အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်

Monday, January 24, 2011 · 0 ရဲ့ အမြင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) မှ ၂၀၁၀ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေငြာချက်

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

Friday, December 24, 2010 · 0 ရဲ့ အမြင်

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

ဒေါ်အောင်ဆန်းစုကြည်။ ။ ဖြူဖြူသင်းတို့ ကိစ္စတုန်းကလဲ အန်တီတို့ ဒီလိုပဲ လုပ်ခဲ့ပါတယ်။ တသီး ပုဂ္ဂလ အရွေးခံ ခဲ့တဲ့ သူတွေက နေပြီးတော့ ၀ိုင်းပြီးတော့ ပံ့ပိုး ပေးတယ်ပေါ့။ အဲဒီတော့ ဒီအခက်အခဲလေးကို အန်တီတို့ ကျော်လွှား နိုင်ခဲ့တယ်။ အခု ဂီရိကို သွားကြတဲ့ အခါကျတော့ တယောက်နဲ့ တယောက်လည်း ပိုသွားမယ်။ အန်တီတို့က NLD ထဲကိုဝင်ဖို့ ဆွယ်နေတာ မဟုတ်ဘူး။

မ၀င်တာတောင်မှ ပိုကြိုက် သေးတယ်။ မ၀င်တာကို ဘာဖြစ်လို့ ပိုကြိုက်သလဲ ဆိုတော့ “ပါတီ နာမည်တွေကို အလွဲ သုံးစား လုပ်တာတော့ မဟုတ်ဘူး နော် ”(ဦးနေမျိုးဝေတို့၏ ပါတီ အမည်မှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဖြစ်ပါသည်) မတူကွဲပြား တဲ့အမြင် တွေပေါ်မှာ ညီညွတ်မှု ယူနိုင်တယ် ဆိုတာ ပြချင်လို့။ NLD ကတော့ NLD ပေါ့။ NLD မဟုတ်လည်း လက်တွဲလုပ်လို့ရတယ်။ တကယ် ကိုယ့်ရဲ့ ရည်ရွယ်ချက်ချင်း တူလို့ရှိရင် ထိထိ ရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်တယ် ဆိုတာကို ပြနိုင်လို့ရှိရင် အန်တီတို့ ဒီမိုကရေစီ အတွက် ပိုကောင်းတယ်။ နိုင်ငံ အတွက်လည်း ပိုကောင်းတယ်။ အဲသလိုပဲ ယုံကြည်တယ်။

အန်တီတို့က လူငယ်တွေကို ဖိတ်ဖို့ ပြောထားတယ်။ တွေ့ဆုံ ဆွေးနွေးပွဲပေါ့။ NLD လူငယ်တွေနဲ့ NLD ပြင်ပ လူငယ်တွေ တွေ့ဆုံ ဆွေးနွေး ပွဲပေါ့။ လက်လှမ်း မီရာ ဖိတ်မှာပေါ့။ သားတို့ လာချင်လို့ ရှိရင် ပြောလိုက် ရုံပဲ။ အန်တီတို့ ဖိတ်ပါတယ်။ အန်တီတို့ ကလဲ မသိဘူးလေ။ အားလုံးကို လက်လှမ်းမီဖို့ ဆိုတာ ကိုယ်လက် လှမ်းမီ သလောက်ပဲ ဖိတ်လို့ ရတာကိုး။ တမင် ထားခဲ့ချင်တဲ့ စိတ်နဲ့ ထားခဲ့မှာတော့ မဟုတ်ပါဘူး။ မသိလို့တော့ ကျန်ရင် ကျန်သွားမယ်မှာပါ။

မေး။ ။ ကျွန်တော်တို့ တကယ်ကို ဂျာနယ်က နေပြီးတော့ အန်တီနဲ့ အင်တာဗျူး ထားတာကို ဖော်ပြခွင့် ရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကြိုးစားပြီး စုစည်း ဖော်ပြ ပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပိတ်လိုက်ရင် ဘယ်လို လုပ်မလဲ။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်သတင်း ထောက်များ၏ ရယ်သံများ တပြိုင်နက်တည်း ထွက်ပေါ် လာသည်)

ဂျာနယ် တစ်စောင်၏ တွေ့ဆုံ မေးမြန်းခန်း ပြီးပါပြီ။

(Facebook တွင် မြန်မာ သတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)

source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၁)

· 0 ရဲ့ အမြင်

စစ်အစိုးရ စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်တွင်း သတင်း မီဒီယာများ တွေ့ဆုံ မေးမြန်းခန်း အပိုင်း(၁)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်း သတင်း မီဒီယာ ငါးခုဖြစ်သည့် Venus ၊ ပြည်သူ့ခေတ်၊ 7 Day News၊The Voice ၊ ရန်ကုန်တိုင်းမ် တို့က တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပြီး အဆိုပါ အင်တာဗျူး များကို သက်ဆိုင်ရာ ဂျာနယ်များတွင် ထည့်သွင်း ဖော်ပြရန် ကြိုးစား ခဲ့ကြသော်လည်း စာပေ စိစစ်ရေး၏ ငြင်းပယ်မှုကို ခံခဲ့ရသည်။

မြန်မာ သတင်းသမား ကွန်ရက်သည် အဆိုပါ အင်တာဗျူးများကို ချိတ်ဆက် ထားသော သတင်းသမားများ ထံမှ တောင်းခံခဲ့ပြီး ယင်းအင်တာဗျူး များကို မြန်မာသတင်းသမား ကွန်ရက်၏ Facebook တွင် ဖော်ပြပေးလိုက်ပါသည်။ သို့ရာတွင် မေးမြန်းသော ပြည်တွင်း သတင်း ဂျာနယ်များ၏ အမည်များကို လုံခြုံရေး အရ ထည့်သွင်း ဖော်ပြမည် မဟုတ်ကြောင်း အသိပေး အပ်ပါသည်။ အချို့ နေရာများတွင် မေးခွန်းများကို ဖျောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုသမျှကို အမေး၊ အဖြေပုံစံမဖော်ပြတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ တစုတစည်းတည်း ဖော်ပြ လိုက်ပါသည်။

မြန်မာ သတင်းသမားများ ကွန်ရက်(၂၃-၁၂-၂၀၁၀၊ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)

စိစစ်ရေးက ပိတ်ပင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ် တစောင်၏ တွေ့ဆုံ မေးမြန်းခန်း

မေး။ ။ ကျွန်တော်တို့က လူငယ်တွေ ဖြစ်တဲ့ အတွက် လူငယ်နဲ့ပတ်သက်ပြီး တခုလောက်မေးချင်ပါတယ်။ မျိုးဆက်သစ် မြန်မာ လူငယ်တွေက NLD လူငယ်တွေနဲ့ မတူပဲသီးခြားပြီး နိုင်ငံရေးကို ပါဝင်လုပ်ဆောင်နေတဲ့ အစု အဖွဲ့လေးတွေ ရှိပါတယ်။ ဥပမာ - လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ NGO စတဲ့ အစုအဖွဲ့တွေ ရှိပါ တယ်။ အဲဒီအစုအဖွဲ့တွေအပေါ်မှာ အန်တီစုရဲ့ သဘောထား သိချင်ပါတယ်။ ဘယ်လို ဦးဆောင် သွားမယ် ဆိုတာ သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ Diversity ပေါ့။ အဲဒါကို အန်တီ သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ပါတီ နိုင်ငံရေးကို အန်တီတို့ လုပ်ချင်တာ မဟုတ်ဘူး။ နောက်ပြီးတော့ အနှစ် ၂၀ အတွင်းမှာ NLD တစ်ဖွဲ့တည်း ရုန်းကန်ရတာ တော်တော်တော့ ပင်ပန်းတယ်။ NLD ကိုပေါ့နော်၊ အမျိုးမျိုး ဝေဖန်ကြတယ်။ ဝေဖန်စရာ အကြောင်းတွေလဲ ရှိပါတယ်။ အဲဒါတော့ မငြင်းပါဘူး။ ဒါပေမဲ့ NLD ကနေပြီး နိုင်ငံရေး လုပ်တဲ့သူ တိုင်းကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ကျန်တဲ့ လူတွေကလည်း တက်နိုင် သလောက်တော့ ရုန်းကန်တာပဲ။ ဒါပေမဲ့ အဲဒီမှာ ၀န်းရံမှုက နည်းနည်း အားနည်း သလိုပဲလို့ အန်တီ ထင်မိတယ်။ ထိုင်ပြီးတော့သာ NLD ကို ဝေဖန် နေကြတာ ပေါ့နော်။ ၀န်းရံပြီးတော့ ဘယ်လို ဖြစ်မြောက်အောင် လုပ်ပေးမလဲ ဆိုပြီးတော့ တကယ့် လက်တွေ့ ကျကျ လုပ်ပေးတဲ့ သူက အင်မတန် နည်းပါတယ်။ အခု မှာတော့ အန်တီ သတိထား မိတာ အရင်က ထက်စာရင် ဒီလို အစုအဖွဲ့တွေက ပိုများ လာတယ်။ နိုင်ငံရေး ရယ်တော့ မဟုတ်ဘူး။ လူမှုရေး အစုအဖွဲ့ သူတို့ တွေရဲ့ အနုပညာရှင်၊ စာပေ အသိုင်းအ၀ိုင်းပေါ့။ အဲဒီ အစုအဖွဲ့တွေ များလာတယ်။

ဒါဟာ နိုင်ငံအတွက် အလားအလာ ကောင်းတယ်လို့ မြင်တယ်။ နောက်ပြီးတော့ များလာတာတဲ့ အပြင် ဒီအစုအဖွဲ့လေးတွေက အခု အန်တီ ထွက်လာပြီး အချိန်မှာ မြင်ရတာက “အန်တီမှားရင် လည်းမှားနိုင်တယ်၊ မှားရင် သားတို့ပြင်ပေးရမှာပေါ့” NLD နဲ့ လက်တွဲပြီး လုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ အန်တီမြင်တယ်။ အရင်တုန်းက ဆိုလို့ ရှိရင် ၈၈ တုန်းကတောင်မှ အစုအဖွဲ့တွေက ကိုယ့်ဟာကိုယ် သွားမယ်၊ ကိုယ့်လမ်းကို သွားကြမယ်၊ NLD ကို တချို့က မလိုလားတောင်မှ ရှိသေးတယ်။ NLD ကို အဖွဲ့ကြီး မို့လို့ မလိုလားဘူး။ NLD ကို နည်းနည်း တွန်းရမယ်၊ ဘေးဖယ် ထားရမယ်၊ ဆန့်ကျင် ရမယ်ဆိုတဲ့ အမြင်ရှိတဲ့ အဖွဲ့လေးတွေ တောင်မှ ရှိတယ်။

အခု ကျတော့ အများစုက အန်တီတို့အတွက် အားတက် စေတဲ့ ကိစ္စ လူငယ် အဖွဲ့အစည်းတွေက လက်တွဲပြီး လုပ်စေချင်တဲ့ ဆန္ဒ ရှိတယ်လို့ အန်တီ မြင်တယ်။ အန်တီမှားရင် တော့ မှားမှာပေါ့နော်။ အန်တီတို့ကဖိတ်ခေါ်တဲ့အခါမှာ လိုလိုလားလားနဲ့ လက်ခံတာမျိုး မြင်ရတယ်။ အန်တီတို့ လူငယ်တွေ၊ NLD မဟုတ်တဲ့ အခြား လူငယ်တွေကို ဆွေးနွေးပွဲ တခု ဖိတ်ဖို့ အန်တီတို့ အစီအစဉ် တခု လုပ်ထားတယ်။ စပြီးတော့ ဆွေးနွေးမယ်၊ စကားပြောမယ်။ စကား ပြောရုံတင် မကဘူး၊ အန်တီတို့က အတူတူလက်တွဲပြီး လုပ်ချင်တယ်။ အခု ဂီရိ မုန်တိုင်း ဒုက္ခသည်တွေကို ကူညီဖို့ ဆိုပြီးတော့ အဖွဲ့တခု လွှတ်လိုက်တယ်။ အဲဒီအဖွဲ့ထဲမှာ ဆိုလို့ရှိရင် NLD တွေ မဟုတ်ပါဘူး၊ CRPP လည်းပါတယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ မှာ တသီး ပုဂ္ဂလ အဖြစ် ၀င်အရွေးချယ်ခံတဲ့ ဦးဝင်းချိုလည်း ပါတယ်။ ဒါ အန်တီတို့က ဖိတ်ခေါ်တာပေါ့။ အရင် ကတည်းကလည်း အန်တီတို့ တွေ့ပြီးပြီလေ။

တသီး ပုဂ္ဂလ တော်တော် များများနဲ့ တွေ့ပြီးပြီ။ အန်တီတို့က ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။ သပိတ်မှောက် ပေမယ့်လည်း ကိုယ်နဲ့ သဘောချင်း မတူလို့ ရန်သူလို့ အန်တီတို့ စိတ်ထဲမှာ မထားပါဘူး။ တချို့ ကိစ္စတွေမှာ သဘော မတူတာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ၀င်ခဲ့တာကို အန်တီတို့ ဆွေးနွေးတယ်။ ဘယ်လို ရည်မှန်းချက်တွေနဲ့ ၀င်ခဲ့တာလဲ။ သူတို့ တွေကလည်း ရှင်းပြ ကြတယ်။ ဒီတော့ အန်တီ ပြောချင်တာက ကောင်းပြီ၊ လွှတ်တော်ထဲ မရောက်လို့ရှိရင်လဲ လွှတ်တော် အပြင်က နေပြီးတော့ ဒီရည်မှန်းချက် တွေကို လက်တွဲပြီးတော့ ဖော်ဆောင်လို့ ရတာပဲ ဆိုပြီးတော့ အဲဒီလိုပေါ့။ လက်တွေ့ ကျကျ လုပ်တာပေါ့။

(Facebook တွင် မြန်မာ သတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူ ဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)
source by : ဧရာဝတီ ဘလော့ဂ်

ဖတ်ကြည့်ချင်သေးလား....

ဒီနေ့ ကိုထိန်လင်း မြန်မာပြည်က ပြန်လည် ထွက်ခွာ

Tuesday, December 7, 2010 · 0 ရဲ့ အမြင်










ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(Kim Aris)ဒီနေ့ မနက် ၉နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာ သွားပါပြီ။

နှုတ်ဆက် လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြ နှုတ်ဆက် နေပုံကို ခုလို တွေ့ရမှာ ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ် မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် နေရာကို သရုပ်ဆောင် ထားတဲ့ မင်းသမီး မီရှဲရိုးဟာ လေယာဉ် တစီးတည်း အတူတူ ပြန်သွားကြတာလို့ သိရပါတယ်။

မင်းသမီး မီရှဲရိုးဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမ သရုပ်ဆောင် ရမယ့် ဒေါ်အောင် ဆန်းစုကြည် ဇာတ်ကောင် နေရာ အတွက် တွေ့ဆုံ စကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ညစာ တူတူစား ခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ကြည့်ချင်သေးလား....

စစ်သားစိတ် မပျောက်ပဲ လူမဆန်စွာ ဖိနှိပ်နေ

· 0 ရဲ့ အမြင်


ဗိုလ်မှူး မောင်ညိမ်း
မြန်မာနိုင်ငံတွင် မတရား အုပ်ချုပ်နေသော စစ်အစိုးရ ပေါ်လစီ အရ စစ်တပ်မှ အရာရှိ များကို အရပ်ဘက် ပြောင်းလဲ တာဝန် ချထား ပေးနေကြသည်။ သို့သော် ထိုသို့ အရပ်ဘက် ပြောင်းလဲ လာကြ သော်လည်း အချို့ စစ်တပ် အရာရှိများသည် အရပ်ဘက် ရုံးများတွင် အရပ်သား ၀န်တမ်းများကို စစ်သားစိတ် မပျောက်ပဲ စစ်တပ် ဆန်ဆန် ဖိနှိပ် ချုပ်ချယ် နေမှုကြောင့် ဖြစ်ပေါ်လာသော အစဉ်မပြေ မှုများသည် မြန်မာနိုင်ငံ ၀န်ထမ်း လောကတွင် အဖြစ်များ နေပါသည်။

ယခုလည်း သစ်တော ရေးရာ ၀န်ကြီးဌာန လက်အောက်ရှိ အမှတ် (၈၈)၊ ခြောက်မိုင်ခွဲ ပြည်လမ်း ရန်ကုန်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(I.B.C)၏ ဗဟို မန်နေဂျာ ဖြစ်သော ဗိုလ်မှူး မောင်ညိမ်းသည် လက်အောက် ၀န်တမ်းများ အပေါ် လူဂုဏ် သိက္ခာ ညှိုးနွမ်းအောင် လူမဆန်စွာ ဖိနှိပ် အုပ်ချုပ်မှုများ ရှိနေကြောင်း (I.B.C) ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သတင်း ရရှိပါသည်။

၎င်း ဗိုလိမှူး မောင်ညိမ်းသည် မိမိလက်အောက် ၀န်ထမ်းများကို ရုံးလုပ်ငန်း ကိစ္စများတွင် သာမက မိမိ ကိုယ်ရေး ကိုယ်တာ ကိစ္စများပါ ခိုင်းစေပြီး၊ ထိုခိုင်းစေမှုများကို ၎င်းစိတ် အခက် မသင့်ပါက ကိုယ်ထိ လက်ရောက် ကျုးလွန် စော်ကားလေ့ ရှိသည်။ နေပြည်တော်ရှိ (I.B.C) စားသောက်ဆိုင် ခွဲတွင် တာဝန် ထမ်းဆောင် နေသူ မောင်ကျော်သူထင် အား ဗိုလ်မှူး မောင်ညိမ်း မျှစ်ချဉ်ကန် ပြုလုပ်ရန် စေခိုင်းစေရာ အချိုးမပြေဟု ဆဲဆိုပြီး ဦးခေါင်းအား သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ရာ ဥိးခေါင်းကွဲ ဒါဏ်ရာ ရရှိပြီး ဆေးခန်းတွင် ချုပ်ရသည့် အထိ ဖြစ်ခဲ့သည်။ သို့ရာတွင် မောင်ကျော်သူထင်၏ မိဘဆွေမျိုး အချို့သည် ဗိုလ်မှူး မောင်ညိမ်း လက်အောက်တွင် တာဝန် ထမ်းနေ ရသဖြင့် မောင်ကျော်သူထင်မှာ သူ့ဆွေမျိုးများကို ဗိုလိမှူး မောင်ညိမ်းမှ အငြိုးထား အလုပ်ဖြုတ်မည် စိုးသဖြင့် ယင်းဖြစ်စဉ်အား သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုလုပ်ရဲပဲ ရေငုံ နှုတ်ပိတ် နေခဲ့ရသည်။

ထိုအပြင် မောင်ကျော်သူထင်၏ ဇနီး (I.B.C) ၀န်ထမ်း မဇင်လေးမွန်အား မိုက်ခရိုဖုန်း ပြုပြင်ခိုင်းရာ အဆင်မပြေဟု ဆိုကာ ဗိုလ်မှူး မောင်ညိမ်းမှ ကိုယ်ထိ လက်ရောက် ပါးရိုက် ခဲ့သည်။

(I.B.C) ရုံးတွင်လည်း ဥပဒေနှင့် မညီသော ဗိုလ်မှူး မောင်ညိမ်း၏ နှုတ် မိန့်ဖြင့် ၀န်ထမ်းများ၏ အပိုဆုကြေး (Bonus) အား ထုတ်မပေးခြင်း (I.B.C) တွင် အလုပ်ဝင်သူ မည်သူ ဖြစ်စေ မှတ်ပုံတင်အား ဗိုလ်မှူးမောင်ညိမ်းမှ သိမ်ဆဲးထား၍ အလုပ်ထွက်ပြီး ခြောက်လ ကြာသည့် အထိ မှတ်ပုံတင်အား ပြန်မပေးခြင်း စသည့် စည်းကမ်းများ ချထားကြောင်းသိရသည်။ ဗိုလ်မှူး မောင်ညိမ်းသည် သစ်တောရေးရာ ၀န်ကြီးနှင့် ပဏာသင့်သူ တဦးဖြစ်ပြီး ၀န်ကြီးမှ ၎င်းအား ကာကွယ် ပေးနေကြောင်း သိရှိရသည်။

(I.B.C)ရုံးတွင် ၀န်တမ်း ဦးရေ ပျမ်းမျှ (၆၀) ဦးခန့် ရှိကြရာ (၄၀) ဦး လောက်မှာ ဗိုလ်မှူး မောင်ညိမ်း၏ ကိုယ်ထိ လက်ရောက် စော်ကား ခံခဲ့ရဖူးသူများ ဖြစ်နေကြပြီိး အကြောင်း အမျိုးမျိုးကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှု မပြုရဲကြပဲ ခေါင်းငုတ် ခံနေကြရသည်။
ယခု အခါ ဆက်လက် သည်းမခံနိုင် ကြတော့ပဲ ၀န်ထမ်းများက ဗိုလ်မှူး မောင်ညိမ်းအား အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ (I.L.O) သို့ တိုင်ကြားရန် စီစဉ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) ကြေငြာချက် ၄/၂၀၁၀

Tuesday, November 30, 2010 · 0 ရဲ့ အမြင်

Statement No.4 - 2010 of UFBAD အင်တာဗျူး အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်
ကိုရန်နိုင်
အတွင်းရေးမှူး
ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)
+95948836757

မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ
+95948836

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */