တင်ကျော်ကျော်စိုး | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေထိုင်ရာ တက္ကသိုလ် ရိပ်သာ လမ်းတွင် သူမ အိမ်ရှေ့ရှိ ယခင် အတားအဆီးများ ချထားသော နေရာမှ အနည်းငယ် တိုမြှင့်၍ အနောက် ဘက် တွင် ရွှေတောင်ကြား ရပ်ကွက်ထဲ ၀င်ရာသံလွင်လမ်း ထိပ်ထိ ၎င်း အရှေ့ဘက် တွင် ကမ္ဘာအေး စေတီ လမ်းမ နှင့် တက္ကသိုလ် ရိပ်သာလမ်း ထောင့် မီးပွိုင့် အနီးထိ ရောက်အောင် အကာအရံများ တိုးမြှင့် ချထားလိုက်သည် ဟုသိရသည်။
တက္ကသိုလ် ရိပ်သာလမ်း အင်းလျှား ကန်စောင်းတွင် မဏ္ဍပ်ဆောက်လုပ် နေ သော လူငယ် တစ်ဦးက “ပထမ ဘုန်းကြီးကျောင်း ရှေ့ထိပဲ ပိတ်ထားတာ အခု ညနေ မှ အတားအဆီးတွေကို တိုးလိုက်တာ lolane မဏ္ဍပ် နားအထိပဲ ”ဟု Freedom News Group သို့ ပြောသည်။
နိုဘယ်ဆုရှင်များတွင် တစ်ဦးတည်းသော နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နှစ် နှစ်ဆယ် အတွင်း နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ၁၄ နှစ်နေရသည့် အတွက် မြန်မာ အတာသင်္ကြန်ကို ခြောက်ကြိမ်သာ လွတ်လပ်စွာဖြင့် ကြုံတွေ့ခွင့်ရခဲ့သည်။
source by : http://longwalktofreedom.wordpress.com/
သင်္ကြန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမတွင် အတားအဆီးများ တိုးမြှင့်ချထား
နောက်ဆုံးခေါ်သံ - Final Call and Last Chance
အခုနောက်ဆုံးဝင်လာတဲ့ သတင်းအရ အမေရိကန် က ဆေးသဘောင်္ကို ၀င်ခွင့်ပြုဖို့ တောင်းဆိုနေသေးတယ် ဆိုတဲ့သတင်းပါပဲ။ ဒါဟာ ကျနော်တို့ မြန်မာတွေကို နောက်ဆုံးခေါ်သံလားလို့ တွေးနေမိတယ်။ ဒီနေ့ မနက်မှာ ရောဝတီတိုင်းဖက်က လယ်သမားကြီးတယောက်နဲ့ စကားပြောဖြစ်ပါတယ်။သူအပြောအရ နအဖ က ဘာဆို ဘာမှထိထိရောက်မကူညီသေးပါဘူးလို့ ဆိုတယ်။ နှစ်အိမ်ကို အားလူး နှစ်လုံး၊ လူနှစ်ယောက် ကြက်ဥတလုံး နဲ့ ဆန် နှစ်ဗူးဆီသာရပါသေးသတဲ့။ မုန်းတိုင်းဆဲပြီးနောက်စစ်တပ်က တပ်ရင်းမှုးနဲ့ အဖွဲ့ ရောက်လာတယ်။ ဘာအကူညီမှမပါဘူး။
နောက်တပ်စုတစု လာထားတယ်။ သူတို့ ကိုလည်း ရာရှင်တွေမပေးလိုက်ဘူး။ ဒီတော့ဒီစစ်သားသုံးဆယ်က ဒုက္ခသည်တွေဆီက ရသမျှစုဆောင်းထားတဲ့ မရှိမဲ့ရှိမဲ့လေးကို ကပ်စားသွားပါသေး သတဲ့။ သူထိုင်းဖက်ကိုလာရတဲ့အကြောင်းကတော့ သူတို့ အမျိုးတယောက် ထိုင်းမှာလာအလုပ်လုပ်နေလို့ လာရောက်အကူညီတောင်းတာပါ။ ကျနော်တို့ သူ့ကိုဘတ်၂ထောင်သာကူညီလိုက်နိုင်ပါတယ်။
ကျနော်တို့ နိုင်ငံရေးအသိုင်းအ၀ိုင်းကလူတွေကလည်း အရှုံးနဲ့ အသားကျနေတော့ ရှုံးရင်လုပ်တတ်တယ်။ နိင်ရင်ဘာမှမလုပ်တတ်ဘူး။ အခွင့်အရေးကိုအသုံးမချတတ်ကြဘူး။ ၈လေးလုံးလူထုတိုက်ပွဲအမြင့်ဆုံးအချိန်မှာ
ကျနော်တို့ အစိုးရဖွဲ့ ဖို့  နှစ်ရက်ဆက်တိုက်ကြိုးစားကြတယ်။အစိုးရမဖွဲ့ နိုင်ခဲ့ကြဘူး။ ဦးနုကိုထောက်ခံလိုက်ကြဖို့  ကျနော်တို့ ကြိုးပန်းချက်တွေဟာ သဲထဲရေသွန်ဖြစ်ရတယ်။ ( ဦးနုအစိုးရအဖွဲ့ ကို ထောက်ခံဖို့ သေရေးရှင်ရေး တမျှအရေးကြီးနေလို့  ကျောင်းသားတွေထဲမှာရော၊ နိင်ငံရေးခေါင်းဆောင်တွေကိုပါ အင်တိုက်အားတိုက် ပြောခဲ့ရတဲ့အတွက်အလွန်ပင်ပန်းသွားတယ်။ အစည်းအဝေးပြီး တော့ ဘာမှ မဖြစ်လာတဲ့အတွက် လူက အရုပ်ကြိုးပြတ် ဖြစ်သွားတယ်။ အစည်းအဝေးတွေမှာအရမ်းစကားပြောရတဲ့အတွက် အ သလိုဖြစ်သွားခဲ့ရတယ်။ ကျနော်စကားပြောရင်ထစ်ထစ်သွားတယ်။ ကျနော့်ကိုယ်ကျနော်လန့် သွားပါတယ်။ ကိုဇော်မင်း (ဒေါက်တာ ဇော်မင်း) ကို သွားပြရတယ်။ သူက ကျနော်ကို ဂလူးကို့စ်ကုန်သွားတယ်လို့ ပြောပါတယ်။ ဂလူးကို့စ်နှစ်လုံး ဆက်တိုက်သွင်းပြီး နှစ်ရက်နားခဲ့ရတာကို ခုထိမှတ်မိသေးတယ်။ )
၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နိင်တယ်။ လုပ်ရမှာက ပါလီမန်ခေါ်။ အစိုးရချက်ခြင်းဖွဲ့ 
ဒါပဲရှိတယ်။ ဒါပေမဲ့ ဒါဟာဖြစ်မလာခဲ့ပါဘူး။
၂၀၀၈ - အခြေခံဥပဒေ ကိုအတည်ပြုဖို့ ဆန္ဒခံယူပွဲလုပ်တယ်။ ကိုခွန်မြင့်ထွန်း ( အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ) ရွေးကောက်ပွဲ ကိုယ်စားလှယ်က ကျနော်ကို ဘယ်လို သဘောထားလဲလို့ မေးတော့ - ကျနော်က ဆန္ဒ ခံယူပွဲ မှာ ကျနော်တို့  ရှုံးမှာကိုမပူပါဘူး။ နိုင်မှာကိုပဲပူတယ်။ သူက ရီပါတယ်။ ဘာဖြစ်လို့ လည်းလို့ မေးတော့ ကျနော်တို့ ကရှုံးတာနဲ့ အသားကျနေပြီ။ နေတတ်နေပြီ။ ရှုံးရင်ဘာဆက်လုပ်ရမလဲကိုသိကြတယ်။ နိုင်ရင်တော့ ဘာမှဆက်မလုပ်တတ်ကြတဲ့အတွက် နိုင်မှာကို ပူတယ်လို့ ပြောခဲ့ပါတယ်။
၂၀၀၈ - နာဂျစ်မုန်တိုင်းဟာ ဒုက္ခတွေကိုပဲသယ်လာတာမဟုတ်ဘူး ။ အခွင့်အလမ်းတွေကိုလည်း သယ်လာတယ်လို့ ကျနော်မြင်တယ်။ အမေရိကန်သဘောင်္ပေါ်မှာ- Food တခုတည်းမဟုတ်ဘူး Freedom
လည်းပါလာပါတယ်။ အခွင့်အလမ်းကိုအရယူတတ်ကြရမယ်။ အချိန်ကောင်းကိုတွက်ချက်တတ်ရမယ်။
အရေးကြီးတာကကိုယ်ဘာလုပ်ရမလည်းဆိုတာသိကြဖို့ လိုတယ်။
ပြည်တွင်းအင်အားစုတွေက ကယ်ဆယ်ရေးထဲမှာ စုပြုံပြီးရောက်နေတာ မှားတယ်။ ဘာဖြစ်လို့လည်းဆိုတော့
အပျက်အစီးက သိပ်ကြီးလွန်းနေတယ်။ ရန်ကုန်က တက်ကြွသူတွေ အားလုံး သွားကူရင်တောင်မလောက်ဘူး။
နောက်ပြိးဘယ်နှစ်ကြိမ်သွားနိင်မှာလဲ။ ရန်သူကခွင့်ပေးနေရင်တောင်ခြေကုန်လက်ပန်းကျသွားနိင်တယ်။
နောက် ပြည်ပရောက်နေတဲ့ မြန်မာတွေက ဘယ်နှစ်သန်းဖိုးကူညီနိင်မှာမို့ လို့ လည်း။ အခုပင်လယ် ထဲရောက်နေတဲ့  စစ်သဘောင်္တွေပေါ်မှာသာ အလုံအလောက်အစားစာတွေရှိတယ်။ လူအင်အား ရှိတယ်။တကယ်နားလည်တဲ့ သူတွေပါလာတယ်။
ဒီတော့ ငါဒို့ အလုပ်ကဘာလဲ ။
ငါဒို့ အလုပ်က ဘာလဲ? ငါဒို့ အလုပ်က ဆန္ဒပြပွဲတွေ ကိုဖေါ်ထုတ်ရမယ်။ ရန်ကုန်မြို့ကို Chaos ဖြစ်အောင်ပြန်ဖန်တီးရမယ်။ သံရုံးတွေရှေ့ ဆန္ဒပြ။ အစာပေးပါ။ရေပေးပါတောင်း။အသက်ရှင်သန်ခွင့်ကိုတောင်း ကိုယ့်ကိုကူညီမဲ့သူတွေဝင်ရောက်ပတ်သက်လာအောင်လုပ်။ဒါပဲ။
တော်လှန်ရေးက ဘာဖြစ်နေလဲဆိုတော့ Revolution Without Rebels ဖြစ်နေတယ်။နအဖက ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တိုက်နေတာမဟုတ်တော့ဘူး။ မီဒီယာတွေနဲ့ စစ်ဖြစ်နေသလိုပဲဖြစ်နေတယ်။
တော်လှန်ရေးသမားတွေ ကမရှိတော့ဘူးကိုး။ ဒီမှာတွေ့နေရတာတွေကတော့ ပရောဂျက်လူးရှင်း ဖြစ်နေကြပြီ။
ဖွံ့ဖြိုးရေးသမားတွေဖြစ်နေကြတယ်။ ဘယ်သူကမှတော်လှန်ရေးအကြောင်း၊ တိုက်ပွဲအကြောင်း၊ လက်နက်တွေစုဆောင်းကြဖို့ အကြောင်း မပြောကြတော့ဘူး။ ပြောရင်လည်းမကြိုက်ကြတော့ဘူး။
နိုင်ငံခြားက မြန်မာတွေကလည်း လွတ်မြောက်ရေးအကြောင်းပြောပါတယ်။ လွတ်မြောက်ရေးအတွက်တိုက်ပွဲ
ဝင်အင်အားတွေကို ကူညီဖို့ မပြောဘူး။ ကျနော် တို့ မုန်တိုင်းဖြစ်ကတည်းက
ပြည်တွင်းလှုပ်ရှားမှုအတွက် ဒေါ်လာ ၁၆၆၅ သာ ရရှိဘူးသေးတယ်။ သန်းနဲ့ ချီပြီး အကူညီတွေရတဲ့အဖွဲ့ တွေရတယ်။ သိန်းနဲ့ ချီပြီးရတဲ့သူတွေရတယ်။ ဒါပေမဲ့ တိုက်နေတဲ့ ပြည်တွင်းကရဲဘော်တွေကတော့ ခြေဗလာပဲ ကိုယ်ထမင်းကိုယ်စားပြီး ရဲရဲတောက်ဆန္ဒပြနေတဲ့ပုံတွေတွေ့ ရတော့ ဘယ်လို ကြည်ညိုမှန်းမသိဘူး။
ကျနော်တို့တော်လှန်ရေးက Revolution without rebels သာဖြစ်နေပေမဲ့  ခေါင်းဆောင်တွေကတော့
ရိုက်သတ်ရင် လက်ညောင်းသွားမယ်။ သောက်ပါးစပ်တွေ ပြောလိုက်တဲ့ နိုင်ငံရေး။ ပြောလိုက်တဲ့ပေါ်လစီ။
ဒီကြားထဲ အမေရိကန်က ၀င်တိုက်တာ မလိုချင်ဘူးဆိုတဲ့သောက်သံတွေက ထွက်လာလိုက်သေးတယ်။ သူတို့ ကြည့် တော့လည်း ဒေါသထွက်လို့ တောင် သေနပ်တချက်မဖေါက်ဘူးကြတဲ့သူတွေခြည်းပဲ။
ကြွက်သေဖို့ အရေးမှာ ကြောင်နီခုတ်မှ ကြောင်ပြာခုတ်မှလုပ်နေသေးတယ်လေ။
ကဲ ရဲဘော်တို့  ဒို့ ဘာဆက်လုပ်ကြမလဲ ။ အမေရိကန်ကတော့ဆေးသဘောင်္ဝင်ခွင့်ပြုပါလို့ နောက်ဆုံးခေါ်သံပေးနေပြီ။
ကိုမိုးသီးဇွန် ဘလော့ဂ် မှ မျှဝေတင်ပြပါသည်။
ကိုမိုးသီးဇွန် အား ကျေးဇူးတင်ပါသည်။
တိုက်ပွဲခေါ်သံ
ပြောစရာ တခွန်းမှမကျန်တော့ အောင် မိုက်လုံးကြီး စစ်ခွေးများနဲ့ ခွေးမွှေးကြားကခွေးလှေးများ ခွေးသန်းများအကြောင်းတော့ လေကုန်ခံပြီးပြောမနေကြပါနဲ့ တော့ ။အမေရိကန် တို့ ၊ အင်္ဂလိပ်တို့ ၊ ယူအန်တို့ ကို မျှော်တာလည်းမျှော်ပေါ့ ။ ကိုယ့်ဆီမှာမှ လက်နက်မရှိဘဲပေကိုး ။ တိုက်ရေး ခိုက်ရေး လေ့ကျင့်ထားသူတွေ လည်းမဟုတ်ဘူးလေ ။အရေးကြီးတာက ခံချဖို့ တနည်းဘဲရှိတာပါ ။ အားလုံးကိုယ်စီ အကာအကွယ်ပစ္စည်းများ လက်ဝယ်ထားပြီး အဆင်သင့်ရှိနေကြပါ ။ သတ္တိရှိရုံနဲ့ မလုံလောက်သေးဘူး။ ဥာဏ်လဲသုံးဦးမှ ။
ကိုယ့်အသက်ကို ကိုယ်ကာကွယ်တတ်ဦးမှ ။
ပခုံးနှစ်ဖက်ပေါ်ကနေ ရှေ့ နောက် ၂ဖက်ကို ချထားလို့ ရတဲ့ လွယ်အိတ်ရှည်ရှည်တွေကိုချုပ် ထားကြပါ ။ ရှေ့ အိတ်ထဲမှာရော ၊ နောက်အိတ်ထဲမှာပါ ၂လက်မထူ ၁ပေ x ၂ပေ ကျယ် ပျဉ် ချပ်တစ်ချပ်စီထည့် ပါ ။ အဲဒီ လွယ်အိတ်ကို ပခုံးပေါ်မှာလွယ်ပြီး ရှေ့ နောက်ချထားရင် တော် ရုံကျည်ဆံကိုတော့ ကာနိုင်မှာပါ ။ သေလောက်တဲ့နေရာဖြစ်တဲ့ ရင်ပါတ်ကိုကာလိုက်တာပါ။အဲဒီပျဉ်နဲ့ ခန္ဓာကိုယ်ကြား လွယ်အိတ်ထဲမှာ တာယာဖြတ်စများနဲ့  အိုးတိုက်စတီးထွေးများကို ဖြည့်ထားရင် ပျဉ်ပြားကိုကျည်ဆံဖေါက်ရင်တောင် ကျည်အရှိန်ကို လျော့စေပြီး ကိုယ်ပေါ်မှာ ရတဲ့ဒါဏ်ရာက အသက်သေလောက်အောင်မဖြစ်တော့ပါဘူး ။
ရှေ့အိတ်နဲ့ နောက်အိတ်ကို ဘေးကနေ ပြန်ချည်ပြီးထိန်းထားရမှာပါ ။နောက်တခါ ၉လက်မ ပါတ်လည် ၁လက်မထူ ပျဉ်ချပ်ကလေးကိုလည်း မျက်နှာတဖက်မှာ လက်ကိုင်တပ်ပြီး လက်ကောက်ဝတ်ထိစွပ်ထားရင် မျက်နှာနဲ့ လည်ပင်းကိုပါ ကာကွယ်နိုင် ပါလိမ့်မယ် ။
သေနတ်နဲ့ ပစ်တာမို့ လို့ ဒါဏ်ရာကတော့ရမှာမလွဲပါဘူး ။ ဒါပေမယ့်သေလောက်အောင်မ ဖြစ်ဖို့ ကတော့ ကိုယ့်ဖာသာကိုယ်ဘဲ ကာကွယ်ကြရမှာပါ ။ဒီတခါနောက်ဆုံးတိုက်ပွဲအဖြစ်ထွက်ကြရပါတော့မယ် ။ သူရဲကောင်းတွေတောင်လက်နက် ဆောင်ကြရပါတယ် ။ ဒါ့ကြောင့် အကာအကွယ်မဲ့ ဗလာချည် ရှေ့ ထွက်တာ မျိုးရှောင်ကြဉ်ကြစေလိုပါတယ် ။သူတို့ ကလည်း လူအုပ်ကို ကြောက်တာပါဘဲ ။ဒါ့ကြောင့် အဝေးကနေဘဲ သေနတ်နဲ့ ပစ်နေတာပေါ့ ။ ကိုယ်ကသာအကာအကွယ်တွေနဲ့ ဒလကြမ်းတက်လို့ ကတော့ သေနတ်နဲ့ မပစ်
နိုင်တော့ဘဲ သေနတ်ကိုသာပစ်ချပြီးထွက်ပြေးကြမှာ အသေအချာပါ ။
ဒင်းတို့ အသုံးမကျလို့  အပြစ်မရှိတဲ့ ပြည်သူတွေ အဖိုးတန် တောင်သူလယ်သမားတွေ သေကုန်ပါပြီ ။ သိန်းချီပြီးသေကုန်ပါပြီ ။ ကျုပ်တို့ တတွေ ငါးထောင်ထပ်သေလဲ ဘာမှုရမှာတုန်း ။ဒါပေမယ့် ငါးရာတောင် သေစရာမလိုအောင် စီစဉ်ပြီး ပြန်ချကြရင် ဘာခံနိုင်မှာတုန်း ။စစ်တပ်က ငါးသိန်းဘဲထားပါတော့ ။ပြီးတော့ ကြံ့ဖွတ်တို့ ၊ ပန်းကြားခင်(မူရင်းနာမည်သုံးရမှာ မတန်လို့ ) တို့ အစရှိတဲ့ ဟာတွေ ထည့်ပေါင်းလိုက်ပါဦး ။ တစ်သန်းပေါ့ ။
ပြည်သူတွေထဲမှာ ကလေးတွေ၊အဖိုးအဖွားတွေ ၊မကျန်းမာသူတွေ နဲ့ သံဃာတော်တွေ ဖယ်ထား ကျန်တာသန်း ၂၀ထားလိုက်ပါ ။ များပါသေးတယ် ။ ၁၀ သန်းဘဲထားလိုက်ပါ ။၁၀ယောက် ၁ယောက်နှုန်းနဲ့  ကျွန်တော်တို့ ပြည်သူတွေကအသာစီးရှိနေပါတယ် ။သူတို့ တစ်သန်းကလဲ တနေရာထဲမှာ တစ်သန်းမဟုတ်ပါဘူး ။ နေရာတထောင်ဖြစ်ရင် တနေရာမှာ သူတို့ လူတထောင်ပေါ့ ။ ကိုယ့်လူက တသောင်း ။ ကြည့်စမ်း ဘယ်လောက်ကွာသလဲ ။လူတယောက်ကို လူ၁၀ယောက်ကမနိုင်ဘူးလား ။ ၂ယောက်၃ယောက်က အနာခံဝင်လုံးရုံဘဲ။ကျုပ်တို့ ဖက်က လူတသောင်းမှာလဲ ရှေ့ ကလူတရာကသာ အကာအကွယ်တွေစီစဉ်ပြီး အနာ
ခံထွက်ချလိုက်ရုံပါဘဲ ။ ကျန်သူတွေက အင်အားပြသက်သက်ပါ ။ ဇာတ်လမ်းပြတ်ပါပြီ ။သူတို့ ထဲမှာ ကိုယ့်ဖက်ပါမယ့်သူတွေလဲ ရှိနေတယ်ဆိုတာလဲ မမေ့ကြပါနဲ့ ဦး ။သူတို့ ကလည်း ကျုပ်တို့ လှုပ်မှာကို စောင့်နေကြတာ ။ သူတို့ ပါ ပါလာလို့ ကတော့ ပွဲသိမ်းမြန်ပြီပေါ့ ။
ဒါပေမယ့်တခုတော့ရှိတယ် အားလုံးတပြိုင်ထဲ ချကြရမှာနော်။ ပြိုင်တူတွန်းမှ ရွေ့ တော့မပေါ့ ။
ပြောရတာတွေလဲမောလှပါပြီ။ ပြောနေလို့ လည်းမပြီးပါဘူး။ ပြောရုံနဲ့ လည်းမလုပ်မဖြစ်ပါဘူး။ ပြောစရာလည်း မကျန်တော့ပါဘူး။ ပြောလို့ ရမယ့်ဟာတွေလည်းမဟုတ်ပါဘူး ။
ဒေါ်စုက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကိုပြင်ဆင်ထားပါတဲ့ ။ ကျုပ်နားလည်တာက အကောင်း ဆုံးကိုရဖို့  အဆိုးဆုံးဆိုတဲ့သတ္တ၀ါတွေကို ရင်ဆိုင်ကြဖို့ ပါဘဲ ။ ဒေါ်စုက ပြင်ဆင် ဖို့ ဘဲပြောနိုင်တာပေါ့ ။ ကိုယ်တွေက ရင်ဆိုင်ကြရမှာ ။ပြင်ပြီးထိုင်နေကြဖို့ မဟုတ်ဘူးဆိုတာ လည်း သတိထားကြစေချင်ပါတယ် ။
ကြည့်ပါဦး လုံထိန်းဆိုတဲ့ကောင်တွေ၊ ဖွတ်တို့ ၊ ပန်းကြားခင်ဆိုတဲ့ကောင်တွေက ဒုတ်နဲ့ လှိမ့် ရိုက်တာ ကိုပြန်မချဘဲ အသားလွတ်ခံနေကြရတာ ပွဲကကြည့်မကောင်းဘူး ။ ရုပ်ရှင်ထဲက ရွှေဘကတော့ ဇာတ်နာ အောင်လို့ ခံပြနေတာပါ ။ ကျုပ်တို့ က ဘာဖြစ်လို့ ခံနေရမှာလဲ ။ ဘာအပြစ်ရှိလို့ လဲ။ ကိုယ့်ကိုယ်ကို အပြစ် မရှိဘူးလို့ ခံယူ ခံစားရတယ်ဆိုရင် ပြန်သာချကြပါစို့  ပြန်ချပြီး ထွက်ပြေး ။ လူထုထဲဝင်ပျောက်သွားလိုက် ။ လူထုကဖွက်ထားပေးလိမ့်မယ် ။ ပြန်ချတဲ့အခါမှာ ကိုယ့်အရပ်ထဲမှာမဖြစ်စေနဲ့ ။ ကိုယ့်ကိုသိနေတယ်မဟုတ်လား ။ တခြားအရပ်မှာသွားပြီး ပြန်ချကြပေါ့ ။
တခြားအကြံဥာဏ်များလည်းထပ်ဖြည့်ပေးကြပါဦး ။ ဒီထဲမှာ မဟုတ်တာ၊မဖြစ်နိုင်တာရှိလဲ ပြင်ပေးကြပေါ့ ။
အခုအချိန် မုန်တိုင်းလွန်လမ်းရှင်းလင်းရေးတွေလုပ်နေတုန်း ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ လုပ်အားပေးသယ်နေတုန်း စစ်သားတွေကို စကားပြောကြပါ ။ သူတို့ တတွေ လည်း မျက်စိပိတ် နားပိတ်နဲ့ ဘာမှ သိကြတာမဟုတ်ဘူး။ သူတို့ ကို သွေးထိုးပေးထားတဲ့ စကားတွေလောက်ဘဲ သိကြရတာ။ ဒီတော့ ဘာတွေဖြစ်နေ တယ်ဆိုတာကို တီးတိုးတမျိုး ကျယ်ကျယ်တမျိုး သိအောင် ကြားအောင် ပြောပေးကြပါ ။
အဲဒါကို ကြောက်လို့ ဒင်းတို့ တတွေက သူတို့ ကို ပေးမထွက်ကြတာဘဲ ။
ဗမာပြည်အပြင်ဖက်မှာဆိုရင် အတော်ကို ရှက်စရာကောင်းလောက်အောင်ဖြစ်နေပါပြိ ။စစ်ခွေးတွေကို ရွံ့မုန်းပြီး ရှုတ်ချနေသလို ဗမာပြည်သူတွေအပေါ်မှာလည်း ဘာဖြစ်လို့ ခံနေရတာလည်းဆိုပြီး အားမလို အားမရ တွေဖြစ်နေကြပါတယ် ။ အစာငတ်ခံပြီးသေမယ့်အတူတူ ခံချပြီးမှသေတာက တိုင်းပြည်အတွက် အကျိုးအမြတ် ကျန်ခဲ့သေးတယ်လို့ တောင် ပြော နေ ကြပါပြီ။ တနပ်စားစီးပွားရေးသမားတွေရဲ့  ကယ်ဆယ်ရေး ပစ္စည်းတွေကို ၀ယ်ရောင်းနေကြတာ ဟာ တကမ္ဘာလုံးက ဗမာတွေကို အထင်သေးအောင် ဆက်ပြီးကူညီချင်စိတ်မရှိအောင် တမင် ယုတ်မာတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာပါ။ အဲဒီလို စီးပွားရေးသမားတွေကိုသတိပေးချင်
ပါတယ်။မရှောင်သာလို့ ကြောက်လို့ ဝယ်လိုက်ရပေမယ့် အရောင်းမတင်ကြပါနဲ့ လို့ ပါ ။ခင်ဗျားတို့  ငတ်သေ မသွားပါဘူး ။ ရာသီဥတုဘေးဒဏ်ကြောင့် ငတ်နေတဲ့သူတွေကို သာ ပြန်လှူလိုက်ကြပါ ။ ဒို့ ကို ကုသိုလ် ရအောင်လာလုပ်ပေးကြတယ်လို့ သာသဘောထားပါ ။
နောက်ဆုံးပြောချင်တာကတော့ အနှေးနဲ့ အမြန် တော်လှန်ရေး စကြပါတော့မယ်။အားလုံးအသင့်ရှိနေကြပါ ။ သတိရှိနေကြပါ ။ အချင်းချင်းသတင်းဖလှယ်ကြပါ ။ စည်းလုံးညီညွတ်ကြပါ ။ အရေးတော်ပုံ အောင်ရမည်။
ဇွဲမောင်
မျိုးချစ်မြန်မာ ဘလော့ မှ
AddThis
ယနေ့ မြန်မာပြက္ခဒိန်
FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။





