ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အရေးပေါ် ဆေးဝါးကုသမှု ခံယူရ

Friday, October 30, 2009 ·

ဟိန်းခိုင်ထွန်း | မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ နေပြည်တော်ရှိ ၎င်း၏ လုံခြုံရေး တင်းကျပ်စွာ ချထားသော အိမ်မှာပင် ၂၉ ရက်နေ့ ညကတည်းက အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်း သတင်း ရရှိသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ က ဟွာဟင်းမှ ပြန်လာသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား သွားရောက် ကြိုဆိုသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကိုယ်တစ်ခြမ်းသေ အာရုံကြောများ ရပ်ဆိုင်းသည့် ဝေဒနာ ကဲ့သို့ ရောဂါ တစ်မျိုး ဗုဒ္ဓဟူနေ့ ညကတည်းက စတင် ဖြစ်ပွား ခဲ့သောကြောင့် ရန်ကုန်မြို့ရှိ စစ်ဆေးရုံမှ ဆရာဝန်များ နှင့် စင်္ကာပူ နိုင်ငံမှ သမားတော် တစ်ဦး အရေးပေါ် လာရောက် ကုသခံရ သည် ဟု သတင်း ရရှိသည်။

ရန်ကုန် နှင့် နေပြည်တော် တွင် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ကျန်းမာရေး အတွက် ရန်ကုန် စစ်ဆေးရုံ မှ ဆရာဝန်များက အချိန်ပြည့် စောင့်ရှောက် ပေးရသည် ။

အသက် ၇၆ နှစ် အရွယ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အောက်တိုဘာလ ၂၆ ရက် (တနင်္လာ) နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့တွင် လေဖြတ် ရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရေးပေါ် ဆေးဝါး ကုသ ခံရခြင်း နှင့် ပတ်သက် ၍ သတင်း မျိုးစုံ ထွက်ပေါ် နေသော်လည်း အတည်မပြုနိုင် သေးသည့် သတင်း တစ်ရပ် အရ ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန် လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုး ခံရသည် ဟု သိရသည်။

စိုးရိမ် ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန် အခြေစိုက် စာနယ်ဇင်း ဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေ မတွေ့မကောင်း တွေ့မကောင်းလို့ တမင်နေ မကောင်း ချင်ယောင် ဆောင်တာ လားမသိဘူး “ ဟု သုံးသပ် ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိ ဆေးရုံ တစ်ခုတွင် သွားရောက် ဆေးကုသမှု ခံယူ ခဲ့ရသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */