင်္ဂနွေနေ့) ညနေ ပိုင်း တွင်လည်း ရန်ကုန်တိုင်း ၊ မြို့တော် ခန်းမ အနီး လားရှိုး ခုနှစ်လွှာ ပေါက်ဆီ ဆိုင်တွင် ရန်ပိုင် ဆိုသူအား ထပ်မံ ဖမ်းဆီးသွားပြီး ဗုံးကွဲမှုများနှင့် ပတ်သတ် သရောင်ရောင် စစ်ဆေး မေးမြန်းခြင်း များကို ပြုလုပ် နေပါသည်။

ထို့ကြောင့် လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ အနေဖြင့် မူဝါဒ လမ်းစဉ်များ၊ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများ အားလုံးတွင် အကြမ်းဖက်မှုများ လုံးဝ မပါရှိပဲ ငြိမ်းချမ်းသော နည်းနာများကို သာ လှုပ်ရှား ဆောင်ရွက်ခဲ့သည့် အတွက် မတရား အမှုဆင် ဖမ်းဆီး စစ်ဆေး နေမှုများအား အမြန်ဆုံး ရပ်တန့် ပေးရန်နှင့် ဘယ်လိုပဲ မတရား ဖမ်းဆီးမှုများ ရှိနေပါစေ ခေါင်းငုံ့ မခံနိုင်တော့တဲ့ မိမိ အဖွဲ့ဝင် များနှင့်အတူ ပြည်သူ လူထု တရပ်လုံးမှ လှုပ်ရှားမှုများ ရပ်တန့် သွားမှာ မဟုတ်ပဲ အရှိန်မြှင့် လှုပ်ရှား ဆောင်ရွက်ပြီး ပြည်သူ လူထု တရပ်လုံး၏ ဒါဏ်ခတ်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ကြောင်း နအဖ စစ်အာဏာရှင် တစုအား အသိပေး လိုက်သည်။

ထို့အပြင် ကျွန်ုပ်တို့ အဖွဲ့နှင့် ပြည်သူ လူထု တရပ်လုံးမှ နအဖ စစ်အာဏာရှင် ပြုလုပ်သည့် ၂၀၀၈ အခြေခံ ဥပဒေ ကို အတည် မပြုသလို၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ငြိမ်းချမ်းသော နည်းနာများ သုံးကာ ဖယ်ရှား တော်လှန် သွားမှာ ဖြစ်ကြောင်း အသိပေး အကြောင်းကြား လိုက်သည်။


မည်သည့် စစ်အာဏာရှင် မှ လူထုကို မအုပ်ချုပ်စေရ။
ဆက်သွယ်ရန်-
www.thebestmanure.org
tbmstk1@gmail.com

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */