Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

“ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”

Thursday, August 12, 2010 · 0 ရဲ့ အမြင်

သင်္ကြန် ဗုံးဖေါက်ခွဲမှုတွင် ပါဝင် “ရဲချုပ်ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇာတ်မှာ သားကောင် ဖြစ်ရရှာသူ ကိုဖြိုးဝေအောင်”
မောင်ချင့်ချိန်

ရန်ကုန်တိုင်း အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို အပါအဝင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော် ငြိမ်း၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဗိုလ်ကြီး သန့် ဇင်သိန်း၊ ရဲမှူးများ၊ ဒုရဲအုပ်များ၊ ရယကများ၊ ကြံ့ဖွတ်များနဲ့ စစ်အစိုးရ ခိုင်းဖတ် လက်ပါးစေ အများအပြား သေဆုံး ဒါဏ်ရာ ပြင်းစွာ ရခဲ့ပြီးး ပြည်သူ လူထုတွေပါ ထိခိုက်ခဲ့တဲ့ သင်္ကြန် အကြတ်နေ့ ကန်တော်ကြီး ဗုံးပေါက် ကွဲမှုကို ဘယ်သူ လုပ်တာလဲ လို့ ကမ္ဘာကရော မြန်မာ ပြည်သူ တရပ်လုံးကပါ စိတ်ဝင်တစား ရှိခဲ့ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း ခဲ့ပြီး ကျောင်းသား လူငယ်လေးတွေက အစ သေနတ်ကိုင် ပြန်တိုက်တဲ့ ခေတ် (၂၂ နှစ် ကာလ) မှာ ဗမာပြည်မှာ ဗုံးကွဲတာ အကြိမ် သုံးရာ ကျော်ပြီးလို့ စစ်အစိုးရရဲ့ ထုတ်ပြန်ချက် တွေမှာ ဖေါ်ပြ ထားပါတယ်၊ တနှစ်ကို ဆယ့်ငါးကြိမ် ပျမ်းမျှ တလ တကြိမ် နှုန်းလောက် ကွဲနေသလိုမို့ ဗမာ ပြည်သူ တွေရော၊ နိုင်ငံတကာ ကပါ ယဉ်ပါးနေပြီးး ဗုံးကွဲ တယ်ဆိုတာ ကို သိပ် စိတ်ဝင်တစား မရှိကြတော့တာ ကြာပါပြီး၊ တိုင်းပြည် မတည်ငြိမ်ဘူး ဆိုပြီး ဆက် အုပ်ချုပ်လို့ ရအောင် သူတို့ဘာ သူတို့ ခွဲတာ နေမှာ ပါဆိုတာမျိုးလဲ ပြည်သူ အများစုက သဘော ထားခဲ့ ကြပါတယ်။ ခု ဧပြီးလ (၁၅) ရက်၊ သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကိုတော့ သင်္ကြန်တွင်းဖြစ်တာကြောင့်ရော၊ လူအများအပြား ထိခိုက် တာကြောင့်ရော၊ စစ်ဘက် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိ ရာထူး ကြီးကြီး မားမား ပုဂ္ဂိုလ်များနဲ့ အာဏာပိုင် အသိုင်းအဝိုင်းကြား ထိခိုက်မှု များတာကြောင့်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး နေရွှေသွေးအောင် လာလို့ စစ်အုပ်စု အချင်းချင်း လုပ်တာလို့ အမျိုးမျိုး ပြောနေ ကြတာတွေကြောင့်ပါ ကမ္ဘာ ကရော မြန်မာ ပြည်သူ တရပ်လုံး ကပါ စိတ်ဝင်တ စားရှိခဲ့တာပါ။

စစ်အစိုးရကိုယ်တိုင်ကလဲ အရင့်အရင်က ဗုံးတွေနဲ့ မတူပဲ သေဆုံး ဒါဏ်ရာရ စာရင်းတွေကို ချက်ခြင်းထုတ်ပြန်ကြေငြာခဲ့သလို ဂျာနယ် တွေကနေလည်း (အာဏာပိုင် အဖွဲ့စည်းဝင်တွေ ထိပုံတွေနဲ့ အကြောင်းရာက လွဲရင်) ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြခွင့် ပေးခဲ့ပါတယ်။ နောက် ရက်ပိုင်းလေးမှာပဲ ဗုံးဖေါက်ခွဲသူ နှစ်ယောက်ကို သတင်းပေးရင် ဆုငွေ ဆယ်သိန်း ပေးမယ်လို့ တယက ကြေငြာချက် ထုတ်ပြန် ပြီးး ရန်ကုန်တိုင်း မြို့နယ် ပေါင်းစုံက ရယက ရုံးတွေနဲ့ လူစည်ကားရာ လမ်းဆုံ လမ်းခွတွေ၊ ဘတ်စ်ကားမှတ် တိုင်တွေမှာ ကပ်ထားခဲ့ပါ တယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက် ဥက္ကဋ္ဌက ဗုံးပစ်လိုက်တာကို မြင်လိုက်ပြီး ဝပ်လို့ အော်လိုက်ကြောင်း၊ ဗုံးပစ်သူ တယောက်ကို နေရာမှာတင် ဖမ်းမိကြောင်း စစ်အစိုးရ စာပေ စိစစ်ရေးက ခွင့်ပြု ထုတ်ဝေတဲ့ ဂျာနယ် တွေထဲမှာလည်း ဖေါ်ပြ ထားခဲ့ပါ တယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးး သုံးပါတ် အကြာမှာတော့ အားလုံး သိပြီးးတဲ့ အတိုင်း ရဲချုပ် ခင်ရီက အလွဲလွဲ အချော်ချော် သတင်းစာ ရှင်းပွဲလုပ်ပါ တယ်၊ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန်သူ တယောက်ကို ဖမ်းမိ ထားတယ် ပြောပြီးး VBSW , ABSDF , DAB , NCUB , KNU စ တဲ့ အဖွဲ့ များစွာကိုလည်း စွပ်စွဲ လိုက်ပါတယ်။

ရဲချုပ်ခင်ရီရဲ့ ရှေ့နောက် မညီ အလွဲလွဲ အချော်ချော် သတင်းစာရှင်းပွဲကို သေချာ လေ့လာပြီးချိန် မှာတော့ ဗုံးဖေါက်ခွဲမှုမှာ ကိုယ်တိုင် ပါဝင် ကျူးလွန် သူလို့ စစ်အစိုးရ ဖေါ်ပြထားတဲ့ ကိုဖြိုးဝေအောင်ဟာ အမှန်တကယ် ကျူးလွန်သူ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်စရာ၊ စဉ်းစားစရာ ဖြစ်လာ ပါတယ်။

နဂိုကတည်းက ယုံစရာ မကောင်းလို့ စစ်အစိုးရ ပြောတာတွေ မို့လို့၊ စိတ် အခံကြောင့် လက်မခံတာမျိုး မဟုတ်ပဲ လုပ်ကြံ ဖန်တီးထားတဲ့ ဇတ်လမ်း ဖြစ်နိုင်တယ်လို့ ရဲချုပ် ခင်ရီ ဆက်စပ် ပြနေတဲ့ အလွဲ တွေကနေကို တွေးမိခဲ့တာပါ။ အဲဒီမှာ ဘာကြောင့် လုပ်ကြံ ဇတ်ထွင် ရသလဲ ဆိုတာနဲ့ ကိုဖြိုးဝေအောင် က ဘာကြောင့် တရားခံ အဖြစ် ပြခံရလဲ ဆိုတာ ပြောစရာ ရှိလာပါတယ်။

အဓိက လုပ်ကြံ ဇတ်ထွင် ရတဲ့ အကြောင်းက သူ့တပ် သူထိန်းဖို့ပါ၊ စစ်အစိုးရဟာ ဘယ်ပြည်သူ ဘာပြောပြော၊ ကမ္ဘာက ဘာပြောပြော ဘယ်တုံးကမှ ဂရု မစိုက်ပါဘူး၊ ကမ္ဘာနဲ့ ပြည်သူတွေကို လိမ်ဘို့ ဆိုတာထက် သူ့တပ်ထဲမှာ ဖြစ်လာတဲ့ ပြဿနာတွေကို ရှင်းဘို့၊ အာဏာရှင် သန်းရွှေနဲ့ စဉ်းစား ဉာဏ်မရှိတဲ့ သူ့တပ် အသိုင်းအဝိုင်းကို ပြန်လိမ် တာပါ။

X2O ရေကစား မဏ္ဍပ်ဟာ စစ်အုပ်စု ရာထူးကြီး ပုဂ္ဂိုလ်များရဲ့ သားသမီးတွေ စုဝေးရာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အချစ်တော် မြေးလေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်ပါ လာသွား နေခဲ့ပါတယ်၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချိုက သူ့အပိုင် စစ်ဒေသ မဟုတ်ဘဲ ဖိုးလပြည့်နဲ့ VIP သားသမီးများ လုံခြုံရေး အတွက် သီးသန့် လာစောင့် ပေးနေရတာပါ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဝင်ထွက်ခွင့် တံဆိပ်ပါ ကားတွေ ရပ်ထားပြီးး ဗိုလ်မှူးကြီး ကိုယ်တိုင် လုံခြုံရေး ယူပေးနေတာမို့ သက်ဆိုင်ရာ မြို့နယ် ရဲမှူးနဲ့ မယက ဥက္ကဋ္ဌ အပါအဝင် လုံခြုံရေး များစွာ ရှိနေတဲ့ ကြားမှာ ကွဲခဲ့ ထိခဲ့တာကြောင့် အချင်းချင်း ပြန်ယိုးစွပ် စရာတွေ ဖြစ်လာ ပါတော့တယ်၊ ဖိုးလပြည့်ကို မကြည် တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ တခြား VIP သားသမီး တချို့ကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း၊ ဗိုလ်မှူးကြီး အုန်းချိုကို မကြည်တဲ့ တပ်တွင်း အသိုင်းအဝိုင်း တခုခုက လုပ်တာလို့ သူတို့ အချင်းချင်း ကြားမှာကို ထင်ကြေးတွေ ယူဆချက်တွေ အမျိုးမျိုး ဖြစ်လာ ခဲ့တာပါ။

၂ဝ၁ဝ ဇန္နဝါရီလထဲမှာ တောင်ဥက္ကလာပ မြို့နယ်၊ ချယ်ရီ ဥယျာဉ် အိမ်ယာက နေပြည်တော် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလွင် နေအိမ်နဲ့ နယ်စပ် စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီး တင်ငွေ နေအိမ်တွေမှာ ချိန်ကိုက်ဗုံးတွေ တွေ့ခဲ့ပြီးး သတင်း ထုတ်ပြန်ခြင်း မရှိပဲ ဖုံးကွယ် ထားခဲ့ပါတယ်၊ (သုံးလကျော် ကြာပြီးးမှ ခု သတင်းစာ ရှင်းပွဲမှ ထုတ်ပြောတာပါ)၊ ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ အရာရှိကြီးတွေသာ သိခဲ့ပြီး ချယ်ရီဥ ယာဉ် အိမ်ယာကိုဆောက်နေတဲ့ ဆာကူရာဆောက်လုပ်ရေးက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ ကိုတောင် အဲဒီ ဝန်းထဲမှာပဲ ကျိတ်ပြီး စစ်ခဲ့ပါတယ်၊ တယောက်နဲ့ တယောက် လေးစားမှု မရှိပဲ အကျိုး ခံစားမှု တွေနဲ့၊ အမိန့် အာဏာတွေက ပေါ်နေ ပတ်သက် နေကြတဲ့ အသိုင်း ဝိုင်းဖြစ်တာကြောင့်၊ သတင်း လုံခြုံမှု မရှိဘဲ ပေါက်ထွက်လာပြီး ပြည်ပ သတင်းဌာနတွေ ကနေ ပြောမှ သိကြ ရတာကြောင့် တပ်တွင်း မှာပဲ အချင်းချင်း ပြန်လုပ် နေသလား၊ တယောက်ကို တယောက် မယုံ သင်္ကာနဲ့ ကြည့်နေ ခဲ့ကြတာမှာ၊ သင်္ကြန် ဗုံးပေါက်မှုဟာ ပြဿနာ ပိုကြီး စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဗိုလ်ချုပ်ကြီးတွေ ကြားမှာ မလုံမခြုံ ဖြစ်လာပြီးး ဗုံးပေါက်ကွဲပြီး မကြာမှီ အဆင့်မြင့် အရာရှိတွေ နေပြည်တော် သွားလာခွင့် ကန့်သတ် လိုက်တာ၊ လူအင်အား လက်နက် အင်အား စာရင် ကြိုသတင်းပို့ ရမှာတွေ ဖြစ်လာပါ တယ်။

သို့လော သို့လောနဲ့ အချင်းချင်း မယုံမကြည် ဖြစ်လာတဲ့ တပ်တွင်း ပဋိပက္ခကို ထိန်းဖို့၊ မျက်မာန်ရှ နေတဲ့ အာဏာရှင်ကြီး သန်းရွှေ ကို နှစ် သိမ့်နိုင်ဖို့၊ အသုံးမကျ သလို ဖြစ်နေတဲ့ ရဲနဲ့ ထောက်လှမ်းရေး တွေရဲ့ သိက္ခာကို ကာကွယ်ဖို့၊ ပြည်သူတွေ ကြားမှာ ပြောနေတဲ့ စစ်အစိုးရ ကိုယ်တိုင်ခွဲတာပါကွာ ဆိုတာကို ရှင်းပြီးးသား ဖြစ်အောင်လို့၊ အတိုက်အခံ တွေကို နိုင်ငံရေး အရ ထိုးနှက် ရအောင်လို့ စသဖြင့် အကြောင်းရာတွေကြောင့် လုပ်ကြံ ဇတ်ထွင် ရခြင်း ဖြစ်ပါတယ်။

ရဲချုပ် ခင်ရီရဲ့ အကြံပေး ဇတ်လမ်းရေး ဆရာတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုမှာ သားကောင် ဖြစ်ခဲ့ ရတာက ကိုဖြိုးဝေအောင်ပါ၊ ဘာကြောင့် ကိုဖြိုးဝေအောင်က တရားခံ အဖြစ် ပြခံရလဲ ဆိုတာက ဇတ်လမ်း ဖန်တီး လွယ်မယ့် ဆက်စပ်မှုမှာ ရှိနေလို့ပါ၊ ကိုဖြိုးဝေအောင် ဟာ ၂ဝ၁ဝ ဇန္နဝါရီလက ဗုံးတွေ့ခဲ့တဲ့ နေပြည်တော်တိုင်းမှူးအိမ်ရှိရာ ချယ်ရီဥယျာဉ်အိမ်ယာမှာ လျှပ်စစ် တာဝန်ခံ အင်ဂျင်နီယာ အဖြစ် လုပ်ခဲ့ ဖူးသူ တယောက်ဖြစ်ပြီး သံသယ ဖြစ်ဖို့ ကောင်းသူတွေနဲ့ တချိန်က တရင်းတနှီး နေထိုင် ခဲ့တာကြောင့် အဲဒီ ဗုံးကိစ္စမှာ စစ်မေးခံဖူး သူ၊ ထောက်လှမ်းရေးတွင် ခံဝန် လုပ်ထား ရသူ ဖြစ်ပါတယ်။ သင်္ကြန် အပြီးး ပြစ်ချက်ဟောင်း ရှိသူ သံသယ ဖြစ်စရာ အားလုံးကို ဖမ်းတာ မှာ ပြန်အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပထမ အကြိမ် ချယ်ရီ ဥယျာဉ် အိမ်ယာ ဝန်းထဲမှာ အလုပ်သမားတွေ ရှေ့မှာ စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ကြောရေး စခန်းမှာ ညှင်းပန်းနှိပ် စက်မှုမျိုးစုံနဲ့ စစ်ဆေးမှာ ဖြစ်တဲ့ အတွက် အရင်က နိုင်ငံရေး လုပ်ခဲ့တာတွေ၊ နိုင်ငံရေး နယ်ပယ်က သူတွေနဲ့ ပတ်သက် ခဲ့တာတွေကို ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်၊ ဥပမာ ၁၉၉၉ ခုက တောင်ကြီးမြို့၊ အေးသာယာဂျီတီအိုင်မှာ ကိုးလေးလုံး အရေးအခင်း တွက် စာဖြန့်တယ် ဆိုပြီးး ဌာနမှူးနဲ့ ကျောင်းအုပ်ကြီးရှေ့မှာ နိုင်ငံရေး ကင်းရှင်းပြီးး ကောင်းမွန်စွာ နေထိုင် ကျောင်းတက် ပါမည်ဟု ဝန်ခံ လက်မှတ် ထိုးဘူးကြောင်း၊ ၂ဝဝ၇ သြဂုတ်လကုန်က ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခန်းအနားနှင့် လောင်စာဆီ ဈေးနှုန်း တက်မှုကြောင့် မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ လမ်းလျှောက်ပွဲ VCD အခွေအား ကိုယ်တိုင်ကူး ကိုယ်တိုင်ဖြန့်ဝေခဲ့ကြောင်း၊ သံဃာတော် များအား ထောက်ခံ သင့်ကြောင်းစာကို အစ္စလာမ် ဘာသာဝင် များကြား ကိုယ်တိုင် ရေးသား ဖြန့်ဝေခဲ့ကြောင်း၊ တောင်ဥက္ကလာ ငွေကြာယံ ဘုန်းကြီးကျောင်းကို ထရန်စဖေါ်မာ ဆင်ပေး နေချိန် ဖြစ်၍ ၎င်းသံဃာတော်များနှင့် အတူ လမ်းလျှောက်စဉ် လိုက်ပါ ခဲ့ကြောင်း၊ အတူလုပ်ခဲ့ သူများမှာ ၂ဝဝ၇ ပြီးးနောက်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်သွားပြီဖြစ်ကြောင်းများ ပြောပြ ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

မူလထဲက လက်တွေ့ ကျူးလွန် သူတွေကို မဖမ်းနိုင်မဖေါ်ထုတ်နိုင်လို့ တရားခံ အစားထိုးဘို့ ကြံစည် နေတဲ့ ရဲချုပ် ခင်ရီနဲ့ ထောက်လှမ်းရေး အုပ်စုဟာ ဖြိုးဝေအောင်နဲ့ တခြား စွပ်ဆွဲသူတွေကို ဇွတ် ဆက်စပ် ရပါတော့တယ်။ တခြား စွပ်ဆွဲ ခံရသူတွေကို ဒီကိစ္စမှာပါဝင်ပတ်သက် တာ ဟုတ်မဟုတ် ဘယ်သူမှမပြောနိုင်ပေမယ့် ကိုဖြိုးဝေအောင်ရဲ့ဇနီးကတော့ ဆာကူရာမှာတုံးကတည်းက အတူလုပ်ခဲ့တဲ့ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် ( B.E Civil ) က ရန်ကင်းစင်တာက သံပန်းလုပ်ငန်းနဲ့ဆေးသုတ်လုပ်ငန်းကို သင်္ကြန်တွင်း အပြီး လုပ်ပေးမယ် လက်ခံ ခဲ့တာကြောင့် နှစ်ယောက် အတူတွဲပြီးး နေ့/ည လုပ်နေကြောင်း၊ သင်္ကြန် အကြတ်နေ့ (ပေါက်ကွဲမှု ဖြစ်တဲ့နေ့)က တနေ့လုံး ရန်ကင်း စင်တာ မှာပဲ ရှိနေတယ် ဆိုတာ ကိုမျိုးကြီး၊ အလုပ်သမားများနှင့် ရန်ကင်း စင်တာမှ တာဝန်ကျ ဝန်ထမ်းများ၊ လုံခြုံရေး များလည်း သိကြောင်း၊ လာဖမ်းသွားပြီး နောက်နေ့တွင် ကိုမျိုးကြီးက မေးသဖြင့် သင်္ကြန်ဗုံး ကိစ္စ စစ်မေးရန် ခေါ်သွားကြောင်း ပြောရာ ငါနဲ့ အတူရှိနေ တာပဲ၊ သူနဲ့မှ မဆိုင်တာ၊ ဒါဆို ပြန်လွတ် လာမှာပါ ပူမနေနဲ့ ပြောကြောင်း၊ ကျွန်မ အမျိုးသားက မတရား စွပ်ဆွဲ ခံရတာပါလို့ RFA ကိုပြော သွားတာ တွေ့ရပါတယ်။

ခုဆိုရင် ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင် စစ်ခွေးတိုက်မှာ ချုပ်နှောင် ထားပြီးး၊ ၁၁.၅.၂ဝ၁ဝ အင်္ဂါနေ့ က မိခင် ဒေါ်မာမာဆွေနဲ့ ညီ ဖြစ်သူ ဒေါက်တာ ထက်ဝေအောင်တို့ ၁၅ မိနစ် တွေ့ခွင့် ရခဲ့ပါတယ်၊ ဒေါက်တာ ထက်ဝေအောင်က သူ့အကိုဟာ စိတ်ပိုင်း ဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုမျိုး လုပ်ခံ ထားရပုံ ပေါ်နေပြီး တွေ့ခွင့် ရခဲ့တဲ့ ၁၅ မိနစ်မှာ အကြောင်းရာ လေးမျိုးကိုပဲ ထပ်ကာ ထပ်ကာ ပြောနေ ခဲ့တယ်လို့ ပြောပါတယ်၊ အဓိက ကတော့ သူမတရားခံ ရတာ ဖြစ်ကြောင်း၊ လုံးဝ မပါတ်သက်ကြောင်း ပြောတာ ဖြစ်တယ်လို့ သိရ ပါတယ်၊ ဇနီးဖြစ် သူ မဌေးဌေးက ရှေ့နေ ဦးကျော်ဟိုးကို ငှားရမ်းထားပြီး ကိုယ်စားလှယ်လွှဲ ရှေ့နေ ပါဝါ ယူဘို့ အင်းစိန် ထောင်ကို သွားခဲ့တာမှာ ကိုဖြိုးဝေအောင်နဲ့ တွေ့ခွင့် မရခဲ့ဘဲ ထောင် အာဏာပိုင်တွေက သူတို့ ဘက်က လက်မှတ်ထိုး လုပ်ပေး ရမဲ့ဟာ လုပ်ပေး ထားပြီးပြီ၊ SB က ခွင့်မပြု သေးလို့ဟု ပြောကြောင်း၊ သူ့အမှုလိုက် သက်တမ်းမှာ နိုင်ငံရေးမှုပဲ ဖြစ်ဖြစ် ဘာမှုပဲ ဖြစ်ဖြစ် ဒီလိုမျိုး တခါမှမရှိဘူးကြောင်း VOA ကိုပြော သွားတာလဲ ကြားရပါတယ်။

အဖြေက ရှင်းပါတယ်၊ ရှေ့နေ ပါဝါ လွှဲခွင့် ပေးလိုက်ရင် ပုဒ်မ တခုခု တပ်ထားတာ ပြောရ တော့မယ်၊ ထောင် ပို့ပြီး ဆိုကထဲက ပုဒ်မ တခုခု တပ်ပို့ ရတာပါ၊ ခုက မိသားစုတောင် ဘာပုဒ်မနဲ့ တရားစွဲမယ်မှန်း မသိခဲ့ရဘူး ပြောပါတယ်၊ ရှေ့နေက စွပ်ဆွဲထားရာ အမှု (ပုဒ်မ) နဲ့ ပတ်သက်ပုံကို မေးလို့ ကိုဖြိုးဝေအောင်ဆီက အဖြစ်မှန် သိရတဲ့ အခါ ရှေ့နေက သက်သေပြလို့ ရတဲ့ သူတွေကိုလိုက် ဆွေးနွေးမယ်၊ ကိုမျိုးကြီး ခေါ် ကိုမျိုးမြင့်အောင် (BE.Civil) နဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ ရန်ကင်း စင်တာက ဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေ သက်သေ ဖြစ်လာရင် လုပ်ကြံ ဇတ်လမ်း သတင်းစာ ရှင်းပွဲဆိုတာ ထင်ရှား သွားမယ်၊ ဒါကြောင့် ရှေ့နေလိုက်ခွင့် မပေး၊ သက်သေ ပြခွင့် မပေး၊ အများပြည်သူရှေ့မှာ စစ်ဆေးမှု မပြုဘဲ ဥပဒေမဲ့ တဘက်သတ် မတရား ထောင်ချမယ် ဆိုတာ သေချာပါတယ်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖြေရှင်းချက် ပေးဖို့နဲ့ ထုံးစံ အတိုင်း ပြည်သူတွေကို လိမ်ညာ လှည့်ဖြားဖို့ ရဲချုပ် ခင်ရီရဲ့ ထွက်ပေါက်ရှာ ဖန်တီးဇတ်မှာ သားကောင် ဖြစ်ခဲ့ရသူ ကိုဖြိုးဝေအောင်လို စစ်အာဏာရှင် လက်အောက်မှာ လူတိုင်း အချိန်မရွေး သားကောင် ဖြစ်သွား နိုင်တာမို့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဝိုင်းဝန်း တိုက်ဖျက်ကြပါစို့။

မောင်ချင့်ချိန်
ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီး ကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

တိုင်းသူပြည်သားအားလုံးသို့ အိပ်ဖွင့်ပေးစာ

Sunday, July 18, 2010 · 0 ရဲ့ အမြင်

လွတ်လပ်ရေးဖခင် အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ သံဃာတော်များအား လျှောက်ထားချက်
အရှင် သူမြတ်များ ဘုရား … အရှင်ဘုရား တို့သည် အလွန် ထူးကဲသော ဗုဒ္ဓ သာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော် မူကြပါသည်။ အရှင်ဘုရား တို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ် တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်း ပေးတော် မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရား ပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမ ကဲ့သို့ နေနိုင် ကြပါလိမ့်မည်။ အရှင် သူမြတ်များကို ဘုရား တပည့်တော်တို့ ကိုးကွယ် ဆည်းကပ် ပါသည်။ တကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည် ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင် သာမက တစ်ကမ္ဘာလုံး မှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင် ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကား တို့ကို သုံးရာ၌ အောင်မြင်တော် မူပါလျှင် မနုဿ လူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုး ပူဇော် ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော် တို့၏ နိုင်ငံနှင့် လူမျိုး အတွက် အမြင့် မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည် ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော် မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော် မူကြပါ။

မြင့်မြတ်သော လွတ်လပ်ရေး ဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရား ကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ် တို့သည် သုံးလူ့ ထွဋ်ထား မြတ်စွာ ဘုရား သြ၀ါဒ ပေးတော်မူ ခဲ့သည့် အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ” မမေ့ မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုး တစ်မျိုးလုံးကို ဆိုဆုံးမတော် မူကြပါ ဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော် တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစား နိုင်အောင် ဆောင်ရွက်နိုင်ကြ ပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန် ၀တ္တရားများ ရှိပါသည်။ ဤမွန်မြတ်သော တာဝန် ၀တ္တရားများကို ကျေပွန်အောင် ထမ်းဆောင်တော် မူကြပါ ဘုရား။ တပည့်တော် တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်း ကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များ သာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။”

လွတ်လပ်ရေးဖခင် အာဇာနည် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြည်သူ လူထုကို တိုက်တွန်း မိန့်ခွန်း
ရဲဘော်တို့ အမျိုးသား တို့ကို စည်းရုံးပြီး စိုင်းပြင်းကြပါစို့ ။ ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ ဖန်တီးဖို့ အရေးသည် ကျွန်ုပ်တို့၏ လက်တွင်းမှာပင် ရှိ၏။ ကျွန်ုပ်တို့ အင်အားကို ကျွန်ုပ်တို့ ယုံကြည်လျှင် ကောင်းကင်တမွတ် ကြယ်ပင် ဆွတ်နိုင် ကြပေမည်။ ကြယ်ကိုပင် ဆွတ်နိုင်ကြလျှင် ကမ္ဘာမြေပေါ်မှာ အဘယ့်ကြောင့် လွတ်လပ်ရေးအောင်ပန်းကို မဆွတ်နိုင်ဘဲ ရှိအံ့နည်း။ ကျွန်ုပ်တို့သည် ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ ၊ ဥာဏဗလ ၊ သတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇ၀င်တွင် ကယ်တင်နိုင်မည့် လွတ်လပ်ရေး အောင်မြင်မှု အတွက် ဆက်လက်ကြိုးပမ်းကြမည်။

ရဲဘော်တို့
ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရော ကိုယ်ပါ ပူးပေါင်း ဆောင်ရွက် ကြလော့။
ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိလိမ့်မည်ဟု တထစ်ချ ယုံကြည်ကြလော့။
အပ္ပမာဒေန သမ္ပာဒေထ။
(၁၉၄၆၊ ဇန်န၀ါရီလ၂၀ ရက်နေ့တွင် အလယ် ပစ္စယံ ညီလာခံကြီး၌ မြွက်ကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်)
ABMA မှ တင်ပြပါသည်။

ဖတ်ကြည့်ချင်သေးလား....

နှစ် နှစ်ဆယ်ကျော် သမိုင်းကို သုတေသန လုပ်လာတဲ့ သမိုင်း သုတေသီ ဆရာ တင်နိုင်တိုး ရဲ့ ဆောင်းပါး

Sunday, July 11, 2010 · 0 ရဲ့ အမြင်

အာဇာနည်နေ့ကြီး ရောက်လာ ပြန်ပြီကွာ ။ ငါတို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ကို လူတွေ တော်တော် များများ က သမိုင်းက ပျောက်အောင် ကြိုးစား နေကြတယ်။ ငါ နိုင်ငံရေး လာလုပ်တယ်လို့တော့ မထင်ကြပါနဲ့နော်။ မင်းတို့ စိတ်သဘောထားလေးတွေ ကို သိချင်လို့ ပါကွာ။

မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းမှာ ဘယ်သူတွေက တကယ် အနစ်နာခံပြီး လုပ်ခဲ့လဲ။ ဘာကြောင့် အာဇာနည်နေ့လို့ ခေါ်ပြီး ဂုဏ်ပြု ကြရတာလဲ။ သူတို့ တွေဟာ တကယ့် အာဇာနည် စိတ်ဓါတ်တွေနဲ့ ကြိုးစားခဲ့လို့ အာဇာနည်နေ့ကို ပေးခဲ့တယ် ဆိုရင် ဘာဖြစ်လို့ သမိုင်းကို အမှန်အတိုင်း မတင်ပြရဲ ကြတာလဲ။

မင်းတို့ကို ငါပြောပြအုံးမယ်။ ပြီးခဲ့တဲ့ လက weekly eleven မှာ သမိုင်း သုတေသီလို့ အမည်ခံပြီး ရေးသား ထားတဲ့ ဆောင်းပါလေးကို ဖတ်မိ လိုက်တယ်။ ဗိုလ်ချုပ် အကြောင်းတော့ မပါဘူးကွ။ ဂဠုန် ဦးစော ကို အမွန်းတင် ရေးထားတယ် ။

ငါဆိုလိုတာ က ဦးစော ဆိုတာ ငါတို့ တိုင်းပြည် နွံနစ် နေတာကို ဆက်ပြီး တွန်းချ ခဲ့တဲ့သူ။ ဦးစောကပဲ သူရဲကောင်း လိုလို ရေးထားတာ တွေ့လိုက် ရတယ်ကွာ။ မင်းတို့တွေကော ဘယ်လို သဘောရလဲ။ ဗိုလ်ချုပ် အောင်ဆန်းကို တို့တွေ တကယ် မေ့ပြစ် သင့်ရဲ့လား ။

ငါတို့ မမေ့သင့်ဘူး ဆိုရင် ဘယ်လို ကျေးဇူး ဆပ်ကြရရင် ကောင်းမလဲ ။ ငါအမြင် အရ ပြောရရင်တော့ အခု လာမည့် အာဇာနည်နေ့ကို အာဇာနည် ဗိမာန်ထိ သွားရောက်ပြီး ဂါဝရ ပြုသင့်တယ်လို့ ထင်တာဘဲ။

မင်းတို့ အမြင်လည်း ကြားချင် တယ်ကွာ ။ ကိုယ်စိတ်ထဲ ရှိတာကို မချွင်း မချန် ဖော်ထုတ် ရေးသားကြပေါ့။

ဒါဟာ နိုင်ငံရေး ဆန့်ကျင်မှု လုပ်တာ မဟုတ်ဘူးနော် ။ ကျေးဇူး ရှိတဲ့ သူကို ဘယ်လို ကျေးဇူး ဆပ်မလဲ ဆွေးနွေး ကြတာပါ။ ကျွနိုပ်တို့ လုပ်သင့်တာ ကတော့ အာဇာနည် ဗိမာန်ကို ပြည်သူ လူထု အနေနဲ့ သွားရောက် အလေး ပြုသင့်တယ်။ အာဇာနည်နေ့ ဂုဏ်ပြု အစီအစဉ်တွေကို ကို တတ်နိုင် သလောက် ကြိုးစားပြီး လုပ်သင့် ကြတယ်။ ဒီနှစ်မှာတော့ လူတော်တော် များများက အာဇာနည် ဗိမာန်ကို ချီတက် အလေး ပြုကြ လိမ့်မယ်။ ငါတို့တွေလည်း အကုန်လုံး ချီတက် အလေးပြုကြ ပါစို့လို့ လေးလေး နက်နက် တိုက်တွန်း လိုက်ရ ပါတယ်။

PS. သမိုင်း သုတေသီ ဆရာ တင်နိုင်တိုး တဲ့ ။ နှစ် နှစ်ဆယ်ကျော် သမိုင်းကို သုတေသန လုပ်လာ တာပါတဲ့။ ရီစရာတောင် ကောင်းသေးတယ်။ ဗိုလ်ချုပ် အောင်ဆန်းတော့ သူရေးတဲ့ ထဲမှာ မပါဘူး ။ ဖော်ပြတဲ့ ဂျာနယ်က weekly eleven ကျွန်တော် ဆိုလို တာက သမိုင်းကို တကယ် ဖော်ထုတ်မယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်း ဆိုတာ ပါကို ပါရမယ်။ ဗိုလ်ချုပ် မပါတဲ့ သမိုင်း စာအုပ်တွေကို ဖတ်ရတာ ဆားမပါတဲ့ ဟင်းကို စားရ သလိုပါဘဲ။ ကျွန်တော် လိုဘဲ သူငယ်ချင်းတွေလည်း ခံစား ရမယ်လို့ ယူဆ ရတာပါဘဲ။

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံ ၀န်ကြီးများအား အထူး တာဝန် ပေးအပ်ခြင်း

Tuesday, June 15, 2010 · 0 ရဲ့ အမြင်

ယနေ့ မြန်မာနိုင်ငံသည် စစ်အစိုး၏ လက်ထက်တွင် ထူးခြားသော ရလဒ်များအား ပိုင်ဆိုင် ထားနိုင်သည် မှာ အောက်ပါ အရည်အချင်းများ ရှိသော ၀န်ကြီး များအား အထူး အာဏာကုန် လွှဲအပ် ထားခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတော် အကြီးအကဲများက ၀မ်းမြောက် ဂုဏ်ယူလျှက် ရှိကြသည်။

ထူးခြားသော ရလဒ်များမှာ ကမ္ဘာတွင် လဘ်စားမှု အများဆုံး တိုင်းသူ ပြည်သားများအား အနှိပ်စက်ဆုံး ပညာရေး တွင် အဆင့် အနိမ့်ဆုံး တက္ကသိုလ် ၊ ကောလိပ် အားလုံးကို မြို့နှင့် အဝေးဆုံး နေရာတွင် ထားရှိခြင်း မတရား ဖိနှိပ်မှု အခံရဆုံး သမိုင်းတွင် မကြုံဖူးအောင် နိုင်ငံ အ၀န်းလုံး ရာသီဥတု ဒဏ်ကို ပြင်းထန်စွာ ခံနေရခြင်း မိမိ ကိုးကွယ်သော ဘာသာအား နှိပ်ကွပ်မှု အများဆုံး ဆက်သွယ်ရေး စနစ်တွင် အနှေးဆုံး နှင့် အခက်ခဲဆုံး ဥပဒေသစ် အများဆုံး ရေးဆွဲသည့် နိုင်ငံ၊ စာပေ လွတ်လပ်ခွင့် အနည်းဆုံး ကမ္ဘာပေါ်တွင် လမ်းပန်း ဆက်သွယ်မှု အခက်ခဲဆုံးနှင့် စက်သုံးဆီ စရိတ် ဈေးအကြီးဆုံး မြန်မာနိုင်ငံ ၀န်ကြီးများအား အထူး တာဝန် ပေးအပ်ခြင်း

ကာကွယ်ရေး ၀န်ကြီးဌာန

မြန်မာပြည်အား မည်သူမျှ ကျူးကျော် မစော်ကား နိုင်ဘဲ မိမိတို့သာ စိတ်တိုင်းကျ ဒုက္ခပေးရန် တပ်မတော်အား အဆင်မြင့် သထက် မြင့်စွာ တည်ဆောက်ရန်။ မြန်မာနို်င်ငံ၏ နိုင်ငံခြား ၀င်ငွေများသည် အလွန် များပြား သောကြောင့် တပ်မတော် မှ တာဝန်ယူကာ မလို အပ်သော နေရာများတွင် စစ်လက်နက်များ တပ်ဆင် အသုံးပြုရန် တပ်မတော် သားများသည် ပြည်သူများ ဆင်းရဲ ဒုက္ခ မရောက် စေရန် အဆင့်မြင့် နည်းပညာများကို သင်ကြားရာတွင် အရပ်သား များအား ခွင့်မပြုရန်။ ပြည်သူများ ဆင်းရဲ ပင်ပန်းကာ ဦးနှောက် မခြောက်စေရန် နေရာတိုင်းတွင် စစ်သားများသာ ရာထူး ရယူခြင်းဖြင့် တိုင်းပြည်အား အနစ်နာ ခံရန်။

ဗိုလ်ချုပ် အောင်ဆန်းသည် အတိတ်တွင် ကျန်ရှိသောကြောင့် ပစ္စုပ္ပန်ကိုသာ ဦးတည်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ကို သတင်း အမှောင် ချခြင်းဖြင့် တိုင်းပြည်အား ကူညီပေးရန် ။ ၀န်ကြီးများသည် မဟုတ်သော အလုပ်များဖြင့် လွန်စွာ အလုပ်ရှုပ် သောကြောင့် အမိန့် ကြော်ငြာချက် မှန်သမျှ တပ်မတော် မှသာ ဦးစီး ထုတ်ပြန် ခြင်းဖြင့် ၀န်ကြီးများအား ကူညီပေးကြရန်


ပညာရေးဝန်ကြီး

မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ ပညာရေး တိုးတက် ဖွံ့ဖြိုးစေရန်နှင့် ဘွဲ့ရများ ပိုမို မွေးထုတ် နိုင်ရန် ရည်ရွယ်ချက်ဖြင့် သင်ရိုး ညွန်းတမ်း များတွင် ခက်ခဲသော စဉ်းစား ဉာဏ် သုံးရသော သင်ရိုးများ ကို ထုတ်နူတ်၍ လွယ်ကူသော စာများကိုသာ ထည့်သွင်းရန်နှင့် စာမေးပွဲတွင် မေးမည့် အရာများကိုသာ ထုတ်နူတ် သင်ကြားရန်။ သမိုင်း ဆိုသည်မှာ အတိတ်တွင် ဖြစ်ပွားခဲ့သော အကြောင်းများ ဖြစ်သောကြောင့် သမိုင်း များအား မသင်ကြား ပေးရန်။ စာမေးပွဲ ဖြေဆို သူတိုင်း အအောင်ပေးသည့် စနစ်ကို ကျင့်သုံး၍ ဘွဲ့ရများ ပိုမို မွေးထုတ်ရန်။ သင်္ချာ ပညာရပ် များအား ဖြေရှင်းနည်းနှင့် တွက်ချက်ခြင်း များကို မပြုလုပ်ဘဲ အလွတ်ကျတ် စေရန်။ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြား နိုင်ရန် တက္ကသိုလ် ကျောင်းများအား ယခုထက် ပိုဝေးသော နေရာများတွင် ရွှေ့ပြောင်း ဆောက်လုပ်ရန်။ ကျောင်းသား များ၏ ကျန်းမာရေး လေ့ကျင့်ခန်း ရစေရန် အတွက် လမ်းများများ လျှေက်ရသော နေရာများတွင်သာ ဘက်စ်ကား မှတ်တိုင်များကို ထားရှိရန်။

ဆရာ ဆရာမ များအား ကျောင်းသားများ ပညာရေးကို ပိုမို သင်ပေးနိုင်ရန် ကျူရှင် ပိုမိုဖွင့်လှစ် ကြပါရန်။ မိမိတို့ သက်ဆိုင်ရာ အရာရှိများ၏ သားသမီများကိုမူ ပြည်သူများ အတွက် အနစ်နာ ခံကာ နိုင်ငံခြား တိုင်းပြည် များတွင်သာ ပညာ သင်ကြား ပေးရန်။


လျှပ်စစ် စွမ်းအား ၀န်ကြီး

မြန်မာ နိုင်ငံသည် သဘာဝကို ချစ်မြတ်နိုးသော နိုင်ငံ ဖြစ်သောကြောင့် ညအခါတွင် ပြည်သူများ အလုပ် မလုပ်ကြဘဲ ကောင်းမွန်စွာ အနား ယူနိုင်ရန် လျှပ်စစ် ဓါတ်အားကို ဖြတ်တောက်ရန်နှင့် လိုအပ်ပါက နေ့အခါ တွင်ပါ လျှပ်စစ် ဓါတ်အားကို ဖြတ်တောက်ရန်။ ဖယောင်းတိုင်ထုတ် စက်ရုံများ နှင့် ယပ်တောင် စက်ရုံ များအား အမြန် တည်ဆောက် နိုင်ရန် စက်မှုဝန်ကြီး ဌာနအား ကူညီပေးရန် ။ ရေအား လျှပ်စစ် ထုတ်လုပ်ရေး စက်ရုံများနှင့် နျူးကလီးယား စက်ရုံများကို ပိုမို တည်ဆောက်ပြီး ပိုလျှံသော တိုင်းပြည် ဘဏ္ဍာ ငွေများအား အသုံးချရန် ကျွမ်းကျင်သော လျှပ်စစ် အင်ဂျင်နီယာ များအား အသုံးချလျှင် လိုအပ်သော လျှပ်စစ် ဓါတ်အား အပြင် မလိုအပ်သော ပိုလျှံ လျှပ်စစ် ဓါတ်အားများ ထွက်ရှိ လာမည် ဆိုးသောကြောင့် မကျွမ်းကျင်သည့် ပညာရှင်များကိုသာ တာဝန် ပေးအပ်ရန်။


ပို့ဆောင်ရေး ၀န်ကြီး

မြန်မာနိုင်ငံတွင် ရှိသော လမ်းများအား ခေတ်မှီသော နည်းစနစ်များနှင့် တည်ဆောက်မည် ဖြစ်သောကြောင့် လမ်းများကို မကြာခဏ ပြင်ဆင် ရသော နည်းစနစ် များသာ အသုံးချရန်။ မကြာခဏ လမ်းများ ပြင်ဆင်ရမည် ဖြစ်သောကြောင့် လမ်းဖြတ်သန်းခ များကို ပိုမို ကောက်ခံရန်။ ယခု အသုံး ပြုထားသော လမ်းတံတား နည်းပညာ များ၏ အကျိုးဆက်ကို သိသောအားဖြင့် တာယာ စက်ရုံများ တည်ဆောက် နေသော စက်မှုဝန်ကြီး ဌာနအား ကူညီပေးရန်။ လမ်းတံတား များအား ဖြတ်သန်းခွင့် ကောက်ခံရာ၌ အစိုးရနှင့် ရင်းနှီး ကျွမ်းဝင်သော လူများအား ကန်ထရိုက် ဆောက်ရွက်ခွင့် ပေးရန်နှင့် တံတားကြေး၊ မြို့ဝင်ကြေး သာမက ရွာဝင်ကြေးပါ ကောက်ခံ ပေးခြင်းဖြင့် ပြည်သူများ ခရီးသွားခြင်းကို တိုးမြှင့်ရန် ပြည်သူများ ယာဉ် အန္တရယ် ကင်းရှင်းစေရေး အတွက် ကားများ မြန်မြန် မောင်း၍ မရနိုင်သော လမ်များကိုသာ တည်ဆောက်ရန် ယာဉ်ထိန်း ရဲများ အလုပ် ကြိုးစား နေသည်ကို သိသာ စေရန် အတွက် လာသမျှ ကားများအား ဦးထုပ်ချွတ်၍ ကားသမား များအား နူတ်ဆက် စေရန်နှင့် ကားသမားများမှ ပြန်၍ နူတ်ဆက်ရန်။ ယာဉ်ထိန်း ရဲများ အလုပ်မရှိမည် ဆိုးသောကြောင့် မီးပွိုင့်များတွင် အဆင့်မြင့် နည်းစနစ်များ အသုံး မပြုကြရန် ရှေးဟောင်း ယဉ်ကျေးမှုကို တန်ဖိုး ထားသော အားဖြင့် ယာဉ်သစ် တင်သွင်းခွင့်ကို ခွင့်မပြုဘဲ ယာဉ်ဟောင်း များသာ ပြည်သူများအား အသုံးပြုခွင့် ပေးရန်။


ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး

ပြည်သူများ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်နိုင်ရေး အတွက် တယ်လီဖုန်း လိုင်းများ ချပေးရန် ၊ သို့သော် ပြည်သူများ ငွေကုန်ကြေးကျ များမှုကို ထိန်းသိမ်းနိုင်ရန် အတွက် ဖုန်းလိုင်း များအား ခေါ်ရ ခက်အောင် လုပ်ထား ကြရန် ။ ကမ္ဘာတွင် မြန်မာ နိုင်ငံသည် ဖုန်းလိုင်းနှင့် ဖုန်းခ ဈေး အကြီးဆုံးနိုင်ငံ အဖြစ် ဂုဏ်ယူ ၀င့်ကြွား နိုင်ရန် မြန်မာ နိုင်ငံ၏ အင်တာနက် စနစ်သည် မြန်နူန်း မြင့်လွန်း အားကြီး နေသောကြောင့် အခြား နိုင်ငံများက မနာလို မည်ကို စိုးရိမ် သောကြောင့် အမြန်နူန်းများ လျှော့ချရန် ။


သာသနာရေး ၀န်ကြီးဌာန

မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်သောကြောင့် ပြည်သူ များအား အစိုးရ ဘာလုပ်လုပ် သည်းခံစိတ် မွေးနိုင်ကြမည့် တရားတော် များသာ သင်ကြား ပေးနိုင်ရန် သာသနာရေး ၀န်ကြီးအား အထူး တာဝန် ပေးအပ်သည်။ မြန်မာ နိုင်ငံ သံဃာ နာယကများ အနေဖြင့် အစိုးရ၏ လျှောက်ထားချက် မှန်သမျှများကို သဘောတူ ပေးရန်နှင့် တရားပွဲများအား အကန့်အသတ် ဖြင့်သာ ခွင့်ပြုရန်။ အချို့သော ဘုရားရှင်၏ စစ်မှန်သော တရားတော်များကို အစိုးရ အခမ်းအနား များတွင် မဟောပြောရန် နှင့် အစိုးရ၏ လုပ်ဆောင်ချက်ကို ဝေဖန်မည့် သံဃာတော် များအား သံဃာ့ နာယက အဖွဲ့တွင် မခန့် အပ်ရန်။ ပြည်သူများ ဒုက္ခကို ကိုယ်ချင်း စာနာစိတ် ရှိသည့် ရဟန်း သံဃာများအား ဘုရားရှင် တရားတော်တွင် မပါသော်လည်း သံဃာ မဟုတ်ဟု လိုအပ်ပါက အတိအလင်း ကြော်ငြာ ပေးရန် သံဃာ နာယက အဖွဲ့၏ တာဝန် ဖြစ်သည်။


သတင်းနှင့် ပြန်ကြားရေး ဝန်ကြီး ဌာန

မြန်မာနိုင်ငံ၏ သမိုင်းတွင် မကြုံဖူး လောက်အောင် မည်သည့် နေရာ၌ တိုးတက် နေသည်ကို အမှန်တကယ် သိသော သူများ၏ ဟုတ်မှန်သော သတင်းများကို မမှန်ကန်သော သတင်းများ အဖြစ် ချက်ခြင်း ကြော်ငြာချက် ထုတ်ပြန်ရန် ။ သတင်းစာ ဂျာနယ်တိုင်းတွင် အတင်းအဖျင်း များကိုသာ အရေးကြီး ဖော်ပြရန်နှင့် တိုင်းပြည်၏ လိုအပ်ချက်များကို မဖော်ပြကြရန် သတင်းမှန် ဖော်ပြသော ဂျာနယ်များအား ဥပဒေ အသစ် ထုတ်၍ ဂျာနယ် ထုတ်ဝေခွင့် ပိတ်ရန်နှင့် စာရေး ဆရာအား အပြစ် အမျိုးမျိုး ပြ၍ ထောင်ချရန်။ ပြည်သူများ၏ စိတ်အေး ချမ်းသာမှု ရရှိစေရန် အနိဌာရုံ ဖြစ်ရပ်မှန် မြင်ကွင်း များအား မဖော်ပြဘဲ ပျော်ရွှင် စရာများကိုသာ ဖော်ပြရန် တိုင်းသူ ပြည်သားများ၏ ဆန္ဒကို ထုတ်ဖော် မရေးသားကြရန် ။ မြန်မာ နိုင်ငံ စာနယ်ဇင်း (၀ါ ) သတင်း အမှောင်ချရေး ကော်မတီ ကိုလည်း သေချာစွာ ပြင်ဆင် ဖွဲ့စည်းရန် ။ စစ်မှန်စွာ သတင်းမှန် များကို ဖော်ပြသူ များအား တရားဝင် ရှူံ့ချရန်။ ညစ်ညမ်းမှုသည် မကောင်းမှန်း သိသာစေရန် ညစ်ညမ်း ၀က်ဆိုက်များအား ကောင်းစွာ ကြည့်ရူ နိုင်အောင် စီစဉ်ပေး၍ သတင်းမှန် ဖော်ပြသော ၀က်ဆိုက်များအား ပြည်သူများ အချိန် ကုန်မည် ဆိုး၍ ကောင်းစွာ မကြည့် နိုင်အောင် စီစဉ်ထားရှိရန် ။


ပြည်ထဲရေးဝန်ကြီး ဌာန

တိုင်းပြည်တွင် ဖြစ်ပွား နေသာ ခိုးဆိုး လုယက်မှုများကို မဖြစ်ပွား စေရန် လူဆိုး သူခိုး များအား ထောင်ထဲ ထည့်၍ မိမိတို့ ကိုယ်တိုင် ဦးစီး ဆောင်ရွက်ရန် ဘာသာရေး တရားပွဲများကို လုပ်ခွင့်ပါမစ်ကို မတတ်သာ မှသာ ပေး၍ ပြည်သူများ ကောင်းစွာ အနား ယူနိုင်ရန် အနှိပ်ခန်းများနှင့် ကာရာ အိုကေများ တိုးချဲ့ဖွဲ့လှစ်ရေးကို အကူအညီ ပေးကြရန် ။ တရားစီရင်ရေး တွင် ဥပဒေ အသစ်များ ထုတ်ဖော်ခြင်းဖြင့် ကမ္ဘာ့ အလယ်တွင် ဥပဒေ အများဆုံး ရှိသော နိုင်ငံ အဖြစ် ဂုဏ်ယူ ၀င့်ကြွား နိုင်ရန် အပြစ် မရှိ ပြည်သူ များအား ကောင်းမွန်စွာ ထောင်ချ နိုင်ရန် ဟုတ်တိုင်း မှန်ရာ တရားစီရင်မည့် ပုဂ္ဂိုလ် များအား အလုပ် ဖြုတ်၍ မတရားသူကြီး အသင်း ခန့်အပ်ရန်နှင့် ဘယ် တိုင်းပြည် တွင်မှ မရှိသော ထောင်ဒဏ်မျိုး ချမှတ်ရန် ။ ကမ္ဘာပေါ်တွင် လဘ်စားမှု အများဆုံး နိုင်ငံ အဖြစ် ဂုဏ်ယူ ၀င့်ကြွား နိုင်အောင် ရပ်ကွက် ဥက္ကဌ များမှ စ၍ နေရာစုံ လာဘ်စား နိုင်ရန် စီမံ ပေးရန်။ လောင်းကစားသည် တိုင်းသူ ပြည်သူများ၏ ထွက်ပေါက် ဖြစ်သောကြောင့် လောင်းကစား မှန်သမျှ အားပေးရန်နှင့် ဖြစ်နိုင်ပါက မိမိကို ဒိုင်လုပ်ခြင်းဖြင့် ပြည်သူ များအား ကူညီပေးရန်။

ဝန်ကြီးများ၏ တာဝန်မှာ လွန်စွာ များပြားခြင်းကြောင့် အပြည့်အစုံ မဖော်ပြ နိုင်သည်ကို ခွင့်လွှတ်ကြပါရန် လေးစားစွာ တောင်းပန် အပ်ပါသည်။

အထက်မှ တာဝန် ပေးအပ်သည့် အတိုင်း တိကျစွာ တာဝန် ထမ်းဆောင် လျှက်ရှိ သောကြောင့် မြန်မာပြည်သည် ကမ္ဘာ့ အလယ်တွင် နံမည်ကြီး နေပါကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။

ထိုသို့ အစစ အရာရာတွင် ထူးခြားသော ရလဒ်များ ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတကာမှ မနာလို ဖြစ်ကာ ဟုတ်မှန်သော သတင်း များကို ဖော်ပြလျှက် ရှိပါသည်။

ခင်မင် လေးစားစွာဖြင့်

ညဏ်လင်းထက်

ပေးပို့သော မိတ်ဆွေအား ကျေးဇူးတင်ရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

ယနေ့ မြန်မာ ပြည်ကြီး၏ အဓိက လိုအပ်ချက်

Thursday, April 22, 2010 · 0 ရဲ့ အမြင်

မြန်မာပြည် အစိုးရ အနေဖြင့် လက်ရှိ အချိန်မှာ ရွေးကောက်ပွဲတွေ ညီလာခံတွေ အတွက် အလုပ်ရှုပ်မဲ့အစား ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်တဲ့ လက်ရှိ အကျပ်အတည်းမှ ရုန်းထွက် နိုင်အောင် ကြိုးစားသင့်ပါတယ်။ တကယ်တော့ ဒီမိုကရေစီတွေက ဘာတွေ ထက်ကျပ်တည်း နေတဲ့ လက်ရှိ ဘ၀ကသာ အရေးကြီးပါတယ်။ အင်မတန် ဆင်းရဲတဲ့ ဒီမိုကရေစီ နိုင်ငံတွေ တပုံကြီးပါ။ စီးပွါးရေးထက် ဒီမိုကရေစီ အရေးကိုပဲ လှုပ်ရှားတယ် ဆိုတာ မလုပ်သင့်တဲ့ အရာပါ။ ပြည်သူ ပြည်သားတွေ အတွက် အဓိက လိုအပ်ချက်ဟာ စားဝတ် နေရေးပဲ ဖြစ်ပါတယ်။

အခုလို အခြေအနေမျိုးမှာ အစိုးရ အနေဖြင့် အမှန်တကယ် ပြည်သူတွေ အတွက် စဉ်းစားမယ် ဆိုရင် အမြန်ဆုံး လုပ်သင့်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။ မြန်မာပြည်မှာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ ၀န်ထမ်း အရေအတွက်နှင့် လည်းကောင်းတို့ရဲ့ မိသားစုတွေဟာ မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှု အတွက် အဓိက အခန်းကဏ္ဍ ဖြစ်နေတာ တွေ့ရပါတယ်။ ၀န်ထမ်းတွေရဲ့ လစာ မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လာဒ်ပေး လာဒ်ယူမှုတွေက နိုင်ငံရဲ့ အဓိက နစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်စေတာပါ။ အဲဒီ ကိစ္စကို အမြန်ဆုံး ဖြေရှင်းရမှာ ဖြစ်ပြီး ၀န်ထမ်းတွေရဲ့ လစာကို အနိမ့်ဆုံး 80000 မှ 100000 အကြား သတ်မှတ် ပေးသင့် ပါတယ် ပြီးမှ လာဒ်စားမှု တိုက်ဖျက်ရေးကို အကြီးအကျယ် လုပ်သင့်ပါတယ်။ တာဝန် မကျေတဲ့ ၀န်ထမ်းတွေကိုလည်း ပြင်းပြင်း ထန်ထန် အရေးယူပြီး လာဒ်စားတဲ့ ၀န်ထမ်းတွေကို သေဒဏ် ပေးသင့်ပါတယ်။ တရုတ်နှင့် ဗီယက်နမ် လိုမျိုးကို အတု ယူသင့်ပါတယ်။ စစ်တပ်မှအစ ၀န်ထမ်း အားလုံးကို အရေအတွက်မှ အရည်အချင်းသို့ အမြန်ဆုံး ပြောင်းလဲ သင့်ပါတယ်။ ထိုမှလည်း အရည်အချင်း ပြည့်မှီတဲ့ ၀န်ထမ်းတွေ ဖြစ်လာပြီး လေးစား ဂုဏ်ယူရတဲ့ ၀န်ထမ်းတွေ ဖြစ်လာမှာပါ၊ ဒီလို လုပ်ခြင်းအားဖြင့် အစိုးရအနေနဲ့ မိမိ၏ မိသားစုရဲ့ ယုံကြည် အားကိုးမှုကို အမြန်ဆုံး ရရှိမှာ ဖြစ်ပါသည်။

နောက်ထပ် အမြန်ဆုံး လုပ်ရမည့် အချက်က လယ်သမားတွေကို ကယ်တင်ရေး ဖြစ်ပါတယ်။ တောင်သူ လယ်သမား ဆိုတာ မြန်မာပြည်ရဲ့ အကြီးဆုံးသော အင်အားစု ဖြစ်သလို လယ်သမားတွေကို ကယ်တင်ခြင်းသည် ပြည်သူတွေကို ကယ်တင်တာနဲ့ အတူတူ ဖြစ်ပါတယ်။ လယ်သမားတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ချေးငွေများများ စိုက်ထုတ်ပေးခြင်း နည်းပညာများ ပံ့ပိုး ပေးခြင်းတို့ဖြင့် အဓိက ကယ်တင်ရမှာ ဖြစ်ပါတယ်။ မျိုးကောင်း စပါးများ စိုက်စေခြင်း စက်မှု ထွန်စက်များကို ဈေးပေါပေါဖြင့် ဌားရမ်းခွင့် ပေးခြင်း ချေးငွေ များများ ထုတ်ချေးပေးခြင်း လည်းကောင်း လယ်မှ ထွက်သော စပါးများကို သင့်တော်သော ဈေးနှုန်းဖြင့် ၀ယ်ပေးခြင်းဖြင့် လယ်သမား မိသားစုရဲ့ ယုံကြည် အားကိုးမှု ရရှိမှာ ဖြစ်ပါတယ်။ အကြီးစား လုပ်ကိုင်သူများ (ဥပမာ - ဧက 20 အထက်) လုပ်သော လယ်သမားများကို လယ်ထွန်စက် တစ်စီး အခမဲ့ ပေးခြင်း စသည်ဖြင့် စနစ်တကျ လုပ်ဆောင် သင့်ပါသည်။

နောက်တစ်ချက်အရေးကြီးသောအချက်မှာထိုင်းနိုငှ်ုံတွင်ဒေါ်လာ (2000) လောက်နှင့်သာ ၀ယ်လို့ ရသောကားများ ဒေါ်လာ(50) လောက်နှင့်သာ သုံးလို့ ရသော ဖုန်းစနစ်မျိုးကို မြန်မာပြည်တွင် စတင် ကျင့်သုံး သင့်ပေသည်။ လူတိုင်း ဖုန်းပြောနိုင်ပြီး ကားစီး နိုင်အောင် စီစဉ် ပေးခြင်းဖြင့် ဆင်းရဲ ချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်း သွားမှာ ဖြစ်ပြီး လူငယ် လူလတ်တန်းစား တို့၏ အထူး ထောက်ခံမှု ရရှိမှာ ဖြစ်ပါသည်။ ထိုအဆင့် တွေကိုသာ အစိုးရ အနေဖြင့် အမြန်ဆုံး ပြုပြင် ပြောင်းလဲ နိုင်မည် ဆိုပါက မြန်မာ ပြည်သူ ပြည်သားတွေရဲ့ ဘ၀သည် ဖွံ့ဖြိုးလာမှာ ဖြစ်ပြီး ပြည်သူလူထု အနည်းဆုံး 80 %နှုန်း လောက်ရဲ့ ထောက်ခံမှုကို ရရှိမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိက ၀န်ထမ်းတွေရဲ့ လစာကိုလည်း သတ်မှတ် ပေးသင့် ပါသည်။ အလုပ်ရှင်တွေကို အခွင့်အရေး မက်လုံးပေးပြီး တဖက်ကလည်း အလုပ်သမားတွေကို အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခြင်းမှ ကာကွယ်ရမှာ ဖြစ်ပါတယ်။ မည့်သည့် ၀န်ထမ်း မဆို အနိမ့်ဆုံးလစာ (50000) ခန့်ပေးနိုင်မှ ခန့်အပ်ခွင့်ပေးရမည် စသည်ဖြင့် တိကျတဲ့အလုပ်ချိန် ခွန်နှင့်အလုပ်သမားခံစားခွင့်တွေ အပြည့်အ၀ရအောင် ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် အလုပ်သမား အင်အားစု၏ ယုံကြည်မှု ရရှိမှာ ဖြစ်သလို တဖက်ကလည်း အလုပ်ရှင်များကို ခံစားခွင့်များ အခွင့်အရေးများ ပေးခြင်းဖြင့် ယုံကြည်မှု တည်ဆောက် သင့်သည်။

မြန်မာပြည်၏ လယ်ယာ ကဏ္ဍသည် နိုင်ငံ အသက် သွေးကြောသမျှ အရေးကြီးသည်။ မြန်မာပြည်၏ 80% သည် လယ်ယာကဏဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြသည်။ ထို့ကြောင့် လည်းကောင်း လယ်ယာ ကဏ္ဍကို စနစ်တကျ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ခြင်းသည် နိုင်ငံတော်ကြီး တစ်ရပ်လုံးကို ကယ်တင်ခြင်း ဖြစ်မည်ဟု ယူဆပါသည်။ ထို့ကြောင့် အစိုးရ အနေဖြင့်နိုင်ငံ လယ်ယာ ကဏ္ဍကို ဦးစားပေး အဆင့် သတ်မှတ်ပြီး ဆောင်ရွက် သင့်ပါသည်။ စပါးစိုက်လို့ မရသော ဒေသများ မြစ်ဝ ကျွန်းပေါ် ဒေသများ မြေပြန့်များကို အပိုင်းပိုင်း ခွဲကာ ထိုဒေသ၌ ဖြစ်ထွန်းသော အရာများကို ဇောက်ချ လုပ်ကိုင် စေသင့်သည်။

ထိုသို့စိုက်ပျိုးရေးကို အထူး ဦးစားပေး ထောက်ပံ့ပေးပြီး လုပ်ဆောင်သလို ဈေးကွက် ရရှိရန် အတွက် အစိုးရမှာ တာဝန်ယူ ရှာဖွေ ပေးခြင်း အဆင့်မှီ ပို့ကုန်ဖြစ်ရန် အတွက် နည်းပညာ ပံ့ပိုးပေးခြင်း တို့ဖြင့် တက်ညီလက်ညီ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုမှ တဆင့် ရင်းနှီး မြုပ်နှံမည့် သူများ ဖိတ်ခေါ်ခြင်း ၊ ဈေးကွက် စီးပွားရေး စနစ်ကိုလည်း တံခါးဖွင့် မူဝါဒ ကျင့်သုံးခြင်း ဘဏ် လုပ်ငန်းကိုလည်း အဆင့်မြှင့်ခြင်း ၊ ပညာရေးတွင်လည်း ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့် ပေးခြင်းဖြင့် ကမ္ဘာ ရင်ဘောင်တန်း ပညာရေး အဆင့် ရရှိမှာ ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာပြည်၏ အနာဂတ်သည် ၀ါဒကွဲပြားနေမှုနှင့် သက်ဆိုင်ခြင်း ဆိုသည်မှာ မှန်ကန်သော အဖြေ မဟုတ်ပေ။ မြန်မာ ပြည်သူ ပြည်သားများ၏ စားဝတ်နေရေး၊ ပညာရည် မြင့်မားရေး ၊ အစိုးရ၏ ဦးဆောင်မှု မှန်ကန်ရေး၊ အစိုးရနှင့် ပြည်သူ အကြား နားလည်မှု ရှိရေးနှင့် အစိုးရ၏ ဦးဆောင်မှုကို ယုံကြည်စွာ လက်ခံနိုင်ရေးသည် မြန်မာပြည်၏ အဓိက အရေးကြီးဆုံး ဖြစ်ပါသည်။

အခု ကျွန်တော် တင်ပြသော အဆင့်များကို တဆင့်ခြင်း တိကျ မှန်ကန်စွာ ဆောင်ရွက်ပါက မည်သူမျှ ၀မ်းနည်းမည် မဟုတ် အားလုံး ပျော်တပြုံးပြုံးဖြင့် အားကြိုး မာန်တက် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါသည်။

စာရေးသူ....

kabawthar
ထို POST သည် ကျွန်ူပ်၏ အမြင်များသာ ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ခြင်း

Monday, March 22, 2010 · 0 ရဲ့ အမြင်

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦး | မိုးမခ(၁၆-၁၂-၉၁) ညဘက် ရေဒီယို သတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ပြီး ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ကို NLDက အကြောင်းကြားတယ် ဆိုတဲ့ သတင်း ပါလာတယ်။ NLD CEC ရဲ့ ခြေလှမ်းကို ထင်ထင် ရှားရှား မြင်လိုက် ရပါပြီ ။

ဘာလုပ်ကြမလဲ။ ကျနော်တို့ မြို့နယ် အဖွဲ့တွေ ဘယ်လို ရပ်တည်ကြမလဲ။ ကျနော်ကတော့ လုံးဝ လက်မခံနိုင်ပါ၊ ဒေါ်စုကို ဘယ်သူတွေက ထုတ်ကြသလဲ။ ဘယ်လို အစည်းအဝေးမျိုး လုပ်သေးသလဲ။ မဲခွဲ သေးလား၊ မဲ ဘယ်လောက် ကွာခြားချက်နဲ့ ထုတ်သလဲ။ ဒီ NLD ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက ဦးအောင်ကြီးကို ထုတ်တုန်းက ဗဟိုဦးစီး အဖွဲ့မှာ မဲခွဲတော့ ၂၈ မဲ - ၁၃မဲ။ အခုရော ဗဟိုဦးစီးမှာ မဲခွဲကြသေးသလား။ ဒေါ်စုကို ဘယ်လို ပြစ်ချက်နဲ့ ထုတ်ပယ်ဖို့ စွဲချက် တင်ကြသလဲ။ ဒါတွေသိဖို့ တရက် နှစ်ရက် စောင့်ပီး ရန်ကုန်ဆင်းမယ်၊ ဘယ်သူလိုက်ကြဦးမလဲ၊ လိုက်ရင် အဆင်သင့် ပြင်ထား။

ဒီအတွင်း မှာပဲ မြို့နယ် မ၀တ က ကျနော်တို့ ကိုယ်စားလှယ် နှစ်ဦးကို ပဲခူးတိုင်း တ၀တ က (၁၈.၁၂.၉၁) မှာ လုပ်မယ့် အစည်းအဝေးကို တက်ဖို့ အကြောင်း ကြားပါတယ်။ ပဲခူးကို ရောက်တော့ ပဲခူး ဦးမြတ်လှအိမ်မှာ ပဲခူးတိုင်း ကိုယ်စားလှယ် တော်တော် များများကို တွေ့ရပါတယ်။ အဲဒီမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးကြတယ်။ အဓိက ကတော့ ဒေါ်စုကို NLD က ထုတ်ပယ်တာ ဘယ်လို သဘောထားကြသလဲပေါ့၊

ကျနော်က NLD်ရုံးမှာ လွန်ခဲ့တဲ့ ၄ - ၅ လ လောက် ကတည်းက CEC ဦးမြတ်လေးက တဆင့် ဒေါ်စုနဲ့ ပတ်သက်ပြီး `ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ´ ဆိုတဲ့ သဘောထားမျိုး ရှိနေပုံ၊ အထွေထွေအတွင်းရေးမှူး နေရာကို ဒေါ်စု အစား ဒေါ်မြင့်မြင့်ခင်ကို ကြိတ်ပေးဖို့ ကြိုးစားပုံ၊ ဒေါ်မြင့်မြင့်ခင်က လက်မခံလို့ ဦးလွင်က ယာယီ အတွင်းရေးမှူး အမည်ခံပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင် ဖွဲ့စည်းတဲ့အခါ ဦးတင်ဦးနဲ့ ဒေါ်စုကို ချန်ထားခဲ့ပုံ၊ ဒါတွေကို သိခဲ့ရလို့ ဒေါ်စုကို ဖယ်တော့မယ်လို့ သံသယရှိလို့ ဗဟိုကို တတ်နိုင်သမျှ ပြောခဲ့ ဆိုခဲ့ ဝေဖန်ခဲ့လို့ ဗဟိုရဲ့ ပြင်းထန်စွာ သတိပေးခြင်းခံရပုံ၊ နောက်ဆုံးတော့ ဒီ ဒုံရင်းပဲ ဆိုက်လာပုံတွေကို သုံးသပ် တင်ပြပါတယ်။

သူတို့က ဒေါ်စုကို NLD က ထုတ်ပယ်ပြီး သူတို့ပဲ NLDဆိုင်းဘုတ်ကို ဖက်ထားရင် ဒီဆိုင်းဘုတ်ပဲ ရမယ်၊ လူထု ထောက်ခံမှုတော့ ရမှာမဟုတ်ဘူး။ ပြည်သူက ရွေးကောက်ပွဲမှာ ကတည်းက ဒေါ်စုကိုသာ မဲပေးလိုက်တာ ထင်ရှားတယ်။ အခုဆို ကမ္ဘာကတောင် အသိအမှတ် ပြုပီး နိုဘယ်လ်ဆုတောင် ပေးပြီ၊ ကျနော် တယောက်တည်း သဘောကတော့ ဒေါ်စုကိုပဲ ထောက်ခံ နိုင်မယ်၊ ဒေါ်စုကို ထုတ်ပစ်တဲ့ သူတွေကိုတော့ ဆောရီးပဲ၊ ကျနော့်မြို့နယ် အနေအထားကလည်း ချက်ချင်း အစည်းအဝေး မခေါ်နိုင်ခဲ့လို့ အပြတ် မပြောနိုင်ပေမဲ့ ဒီအတိုင်းပဲ ဖြစ်ဖို့ များပါတယ် လို့ ဆွေးနွေး ပါတယ်။

တခြား ကိုယ်စားလှယ်များကလည်း ဒီ သဘောထားမျိုးပဲ ဆွေးနွေးကြတယ်။ ရေတာရှည်က ခပ်ငယ်ငယ် ကိုယ်စားလှယ် တယောက်ကဆို လူငယ်ပီပီ ဒီ သဘောထားကို ထောက်ခံတဲ့အပြင် ဒေါ်စုကို အဖွဲ့ကထုတ်ပယ်သူတွေဟာ သစ္စာဖောက်တွေပဲ လို့တောင် ပြောသွားပါတယ်။

“ခေါင်းဆောင်ဘယ်သူလဲ”

ပဲခူး တ၀တးရုံး ရောက်တော့ အတွင်းရေးမှူး ဆိုတဲ့ ဗိုလ်မှူးတယောက် ၀င်လာပြီး စာရွက်တွေ ဝေပါတယ်။ အဲဒီ စာရွက်တွေမှာ အချက်အလက်တွေ ဖြည့်ခိုင်းပါတယ်။ အခုဖြေတဲ့ အဖြေကိုပဲ အတည် ယူမယ်။ အရင်က မြို့နယ်တွေမှာ ဖြေခ့ တာတွေ ရှိပေမဲ့ ခုဟာကသာ နောက်ဆုံး အတည်ပြုချက်လို့ ပြောပါတယ်။ ဒီတော့မှ ဖတ်ကြည့်တော့ အဓိက ကတော့ ခေါင်းဆောင်ဘယ်သူလဲ ဆိုတာပါပဲ။

ကျနော့် အနားက ကိုယ်စားလှယ်တယောက်က သူ့ဘေးက ကိုယ်စားလှယ် တယောက် `ဦးအောင်ရွှေ´ ဆိုပြီး ရေးနေလို့ လာပြောပါဦးလို့ ဆိုလာပါတယ်။ ကျနော်က ပြန်ပြောလိုက်ပါတယ် “ဒါ သူ့ ယုံကြည်ချက်ပဲ။ ဒါမျိုးတော့ ကျနော် ၀င်မစွက်ချင်ဘူးဗျာ။ ဒီမှာ ကျနော့ဝါဒ သဘောတရား ဆိုတဲ့ နေရာမှာတောင် လစ်ဘရယ်ဝါဒ (liberalism) လို့ ရေးထားတယ်ဗျာ” လို့ ပြောလိုက်ပါတယ်။

ပဲခူးတိုင်း တ.၀.တ ကိစ္စ ပြီးတော့ ရန်ကုန်ကို ပြန်ပါတယ်။ ရန်ကုန်က လွှတ်တော် ကိုယ်စားလှယ် မိတ်ဆွေ တယောက်နဲ့ တွေ့တော့ ပဲခူးမှာ ဘာတွေ ပြောသလဲ မေးပါတယ်။ ကျနော်တို့ မေးခွန်း ပုံစံတွေ ဖြည့်ရကြောင်း ပြောတော့ ရန်ကုန်မှာလည်း ဒီ မေးခွန်းတွေ မေးပြီးပြီလို့ ပြောပါတယ်။ သူ့ဆီက ကြားရတဲ့ သတင်းတခုကတော့ အဓိက ခေါင်းဆောင် ဘယ်သူလဲ မေးခွန်းနဲ့တင် မနေသေးဘူး၊ NLD ရုံးတွေမှာ ဒေါ်စု ဓာတ်ပုံတွေ မချိတ်ရ ဆိုတာအထိ လာဦးမယ်၊ NLD ဗဟိုကလည်း ဒါကို အလျှော့ပေးပြီး အောက်ခြေကို ဆက် ညွှန်ကြားဦးမှာပဲလို့ ပြောပါတယ်။ ကြားရ ကြားရ၊ နားဝ မချမ်းသာ ဆိုသလို ဖြစ်နေပါလား။ ရွှေဂုံတိုင်ရုံးကို သွားခဲ့ပေမဲ့ ဗဟို အလုပ်အမှုဆောင်က ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပါ။ ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို လူတွေ့ပြီး တာဝန်ခံ ရှင်းလင်းမဲ့ သူများ မရှိပါ။ ဒီလိုနဲ့ စိတ်မကောင်းစွာနဲ့ ရန်ကုန်က ပြန်ခဲ့ ရပါတယ်။

“ မြို့နယ် စည်းရုံးရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် (သို့) ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပါတီ”

မြို့ကို ပြန်ရောက်တော့ စည်းကော်မတီ အစည်းအဝေး လုပ်ပြီး ဒေါ်စုကို ထုတ်ပယ်တဲ့ ကိစ္စကို ဆွေးနွေးကြပါတယ်။ NLDက ထုတ်ပယ်တဲ့ အကြောင်း ကြေညာတဲ့ ကြေညာချက် (၃/၉၁) ကိုလည်း ရပြီမို့လို့ ဒီစာကိုပါ ထည့်သွင်း ဆွေးနွေးပါတယ်။ ဒေါ်စုကို ထုတ်ပယ်ကြောင်း ရှင်းလင်းတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲ ကော်မရှင်က ဦးအောင်ရွှေနဲ့ ဦးလွင်ကို လူကိုယ်တိုင် ခေါ်ပြီး ပြောတယ်လို့ ဆိုပါတယ်။

သူတို့ ပြောရာမှာ န.၀.တ အတွင်းရေးမှူးက သတင်းစာ ရှင်းလင်းပွဲများတွင် ကြေညာချက်များအရ ဒေါ်စုဟာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ခဲ့တာ၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူများနဲ့ အဆက် အသွယ် ရှိတာတွေကြောင့် အရေးယူ အပြစ်ပေးနိုင်ကြောင်း ဒေါ်စုကို အပြစ်ပေးရင် NLD ဖျက်သိမ်းပစ်နိုင်ကြောင်း NLD ဆက်လက် တည်ရှိချင်ရင် ဒေါ်စုကို အဖွဲ့မှ ထုတ်ပယ်ရမည်ဟု ခေါ်ယူ သတိပေးကြောင်း၊ ဒါကြောင့် (၁၁. ၁၂. ၉၁)မှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ဆွေးနွေး စဉ်းစားကာ ဒေါ်စုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ (၁၂. ၁၂. ၉၁ ) နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားခဲ့တယ်လို့ ပါရှိပါတယ်။

ကျနော် ရန်ကုန်က ကြားခဲ့တာကတော့ ဗဟို အလုပ်အမှုဆောင်ဟာ ဒေါ်စုကို ထုတ်ပယ်ကြောင်း ကော်မရှင်ကို အကြောင်းကြားခဲ့ပေမဲ့ ဘယ်သူ့မှ မပြောဘဲ ကြိတ်နေခဲ့တယ်။ ဗဟိုဦးစီးအဖွဲ့ဝင် (C.C)တွေကိုတောင် တစုံတရာ မသိစေရဘူး၊ တရားဝင် အသိပေးဖို့တော့ ဝေးရော တဲ့။ ကော်မရှင်က ၁၆.၁၂ . ၉၁ မှာ ကြေညာလိုက်မှဘဲ အကုန်သိပြီး ဆူပွက်ကုန်တာ တဲ့။

တကယ်တော့ C.C က ဗဟိုဦးစီးကို ချပြရမယ်၊ ဦးအောင်ကြီး ကိစ္စတုန်းကလည်း C.C အဆင့် မဲခွဲပြီးမှ ဆုံးဖြတ်တယ်။ အခုတော့ C.C တောင် ချမပြပဲ CEC ကပဲ ဆုံးဖြတ်လိုက်တယ် ဆိုတာ လွန်လွန်းတယ်။ စီအီးစီဟာ တာဝန်မဲ့ လွန်းတယ်လို့ အားလုံးက ယူဆကြတယ်။ C.Cကို ချပြရင် ကန့်ကွက်ချက်တွေနဲ့ တွေ့ပြီး မဲခွဲနေရရင် အဆုံးအဖြတ် မကျမှာကို စိုးရိမ်ပုံရတယ်။ ဒီလို ဆိုတော့ ဒေါ်စုကို ထုတ်ပယ်ဖို့ နှောင့်နှေးမှု ရှိနေမှာကို CEC တွေ စိုးရိမ်နေပုံရတယ်။ ဒါဟာ ရုတ်တရက် ကော်မရှင်က ခေါ်ပြောမှ ဖြစ်လာတဲ့ ပြဿနာ မဟုတ်ဘူး။ အောက်ခြေ မြို့နယ်တွေက အမျိုးမျိုး ကန့်ကွက်နေတဲ့ ကြားက CEC မှာ အချိန် တော်တော်ကြာ ကတည်းက ရှိနေတဲ့ ဒေါ်စု ပြစ်ပယ်ရေး လမ်းစဉ်ပဲ။

ဒါကြောင့် ဒီ ဆုံးဖြတ်ချက်ကို ကျနော်တို့ မြို့နယ်က လက်မခံနိုင်ဘူးလို့ အားလုံး သဘောတူကြတယ်။ ဒါပေမဲ့ ကျနော်တို့မြို့နယ်က CEC ဆုံးဖြတ်ချက်ကို လက်မခံဘူး ဆိုတာ ဗဟိုကို ပြန် မတင်ပြတော့ဘူး။ ဒီလို တင်ပြလောက်အောင် CEC ဟာ မထိုက်တန်တော့ဘူး၊ စိတ်လည်း မချရတော့ဘူး၊ ဒီလို တင်ပြရင် ဗဟို ဆန့်ကျင်တဲ့ မြို့နယ်အဖြစ် အာဏာပိုင်တွေကို အကြောင်းကြားပြီး အရေးယူ ခိုင်းတာမျိုးတောင် လုပ်ချင် လုပ်တော့မှာ။ ဒီကိစ္စကို တပြည်လုံး အတိုင်းအတာ အနေနဲ့ ဘယ်လို တုံ့ပြန် ကြဦးမယ် မသိသေးတော့ တခြားမြို့နယ်တွေနဲ့ အဆက်အသွယ်ရအောင် မြို့နယ်NLD ရုံးကိုတော့ ဆက်ဖွင့်ထားမယ်။ ဒေါ်စုရဲ့ NLD အနေနဲ့ပဲ ဆက်ဖွင့်ဖို့ ဆုံးဖြတ်ကြပါတယ်။ ဦးအောင်ရွှေ ဦးဆောင်တဲ့ NLD မဟုတ်ဘူးလို့ အားလုံး သဘောတူ ဆုံးဖြတ်ကြပါတယ်။ ဒီလို ဆုံးဖြတ်ရပေမဲ့ စိတ်တော့ မကောင်းကြပါ။ ရွေးကောက်ပွဲကြီး အနိုင်ရအောင် စည်းစည်း ရုံးရုံးနဲ့ သည်းခံပြီး လုပ်ခဲ့ကြလို့ ပြည်သူ လူထု တခဲတနက် ထောက်ခံထားတဲ့ အဖွဲ့ကြီးကို လူတသိုက်ကြောင့် နောက်ခိုင်းလိုက် ကြရမှာကို မလိုလားကြပါ။

“မြို့ နယ် စည်းကော်မတီ ဖျက်သိမ်းခြင်းနှင့်အတူ”

ဒီရက်ပိုင်းအတွင်းမှာ ဖိအားတွေ များလာပါတယ်။ ကျနော်တို့ NLDရုံး ဖွင့်ထားတဲ့ အိမ်ပိုင်ရှင်ကို မြို့နယ် မ၀တ ရုံးက ဆင့်ခေါ်ပြီး ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းပါတယ်။ မိမိ အိမ်ငှားထားသော ပါတီ အနေဖြင့် နိုင်ငံတော်အား ဆန့်ကျင်သောကြောင့် လည်းကောင်း၊ မြေပေါ် မြေအောက် ဆက်သွယ်ခြင်း ဥပဒေ စည်းကမ်း ညွှန်ကြားချက်များနှင့် ငြိစွန်းသောကြောင့် လည်းကောင်း ထိုပါတီ အရေးယူ ခံရလျှင် အိမ်နှင့် အိမ်ပိုင်ရှင်ကိုလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရှိပါသည် ဆိုတဲ့ ခံဝန်ချက်ပါ။ ဒါဟာ န.၀.တ ရဲ့ တဖြေးဖြေး ပို အောက်တန်းကျလာတဲ့ ခြိမ်းခြောက်မှု တခုပါဘဲ။ ဒါပေမဲ့ အိမ်ရှင် လင်မယား ၂ ဦး စလုံးက “သူတို့မကြောက်ပါဘူး လက်မှတ်ထိုးဆိုလဲ ထိုးခဲ့တာပေါ့လို့” ခပ်အေးအေးပဲ ပြောပါတယ်။

နောက် တရက် နှစ်ရက် ကြာတော့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က စာတစောင် ၀င်လာပါတယ်။ ဒီစာထဲမှာ NLD က ဒေါ်စုကို အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်ပြီး ဖြစ်လို့ မြို့နယ် စည်းကော်မတီရုံးတွေမှာ ဒေါ်စုနဲ့ ပတ်သက်မှု မရှိစေရန်နှင့် ဒေါ်စု၏ ဓာတ်ပုံ၊ သတင်း ဓာတ်ပုံ၊ ဒေါ်စု၏ မိန့်ခွန်း ကောက်နှုတ်ချက်များ ချိတ်ဆွဲထားခြင်း မပြုရန်၊ လက်ရှိတွင် ထိုသို့ ရှိနေပါက ဖယ်ရှားပြစ်ပါမည်ဟု မြို့နယ် စည်းကော်မတီများ အားလုံးက မြို့ယ်ကော်မရှင်ရုံးတွင် နောက်တနေ့ နေ့လယ် ၁ နာရီမှာ လာရောက် လက်မှတ် ရေးထိုးရမည် လို့ ညွှန်ကြား ထားပါတယ်။

နောက်တနေ့ မနက် ၉ နာရီမှာ မြို့နယ် စည်းကော်မတီ အစည်းအဝေး ကျင်းပကြရပြန်ပါပြီ၊။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် ကပဲ ကျနော်တို့ မြို့နယ်ရုံးဟာ ဒေါ်စုရဲ့ ဦးဆောင်မှုကိုပဲ ခံယူဖို့ ဆုံးဖြတ်ထားတဲ့ အတွက် ဒေါ်စုနဲ့ပတ်သက်တာတွေ မဖယ်ရှားနိုင်ဘူး ဆိုတာ ကြိုတင် ဆွေးနွေးခဲ့ပြီးသားပါ။ ဒီလိုမဖယ်ရှားရင် ရုံးကို အရေးယူတာထက် အိမ်ရှင်တွေကို ဖိအားပေး အရေးယူလာနိုင်တယ်။ ကျနော်တို့ စည်းကော်မတီဝင်တွေ အနေနဲ့ ဗဟိုကို အာခံတဲ့အတွက် အရေးယူခံရနိုင်တယ်။ အခုဟာက ဗဟို အလုပ်အမှုဆောင်ဟာ န၀တနဲ့ နီးစပ်သွားတဲ့သဘော ရှိနေတယ်။ သူတို့ကို ဆန့်ကျင်တဲ့ မြို့နယ် တွေကို သူတို့ ခလုပ်နှိပ်လိုက်ရင် အရေးယူ ခံရနိုင်တဲ့ အနေအထား။ စည်းကော်မတီဝင်တွေ အနေနဲ့ အရေးယူခံရမှာကို မမှုကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ဖက်ကိုတော့ ထည့်စဉ်းစားဖို့ လိုမယ်လို့ ဆွေးနွေး ကြပါတယ်။

တချို့လဲ ဒီလောက် ဖောက်ပြန်တဲ့ CEC တွေနဲ့ မဆက်ဆံချင်တော့ဘူး အဖွဲ့က ထွက်မယ် ဒီလို ထွက်ရင်လဲ ကြောက်လို့ ရှောင်တာလို့ ထင်ကြမယ်၊ တချို့ကလည်း စည်းကော်မတီကို ဖျက်မယ် တချို့ကလဲ စည်းကော်မတီ မဖျက်ဘဲ ရုံးကိုပဲ ပိတ်ထားရင်ကော၊ အမျိုးမျိုး ဆွေးနွေး ကြတယ်။ ဆွေးနွေးရင်း မထိန်းနိုင်ကြပဲ မျက်ရည်ကျသူတွေ ရှိသလို ကြမ်းကြမ်း တမ်းတမ်း ရေရွတ် ဆဲဆိုသူတွေ ရှိလာတယ်။

နေ့စဉ် ဆက်ဆံလာတာ ၂နှစ်လောက် ရှိနေပြီး တက်တက် ကြွကြွ လုပ်နေကြတဲ့ လူငယ်တွေ ဒီလို ၀မ်းပမ်းတနည်း ဖြစ်နေတာ ကြားတော့ တဖက်ခန်းက အိမ်ရှင်က ကူးလာပြီး “ ကျနော်တို့ အတွက်တော့ မငဲ့ပါနဲ့ ဖြစ်ချင်တာဖြစ် အတူတူပေါ့” လို့ ပြောပါတယ်။

အမျိုးမျိုး ဆွေးနွေးကြရင်း ကော်မရှင်မှာ လက်မှတ် သွားထိုးရမယ့် အချိန်ကလည်း နီးကပ်လာပါပြီ။ ဖုတ်ပူမီးတိုက် လက်မှတ်ထိုးရမယ့်အတွက် လူငယ်တွေက ဗြုန်းခနဲ မခံချင် ဖြစ်လာပုံရပါတယ်။ လက်မှတ် မထိုးဘူး၊ လက်မှတ်မထိုးဘူးလို့ အော်ကြပြန်တယ်။ သွေးဆူပြီး ဒေါသတွေ ဖြစ်လာကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သွေးဆူလာပါတယ်။ ကော်မရှင်ကို တဖွဲ့လုံး လက်မှတ် သွားထိုးရမယ့် ကိစ္စကြီးဟာ အလွန် ရှက်စရာ ကောင်းပါတယ်။ ဘယ်လို ရှောင်မလဲ။ လက်မှတ် မထိုးဘဲ ဘယ်လို နေမလဲ။ ဒေါ်စု ဖွဲ့ခဲ့တဲ့ NLDကတော့ မထွက်နိုင်ဘူး၊ မထွက်ချင်ဘူး ဒေါ်စုကိုလည်း ဘယ်သူမှ ထုတ်ပိုင်ခွင့် မရှိဘူး၊ ထုတ်ပြန်တော့လည်း အများ ဆန္ဒ မခံယူဘဲ လုပ်တဲ့ CEC ကိုသာ ဆန့်ကျင်တာမို့ ကျန်တဲ့ CC တွေက ရှေ့ ဘယ်လို ခြေလှမ်း လှမ်းကြဦးမယ် ဆိုတာ မသိရသေးတော့ မြို့နယ် ကော်မရှင်မှာ လက်မှတ် မထိုးရအောင်သာ ဘယ်လို ရှောင်တိမ်းရမယ် ဆိုတာ စဉ်းစားတယ်။ နောက်ဆုံးတော့ မြို့နယ်စည်းကော်မတီရုံးကို ဖျက်သိမ်းလိုက်ဖို့ အများ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။

မြို့နယ် စည်းကော်မတီကို ဖျက်သိမ်းကြောင်းစာကို မြို့နယ် ကော်မရှင်ရုံးကို ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ကိုယ်တိုင် သွားပို့ပါတယ်။ ကော်မရှင်က သူ့အဖွဲ့ဝင်တွေကို လူစုံ ဖိတ်ပြီး ကျနော်တို့အဖွဲ့ လက်မှတ်လာအထိုးကို စောင့်နေပါတယ်။ ကျနော်တို့က စည်းကော်မတီ ဖျက်သိမ်းကြောင်း စာကို ပေးလိုက်တော့ “လက်မှတ် ထိုးသွားပါဦး” လို့ ပြောသေးတယ်။ “လက်မှတ် ထိုးစရာ မလိုတော့ဘူး၊ အဲဒီလို အညံ့ခံ လက်မှတ်ထိုးတာ မလုပ်ချင်လို့” ဆိုပြီး ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘ၀တူ ဖြစ်ပြီ”

ကျနော်တို့ မြို့နယ် စည်းကော်မတီ ဖျက်သိမ်းတဲ့ စာကို NLD ကို မိတ္တူ ပေးထားပါတယ်။ (၁၄. ၂. ၉၂ ) နေ့မှာတော့ ကျနော်တို့ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ၂ဦးကို NLD အဖွဲ့ဝင် အဖြစ်က ထုတ်ပယ်လိုက်ပြီး NLD လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှပါ ပယ်ဖျက် လိုက်ကြောင်း ထုတ်ပြန် လိုက်ပါတယ်။ အဲဒီနေ့ နေ့စွဲနဲ့ပဲ ကျနော်တို့ မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ကို မိမိဖာသာ ဖျက်သိမ်းပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တင်ပြခြင်းကြောင့် NLD စည်းကမ်းနှင့် အညီ ဆောင်ရွက်ခြင်း မရှိဟု ဆိုကာ ထိုနေ့ အစည်းအဝေး တက်ရောက်သည့် အမှုဆောင် (၁၅) ဦးကိုပါ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ် လိုက်ပါတယ် တဲ့။

ဒီစာထဲက အကြောင်းပြချက် တခုကို ဖတ်ပြီး ကျနော်တို့ ရယ်ကြပါသေးတယ်။ မြို့နယ် စည်းကော်မတီသည် မိမိ ဖာသာ ဖျက်သိမ်းပြီး ဗဟိုသို့ တင်ပြခြင်း မရှိဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူ တပ်ခြင်းကြောင့် NLD စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိ ဆိုတဲ့ စာသားကြောင့်ပါ။

ဗဟို အလုပ်အမှုဆောင် ကကော ဒေါ်စုကို ထုတ်ပယ်တုန်းက မိမိအဖွဲ့အတွင်း အရင် မကြေညာဘဲ ဗဟို ရွေးကောက်ပွဲ ကော်မရှင်ကို အရင်အကြောင်းကြားခဲ့တာ မဟုတ်လား။ အဲဒါကကော စည်းကမ်းနဲ့ ညီညွတ် ပါသလား။

ကြေညာချက် (၃/၉၁)မှာ ပြန်ကြည့်ပါ။ (၁၁.၁၂.၉၁) မှာ ဒေါ်စုကို ထုတ်ပစ်တဲ့ CEC အစည်းအဝေး ဆုံးဖြတ်ချက်ကို (၁၂.၁၂. ၉၁) မှာ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြီးမှ (၁၆. ၁၂. ၉၁) မှာမှ အောက်ခြေကို ရှင်းလင်းချက် ထုတ်ခဲ့တာ မဟုတ်လား။ ဒါတောင် ကော်မရှင်က တယ်လီဗေးရှင်း ကနေ (၁၆.၁၂.၉၁) က ကြေညာလိုက်လို့ မဖုံးနိုင် မဖိနိုင် လုပ်ခဲ့ကြတဲ့ သူတို့ကများ ဖက်စိမ်းကတော့ ပြောင်းပြန် လှန်လို့၊ ပုဆိုး မရှိတဲ့သူကများ သူများကို လုံအောင် ထိုင်ဖို့ ပြောနေသေးတော့၊ ရယ်တော့ ရယ်ရသား၊ ရယ်စရာမဟုတ်လို့သာ။

ကျနော် တို့ကို NLDက ထုတ်ပစ်လိုက်တော့ ကျနော်တို့ နည်းနည်းမှ စိတ်မထိ ခိုက်တော့ပါ။ တို့ခေါင်းဆောင် ဒေါ်စုနဲ့ ခုမှ ဘ၀တူ ဖြစ်သွားတယ်လို့ ရင်ကော့ ထားလိုက်ချင်ပါသေးတယ်။ ဒီအချိန်မှာ ကျနော်တို့ ထိုင်ဦးချသင့်တဲ့သူတဦးရဲ့ သတင်းကို ကြားရပါတယ်။

ဟိုတုံးက တရားဝန်ကြီးချုပ် ဦးသိန်းမောင် (ဖိနပ်ချွတ် ဦးသိန်းမောင်) ရဲ့ညီ ဦးကျော်ကဲ ဆိုသူပါ။ အသက် ၉၀ ကျော် ဦးကျော်ကဲ က သူ့သားရဲ့ သူငယ်ချင်းဖြစ်တဲ့ ၀န်ကြီးဟောင်း ဦးစံဝင်း (NLD ရဲ့ သာယာဝတီ - ၁ လွှတ်တော် ကိုယ်စားလှယ် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ဝင်) ကို တယ်လီဖုန်း ဆက်ပြီး ခေါ်ခိုင်း ပါသတဲ့။ ရောက်လာတော့ ဦးကျော်ကဲက မေးပါသတဲ့။ “မင်းတို့က အောင်ဆန်းစုကြည်ကို အဖွဲ့က ထုတ်ရအောင် ဒီအဖွဲ့က သူဖွဲ့တဲ့ အဖွဲ့လား မင်းတို့ ဖွဲ့တဲ့ အဖွဲ့လား တဲ့။ ဦးစံဝင်း ခမျာ ဘာမှ မပြောနိုင်ဘဲ ပြန်သွားရပါသတဲ့။ ကြားရတဲ့ သတင်း မှန်မမှန်၊ တကယ် မေး- မမေးတော့ မသိပါ။

ဒီလို မေးချင်တဲ့ လူကတော့ များမှာ သေချာပါတယ်၊ ဒါဟာ အများရဲ့  ဆန္ဒပါ။ ။

source by : မိုးမခ

ဖတ်ကြည့်ချင်သေးလား....

NLD ရွေးကောက်ပွဲ ၀င်မည် စဉ်းစား နေသည်၊ ထို့ကြောင့် ဤသို့ ဝေဖန် ရပါသည်

Saturday, March 20, 2010 · 0 ရဲ့ အမြင်

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန် နေကြသည်။ ပြည်တွင်းမှ နိုင်ငံရေး ပါတီများ၊ နိုင်ငံတကာမှ အစိုးရများ အပြင် ကုလသမဂ္ဂ မှပါ ဝေဖန် နေကြပါသည်။ ယင်းကား ဤဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထုတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှု မရှိဟု တညီ တညွတ်တည်း ပြောဆို နေကြသည်။ ဤနေရာ၌ အရှည်သဖြင့် မရေးချင်တော့။ လူတိုင်း လိုလို ရွေးကောက်ပွဲ ဥပဒေကို လေ့လာပြီး ကြပြီး ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကမူ ပို၍ပင် လေ့လာ တွက်ချက်ပြီးကြပြီး ဖြစ်သည်။

တချိန်ထဲမှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းဝေး မတိုင်ခင်က တပါတ် အလိုကပင် ကျွန်တော်သည် ဆောင်းပါးဖြင့် သတိပေး ရေးသားခဲ့သည်။ သူတို့ အဖွဲ့ချုပ် အတွင်း စိတ်ဝမ်း မကွဲကြရန် ၊သွေးစည်း ညီညွတ်ရန် ရေးသားတင် ပြခဲ့သည်၊ ယခုတော့ အစည်းအဝေး ထိုင်ပြီးသည်နှင့် ကွဲပြဲလာနေ ကြပြီဆိုသော သတင်း ကြားလာရပြီ။

NLD ၏ နောက်ခံ သမိုင်းကို ဤနေရာ၌ စဉ်းစား ကြည့်သည်။ နိုင်ငံရေး ပါတီအဖြစ် ပေါ်ပေါက်လာခြင်း၊ လှုပ်ရှားလာခြင်း မှသည် ယခု အချိန်ထိ လေ့လာကြည့်သည်။ မတရားအမိန့်ကို တာဝန်အရ ဖီဆန်ကြ ဆိုသော စကားမှာ သူတို့ဆီက လာသော ကြွေးကြော်သံ ဖြစ်သည်။ ယခု မတရားသော အမိန့်ကို ထုတ်ထားပါသည်။ သူတို့ မည်သို့ အတွက်ကြောင့် မဖီဆန်ကြပါ သနည်း။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် လိုက်သည် ဆိုလျင် ရွေးကောက်ပွဲကို ၀င်ရမည်ဖြစ်သည်၊

ရွေးကောက်ပွဲကို ၀င်လျင် ၉၀ ခုနှစ် ကလို NLD က တနိုင်ငံလုံးတွင် မဲ အပြတ်အသတ် နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက် ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊

ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီး ဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ် ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့ နည်းနှင့်မျှ ယှဉ်နိုင်ရန် အကြောင်းတရား မရှိချေ။ သူတို့မှ တရား ဥပဒေ မရှိ။

၎င်းမှာ ရွေးကောက်ပွဲကို ၀င်လျှင် အရှုံးနှင့် ရင်ဆိုင် ရမည်ကို လွယ်လွယ်က လေး သုံးသပ် တင်ပြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မပါသော ၊ဦးဝင်းတင် မပါသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မည်သည့် နည်းနှင့်မျှ ပျံသန်းနိုင်သော အခြေအနေ မရှိ။ တောင်ပံ ကျိုးနေသော ငှက် တကောင်လို ဖြစ်နေ ပါလိမ့်မည်။ ထားပါတော့ ။ နိုင်လျှင်လည်း ရှုံး ရှုံးလျှင်လည်း ရှုံး လုပ်မည့် ဤပြိုင်ပွဲမှာ မည်သည့် နည်း နည်းနှင့်မျှ ၀င်ပြိုင် သင့်စရာ အကြောင်း မရှိ။ ဤအချက်ကို ထည့်တွက် ကြည့်ရန် အရေးကြီးသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အဖွဲ့အစည်း တခု ပါတီ တခု ဖြစ်သည်။ သို့သော် ယင်း အဖွဲ့ချုပ်ထက်၊ အဖွဲ့အစည်းထက် ၊ အခြား လူပုဂ္ဂိုလ် များထက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပုဒ်က ပို၍ ကြီးမားပါသည်။ သူမမှာ နိုင်ငံရေး သြဇါတိက္ကမ အလွန် ရှိပါသည်။ သူမကြောင့် နိုင်ငံတကာမှ လေးစား နေကြခြင်း ဖြစ်သည်။ အဖွဲ့ချုပ်မှ နိုင်ငံရေး ပေါ်လီစီကြောင့် ၊ တော်လို့ တတ်လို့ကြောင့်၊ မူဝါဒ ချမှတ်နိုင်ခြင်းကြောင့် ပြည်ပမှ လေးစား နေကြခြင်း မဟုတ်။ နိုင်ငံတကာမှ လေးစား နေကြခြင်း မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား နေကြခြင်းကြောင့် ဆိုသည်ကို ကမ္ဘာကြီး တခုလုံးရှိ လူတိုင်း သိရှိ နားလည် ကြပါသည်။

နောက်တခုမှာ ၂၀၀၈ ရွေးကောက်ပွဲ ဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဟု လက်မှတ် ထိုးရတော့မည်။ မည်သည့် လက်မျိုးနှင့် ယင်း မှတ်ပုံတင် စာရွက်ပေါ်မှာ လက်မှတ် ထိုးရန် ကောင်းပါသည် ခင်ဗျားဆိုကာ ကာကွယ် စောင့်ရှောက် ပါမည်ဟု ခံဝန် ဂတိ လက်မှတ် ထိုးရမည် ဆိုခြင်းမှာ NLD အဖို့ ရှက်စရာ ဖြစ်သည်။ ယင်းမှာ နိုင်ငံရေး ပြဿနာ ဖြစ်သည်။ နိုင်ငံရေး ပါတီ အဖြစ် ရပ်တည်ရေးမှာ မူဝါဒ ခိုင်မြဲစေရန် အရေးကြီးသည်။ မိမိ မူဝါဒ ထိခိုက် နေပြီဆိုလျှင် သတိထား ရတော့မည် ဖြစ်သည်။ မူဝါဒ ကင်းမဲ့သော ပါတီ အဖြစ် သက်ရောက် သွားပြီဆိုက ယင်းနိုင်ငံရေး ပါတီမှာ လှုပ်ရှားရန် မလွယ်ကူတော့။ လူတွေ အယုံအကြည် နည်းပါးသွားသည်။ ယခုတောင်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက် နေကြပါပြီ။

ဝန်းနည်းစရာ ကောင်းသည်မှာ အင်မတန် တက်ကြွသော အဘ ဦးဝင်းတင်က မှတ်ပုံတင်မည် ဆိုပါက အနား ယူတော့မည်။ အဖွဲ့ချုပ်မှ ထွက်ပါတော့ မည်ဟု ပြောဆိုလာသည်။ ဤသည်မှာ အလွန် အရေးကြီေးသာ အကြောင်းအရာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ခြင်္သေ့ ကဲ့သို့ ရဲရင့်သော ဒေါ်အောင်ဆန်းစုကြည် ကရှိနေပြီး ကျားကဲ့သို့ သတ္တိ ကောင်းသော အဘ ဦးဝင်းတင်က ၀န်းရံ ထားနေ၍သာ ဤအဖွဲ့ချုပ်က ဂုဏ်သတင်း ကျော်ကြား နေခြင်း ဖြစ်သည်။ ပါတီ မှတ်ပုံတင်လျှင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း အဖွဲ့ချုပ်တွင် မပါဝင်တော့ ။ ချက်ချင်း ဦးဝင်းတင်က ထွက်သွား၍ အဖွဲ့ချုပ်တွင် မပါဝင်တော့ဟု ပြော၍ ရနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် လွပ်မြောက် လာမည်မို့ ယင်းအချိန်မှာ အဖွဲ့ချုပ်တွင် နိုင်ငံရေး တာဝန်က ဆက်လက် ထမ်းဆောင် နိုင်ပါသည်ဟု ပြောသံ ကြားရသည်။ ဘယ်အချိန်မှာ လွတ်မည်မှန်း မသိသော အခြေအနေကို ထည့်ပြီး စဉ်းစားနေသည်မှာ သဘာဝတော့ မကျလှချေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သို့ ခုထွက်လိုက် ခုပြန်ဝင်လိုက်နှင့် လိပ်ခေါင်းလို နိုင်ငံရေး လုပ်မည့် သူတော့ မထင်။ မူဝါဒတွေ၊ ပေါ်လီစီတွေ၊ နှင့် ခံယူချက် ပြင်းထန်သော သူမို့ ဤမျှ စည်းပျက် ကမ်းပျက် ဖြစ်နေသော မခိုင်မြဲသည့် ပုဂ္ဂိုလ်တို့နှင့် လက်တွဲ လိမ့်မည် မထင်တော့ချေ။ သူမ တဦးတည်းကို လွှတ်ပေးရုံနှင့် မပြီးသေး၊ အဖမ်းဆီး ခံနေရသော နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှသာ သူမ ဖမ်းဆီး ထားရာမှ လွှတ်ပေးမည်ကို လက်ခံမည်ဟု ပြောဆိုထားသူ ဖြစ်သည်။ ပြီးတော့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကဘဲ ပြောသေးသည်။

ခြင်္သေ့လည်း မရှိ ကျားလည်း မရှိသော ယင်းဂူကို စစ်အစိုးရက မည်သည့် အချိန်မဆို ဖြိုဖျက် နိုင်သည်ကို မမေ့လျှော့သင့်။ အဓိက လုပ်စရာ တခုသာ ရှိသည်။ ယင်းအချက်ကို မေ့နေကြသည်၊ ယခု စစ်အစိုးရက တချက်ခုပ် သုံးချက်ပြတ် လုပ်လိုက်သည်၊ မှတ်ပုံတင် သည်နှင့် ၂၀၀၈ ဥပဒေတွေလည်း အတည် ဖြစ်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီး ခံနေရသော သူတွေလည်း ယင်း အဖွဲ့ချုပ်မှာ မရှိတော့။ သူတို့ကလည်း သက်ဆိုးရှည်မည်၊ ဤအချက်တွေကို NLD က ဖြေရှင်းနည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပါယ် လိုက်သောနည်းဖြင့် ဖြေရှင်းခြင်းမှာ အထူး ရှက်စရာ ဖြစ်သည်။ ယင်းနည်းမှာ မလိုအပ်သော အချက်ဖြစ်သည်။

သည်လို ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ချုပ်မှာ ရာသက်ပန် ရှိနေရမည့် နည်းလမ်း၊ ၂၀၀၈ ဥပဒေ ပျက်စီးစေမည့် နည်းလမ်း၊ စစ်အစိုးရ ဖြုတ်ချစေမည့် နည်းလမ်းများကို ရှာကြံသင့်သည်၊ ထို့ကြောင့် နိုင်ငံရေး သုံးသပ်သူများက ရှာဖွေ ဆန်းစစ် နေကြသည်၊ ကျွန်တော် ရှာဖွေသော နည်းလမ်းကို ရဲဝံ့စွာ တင်ပြချင်သည်။ နိုင်ငံရေး ပြဿနာကို တင်ပြခြင်းမို့ လူတွေကို သေတွင်း ပို့ခြင်း ဟုတော့ မထင်မှတ် စေလို။ အဘ ဦးဝင်းတင် ပြောသလို အကြောက်တရားကို စွန့်ကြ။ သွေးစည်း ညီညွတ်ကြ။ စစ်အာဏာရှင် စနစ် ကျဆုံးရေး အတွက် ရည်မှန်းချက် ရှိကြစေရန် ရည်ရွယ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို ကော်မီတီတွေကို တင်ပြခြင်း ဖြစ်သည်။

Mandate ရထားပါသည်ဟု ခဏခဏ ပြောနေသော လွှတ်တော် ကိုယ်စားလှယ် တို့မှာ ယခုအချိန်တွင် ဤတာဝန်ကို ထမ်းဆောင် ရပါတော့မည်၊ ၎င်းမှာ ကျွန်တော် တွေ့ရှိသော နည်းလမ်းမှာ သုံးပွင့်ဆိုင် ဖိုခနောက် ချိန်ခွင်လျှာ ညီနေရေး ဖြစ်သည်။ ဤနည်းလမ်း အတိုင်း ကျင့်ကြံလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်တွင် ရှိနေပါလိမ့်မည်။ ယင်းသုံးပွင့်ဆိုင် ဖိုခနောက် နည်းလမ်းကား ဤသို့ ဖြစ်ပါသည်။ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက အခြား နိုင်ငံရေး ခေါင်းဆောင် များနှင့် စင်ပြိုင် အစိုးရကို ချက်ချင်း ဖွဲ့စည်းရန် လိုအပ်ပါသည်။ ထို့ကြောင့် အနည်းဆုံး အစိုးရအဖွဲ့ဝင် ၁၀ ဦး ခန့်ဖြင့် ကြေညာ ရပါလိမ့်မည်။ ယင်းကဲ့သို့ ကြေညာ၍ အဖမ်းဆီး မခံရချေ။ အကြောင်းမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုက ၈၈ အရေးအခင်းတွင် စင်ပြိုင် အစိုးရကို ဖွဲ့ခဲ့သည်ကို သတိထား ရမည် ဖြစ်သည်။ သူ့တုန်းက အဖမ်းအဆီး မခံခဲ့ရ။ ဖမ်းခံထိလျှင်လည်း ၁၀ ယောက်သော နိုင်ငံရေး ခေါင်းဆောင် တို့က ဖြုံမှာ မဟုတ်။

နိုင်ငံတကာကို အကူအညီ တောင်း၍လည်း ရနိုင်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကိုလည်း တောင်းနိုင်ပါသည်။ တနည်းအားဖြင့် အမေရိကန် အစိုးရကိုလည်း စစ်ရေးအရ အကူအညီ တောင်းနိုင်သည်။ လက်ရှိ တပ်မတော်ကိုလည်း တပ်ရင်းများကိုပြန်ဖို့ အမိန့် ချက်ချင်း ထုတ်ပြန် ပေးရပါ လိမ့်မည်။ နအဖ စစ်ကောင်စီကို မတရားအသင်းအဖြစ် ကြေညာ ရပါလိမ့်မည်။ လွပ်ငြိမ်း ချမ်းသာခွင့်ကို ချက်ချင်း ထုတ်ပြန် ရပါလိမ့်မည်။ တရက်တည်း တနေ့တည်းမှာ အမိန့် အာဏာများကို ချက်ချင်း ထုတ်ပြန် ပေးရန် အရေးကြီးပါသည်။ ယင်းသို့ စင်ပြိုင် အစိုးရမှ အမိန့် အာဏာ ထုတ်ပြန်သည့် အခါ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို စင်ပြိုင် အစိုးရမှ မည်သည့် နေ့ရက် အချိန် ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာရန် လိုပါသည်။ ဤအချက်များမှာ နအဖ စစ်အစိုးရလည်း ပြုတ်ကျသွား သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ရပ်တည် စေမည့် နည်းလမ်း ဖြစ်သည်။

အကယ်၍ ဤအချက်ကို မစဉ်းစားဘဲ နအဖ၏ ထောင်ချောက်ကိုသာ စဉ်းစားပြီး ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်မည် ဆိုပါက ရက်ပေါင်း ၆၀ ဆိုသော သတ်ကွင်းမှာ လည်စင်း ခံရုံသာ ရှိပါတော့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မပျက်စီးအောင် ထိမ်းသိမ်း ရမည့် တာဝန်မှာ အဖွဲ့ချုပ် ၀င်တို့ ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်သည်နှင့် အဖွဲ့ချုပ်မှာ ပျက်စီးသွားပြီဟု ချက်ချင်း ပြောဆို ကြပါတော့မည်။ ဦးအောင်ရွှေသည် မြန်မာ့ နိုင်ငံရေး လောကတွင် အဓိက မဟုတ်သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း အဓိက မဟုတ်ချေ။ သူ၏ စဉ်းစားတွေးခေါ်ပုံသည် ယခု အချိန်၌ အလွန်မှားယွင်းနေသည်။ သူ့လမ်းစဉ် အတိုင်း လိုက်နာမည်ဆိုက အဖွဲ့ချုပ်မှာ မလွယ်တော့၊

ထို့ကြောင့် NLD ရွေးကောက်ပွဲ ၀င်ရန် စဉ်းစားနေသည် ဆိုလျှင် ကျွန်တော်တို့ ဝေဖန် ရပါတော့မည်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်စရာ မလိုတာ့ပါ။ တစည ပါတီနှင့် ပေါင်းပြီး ရွေးကောက်ပွဲကို ပြုလုပ် ကျင်းပ လိုက်လျှင် ပို၍ပင် သင့်တော် သွားပါလိမ့်မည်။ အကြောင်းမှာ နိုင်လျှင်လည်း ရှုံး၊ ရှုံးလျှင်လည်း နိုင်မည့် ပွဲမို့ အတိုက်အခံ ပါတီ မဟုတ်သည့် အတူတူ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲ ၀င်ရုံသာ ရှိပါသည်။ သို့သော် မြန်မာနိုင်ငံရေး လောကတွင်ကား မြောင်းထဲကိုပါ မက မြေမြုပ် ခံလိုက်ရပါပြီ၊ နာမည်ဆိုးနှင့် ကျော်ကြားသော စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကမ္ဘာက ဆန့်ကျင် ပေးနေသည်မှာ လူတိုင်း မပါဝင်၍ ဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထား၍ ဖြစ်သည်။

နာမည်ကောင်း ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ယခု အချိန်ထိ ပန်းပန်လျှက်တုန်း ရှိနေပါသေးသည်။ ဤပန်းကို နွမ်းကြွေအောင် မပြုလုပ်မိရန် လိုပါသည်။ နာမည်ဆိုးနှင့် ကျော်ကြားသော မကောင်းဆိုးဝါး နအဖ စစ်အစိုးရသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ခြေနှင့် နင်းချေ ရုံမက လည်ပင်းကို တက်နင်းနေသည်မှာ ကြာပါပြီ။ သူနှင့်မှ အတူတူ တွဲလုပ်ရန် ကြိုစားသော သူတို့မှာ မူဝါဒ မရှိသူများ။ နိုင်ငံရေး ခံယူချက် မရှိသူများသာ ဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားကြပြီးမှ စစ်အစိုးရကို မတရား အသင်းကြေညာရန် စင်ပြိုင် အစိုးရကို ဖွဲ့စည်းမှသာ အဖွဲ့ချုပ် ရပ်တည် သွားမည်ဟု ပြောချင်သည်။ တနည်း အားဖြင့် မှတ်ပှံတင်မှ နိုင်ငံရေး ပါတီ အဖြစ် ပြည်သူတွေက လက်ခံမည်ဟု မထင်။ ပြည်သူတွေက မှတ်ပုံမတင်လျှင် နိုင်ငံရေး ပါတီ အဖြစ် ပို၍ပင် လက်ခံ ထားပါသည် ဆိုသော အချက်ကို မမေ့လျော့ ကြရန် အချိန်မှီ သတိပေး လိုက်ရပါကြောင်း ဆိုပါက မှားမည် မထင်။

ခိုင်အောင်ကျော် ( နယူးယောက် )


source by : လမင်းခင်

ဖတ်ကြည့်ချင်သေးလား....

မြန်မာ ပြည်သူ / ပြည်သား အားလုံး အတွက် သမိုင်း အလှည့်အပြောင်း

Friday, March 19, 2010 · 0 ရဲ့ အမြင်

၂၀၁၀ မှာ နအဖ က ကလိမ်ကကျစ် ကောက်ကျစ် ယုတ်မာစွာ ကျင်းပ ပြုလုပ်တော့မည့် အရေခြုံ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အတွက် သမိုင်း အပြောင်းအလဲ တစ်ခု သာမက မြန်မာပြည်သူ ပြည်သား အားလုံး အတွက် အပြောင်းအလဲ တစ်ခု ဖြစ်လာတော့မည်မှာ သေချာသလောက် ဖြစ်နေပေပြီ။

ဘာလဲ ဘယ်လဲ NLD?
သိပ်ရှည်ရှည် ဝေးဝေး စဉ်းစားစရာ မလိုပါ၊ နအဖ အလိုကျ ပေါ်လစီလိုက်ပြီး ကပြ အသုံးတော် ခံတာကို နိုင်ငံရေး တစ်ခုလို့ ယုံကြည်ပြီး ၂၀၁၀ မှာ ကပြချင်တဲ့ NLD ခေါင်းဆောင်တွေအတွက် သမိုင်းတစ်ခုဟာ အဆုံးသတ် သွားပြီလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် နောက်ထပ် မြန်မာ့ နိုင်ငံရေး သမိုင်းမှာ နေရာ မရှိနိုင်တော့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ကတော့ မြန်မာ့ နိုင်ငံရေးမှာ ဆက်လက် ဦးဆောင် တိုက်ပွဲ ၀င်နေသည့် ခေါင်းဆောင်တွေ ဖြစ်နေကြဦးမည်သာ ဖြစ်ပေသည်။ ပြည်သူတွေကို လိမ်လည် လှည့်ဖြားတဲ့ ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို တစ်နေ့မှာ ဧကန်မုချ ခံရမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေသည်။

မြန်မာ့ နိုင်ငံရေး အခင်အကျင်းသည် ညီညွတ်မှု မရှိခြင်း၊ ဖြိုခွဲခံရပြီးနောက် ပြန်လည် မစုစည်းနိုင်ခြင်း၊ ဟောင်းနွမ်း ဆွေးမြေ့သည့် အတွေးအခေါ် အယူအဆ များနောက် အစဉ် တစ်စိုက် လိုက်နေကြခြင်း၊ အခွင့်အရေးကို အစာငတ်သည့် ခွေးများလို အငမ်းမရ ဖြစ်ကြခြင်း တို့ကြောင့် ရန်သူ၏ အနိုင်ယူခြင်းကို လှပစွာ ခံလိုက်ရခြင်း ဖြစ်ပေသည်။ ရန်သူ့၏ သေတွင်းသို့ ရောက်ရှိရန် လက်တစ်ကမ်း မျှပင် မလိုတော့ပေ၊ အချိန်မီ ပြင်ဆင်ပါက မီနိုင်ပါသေးသည်။ ပြည်သူ့အကျိုး တိုင်းပြည် အကျိုးကို မျှော်ကိုးပြီး လုပ်သင့် လုပ်ထိုက်တာကို ပြတ်ပြတ်သားသား စုစု စည်းစည်း ညီညီ ညွတ်ညွတ် လုပ်ဆောင် နိုင်ပါက ရန်သူကို အနိုင်ယူနိုင်မည့် အခွင့်အရေး ကိုယ့်မှာ ရရှိနိုင်ပါ သေးသည်။

အသုံးမကျသည့် ခေါင်းဆောင်များကို အမြန်ဆုံး ဖယ်ရှား ပစ်ရေးနှင့် မျှော်လင့်ချက် ကြီးမားစွာ စောင့်စား ငတ်မွတ်နေသည့် သန်း၅၀ ကျော်သော ပြည်သူတွေကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်သည့် ခေါင်းဆောင် ကောင်းများကို အမြန်ဆုံး အစားထိုး ရပေတော့မည်။ အပြောင်းအလဲ အသစ်နှင့် နိုင်ငံရေး အခင်းအကျင်း အသစ် တစ်ခု၊ တော်လှန်ရေး အသစ် တစ်ခုကို အမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက် ရတော့မည် ဖြစ်သည်။ ဒူးထောက် လက်မြောက် အရှုံးပေးပြီး အောက်တန်း ကျသည့် ကျွန်စိတ်နှင့် ဘယ်တော့မှ ဒီမိုကရေစီ မရနိုင်သလို ဘယ်သော အခါမှလည်း ပြည်သူတွေကို ဦးဆောင်မှု ပေးနိုင်မည် မဟုတ်ပါ။

အင်မတန်မှ ရွံမုန်းစရာ ကောင်းသည့် နအဖကို ဒေါ်အောင်ဆန်းစုကြည်သည် သဘောထားကြီးစွာ နားလည် ခွင့်လွတ် ပေးခဲ့ ပါသော်လည်း နအဖ နွားအဖွဲ့သည် အာဏာကိုသာ အသေဆုတ်ကိုင်ပြီး ပြည်သူတွေကို ဆက်လက် ညှင်းဆဲ ဒုက္ခပေးဖို့ အတွက် ကလွှဲပြီး ကျန်တာတွေ စိတ်ဝင်စားမှု မရှိသလို အပြောင်းအလဲကိုလည်း ဘယ်သောအခါမှ ပြုလုပ်ပေးမှာ မဟုတ်ပေ။ နအဖ သည် အရင်ကလည်း ယုတ်မာခဲ့သလို ခုလဲ ယုတ်မာနေဆဲ နောင်လဲ ဆက်လက် အယုတ်မာကြီး ယုတ်မာ နေဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ ကမ်းကုန်အောင် ယုတ်မာသော သူနှင့် ဘာကိုများ ဆက်၍ လုပ်ကိုင်စရာ ကျန်ပါသေး သနည်း။ ရရင်ရ မရရင်ချ ဆိုတဲ့ နည်းကလွှဲပြီး ကျန်တာတွေ ဘာတစ်ခုမှ စဉ်းစားစရာ မလိုတော့ပါ။

ဒီတော့ ဒီမိုကရေစီ လိုချင်ရင် ချရမည်၊ ရရင်ရ မရရင် ချရမည်။ နအဖကို ချရမည်။ နအဖသည် ပြည်သူ့ ရန်သူ အစစ်ဖြစ်သည်။ သမိုင်းတစ်ခု အပြောင်းအလဲ အတွက် ရရင်ရ မရရင်ချ။ သမိုင်းတစ်ခု အပြောင်းအလဲ အတွက် ရရင်ရ၊ မရရင်ချ။ အသုံးမကျတဲ့ ခေါင်းဆောင် ညံ့တွေ ဖြုတ်ချ၊ ခေါင်းဆောင် ကောင်းတွေ ရွေးကောက် တင်မြောက် ရရင်ရ မရရင်ချ။ ပြည်သူ့ အင်အားဖြင့် ဘုံရန်သူ နအဖအား ၂၀၁၀ မှာ အမြစ်ပြတ် ခြေမှုန်း သုတ်သင် ကြပါစို့…….

ဒီမိုကရေစီ ချစ်မြတ်နိုးသူများ
၁၉.၀၃.၂၀၁၀

ဖတ်ကြည့်ချင်သေးလား....

ယနေ့ မြန်မာ နိုင်ငံ နှင့် နိုင်ငံရေး အမြင်

Monday, November 2, 2009 · 0 ရဲ့ အမြင်

ကမ္ဘာ တစ်ဝှမ်း ပြန့်နှံ့လျက် ရှိသော မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းကို နှစ်သက် အားပေးသူ ပရိသတ် သန်း ၃၀၀ ကျော် ခန့်ကြားထဲတွင် မြန်မာ ၂ ဦးပါဝင်ပြီး အဆိုပါ ဘောလုံးချစ်သူ ၂ ဦးမှာ မျိုးဆက် ကွာဟမှု ရှိနေသည်ကို တွေ့ရပါသည်။ တစ်ဦးမှာ တင်းမာသော အမြင်၊ ကျဉ်းမြောင်းသော ကွမ်းသီး ဝါးလေ့ရှိသော အသက် ၇၀ နှင့် ၇၉ နှစ်ကြား အဘိုးကြီး တစ်ဦး ဖြစ်ပြီး နောက်တစ်ဦးမှာ ၎င်း၏ ချစ်လှစွာသော ဆယ်ကျော်သက် မြေးလေးပင် ဖြစ်သည်။ များစွာသော မြန်မာ နိုင်ငံသား ဘောရူးများ ကဲ့သို့ပင် သူတို့ နှစ်ဦးသည် မြန်မာနိုင်ငံ အပူပိုင်းဇုံ၏ ညများတွင် ညဥ့်နက်သည် အထိ စောင့်၍ အင်္ဂလန် ဘောလုံးပွဲများကို အားပေးလေ့ ရှိပါသည်။ ဤအထိ ပြဿနာ မရှိပါ။ သို့သော် အထက် ဖော်ပြပါ အဖိုး ဖြစ်သူမှာ နိုင်ငံခြားသားများကို ရွံ့မုန်းသော မြန်မာ့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်ပြီး လုပ်သမျှ အားလုံး မှားယွင်းလေ့ ရှိသူ ဖြစ်သည်။ အနောက် နိုင်ငံများကို ရူးသွပ်စွာ ဆန့်ကျင်သူ၊ ဝိန်းရူနီကို နှစ်သက် ထောက်ခံသူ၊ မုန်းစရာ ကောင်းသူ အာဏာရှင်မှာ ၎င်းပုဂ္ဂိုလ်ပင် ဖြစ်သည်။ အင်္ဂလိပ်ဘောလုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အံ့ဩဖွယ် စွဲလမ်း နှစ်ခြိုက်မှု တစ်ခု ဖြစ်နေသည်မှာ မဆန်းသော်လည်း လေးနက်သော မေးစရာများ ရှိနေပါသည်။

အမေရိကန်၏ အနှစ် ၂၀ ကြာပြစ်တင်မှု၊ အရေးယူမှုများ အပြီးတွင် "ဝါရှင်တန်" က တပ်မတော် အစိုးရနှင့် တိုက်ရိုက် စေ့စပ် ညှိနှိုင်းမည်ဟု ဆိုခဲ့ပြီး မြန်မာ အစိုးရနှင့် ပတ်သက်၍ မိမိတို့ မည်မျှ နားလည် ထားပါ သနည်းဟု စက်တင်ဘာ ၂၄ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောကြား ခဲ့သည်။

ဂျပန် အိုကီနာဝါ Meio University မှ မြန်မာ့ အရေး ကျွမ်းကျင်သူ Donald M.Seekins က "အရာ အားလုံး အပေါ်တွင် ကောင်းစွာ နားမလည်ပါ။ နားလည်ရန်လည်း မလွယ်ကူ လှပါ" ဟု ဆိုသည်။ မြန်မာ အစိုးရ၏ နိုင်ငံတကာ အပေါ် ရှုမြင်မှုကို အပြည့်အဝ နားလည်ရန် ကြိုးစားခြင်းသည် ၎င်းတို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခွင့်လွှတ်ပေးခြင်း မဟုတ်ပါ။ မြန်မာ့ တပ်မတော်က ဆက်လက် ပြုလုပ်နေသော ကြမ်းကြုတ် ရက်စက်မှုများတွင် စစ်ရာဇဝတ်မှုများလည်း ပါဝင်သည်ဟု အများက ယုံကြည်နေပါသည်။ တပ်ချုပ်ကြီးနှင့် သူ့တပည့်များကို မှားယွင်းစွာ နားလည်ခြင်း ပေါ်တွင် အခြေခံထားသော မူဝါဒများသည် ထိရောက်မှုမရှိခြင်း (သို့) ဆန့်ကျင်ဘက် ရလဒ်ကိုသာ ရရှိပါလိမ့်မည်ဟု မြန်မာ့ အရေး ကျွမ်းကျင်သူများက သတိပေးထားပါသည်။ သို့ဖြစ်၍ မြန်မာ ဗိုလ်ချုပ်ကြီးများ အကြောင်းကို သိရှိ နားလည်ရန် အချိန်ရောက်လာပြီ ဖြစ်၍ သူ၏ တပည့်များက "အဘကြီး" ဟုခေါ်သော တပ်ချုပ်ကြီး၏ အကြောင်း စတင် ဆွေးနွေးကြပါစို့။

သစ္စာ ရှိခြင်းနှင့် သိက္ခာ မဲ့ခြင်း
၁၉၉၂ ခုနှစ်ကပင် တပ်မတော်အစိုးရ အကြီးအကဲ ဖြစ်လာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လျှို့ဝှက် သိပ်သည်း၍ အငြင်းပွားဖွယ် မရှိသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်ဖြစ်ပါသည်။ ၎င်းသည် များသောအားဖြင့် တစ်ချက်လွှတ် အာဏာကို အသုံးပြုလေ့ ရှိသည်ဟု "Seekins" က ဆိုသည်။ ၎င်းအား စိန်ခေါ် ရဲမည့်သူ ရှိဖို့ ဝေးစွ၊ အနည်းဆုံး ပွင့်ပွင့် လင်းလင်း ပြောရဲ သူပင် မရှိပါ။ သူ၏ ဘဝ အစမှာ နိမ့်ကျခဲ့သည်ဟု ဆိုရ ပါမည်။

မန္တလေးမြို့နှင့် မဝေးလှသော ကျောက်ဆည်မြို့ အနီးမှ ရွာတစ်ရွာတွင် သူ့အား မွေးဖွားခဲ့ပါသည်။ အထက်တန်း ကျောင်းကို ပြီးအောင် မတက်နိုင်ခဲ့ဘဲ စာတိုက် ဝန်ထမ်း လုပ်ခဲ့ပြီး ထိုမှတဆင့် ဗိုလ်သင်တန်းကျောင်း တက်၍ တပ်မတော်တွင် ရာထူး အဆင့်ဆင့် တိုးကာ စိတ်ဓာတ် စစ်ဆင်ရေး စစ်ပွဲ ကျွမ်းကျင် သူဟု ဆိုပါသည်။ မေးစရာ မလိုတဲ့ သစ္စာစောင့် သိခြင်းသည် သူ၏ အောင်မြင်မှု သော့ချက်ပင် ဖြစ်ကြောင်း " Than Shwe: Unmasking Burma's Tyrant" စာအုပ်ကို ပူးတွဲရေးသားသူ Benedict Rogers က ပြောပါသည်။ သူသည် အထက် အမိန့်ကို အမြဲ နာခံတတ်ပြီး အန္တရာယ် ပေးနိုင်သူ (အဆိပ်ရှိသူ) ဟုလည်း မထင်ရပါ။ ထိုအချက်ကြောင့်ပင် ရာထူးများ တိုးခဲ့ခြင်း ဖြစ်၍ သူ၏ ပင်ကို ဗီဇစွမ်းရည်နှင့် အရည်အချင်းများကို ပြသ နိုင်ခဲ့ခြင်း မရှိပါ။ ၎င်းထိပ်ဆုံးသို့ ရောက်ရှိချိန်မှ စ၍ "အာဏာကို တင်းကြပ်စွာ ချုပ်ကိုင်နိုင်သော စွမ်းရည်" ကို ပြသသည်ဟု Seekins က ဆက်လက် ပြောကြားသည်။

သူ၏ ပြိုင်ဘက်များကို ကရုဏာကင်းစွာ ဖယ်ရှားသော လုပ်ရပ်တစ်ခုမှာ ရည်မှန်းချက် ကြီးမားသော ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၂၀၀၄ ခုနှစ်တွင် ရာထူးချ၍ နေအိမ် အကျယ်ချုပ်ဖြင့် ချထားခြင်း ဖြစ်သည်။ သစ္စာခံ ဗိုလ်ချုပ်များမှာ မူကား အကျင့်ပျက်မှု၊ အလွဲသုံးစားမှုများဖြင့် ချမ်းသာ ကြွယ်ဝအောင် လုပ်ကိုင်နိုင်သော အခွင့်အရေးများကို ဆုအဖြစ် ချီးမြှင့် ခံရသည်ဟု မြန်မာ့ အရေး စောင့်ကြည့်သူ လေ့လာသူများက ပြောပါသည်။ အနောက် နိုင်ငံများက ၎င်းအား "နောက်ပြန်သွားသူ" အဖြစ် သတ်မှတ်ထားပြီး အသက် ၇၆ နှစ်ရှိ တပ်ချုပ်ကြီးကမူ သူ့ကိုယ်သူ ချွတ်ခြုံကျ နေသော နိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာစေရန် တံခါးဖွင့်ပေးသူ၊ လမ်း၊ တံတားများသာမက ကြီးကျယ် ခမ်းနားသော နေပြည်တော် မြို့သစ်ကြီး တည်ဆောက်သူ၊ ရဲရင့်သော ပြုပြင် တည်ဆောက်ရေး သမား တစ်ယောက် အဖြစ် ထင်မြင် နေပုံရပါသည်။

လက်တွေ့ အမှန်တရားမှာ ဤသို့မဟုတ်ပါ။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများသည် နိုင်ငံကို အကျိုးမပြုဘဲ တပ်မတော် ခေါင်းဆောင် များကိုသာ ကြွယ်ဝ စေခဲ့ပါသည်။ ရတနာ သဘာဝ ဓာတ်ငွေ့စီမံကိန်း တစ်ခုတည်း ကပင်လျှင် ၄.၈၃ ဘီလျံ ရရှိခဲ့ကြောင်း ဝါရှင်တန် အခြေစိုက် Earth Right International ၏ အစီရင်ခံစာ အရ သိရှိ ရပါသည်။ မြန်မာပြည်သူ အများစုမှာ စိတ်ညစ်ညူးဖွယ် ဆင်းရဲတွင်း၌ ရှင်သန် နေထိုင်ရဆဲ ဖြစ်ပြီး နေပြည်တော် တည်ဆောက်မှုသည် အလွန် တန်ဖိုး ကြီးမားသော ငွေကြေး ဖြုန်းတီးမှုပင် ဖြစ်ပါသည်။ ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ၏ မှားယွင်းစွာ လိမ်ညာ လှည့်ဖြား တတ်သော ခေါင်းဆောင် အဖြစ် ရေးသား နေမှုများမှာ မမှန်ကန်ပါ။

မြန်မာ အစိုးရသည် အနှစ် နှစ်ဆယ် အတွင်း အာရှ၏ လျှင်မြန်စွာ ဖွံ့ဖြိုး ကြီးထွားလာမှုကို သတိကြီးစွာထား၍ လက်ခံ ပြောင်းလဲ နေခြင်း ဖြစ်သည်။ ဒေသတွင်း အင်အားကြီး စီးပွားရေး ဘီလူးကြီး (တရုတ်) မပေါ်ထွက်လာခင် အထိ အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုများကို ဆွဲယူ နေခဲ့သည်။ ၁၉၈၈ ခုနှစ်ခန့်က တရုတ် နိုင်ငံသည် စီးပွားရေးအရ ဤမျှ ကြီးထွားလာမည်ဟု စစ်ခေါင်းဆောင်များ မထင်ခဲ့ကြပါ။ သို့ရာတွင် တရုတ် နိုင်ငံ အင်အားကြီးလာသောအခါ အခွင့်အလမ်း အားသာချက်အဖြစ် အသုံးချ၍ တရုတ်နှင့် ပိုမို ရင်းနှီးစွာ ဆက်ဆံရန် ကြိုးစားခဲ့ကြသည်။ ၁၉၉၇ တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခြင်းအားဖြင့် မိတ်ဆွေများ ထပ်မံရရှိကာ အနောက်နိုင်ငံများ၏ ဆန့်ကျင်မှုကို အံတုနိုင်ခဲ့ပြီး ကုန်သွယ်ရေး ဆိုင်ရာ အခွင့်အရေး များလည်း ပိုမို ရရှိ လာပါသည်။ (ထိုင်းနိုင်ငံသည် ၎င်း၏ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက် အများစုကို မြန်မာနိုင်ငံမှ ရရှိပါသည်) အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးလည်း တိုးတက်လာခဲ့သည်။

သီးသန့် နိမိတ်ပုံ ဆောင်သော နေပြည်တော်တွင် တစ်နှစ်လျှင် ခရီးသည် ၁၀ သန်းခန့် ဝန်ဆောင်မှု ပေးနိုင်မည့် နိုင်ငံတကာ လေဆိပ်သစ်ကြီး တစ်ခု ဆောက်ရန် အစိုးရက စီစဉ်လျက် ရှိပါသည်။ ၎င်းတို့သည် မိမိတို့ ထင်သလောက် အထီးကျန် ဝါဒီ ဆန်သူများ မဟုတ်ဘဲ မိတ်ဆွေများကို သေချာ ရွေးချယ်လေ့ ရှိသည်ဟု မျက်ကန်း တစ္ဆေမကြောက် နိုင်ငံများ ဖြစ်သည်ဟု ဆိုပါသည်။

တပ်မတော် အစိုးရ၏ နိုင်ငံခြားသားများကို ကြောက်ရွံ့သော အဆိုးမြင် အယူအဆသည် အထီးကျန် ဧကစာဝါဒ ထက်စာလျှင် ကျူးကျော်မှုကို ကြောက်ရွံ့သော အရိုးစွဲနေသည့် ဝါဒကြောင့် အမြစ်တွယ် နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ရာစုနှစ် နီးပါးမျှ ပြည်ပ အင်အားကြီး နိုင်ငံ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး ၁၉၄၈ တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရသော အခါတွင်လည်း လူမျိုးစု တိုင်းရင်းသား များ၏ တော်လှန်မှုကြောင့် တစ်စစီ ပြိုကွဲလု နီးပါး ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ပင် နိုင်ငံအား ပြည်တွင်း ပြည်ပ အန္တရာယ်များ ရန်သူများ လက်မှ ကာကွယ် စောင့်ရှောက် နိုင်ခဲ့သော သမိုင်းဆိုင်ရာ နေရာ တစ်ခုကို မြန်မာ့ တပ်မတော်က ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ဗိုလ်ချုပ် များသည် ၎င်းတို့အား ဖိအားပေးမှုကို နိုင်ငံအား ခြိမ်းခြောက် ခံရမှု အဖြစ် နားလည် သတ်မှတ် လေ့ရှိပြီး ယင်းအချက်မှာ မှားယွင်းသော လမ်းပြ ခေါင်းဆောင်မှုနှင့် မှားယွင်းသော အယူအဆ ဖြစ်သည်ဟု Australia's Griffith University မှ သုတေသီ Andrew Selth က သုံးသပ်ပါသည်။ သို့ရာတွင် စစ်ဗိုလ်ချုပ်များ၏ ကြောက်ရွံ့မှုသည် မှန်ကန်နေပြီး အနောက် နိုင်ငံများ၏ အရေးယူမှုများ၊ ပြစ်တင် ဝေဖန် နေမှုများက အဆက်မပြတ် မီးထိုးပေးနေ သကဲ့သို့ ဖြစ်စေပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲ ကာလ အတောအတွင်း မြန်မာ့ကမ်းရိုးတန်းတွင် အမေရိကန် ပြည်ထောင်စု၏ ရေတပ် သင်္ဘော အုပ်စု စေလွှတ် နေရာ ယူခဲ့ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံကို အီရန်၊ မြောက်ကိုရီးယား တို့နှင့် အတူ အထီးကျန် အာဏာရှင် နိုင်ငံများ အုပ်စုသို့ သွတ်သွင်း လိုက်ပါသည်။ အနောက် နိုင်ငံများ၏ ရှောင်ဖယ် စိမ်းကားမှုသည် မြန်မာ နိုင်ငံကို အာရှ၏ စစ်အင်အားကြီး နိုင်ငံတစ်ခု အဖြစ် တည်ဆောက်ခြင်းနှင့် လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သော တရုတ်နိုင်ငံ၊ ရုရှားတို့နှင့် ပိုမို ရင်းနှီးသော ဆက်ဆံရေး လမ်းကြောင်း ရရှိသွားခြင်း ဟူသော စွဲမြဲ ခိုင်မာနေသည့် လှုပ်ရှားမှု ၂ ခုဆီသို့ တွန်းပို့ နေသကဲ့သို့ ဖြစ်သွားခဲ့ပါပြီ။

ရိုင်းပြသူများ ပြခန်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာနိုင်ငံတွင် အားလုံးထက် အရေးပါ အရာရောက်သော အုပ်ချုပ်သူ ဖြစ်သော်လည်း ထိပ်ဆုံးတွင် တစ်ဦးတည်း ရပ်တည်နေသူ မဟုတ်ပါ။ သူ အလွန်သဘောကျ၍ ဆက်ခံသူ အဖြစ် ရွေးချယ်ထားသော ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အစိုးရ၏ ရေရှည် ရည်မှန်းချက် ဖြစ်သည့် နျူကလီယား နည်းပညာ ရရှိရေး အစီအစဉ်၏ မာလိန်မှူး၊ အမေရိကန် ဆိုင်ရာ သံအမတ်ဟောင်း ဦးသောင်းတို့သည် တပ်ချုပ်ကြီး၏ အမာခံ သစ္စာရှိ ဘက်တော်သားများ ဖြစ်ပါသည်။ ထို့အပြင် တပ်ချုပ်ကြီးနှင့် ဆက်နွယ်နေသော လက်တစ်ဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်များ အုပ်စုသည်လည်း အမာခံ ဘက်တော်သားများ ဖြစ်ပြီး ၎င်းတို့အနက် အများစုမှာ ဗိုလ်ချုပ်များကဲ့သို့ပင် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့က ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှု၏ ပစ်မှတ် အကြောင်းအရာ ဖြစ်နေပါသည်။ တပ်ချုပ်ကြီး၏ စီးပွားရေး ဆိုင်ရာ ရောင်းရင်းများ အုပ်စုသည် ဩဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်သော (စေ့စပ် ဆွေးနွေးရေးကို ထောက်ခံသူ) ဆီနိတ်တာ Jim Webb ကို နွေးထွေးစွာ ကြိုဆို၍ "အဘကြီး" ၏ စည်းရုံးရေးအစီအစဉ်ကို ပါဝင်ဆောင်ရွက်ခဲ့သည်။ အမေရိကန် မရင်းတပ်ဖွဲ့ဝင်ဟောင်း ဆီနိတ်တာကို ပြုံးပြုံးကြီး လက်ဆွဲ နှုတ်ဆက် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပုံကို နိုင်ငံပိုင် ရုပ်မြင် သံကြားဌာနက ထုတ်လွှင့်ခဲ့ပြီး အစိုးရ အာဘော် New Light of Myanmar သတင်းစာကလည်း "ဩဇာကြီးသော အမေရိကန် လွှတ်တော် အမတ်က မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး အရေးယူမှုများကို ဆန့်ကျင်ကြောင်း" ဖော်ပြ၍ ၎င်း၏ စာဖတ်ပရိသတ်ကို ဆော်ဩခဲ့ပါသည်။

ဆယ်စုနှစ် ၂ စုမျှ တင်းကြပ်စွာ ပိတ်ပင် အရေးယူ ခံရသော်လည်း တပ်မတော် အစိုးရသည် ချမ်းသာ ကြွယ်ဝမှုနှင့် တကွ ရှင်သန်နိုင်ခဲ့သည်။ သို့သော် အရေးယူပိတ်ပင်မှုများကို ရုတ်သိမ်းပေးစေလိုသော ၎င်းတို့၏ ဆန္ဒမှာမူ လျော့ပါး မသွားခဲ့ပါ။ ကမ္ဘာက ဘယ်လိုထင်ထင် သန်းရွှေက ဂရုမစိုက်ပါဟု ပြည်သူအများစုက ပြောဆိုပါသည်။ သို့ရာတွင် နိုင်ငံတကာမှ ဝိုင်းပယ်ထားသော အနေအထားကို ဖယ်ရှား လိုသော ဆန္ဒ ၎င်းတွင် ရှိပါသည်ဟု Rogers က ပြောကြားခဲ့ပြီး ဥပဒေအရ တရားဝင်သော အစိုးရဖြစ်လေဟန် ဖုံးကွယ် လှည့်စား လိုသော ဆန္ဒလည်း ရှိကာ ကြိုတင် အကွက်ချ ထားသော ၂၀၁၀ ရွေးကောက်ပွဲက ၎င်းကို အထောက်အကူ ပြုလိမ့်မည်ဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် "စည်းကမ်း ရှိ၍ စနစ်ကျသော ဒီမိုကရေစီ စနစ်" ကို အကောင်အထည်ဖော် ဖန်တီးရန် သန္နိဋ္ဌာန် ချထားပြီး အဆိုပါ စနစ်သည် စစ်အုပ်ချုပ်ရေးကို အမြစ်တွယ် ခိုင်မာစေသည်သာ မကဘဲ ၎င်း၏ အာဏာ ဆက်လက် ချုပ်ကိုင်လိုမှုနှင့် ပုဂ္ဂိုလ်ရေးရာ ကဏ္ဍကိုပါ အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။ ၂၀၀၂ ခုနှစ်က ၎င်းထံမှ အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဦးနေဝင်း (သူ့အား မြေတောင် မြှောက်၍ အာဏာ ပလ္လင်ပေါ် တင်ပေးခဲ့သူ) နှင့် သမီး ခင်စန္ဒာဝင်း တို့ကို နေအိမ်တွင် အကျယ်ချုပ်ထားပြီး ဦးနေဝင်း၏ မြေးများအား ထောင်ဒဏ် ချမှတ်ခဲ့သည်။ ဦးနေဝင်းသည် လျစ်လျူရှုခံ ဘဝဖြင့် ဂုဏ်သိက္ခာမဲ့စွာ ကွယ်လွန် သွားခဲ့သည်ဟု စာရေးဆရာ Christina Flink (Living Silence: Burma under Military Rule စာအုပ်ကို ရေးသားသူ) က ပြောကြားခဲ့သည်။ ထို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထပ်တူ ထပ်မျှ နာကျင်စွာ ဖြစ်ပျက် ခံစားရပါလိမ့်မည်။ တပ်မတော် အကြီးအကဲ၏ နောက်ထပ် အားနည်းချက် တစ်ခုမှာ သူ၏ မိသားစုနှင့် ပတ်သက်နေပြီး "စည်းမဲ့ကမ်းမဲ့ ထင်တိုင်းကြဲ" နိုင်ရန် ခွင့်ပြု အလို လိုက်ခဲ့သည်ဟု Rogers က ပြောပါသည်။ ၎င်း၏ သားသမီး ၈ ဦး အနက်မှ တစ်ဦး ဖြစ်သူ စိန်ထည် လက်ဝတ် ရတနာများ ညွတ်နေအောင် ဆင်မြန်း ထားသည့် သန္တာရွှေနှင့် ဗိုလ်မှူး တစ်ယောက် တို့၏ ကြီးကျယ်သော လက်ထပ် ပွဲကြီးကို ၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့ရာ ဆင်းရဲတွင်း နက်နေသော ပြည်သူများ၏ အမျက်ထွက်ခြင်းကို ခံခဲ့ရပါသည်။

တစ်ကိုယ်တော် လေလွင့်ခြင်း
များစွာသော မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများနှင့် အမေရိကန် ကွန်ဂရက် လွှတ်တော် အတွင်း၌ "စစ်ဗိုလ်ချုပ်များနှင့် စတင် ဆက်ဆံခြင်း" ကို လိုက်လျောမှု တစ်ခု အနေဖြင့် ရှုမြင်ကြပြီး ဗိုလ်ချုပ်မှူးကြီး၏ ပုဂ္ဂိုလ်ပိုင်း ဆိုင်ရာ ကဏ္ဍအနေဖြင့်မူ လက်တွင် သွေးစွန်း နေပြီဟု ဆိုပါသည်။ ၂၀၀၅ ခုနှစ်က အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခဲ့သော ထောက်လှမ်းရေး အရာရှိဟောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် (ငြိမ်း) ၏ အခိုင်အမာ ပြောဆိုချက် အရ အဘကြီးသည် ၁၉၉၈ ခုနှစ်က မြိတ်ကျွန်းစုရှိ ကျွန်းတစ်ကျွန်း ပေါ်တွင် ကလေး၊ လူကြီး အပါအဝင် လူ ၈၁ ဦးကို သတ်ဖြတ်ရန် ရက်စက်စွာ အမိန့် ပေးခဲ့ သည်ဟု ဆိုပါသည်။ နောက် ၅ နှစ် အကြာတွင် အဘကြီး၏ လက်မရွံ့လူမိုက် အဖွဲ့သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို ဒီပဲယင်းမြို့အနီး၌ လျှက်တပြက် ခြုံခို တိုက်ခိုက်ခဲ့ရာ သူမ၏ ပါတီကေဒါများ အပါအဝင် ထောက်ခံသူများ ဒါဇင်နှင့် ချီ၍ ထိခိုက် ကျဆုံးခဲ့ပါသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီး၏ အကြီးမားဆုံး နိုင်ငံရေး ပြိုင်ဘက် အဖြစ် ဆက်လက် ရပ်တည် နေပြီး အဘကြီး၏ ပုဂ္ဂိုလ်ရေး အရ သူမအား နှစ်သက်မှုမရှိဟု သိရပါသည်။

ဤသည်မှာ နိုင်ငံရေးအရ တွက်ချက် ခန့်မှန်းမှု သက်သက်မဟုတ်ပါ။ ၎င်းက သူမသည် အယူအဆ တစ်ရပ် အပေါ်တွင် ခိုင်မာလွန်းသူ၊ အနောက်တိုင်း ဆန်သူ၊ ပွင့်လင်းစွာ ပြောလွန်းသူ အမျိုးသမီး တစ်ဦး အဖြစ် သတ်မှတ် ယူဆထားပုံ ရပါသည်။ ပြီးခဲ့သော ဩဂုတ်လကမူ သူမ၏ ခြံဝင်း အတွင်းသို့ မဖိတ် ခေါ်ဘဲ ဝင်ရောက်လာသည့် အမေရိကန်ရေကူးသမား၏ ကိစ္စ (ထူးဆန်း အံ့ဩဖွယ် ဖြစ်ရပ်ဟု အများက သတ်မှတ်) ကြောင့် နေအိမ် အကျယ်ချုပ် သက်တမ်းအတွင်း ဥပဒေ ချိုးဖောက်သည်ဟု အပြစ်ရှိကြောင်း သတ်မှတ်ကာ ပြစ်ဒဏ် ချမှတ်ခံရပါသည်။ မူလက ချမှတ်ထားသော အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ကို နေအိမ်တွင် ၁၈ လ အကျယ်ချုပ် အဖြစ် လျှော့ပေါ့ပေးခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သက်ညှာ ပေးလိုသော ဆန္ဒအရဟု တရားရုံးတွင် ကျယ်လောင်စွာ ဖတ်ကြားခဲ့သည်ဟု ဆိုပါသည်။ ဗိုလ်မှူး အောင်လင်းထွဋ်(ငြိမ်း)ကမူ လက်ခံ ယုံကြည်ခြင်း မရှိပါ။ ဗိုလ်ချုပ်မှူးကြီးသည် အနောက်တိုင်း အရေးယူ ပိတ်ဆို့မှုများကို ကာလ ရှည်ကြာ ထောက်ခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အား သိက္ခာချရန် မည်သည့် ကိစ္စကို မဆို ပြုလုပ် လိမ့်မည်ဟု ဆိုပါသည်။ တပ်ချုပ်ကြီးသည် Jim Webb နှင့် တွေ့ဆုံ ရာတွင် နိုဘယ် ဆုရှင်ကို ရှုတ်ချ ဖော်ကျူးရန် ရည်ရွယ် လုပ်ဆောင်မှု အဖြစ် "သူမသည် အရေးယူမှုများ ရုတ်သိမ်းရေး ကိစ္စတွင် ခေါင်းမာ လွန်းသူ၊ မြန်မာ ပြည်သူများ၏ ရန်သူ ဖြစ်သည်" ဟု ၎င်းက ပြောဆိုခဲ့သည်။ သို့သော် သူမသည် အရေးယူမှုများကို ထောက်ခံသည့် သဘောထားအား ဆက်လက် ကိုင်စွဲထားမည် မဟုတ်ပါ၊ အမေရိကန်၏ တွေ့ဆုံဆွေးနွေးမှုသည် ကောင်းမွန်သော ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ NLD ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူမှ တဆင့် မကြာမီက ဝန်ခံ ပြောကြား ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမအား မည်သူက အပြစ်တင်နိုင်မလဲ ဆိုသည့်အချက်နှင့် ပတ်သက်၍ သတိကြီးစွာ ထားနေပုံရပါသည်။ နိုင်ငံရေး ပြန်လည် တည်ဆောက်ရန် အခြေအနေ ပေါ်ထွက်လာမှု အပါအဝင် အတိုက်အခံများနှင့် ဆွေးနွေးညှိနှိုင်းရန် ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်ချုပ်ကြီးသည် လောလောဆယ်တွင် တုန့်ပြန် ပြောင်းလဲဦးမည် မဟုတ်ပါ။ အကြောင်းရင်းမှာ အာဏာကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်ထားခြင်းကို ဆက်လက် ထိန်းသိမ်းရန်အတွက် လိုအပ်သော အရာ အားလုံးကို ၎င်းက ဆန္ဒ ရှိနေခြင်းပင် ဖြစ်သည်ဟု Seekins က ပြောသည်။ သို့ဖြစ်၍ သံတမန်ရေး ဆိုင်ရာ တိုက်ခိုက်မှု အသစ်များ ဖြစ်လာနိုင်သလား ဟု မေးစရာ ရှိပါသည်။ အမေရိကန် ပြည်ထောင်စု၏ မြန်မာ နိုင်ငံ အပေါ် ကိုယ်တွယ် ချဉ်းကပ်မှု ပုံစံအသစ်သည် ထိပ်တိုက် ရင်ဆိုင် တွေ့ခြင်းထက် သံတမန်ရေး ဆွေးနွေးမှုများကို ဦးစားပေးမည့် အိမ်ဖြူတော်၏ မူဝါဒမှ ထွက်ပေါ် လာသော ရလဒ် ဖြစ်သည်။ နည်းဗျူဟာ များကို ပြောင်းလဲခြင်း ဖြစ်ပြီး မဟာဗျူဟာအရ ပြောင်းလဲမှု သိပ်မရှိပါဟု Fink က ဆိုပါသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးလာမှုနှင့် ပတ်သက်သော ဝါရှင်တန်၏ ပူပန်မှု၊ ဗိုလ်ချုပ်မှူးကြီး၏ နျူကလီယား ရည်ရွယ်ချက်များ ပေါ်ထွက်လာမှုတို့ပင် ဖြစ်ပါသည်။ မြန်မာ အစိုးရ၏ ပွင့်လင်းစွာ ဖွင့်ဟရန် ဆန္ဒရှိမှုကို ဝါရှင်တန်က ပိုမို တွက်ချက်၍ စွန့်စား လိုက်ခြင်းလည်း ဖြစ်သည်။ ယခု အမေရိကန်အစိုးရ၏ အနေအထားမှာ ၁၉၉၀ ခုနှစ်များက ဂျပန်အစိုးရ ကြုံတွေ့ခဲ့ရသော အနေအထားနှင့် ထပ်တူ ဖြစ်နေသည်ဟု ဆိုပါသည်။ ထိုစဉ်က "တိုကျို"သည် စီးပွားရေး အထောက်အပံ့ ပေးခြင်းဖြင့် မြန်မာ အစိုးရ၏ လမ်းကြောင်းကို ပြောင်းလဲ နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်သည်။

ယခု အခါ တပ်မတော် အစိုးရသည် နေရာတိုင်း၌ ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့မြင် နိုင်ပါသည်။ ယခင်လက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ပြီးခဲ့သော ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ် အဖြစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းက ကုလကိုယ်စားလှယ်များအား အရေးယူ ပိတ်ပင်မှုများသည် တရား မျှတမှု မရှိကြောင်း နယူးယောက်မြို့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် ဆီနိတ်တာ Jim Webb နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell တို့ နှစ်ဦး စလုံးနှင့် ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ မြန်မာ နိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်နှင့် အရေးယူ ပိတ်ပင်မှုများ ရုတ်သိမ်းရေး ကိစ္စကို ဆွေးနွေး ခဲ့ပါသည်။ ယခု အချိန်တွင် ဘာမှ ဖြစ်မလာနိုင်သေးပါ။ Campbell က "မှားယွင်းစွာ အချက်ပြမှု ဖြစ်သွားနိုင်သည်" ဟု သတိပေးခဲ့ပြီး သူ၏ အထက် အရာရှိကလည်း သဘောတူ ပါသည်။ အရေးယူမှုများသည် မိမိတို့ မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက် ထားရှိဦးမည်ဟု Hilary Clinton က ဆက်လက် ပြောကြားပါသည်။

အဆိုပါ အကြောင်းအရာကို ဆွေးနွေးခြင်း၊ စေ့စပ် ညှိနှိုင်းခြင်း များကို "လက်နက် ကိရိယာ" အဖြစ် အသုံးပြု၍ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ပေါ်ရေး ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားသွားဦးမည်ဟု ဆိုပါသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အမှန်တကယ် လုပ်ဆောင် ဖူးခြင်း မရှိသည့် တပ်ချုပ်ကြီး၏ သမိုင်းကြောင်းကို တွေးဆ၍ ယခု စေ့စပ် ညှိနှိုင်းမှုမှ အကျိုး သက်ရောက်မှုများသည် နဂို ရှိရင်းစွဲ အမှန်တရားလောက် အရေးမကြီးဟု ယူဆပါက အမေရိကန် အာဏာပိုင်များ မှန်ကန်သည်ဟု ဆိုနိုင် ပါသည်။

သဘောထား တင်းမာသော ၎င်းကိုယ်တိုင်မှ တပါး မည်သူမျှ မတတ်နိုင်သည့် အမှန်တကယ် အလျှော့ပေး ညှိနှိုင်းမှုများသည် သာလျှင် လာမည့်နှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် တားမြစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အစီအစဉ်ကို စတင်နိုင်မည် ဖြစ်ပြီး ဒီမိုကရေစီ ရရှိရေးမှာမူ အလှမ်းဝေးသော ပန်းကလေးအဖြစ် တည်ရှိနေပါဦးမည်။

လူတိုင်း လူတိုင်းက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် တိုက်တွန်း နေကြသော်လည်း ဗိုလ်ချုပ်မှူးကြီးသည် ၎င်းကိစ္စကို အရေးတကြီး ပြုလုပ်မည်ဟု မထင်ပါကြောင်း Seekins က ပြောကြားပါသည်။ ၎င်း၏ ရှေ့တွင် ဖြစ်ရပ်များ အခြေအနေများ တစ်ခုပြီး တစ်ခု ကူးပြောင်း သွားသည့် တိုင်အောင် များစွာ ပြောင်းလဲ သွားလိမ့်မည် မဟုတ်ပါ။ တစ်ယောက်သော သူက မြန်မာ နိုင်ငံတွင် ဖြစ်ပျက် သမျှ အရာအားလုံးကို ထိန်းချုပ် ထားပါသည်။

--
မြန်မာ့ ဒီမိုကရေစီ ကျောင်းသားများ
Democracy Students of Myanmar
2010.

မေးလ်မှ ရရှိကာ ပြန်လည် မျှဝေပါသည်။ ပေးပို့သူအား ကျေးဇူးများစွာ တင်ရှိပါကြောင်း မှတ်တမ်း တင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

ပြည်သူ့ ငြိမ်းချမ်းရေး တိုက်ပွဲ

Monday, September 28, 2009 · 0 ရဲ့ အမြင်

ဗမာ့ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလား တောင့်တနေသည့် အရာသည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်သည်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး အနှစ်(၆၀) ကျော်ခဲ့သော်လဲ တည်ငြိမ် အေးချမ်းသည့် ဘ၀မျိုးကို ပိုင်ဆိုင်ခွင့် မရကြသေး၊ လွတ်လပ်ရေး၏ အသီးအပွင့်တွေကို ရယူ သုံးစွဲ ခံစားခွင့် မရှိနိုင်ကြသည့် ဘ၀များနှင့် အနာဂတ်မဲ့စွာ ဖြတ်သန်း နေကြရသည်။

နအဖ စစ်မိစ္ဆာကောင်များသည် စစ်မှန်သည့် ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းလိုကြ၊ ဒီမိုကရေစီနှင့် တရား နည်းလမ်းကျသည့် အရာ မှန်သမျှကို အာဏာ လက်နက် အားကိုးနဲ့ ရက်ရက် စက်စက် ခြေမှုန်း သုပ်သင် တတ်ကြပေသည်၊သို့သော် ငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်း နေကြသူများသည် ဘယ်သောခါမှ သေရိုးထုံးစံမရှိ၊ ဘယ်လိုပင်သတ်သတ် ငြိမ်းချမ်းရေး မြက်ခင်း ပြင်ကြီးသည် စိမ်းစိုမြဲ စိမ်းစို၊ လှပမြဲ လှပ နေမည်သာ ဖြစ်သည်။

အမိ ဗမာပြည် ဒီမိုကရေစီ နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ထွန်းကာ ပေါ်ပေါက်လာရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက် နေကြသူများသည် နအဖ စစ်မိစ္ဆာကောင်များ စွပ်စွဲသလို အကြမ်းဖက် သမားများ မဟုတ်ကြ၊ အကြမ်းဖက်သည့် လုပ်ရပ်များကိုလဲ ဘယ်သောခါမှမကျူးလွန်ကြ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် နေကြသူများသာ ဖြစ်သည်။ သူတို့သည် တိုင်းပြည် ငြိမ်းချမ်းရေး အတွက် သူတို့၏ ဘ၀များကို ပေးဆပ် သူများသာ ဖြစ်သည်၊ ရယူလိုသူများမဟုတ်ကြ၊ နအဖ စစ်မိစ္ဆာကောင် အာဏာရှင်များသည် ငြိမ်းချမ်းရေး ဆိုသည့် အသံကို မကြားလိုကြ၊ အာဏာရှိသည်၊ လက်နက်ရှိသည်၊ ငွေရှိသည် လုပ်ချင်တာ လုပ်လို့ရသည် ဆိုသည့် တိရိစ္ဆာန်ထက် နိမ့်ကျသည့် အောက်တန်းကျ ယုတ်မာသည့် စိတ်ဓာတ်မျိုးတို့ဖြင့် တစ်တိုင်း တစ်ပြည်လုံးကို ထင်တိုင်းကြဲ ဖျက်ဆီး ချင်တိုင်း ဖျက်ဆီး နေကြပေသည်။ ထိုသူတို့သည်သာ အကြမ်းဖက် သမား စစ်စစ် ဖြစ်ပေသည်။

မြန်မာပြည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ထွန်းကား ပေါ်ပေါက်ရေး အတွက် စစ်အာဏာရှင် စနစ်ဆိုးကြီး မရှိမှဖြစ်မည်၊ ဒီစနစ်ဆိုးကြီးရဲ့ လောင်းရိပ် အောက်မှာ ကျွန်ုပ်တို့ ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ် ခဲ့ကြရပေသည်။ တိုင်းပြည်ကြီးကတော့ ယနေ့ချိန်ထိ ဘာတစ်ခုမှ ဖြစ်မလာ နိုင်သေးပေ၊ အာဏာရှင် လောင်းရိပ် အောက်တွင် ရှိသည့် အရာမှန်သမျှသည် စစ်မှန်သည့် အရာများ မဟုတ်ကြ၊ အတုအယောင် ဟန်ဆောင် ဖုံးကွယ်ထားသည့် အရာများသာလျှင် ဖြစ်ပေ လိမ့်မည်၊ ထို အတုအယောင် များကို ရှင်းလင်း ဖယ်ရှားပစ်ရမည့် တာဝန်မှာ ကျွန်ုပ်တို့ မျိုးဆက်တစ်ရပ်လုံး၏ မဖြစ်မနေ လုပ်ဆောင် ရမည့် တာဝန် တစ်ခု ဖြစ်ပေသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မရှိသည့် အတွက်ကြောင့် တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် တော့မည့် အန္တရာယ်ဆိုးနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီ ဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပေါ်ပေါက် ထွန်းကားရေး အတွက် ကျွန်ုပ်တို့သည် ရှိသမျှ စွမ်းအားဖြင့် ခုခံ တိုက်ပွဲဝင်ကြရမည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော အားကိုးရာ လက်နက်ဖြစ်ပေသည်။ ကျွန်ုပ်တို့ စိုက်ထူမည့် ငြိမ်းချမ်းရေး မှတ်တိုင်သည် မြန်မာပြည် အတွက်ပါမက ကမ္ဘာကြီး အတွက်ပါ သမိုင်းကဗျည်း မှတ်တမ်း ရေးထိုးရမည့် အရာဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ထွန်းကားဖို့ အတွက် ပိတ်ဆို့ကာရန်ထားသည့် စစ်အာဏာရှင် ဟူသော တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုလှဲ ဖျက်ဆီး ပစ်ရမည် ဖြစ်သည်။ တစ်ဦး တစ်ယောက်တည်း ဖြိုလှဲ၍မရ ညီညီညာညာ စုပေါင်းဖြိုလှဲမှ အောင်ပွဲ ခံနိုင်မည် ဖြစ်ပေသည်။ ယုတ်မာ ဆိုးသွမ်း ကောက်ကျစ်သည့် စစ်အာဏာရှင် စနစ် ဆိုးကြီး အောက်က မရုန်းထွက် နိုင်ခဲ့ပါက ကျွန်ုပ်တို့၏ လူမျိုး ဘာသာ သာသနာ တော်ကြီးသည် ကမ္ဘာ့ အလယ်မှာ မကြာမီ ပျောက်ကွယ် တော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

တက္ကသိုလ် သောတုဇန ဘိက္ခု (ရန်ကုန်)

ဖတ်ကြည့်ချင်သေးလား....

ဗုံးခွဲတရားခံများ

Friday, September 18, 2009 · 0 ရဲ့ အမြင်

ရန်ကုန်မြို့၊ လှိုင်သာယာနှင့် ရွှေပေါက်ကံမြို့တို့တွင် (၁၆)ရက်နှင့် (၁၇)ရက် နေ့များက ဗုံး(၆)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်၊ ပြည်သူ့ ပြောက်ကျား တပ်ဦး ဆိုတဲ့ စောက်ရူး အဖွဲ့ကလဲ သူတို့လက်ချက်ပါဟု ရူးကြောင်ကြောင် ကြေညာချက် တစ်စောင်ကို မီဒီယာပေါ် ဖြန့်ဝေ ခဲ့ကြသည်။ အမှန်တကယ် မြန်မာ နိုင်ငံမှာ ဗုံးကွဲမှုကိစ္စသည် အထူးအဆန်း တစ်ခု မဟုတ်သလို ဘယ်သော ခါမှလဲ တရားခံကို ဖမ်းမိခဲ့ရိုး ထုံးစံမရှိခဲ့၊ ဘယ်သော ခါမှလဲ ဖမ်းမိနိုင်မည် မဟုတ်ပေ၊ ဗုံးခွဲ တရားခံသည် နအဖ ကိုယ်တိုင် ဖြစ်နေသောကြောင့် ဖြစ်သည်။ နအဖသည် နိုင်ငံရေး မငြိမ်မသက် ဖြစ်စေရန် နည်းအမျိုးမျိုးနှင့် ပြုမူ လုပ်ဆောင်လေ့ ရှိသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အကြမ်းဖက် အာဏာရ အဖွဲ့အစည်း တစ်ခု ဖြစ်ပေသည်၊ ၄င်းတို့ စစ်အာဏာရှင် သက်ဆိုး ရှည်ရေး အတွက် ညစ်ပတ် ကောက်ကျစ်သည့် မည်သည့် နည်းလမ်းကို မဆို အသုံးပြုလေ့ ပြုထရှိသည့် အဖွဲ့အစည်းကြီး တစ်ခုလဲ ဖြစ်ပေသည်။

တိုင်းပြည်ကြီး အေးချမ်း နေပါတယ် ပြောသလိုပြော၊ တိုးတက် နေပါတယ် ဆိုချင်ဆိုနဲ့ စုတ်ပြတ်သပ်နေတဲ့ ပြည်သူတွေရဲ့ ဘ၀ကတော့ တစ်တိုင်း တစ်ပြည်လုံး နေရာလပ် မကျန်အောင် ပြည့်နှက် နေပေသည်။ နအဖမှာ တစ်ခုခုအတွက် ကလိမ်ကကျစ် လုပ်ဖို့ အကြောင်း ကိစ္စပေါ်လာလျှင် လူမရှိသူမရှိသည့်နေရာတွင် သေချာပေါက် ဗုံးဖောက် ခွဲလေ့ရှိပေသည်။ ဗုံးဖောက် ခွဲပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုပ်မည်၊ တိုင်းပြည် အတွက် အမျိုးမျိုး အနစ်နာခံ ဘ၀တွေ ပေးဆပ်ပြီး ရိုးသားတက်ကြွစွာ လုပ်ကိုင် ဆောင်ရွက် နေကြတဲ့ N L D လူငယ်တွေကို ဖမ်းမည်၊ ဖမ်းပြီးလျှင် အတင်းဝန်ခံ လက်မှတ် ထိုးခိုင်းမည်၊ ဗုံးဖောက် ခွဲမှုကို N L D က နောက်ကွယ်က ကြိုးကိုင် စေခိုင်းသည်၊ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း များနှင့် အဆက်အသွယ် ရှိသည်၊ ဘာညာ သာရကာ မဟုတ်တမ်း တရားတွေနဲ့ စောက်ရူး ကျော်ဆန်း တို့က မျက်နှာ ပြောင်တိုက် အရှက်မရှိ လူပုံ အလယ်မှာ ရွှီးကြ ပြကြပေးဦးမည်။ ဒါဟာ နအဖရဲ့ ပုံသေ နိုင်ငံရေး ကစားကွက် တစ်ခု။

ဒီလို ကလိမ်ကကျစ် ကောက်ကျစ် ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုနေတဲ့ အကြမ်းဖက် သမား စစ်အုပ်စုက ၂၀၁၀ မှာ ဒီမိုကရေစီ ဖော်ဆောင် ဦးမည် တဲ့လား၊ ဖော်ဆောင်လို့ဖြစ်လာတဲ့ ဒီမိုကရေစီဟာလဲ စစ်ဗိုလ်ကိုမျက်နှာချိုသွေးရ၊ စစ်ဗိုလ် ကတော်ကို မျက်နှာချို သွေးရ ကြံ့ဖွတ်ကို မျက်နှာချို သွေးရနဲ့ ဖာသည် အကြီးစား ဒီမိုကရေစီပဲ ဖြစ်မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါဘူး။

တော်လှန်ရေး သမားတွေ အားလုံး တော်လှန်ရေး သတိရှိကြ စေချင်ပါသည်၊ နအဖဟာ ဘယ်သော ခါကမှ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာ ရှိခဲ့ကြသူများ မဟုတ်ကြပါဘူး၊ ပြည်သူတွေက သူတို့ကို အယုံအကြည် မရှိဘူး ပြည်သူတွေရဲ့ ခေါင်းဆောင် အစစ် မဟုတ်ဘူး ဆိုတာ သူတို့ ကိုယ်တိုင် သိရှိ နေကြပါတယ်။ မဝေးတော့သည့် တစ်နေ့တွင် ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ခံကြရမည် အဖွဲ့သည် သန်းရွှေ ဦးဆောင်သော ကြံရာပါ နောက်လိုက် ဆိတ်လစေ့လို လူများ ဖြစ်ပေသည်။

ပြည်သူများသည် ငြိမ်းချမ်းရေးကို လိုလား တောင့်တ ငတ်မွတ် နေကြသူများ ဖြစ်သည်၊ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အချင်းချင်း သင့်သင့်မြတ်မြတ် ဖြစ်အောင် ညှိနှိုင်း တိုင်ပင် ဆွေးနွေး နိုင်မည့် စာပွဲဝိုင်း တစ်ခု ဖြစ်ပေါ် လာဖို့ လိုလားေ တာင့်တ နေကြသည်၊ ဒီအချက်ကို နအဖက မလိုလား၊ အာဏာကို တစ်ရွေးသားမှ လက်မလွတ်ချင်၊ အာဏာနှင့် အတူ တိုင်းပြည်ရဲ့ထွက်သမျှ သယံဇာတတွေ အပေါ်မှာ စည်းစိမ် ယစ်မှူး ရူးချင်တိုင်း ရူးနေကြပေသည်၊ လက်နက် အားကိုးနဲ့ ပြည်သူတွေကို အမြဲတမ်းနှိပ်စက် အနိုင်ကျင့် နေချင်သည်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ = အရာရာ အားလုံးသည် တစ်ခုမှ တည်မြဲတာ မရှိ ဆိုသည့် ဘုရားဟောသည့် အချက်ကို မေ့လျှော့ နေကြသည်၊ ဘယ်လိုပင် မေ့မေ့ မမေ့မေ့ မဝေးတော့သည့် အချိန်တွင်တော့ ကမ္ဘာ့အကြမ်းဖက် အာဏာရ ဖွတ်အဖွဲ့သည် တိုင်းပြည်မှ ခွေးပြေး ၀က်ပြေး ကြက်ပြေး နွားပြေး ပြေးကြ ရတော့မည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရပေသည်။

မင်းထက်အောင်(ဒဂုံ)

ဖတ်ကြည့်ချင်သေးလား....

တစ်မျိုးပြီး တစ်မျိုး ရိုးမသွားနိုင်တဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေး မျက်လှည့်

Thursday, September 17, 2009 · 0 ရဲ့ အမြင်

မြန်မာပြည်မှာ ရွှေဝါရောင် တော်လှန်ရေးလို့ လူသိများတဲ့ 2007 ခုနှစ် စစ်တင်ဘာ သံဃာ့ တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပြီး ယခုလို နှစ်နှစ်ပြည့် နှစ်ပတ်လည်နားနီးလာချိန်မှာ မြန်မာပြည် တစ်ဝှန်းလုံးမှာ ရှိကြတဲ့ ဘုန်းကြီးကျောင်းတွေ အနီးနားမှာ လုံခြုံရေး တင်းကြပ်စွာချထားတာတွေ သံဃာတော်များကို အနီးကပ်စောင်ကြည့်နေတာတွေ စစ်အစိုးရ ချုပ်ကိုင်တဲ့ မီဒီယာတွေကနေ တဆင့် နည်းမျိုးစုံ ၀ါဒဖြန့် ရေးသား ထုတ်လွှင့် နေတာမျိုးတွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင် နေပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာသာရေးအရ တူသူ ၊ မတူ ကွဲပြားသူတွေ များကြား အချင်းချင်း စည်းလုံး ညီညွတ်မှု ပျက်ပြားအောင်၊ အဓိကရုဏ်း ပုံစံမျိုး ပေါက်ပေါက် လာအောင် ရည်ရွယ်ပြီး ပြည်သူတွေအချင်းချင်းအကြားမှာ နားလည်မှုလွဲမှာအောင် အတွေးအမြင်တွေ ရှုပ်ထွေးအောင် လုပ်ဆောင် ဖန်တီး နေတာမျိုး တွေကိုလည်း ကြားသိ တွေ့မြင် နေကြရပါတယ်။ ဥပမာ အားဖြင့် များမကြာသေးမှီ ကာလများ အတွင်းကပဲ ရန်ကုန်နဲ့ အခြားမြို့ကြီးများမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာတို့ အကြား မတူကွဲပြားတဲ့ အယူဝါဒ များကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ အန္တရာယ် တစ်ခု အဖြစ် ပုံဖော်ပြီး ပုံနှိပ်ထားတဲ့ စာရွက် စာတမ်းများကို ပြည်သူတွေ အကြား သတိပေးတဲ့ ပုံစံ အနေနဲ့ ဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်။

၎င်းပုံနှိပ် စာတွေ အထဲမှာပဲ ဗုဒ္ဓစာပေတွေကို ရေးသားတဲ့ နေရာမှာ ထင်ရှားကြတဲ့ ဆရာ ပါရဂူ ၊ ဆရာ အေးမောင်၊ ချစ်နိုင်၊ အရှင် သောမဗုဒ္ဓိ၊ ယခင် ရုပ်ရှင် မင်းသားဟောင်း ကျော်ဟိန်း တို့လို ပုဂ္ဂိုလ်တွေ ကိုလည်း ဗုဒ္ဓဘာသာဝင် အချင်းချင်းအကြား အမြင် သဘောထားတွေ ရှုပ်ထွေးအောင် သွေးထိုး လှုံ့ဆော် ပေးနေကြသူများ အဖြစ် စွပ်စွဲထားတာ တွေကို တွေ့ရပါတယ်။ အဆိုပါ ပုံနှိပ်စာရွက်များရဲ့ အဓိက ပြစ်မှတ်တစ်ခုအနေနဲ့ကတော့ ယခင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်တဲ့ အရှင်ဉာဏ အကြောင်းတွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ အရှင်ဉာဏဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှ ဆန့်ကျင်ဖက် ဖြစ်တဲ့ အတွေးခေါ်တွေကို ရှုမြင် ကြံဆသူ အဖြစ် လူသိများပါတယ်။ သူဟာ 1980 ခုနှစ်ကတည်းကစပြီး သူအဆို ပစ္စုပ္ပန္န မျက်မှောက် ၀ါဒကို ထောက်ခံပြောဆိုလာခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်မှာ အခြားသံဃာတော်နဲ့မတူပဲ တမူ ထူးခြား စေတဲ့ အသွင်တစ်ခု ကတော့ မိုးပြာရောင်လို့ ခေါ်တဲ့ အပြာရောင် သင်္ကန်းကို ၀တ်ရုံလေ့ ရှိတာပဲ ဖြစ်ပါတယ်။

အရှင်ဉာဏဟာ 1983 ခုနှစ်မှာ တစ်ကြိမ် ဗုဒ္ဓဘာသာကို အများ အကြည်ညို ပျက်အောင် လုပ်ဆောင်မှု ဆိုတဲ့ စွပ်စွဲချက်နှင့် ပထမအကြိမ် အဖြစ် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် စီရင်ချမှတ် ခံခဲရပြီးတော့ ဒုတိယအကြိမ် အဖြစ် 1991 ခုနှစ်မှာ နောက်ထပ် တစ်ကြိမ် ထောင်ဒဏ် ဆယ်နှစ်ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ 1998 ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက် လာခဲ့ပါတယ်။

ယခုလို စာရွက်စာတန်း ဖြန့်ဝေမှု ကိစ္စနှင့် ပတ်သက်ပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ စစ်တပ်လုံခြုံရေး နှင့် စစ်ထောက်လှမ်းရေးက သော်လည်းကောင်း ဒါမှမဟုတ် စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံဖွတ်တို့လို စွမ်းအားရှင် တို့လို အဖွဲ့စည်းမျိုးက သော်လည်းကောင်း ရဟန်း သံဃာတော်တွေ အချင်းချင်း မညီညီညွတ်အောင် စိတ်ဝမ်းကွဲအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ အများပြည်သူတွေက ယုံကြည် ထားကြကြောင်းကို ရန်ကုန်ရှိ ဂျာနယ်လစ် လောကသားတွေက ပြောဆို နေကြပါတယ်။

ဖတ်ကြည့်ချင်သေးလား....

နအဖ ဘာတွေ လုပ်နေလဲ

Thursday, September 10, 2009 · 0 ရဲ့ အမြင်

“ထို့ကြောင့်ဤသို့” ဆိုတဲ့ ဖြေရှင်းချက်တွေကို နအဖစစ် အုပ်စု နေ့တိုင်း နီးပါး မရပ်မနား လုပ်ပေးနေရတယ်။တရုတ်ကို ဖားရတယ်၊ကချင်ကို နားချရတယ်၊ ၀ ကို ကတိပေးရတယ်၊ ပြည်သူကို လိမ်နေရတယ်။ ကိုးကန့်ကို တိုက်လိုက်တာ လွယ်ပေမယ့် နောက်ပိုင်း ရှင်းရတာတွေက ပိုခက်နေတယ်။

- နအဖ စစ်ကောင်စီ ကြေညာချက် ၁/၂၀၀၉ ထုတ်ပြီး ရှင်းနေရတယ်။

- ကိုးကန့်ဒေသမှာ စိတ်ကြွ ဆေးပြားတွေ၊ စက်ရုံတွေ၊ လက်နက်မှောင်ခိုလုပ်ငန်းတွေ တွေ့ရှိရကြောင်း (အခုမှ) ထုတ်ပြောနေရတယ်။ ပြီးခဲ့တဲ့လ အထိက အဲဒီဒေသမှာ ဘိန်းအစားထိုးလုပ်ငန်းတွေ အောင်မြင်နေကြောင်း မူးယစ်ဆေးဝါး ကင်းစင် ပပျောက်နေပြီ ဖြစ်ကြောင်း ဒေသ တည်ငြိမ်အေးချမ်းနေကြောင်း နအဖ ရေးခဲ့ပြောခဲ့သေးတယ်။ အခုမှ ဗြုန်းစားကြီး WY ဆေးပြားတွေ ဘိန်းတွေ ဆေးခြောက်တွေ M 21 - 22 တွေ ဘယ်က ထွက်လာလဲ။

- အခုလို ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးကို အသည်းအသန်တိုက်ဖျက်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေ အနောက် အင်အားကြီး နိုင်ငံတွေက သတိမပြုမိတာ ပူးပေါင်း ဆောင်ရွက်မှု မလုပ်ကြတဲ့ အပေါ် နအဖ ၀မ်းနည်းနေကြောင်း လျှောက်ပြော လျှောက်ရေး လုပ်နေရတယ်။

- တရုတ်ပြည်ထဲပြေးဝင်သွားတဲ့ လူတွေကို ပြန်ပြီးလက်ခံဖို့နဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှုရှိဖို့ တရုတ်အစိုးရကို ကတိတွေပေးနေရတယ်။
တရုတ်နွယ်ဖွား ကိုးကန့်တွေအပေါ် လူမျိုးတုံး စစ်ဆင်တာ မဟုတ်ကြောင်း တရုတ်ကြီး ကို ရှင်းပြတာ ရွှေနားတော်သွင်းတာ လုပ်နေရတယ်။

- ထွက်ပြေးသွားတဲ့ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်က ယူငင်လုယက်နေလို့ ဖြေရှင်းချက်တွေ ထုတ်နေ ရတယ်။
ဘယ်တုန်းကဖမ်းထားမှန်းမသိ ဘယ်ကမှန်းမသိတဲ့ လူတွေက သူခိုးတံဆိပ် ကပ်ပေးပြီး တရားခံပြ လုပ် နေရတယ်။
ချင်းရွှေဟော်မှာ တရားခံတွေကိုဖမ်းချုပ်ထားကြောင်း ယခု ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ကြောင်း စာလုံးမဲနဲ့ခေါင်းကြီးသတင်းတွေ ဖော်ပြနေရတယ်။

- အပစ်အခတ်ရပ်ဆဲထားတာ ကျိုးပေါက်သွားတာမဟုတ်ကြောင်းနဲ့ “၀” တွေ “ကချင်” တွေအပေါ် စစ်ရေးတိုက်ခိုက် ကျူးကျော်မှုတွေ လုပ်မှာမဟုတ်ကြောင်း ၃ ကြိမ်ထက် မနည်း ကတိတွေပေးနေရတယ်။ (၀ နယ်ကိုတော့ စစ်အင်အား ၃ သောင်းထက်မနည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၀ိုင်းပတ်နေရာယူထားတယ်)

- သတင်းစာထဲမှာ “လောက်ကိုင်မှာသာတဲ့လ” လို “ကိုးကန့်ဒေသ ငြိမ်းချမ်းမြဲ - စိမ်းလန်းစိုပြည် စည်ကားဆဲ” လို ခေါင်းစဉ်မျိုးတွေနဲ့
အမြီးအမောက်မတည့်တဲ့ ဆောင်းပါးတွေ ရေးထည့်ပြီး တနိုင်ငံလုံးသိအောင် ၀ါဒဖြန့်နေရတယ်။

- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးလက်မခံလို့ အခုလို ဘိန်းပြပြီး စစ်ရေးအရ ဖြေရှင်းလိုက်တာ မဟုတ်ရ ပါကြောင်း မြောက်ပိုင်း က အပစ်အခတ် ရပ်ထားတဲ့အဖွဲ့ တွေကို လိုက်ရှင်းပြနေရတယ်။

- သူခိုး လူမိ ဖြစ်သွားလို့ ဘက်စုံ ရှင်း လင်းပွဲတွေ လုပ်နေရတယ်။

- မြန်မာပြည် တောင်ပိုင်းမှာ ကရင်တွေကို အပြုတ်တိုက်ဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ ဒီကေဘီအေ ၀တ်စုံဝတ် သစ်ခုတ် သမား အယောင်ဆောင်ပြီး ကရင်တော်လှန်ရေးနယ်မြေထဲဝင် ကရင် ကရင် ခြင်း သတ်ခိုင်း နေတယ်။ ကရင် ကရင်ခြင်း သတ်ပြီး ပြန်လာတဲ့ ဒီကေဘီအေ တပ်မှုးကို သံလွင်မြစ်ထဲမှာဖျောင်ခဲ့ဘူးတယ်။

- လောလောဆယ် သတင်းပေါက်ကြားမှု ဖြစ်ပွားသွားတဲ့ အတွက် ထိုးစစ်ကို ခေတ္တရပ်ထားတယ်။ ကရင်အမျိုးသား အစည်းအရုံး ဘက်က ထိုးစစ် ဆင်လာတော့မယ့် သတင်းရလို့ ဖာပွန်-ကမာမောင်းလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားတယ်။ ဒီလမ်းက တပ်မဟာ ၅ ကို ထိုးစစ်ဆင်မယ် ဆိုရင် အရေးပါတဲ့လမ်း ဖြစ်နေတယ် ဒီလမ်းကနေ ထောက်ပို့ လုပ်ငန်းတွေ သွားမယ်။ တိုက်မယ် ဆိုရင် တိုက်ပွဲကြီး တွေတော့ တိုက်မှာ မဟုတ်။ မြောက်ပိုင်းအရေးက ပူပူနွေးနွေးရှိသေးတယ်။ မြောက်ပိုင်းမှာ တပ်တွေ စုပုံအောထားရလို့ တိုက်မှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုးဖြစ်ပေါ် လာတဲ့ အချိန်ကို နအဖ စောင့်နေတယ်။ အလစ်အငိုက်မှာ တိုက်လိမ့်မယ်။

- ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ တောင်ပိုင်း ၀ တပ်ဖွဲ့တွေကို ရန်စတာတွေ လုပ်နေတယ်။ စစ်တပ်က လားဟူ ပြည်သူ့စစ် ယူနီ ဖောင်းဝတ်ပြီး ကင်းလှည့်တာ ရှာဖွေ စစ်ဆေးတာတွေလုပ်နေတယ်။ ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ တက် ရင် စစ်တပ်က လားဟူ ဘက်ကနေ ချက်ချင်း အားဖြည့်ပေးမယ် ပြောပြီး ၀ ကို တိုက်ဖို့ လားဟူကို မြှောက်ပေး နေ တယ်။ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့မှာ လူအင်အာ ၄၀ ၀န်းကျင် ရှိတယ်။

စစ်တပ်က နောက်ထပ် လူအင်အား ၂၀ နဲ့ လက်နက်ခဲယမ်း တွေ ဖြည့် ထားတယ်။ လူ ၅၀ - ၆၀ လောက်နဲ့ ငါးစာ ချထားတာ ငါးမျှားချိတ်ကို ၀ တပ်ဖွဲ့ တွေ မမြင် ပါစေနဲ့လို့ နအဖ ဆုတောင်း နေတယ်။

- တောင်းပိုင်း ၀ တပ် ဖွဲ့ဟာ ၀ ပြည် တပ်မတော်ရဲ့ အသက်သွေးကြော တခုဖြစ်တယ်။ တရုတ်အစိုးရကို နအဖ က ကပ်နိုင်လို့ တရုတ် ပြည်က ၀ တွေ အပေါ် ဆေးဝါး ရိက္ခာ လက်နက် ခဲယမ်း မကူညီခဲ့ရင် တောင်ပိုင်းဝ နယ်က လိုအပ်ချက်တွေကို ထိုင်းနယ်ထဲ ကနေ ဖြည့်ဆည်းနိုင်တယ်။

တောင်ပိုင်း ၀ တပ်ဖွဲ့ဟာ ၀ အမျိုးသားတွေနဲ့ ၀ တပ်မတော် အတွက် Logistics ဖြစ်တယ်။ ဒါကြောင့် နအဖ က တောင်ပိုင်းဝ နယ် ထိုင်းနယ်စပ် တလျောက် မှာ အင်အား တိုးချဲ့ ချထားပြီး ဖြတ်တောက်ဖို့ ကြံနေတယ်။ ထိုးစစ်အရလဲ အရေးပါတယ်။ တောင်ပိုင်း ၀နယ်က လှုပ်ရှား နယ်မြေ အရ သေးငယ်တယ် အင်အားနည်းတယ်။ စစ်ဖြစ်ပြီဆိုတာနဲ့ မြောက်ပိုင်း ၀နယ်ကို စစ်ရေး အရ ခြိမ်းခြောက် ထားမယ်၊ တောင်မြောက် အဆက်ဖြတ်မယ်၊ တောင်ပိုင်းဝ နယ်ကို သိမ်းမယ် ဆိုတဲ့ စစ်ရေး ကြံစည်ချက် ရှိနေနိုင်တယ်။

- ကိုးကန့် အရေးမှာ သင်ခန်းစာ ရသွားတဲ့ အပစ်အခတ် ရပ်ဆဲရေး အဖွဲ့တွေက ကြိုတင် ပြင်ဆင်မှု တွေ လုပ်ထားကြလို့ ထင်သလောက် လွယ်ကူမှာမဟုတ်မှန်း နအဖ တွက်ချက်မိနေတယ်။ နအဖ အင်အား တိုးချဲ့ထားပြီး ဒုတ်ပြ ခဲပြ လုပ်နေတာ ၀ လူထုက တအိမ်တယောက် စစ်ထဲလိုက်မယ် ဆိုတဲ့ ကတိပေးလိုက်သလို ၀ တပ်မတော် စစ်ဦးစီး အဖွဲ့ကလည်း အသက်ပေး ကာကွယ်မယ် ဆိုတဲ့ အတွက် ရှေ့တလှမ်းတိုးရမလား - နောက် ပြန်ဆုတ် ရမလား ဖြစ်နေ တယ်။

- အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေက မြွေမသေ ဒုတ်မကျိုး လုပ်နေတာ နအဖ အခံရခက်နေတယ်။ နအဖ လက် အောက်ခံ နယ်ခြား စောင့်တပ် လုပ်တာထက် ကချင့် လက်နက် ကချင့်လက်ထဲမှာထားပြီး ကချင်ဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေး တပ်ဘဲ လုပ်မယ် ဆိုတဲ့ ကေအိုင်အိုရဲ့ သဘောထားနဲ့ ကေအိုင်အို မဖျက်ဘဲ ပါတီသစ် တခုဖွဲ့ပြီး ရွေးကောက်ပွဲ ၀ယ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နအဖ အငိုက်မိသွားတယ်။

ဒါကို လတ်တလော ဖြေရှင်းဖို့ မရနိုင် သေးဘူး။ နည်းလမ်းမတွေ့ သေးဘူး။ လတ်တလော မဖြေရှင်းနိုင်ပေမယ့် မူ အရ နအဖ လုံးဝ လက်မခံနိုင်ဘူး ဆိုတာ သိသာထင်ရှားတယ်။ ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတဲ့ အသုံးအနှုန်းမျိုး နအဖ ရေးဆွဲ ထားတဲ့ ဖွဲ့ စည်းပုံထဲမှာ မပါဘူး။

၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်တုန်းက နေ၀င်း စစ်အုပ်စုရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဟန်က ဗကပ ကိုယ်စားလှယ် တွေတင်တဲ့ တောင်းဆိုချက် တွေနဲ့ ပက်သက်ပြီး နှစ်လုံးထဲနဲ့ ဘောင်းဘီညပ်ခဲ့ဘူးတယ်။ ဗကပ တောင်းဆိုခဲ့တာက “တိုင်းရင်းသား လူမျိုးစုများ အပေါ် စစ်ဆင်နေမှု ရပ်ဆိုင်းရန်” စစ်အုပ်စု ကိုယ်စားလှယ်က ဘာ တင်ပြလဲဆိုတော့ “တိုင်းရင်းသား လူမျိုးစုများ အပေါ်“ လို့ မသုံးပါနဲ့ ဘာကြောင့်လဲ ဆိုတော့ သူတို့နဲ့ ဘတပြန် ကျားတပြန် တိုက်နေရလို့ ပါတဲ့။ အခုလည်း “ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်” ဆိုတာနဲ့ ပါတ်သက်ပြီး နအဖ ကိုယ်စားလှယ် ဘာတွေ ပြောရမယ် ဆိုတာ စဉ်းစားနေမှာဖြစ်တယ်။

- ရှေ့ တန်းစစ်မျက်နှာမှာ ပြဿနာ သောင်းခြောက်ထောင် တက်နေချိန်မှာ - စစ်နောက်ပိုင်း ဒေသလို့ ပြောလို့ရတဲ့ ရန်ကုန် မန္တလေး ပဲခူး ပခုက္ကူ မုံရွာ မြင်းခြံ စစ်တွေ မော်လမြိုင် မြို့ တွေမှာ မြို့တွင်း လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနေတော့ နအဖ နောက်ကြော မလုံဖြစ်နေတယ်။

- စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး တကျော့ပြန်ဖြစ်လာဖို့ တာစူနေကြသလို၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
လှုပ်ရှားမှုတွေကလည်း အရှိန်တက်လာနေတော့ စစ်နောက်ပိုင်းဒေသတွေမှာလည်း စစ်အင်အားတွေ တိုးချထားနေရတယ်။

- ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ချလိုက်လို့ အနောက်နိုင်ငံတွေက နအဖ အပေါ် အရေးယူမှု မူလီ ထပ်ကြပ် လိုက်တာကို အခံရခက်နေတယ်။

ဒါ့အပြင် ဒီအမှုက ဒီမှာတင် မပြီးဘဲ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး ခုခံ ချေပ ခွင့်တောင်းတာ အယူခံတင်တာ ရှေ့ နေတွေနဲ့ တွေ့ဆုံခွင့် တောင်းတာတွေက သတင်းမီဒီယာတွေ ပေါ် တကျော့ ပြန်တက် လာတော့ နအဖ စိုးရိမ်နေတယ်။ အစကတော့ ကျေးဇူးရှင်ကြီး ယက်တော၊ ခုကျ ဂျိုမွှေတဲ့ ယက်တော တဲ့ နအဖ စစ်အုပ်စုပြောနေပြီ။

- နအဖ ဘက်က ရွေးကောက်ပွဲ ဥပဒေနဲ့ နိုင်ငံရေး ပါတီ ဥပဒေ တွေကို ခုချိန်ထိ မထုတ် ပြန်နိုင်သေးတဲ့ အပေါ် အေးလွင့်တို့ အုပ်စုတွေကပါ စိတ်မရှည်တော့ဘူး။ ခပ်တည်တည်နဲ့ဆိုင်းဘုတ်ထောင် ရုံးဖွင့်ပြီး စည်းရုံးနေကြပြီ။ နအဖ ဘက်ကလည်း အနည်းဆုံးတော့ (ဒီချုပ် မပါရင်တောင်) အပစ်အခတ်ရပ်ထားတဲ့အဖွဲ့တွေ တိုင်းရင်းသားတွေ ရွေးကောက်ပွဲဝင်မှ ဖြစ်မယ်ဆိုတဲ့ လျာထားချက် ရှိလေတော့ ငြိမ်းအဖွဲ့တွေကို အရင်ငြိမ်းအောင် လုပ်နေရတယ်။

- အခုလို အချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် နိုင်ငံရေးပါတီတခုရဲ့ လွပ်လပ်စွာ စည်းရုံး လှုပ်ရှား ခွင့်တွေကို ခွင့်ပြုဖို့ တောင်းဆိုလိုက်တဲ့ အခါမှာ နအဖ အတော် မကြေမနပ် ဖြစ်သွားတယ်။ အရှိုက်အထိုးခံလိုက် ရတယ်။ ဒီချုပ်ဘက်က ဒီတောင်းဆိုမှုကို နိုင်ငံရေးတိုက်ကွက်တခုလို တိုးချဲ့ လုပ်ကိုင် လာခဲ့ရင်ဆိုတဲ့ စိုးရိမ်ချက် နအဖ မှာ ဖြစ်ပေါ်နေတယ်။ ဒီချုပ်ရဲ့ တောင်းဆိုချက်ကို ဆူပူမှုတွေ လုပ်တော့မယ်။ လူထုအုံကြွမှုတွေ ဖြစ်တော့ မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချဖို့ ကြံစည်နေတယ်။

- အုံကြွမှုတွေက တကယ်ဖြစ်လာတော့မယ့် အလားအလာတွေရှိနေပြီ။ ဖြစ်လာဖို့ တာစူနေပြီ။ အခုတခေါက်ဖြစ် လာရင် အရင်လို ထိမ်းနိုင်မှာမဟုတ်ဘူး။ မဖြစ်ခင် ကြိုပြီး ရှင်းပစ်ဖို့ နအဖ အမိန့်ထုတ်ထားတယ်။ တပြည်လုံး စစ်မျက်နှာဖြစ်နေပြီ။ နေရာတိုင်း လက်နက်ကိုင်တွေချထားရတယ်။ တပြည်လုံး လူဖမ်းပွဲတွေ လုပ်နေတယ်။ သံဃာတွေကို ဖမ်းနေတယ်။ ကျောင်းသားတွေကို ဖမ်းနေတယ်။ လောက်လေးဂွ တပ်တွေ ဖွဲ့နေတယ်။

- နအဖ အကြောက်ဆုံးက ရွှေဝါရောင် တော်လှန်ရေး အပြီးမှာ ခေတ်စားလာတဲ့ မြို့ပြ ပျောက်ကြား အယူအဆနဲ့ မြို့ပြ ပျောက်ကြား လှုပ်ရှားမှု။

မြို့ပြ ပျောက်ကြား မီးဒုတ် ကိုင်လိမ့်မယ်။ မြို့ ပြ ပျောက်ကြားရဲ့  အဓိက ရည်ရွယ်ချက်က ရန်သူ့နောက်ကျောမှာ လှုပ်ရှားတယ်။ ရန်သူ့ စစ်နောက်ပိုင်းဒေသတွေမှာ အဖျက် လုပ်ငန်းတွေ လုပ်တယ်။ ရန်သူ့ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်။ ဂိုထောင်တွေ မီးတိုက် ပစ်တယ်။ မော်တော်ယဉ်တွေ မီးရှို့ ပစ်တယ်။ ရန်သူ့ သတင်း ပေးတွေ သစ္စာ ဖောက်တွေကို ဆုံးမပစ်တယ်။ မြို့ ပြ ယဉ်ကျေးမှုထဲက မြို့ပြ ပျောက်ကြားတွေ ပေါ်ထွက်လာမှာ နအဖ အစွမ်းကုန် ကြောက်နေတယ်။ တွေးလေလေ တစိမ့်စိမ့် ကြောက် လေလေဘဲ။

(သားဆွေ)

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */