Showing posts with label အသံဖိုင်. Show all posts
Showing posts with label အသံဖိုင်. Show all posts

တပ်ဂေါ်လီ

Sunday, November 28, 2010 · 0 ရဲ့ အမြင်

ဒေါင်းလုပ် ဆွဲရန် : တပ်ဂေါ်လီ

ဖတ်ကြည့်ချင်သေးလား....

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက် နှင့် သတင်း ဓါတ်ပုံ အသံဖိုင်

Sunday, November 14, 2010 · 0 ရဲ့ အမြင်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အသံဖိုင်း နားဆင်ရန်နှင့် ဒေါင်းလုပ် လုပ်ရန်

“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံး နိုင်ငံရေးဘဲ။ ကျမတို့ ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ အရှေ့က လုပ်နေတဲ့ သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်း ဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူး သိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူး သိတယ် ဆိုတာ ဘာလဲ။ တယောက်နဲ့ တယောက် သည်းခံ ရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ် ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လူတိုင်းလူတိုင်း အတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန် ကျေပွန် ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။

ကျမတို့ ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’

ဓါတ်ပုံ : မဇ္ဈိမ မှ ရယူပါသည်။

အသံဖိုင် ပို့ပေးသော ဗမာ့သွေး အားကျေးဇူးတင်ရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ

Friday, October 8, 2010 · 0 ရဲ့ အမြင်

ဆရာဟာ အမှန်တရားကို လက်ကိုင်ထားပြီး လူငယ်များကို ကောင်းမွန်စေတဲ့ စေတနာနဲ့ ပြောတဲ့ အတွက် သူပြောသမျှ စကားတိုင်းဟာ လူငယ်များကို အသိပညာ တိုးပွားစေလို့ ပြီးအောင် နားထောင် ကြည့်ကြပါ။ နားထောင်ပြီးတာနဲ့ ကျွန်တော်တို့ ပုခုံးပြောင်း တာဝန် ယူကြရမယ့် အချိန်အခါကို ရောက်လာပြီ ဆိုတာကို သေချာ သိရှိနားလည် လာပါလိမ့်မယ်။ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ပြောထားတာကလည်း စိတ်ဝင်စားစရာ ကောင်းသလို မျက်ရည် ကျမိ လောက်အောင်ကို ဗိုလ်ချုပ်ရဲ့ စေတနာကို ပိုမို သဘောပေါက် လာမိပါတယ်။ ပညာနဲ့ ဥစ္စာ ဘယ်အရာကို အရင် ရှာရမလဲ မေးမြန်းတတ်တဲ့ လူငယ်များကိုလည်း အတွေးအခေါ် မှန်ကန် လာအောင် လမ်းညွှန်ပြသ ထားပါတယ် ။ ဆရာရဲ့ လူငယ်များ အပေါ် မှာ ထားရှိတဲ့ စေတနာကို ကိုယ်တိုင် သိမြင် ခံစားနိုင် သလို သမိုင်းကြောင်း အမှန်အချို့ကိုလည်း သိမြင် လာကြစေဖို့ စေတနာနဲ့ ကူညီ ဖြန့်ဖြူး ပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး



➡ Download link : ♫ Link

ဖတ်ကြည့်ချင်သေးလား....

မတရားတဲ့ ရွေးကောက်ပွဲကြီးကို မထောက်ခံကြပါနဲ့

Monday, August 23, 2010 · 0 ရဲ့ အမြင်

မတရားတဲ့ ရွေးကောက်ပွဲကြီးကို မထောက်ခံကြပါနဲ့... ဒီသီချင်းလေးကို ဒီမိုကရေစီ လိုလားသူများ အားလုံး နားထောင် ခံစား ပေးပါ...



သီချင်းဖိုင် ဒေါင်းလုပ်လင့်

ဖတ်ကြည့်ချင်သေးလား....

၈၈၈၈ သံချပ် အမှတ် (၁) နှင့် (၂)

Saturday, August 7, 2010 · 0 ရဲ့ အမြင်

အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများရဲ့ ၂၂ နှစ်မြောက် ရှစ်လေးလုံး လူထု အုံကြွမှု အထိမ်းအမှတ် သံချပ် ၈၈၈၈ သံချပ် (၁)

၈၈၈၈ သံချပ် (၂)
Than Gyat Final

ဖတ်ကြည့်ချင်သေးလား....

မမေ့နိုင်သော ၁၉ ဇူလှိုင် (ဒေါ်မာမာအေး)

Saturday, July 17, 2010 · 0 ရဲ့ အမြင်


ဒေါ်မာမာအေး ၏ သီချင်း





Arzarni Nayet OuAww Than & Bogyoke Aung San's some speeches. by KoMyoe ဒီဇိုင်း ကိုမျိုး

ဖတ်ကြည့်ချင်သေးလား....

နေ့သစ်ကို ကြိုဆိုကြပါစို့

Monday, June 21, 2010 · 0 ရဲ့ အမြင်

ဒီဇိုင်း ကိုမျိုး

သီချင်းများ၏ Zip ကို ဒီမှာ ယူနိုင်ပါတယ်
http://www.mediafire.com/?mq2yzfmmzki
လွတ်လပ်စွာ ခံစားနားဆင်ပါ။ အကယ်၍ အခမ်းအနား ပွဲများတွင် ဝေမျှ ဖြန့်ဝေ လိုပါက သီချင်းများကို တေးသံရှင်၏ ဆန္ဒအရ ငွေကြေး တစ်စုံတရာဖြင့် ရောင်းစားခြင်း မပြုဘဲ အခမဲ့ ထုတ်ဝေ စေလိုပါတယ်။ ကျေးဇူးပါ။ ရွှင်လန်း ချမ်းမြေ့ ကြပါစေ။

ဖတ်ကြည့်ချင်သေးလား....

ပြည်သူကို ချစ်တာလား အာဏာကို ချစ်တာလား

Sunday, April 25, 2010 · 0 ရဲ့ အမြင်

** ပြည်သူကိုချစ်တာလား အာဏာကိုချစ်တာလား **



ရေး..ထက်အောင်ရှိုင်း
ဆို .. သီရိမင်းလွင်


ရွေးကောက်ပွဲကြီးကိုမင်းယုံကြည်နေလား
လက်ညှိုးထောင် ခေါင်းငြိမ့်ခိုင်းတာမင်းမြင်နေရဲ့သား
တဖက်သတ်ရေးဆွဲတဲ့ အခြေခံကို အသုံးချသွားတော့မဲ့
အခြေအနေကိုဘယ်သူမှလက်မခံဘူး .. ..

ဒီမိုကရေစီဘောင်မ၀င် နှစ်ထောင့်ရှစ်ဇွတ်ညစ်ကာ လုပ်ခဲ့တယ်
နာဂစ်ကြောင့် သောကတွေကြားထဲဝယ် လာပြန်ပြီနှစ်ထောင့်တဆယ်
တော်ရုံတန်ရုံလိမ်ပါကွာ ပြည်သူ့ရဲသဘောထားကို ကိုယ်စားမပြုပါ
လက်တွေအုပ်ချုပ်မှာစစ်တပ်ပါ ယုံကြည်စရာတစက်မရှိပါ .. .. ..

ရွေးကောက်ပွဲတိုင်းမှာမင်းပြိုင်ချင်တာလား
မမျှတတဲ့ဥပဒေ မင်းခုံမင်နေလား
ကိုယ်ကောင်းစားဘို့အတွက်နဲ့ အာဏာရှင်မှိုင်းမိသွားမှခက်မယ်
အချိန်မလွန်ခင် စဉ်းစားဆုံးဖြတ်အုံး .. ..

ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့သဘောထားမှန် အစစ်မှသာ
၉၀ ခုကလိုရလာဒ်ပါ အာဏာရျင်ပြန်လုတယ်
အခြေခံပြည်သူတွေအပေါ်စာနာပါ
စနစ်တခုပြောင်းတိုင်းမှာဒုက္ခသာ ခါးစီးပိုးရင်းသာဘ၀ပျက်တာ
အာဏာရှင်များကြောင့်ပါ .. ..

~~~~~~~~~~~~~~~~~~~~~********~~~~~~~~~~~~~~~~~~~~~~~

(ပို့ပေးလာသော ထက်အောင်ရှိုင်းအား ကျေဇူးတင်ရှိပါသည်။)

ဖတ်ကြည့်ချင်သေးလား....

သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အန္ဒိယ မှ သံချပ်များ)

Monday, March 29, 2010 · 0 ရဲ့ အမြင်

သံချပ် ၁

သံချပ် ၂

သံချပ် ၃

သံချပ် ၎

သံချပ် ၅

သံချပ် ၆

သံချပ် ၇

သံချပ် ၈


သီချင်းများ ဒေါင်းလုပ်လင့်

ဖတ်ကြည့်ချင်သေးလား....

မိတ်ဆွေတို့ .... နိုးထကြလော့

Tuesday, January 5, 2010 · 0 ရဲ့ အမြင်

သို့ /

မိတ်ဆွေ...

သင်တို့ လွတ်ရေးနေ့မှာ အမှန်တကယ် လွတ်လပ်ပြီလော... လွတ်လပ်ရေး ဆိုတဲ့ အရသာကို သင်တို့ အမှန်တကယ် ခံစားရပြီလား။ မလွတ်လပ်မှုတွေ ထဲက လွတ်လပ်မှုကို ရယူဖို... မိတ်ဆွေတို့ .... နိုးထကြလော့။ ။

ရွေးချယ် နိုင်တဲ့ အခွင့်အရေး ဆိုတာ လူတစ်ယောက် ရဲ့ မွေးရာပါ အခွင့်အရေး ပါဘဲ ........။

လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်ခွင့် ရှိတဲ့ လူ့ဝန်းကျင် တစ်ခု ပေါ်ပေါက် ဖို့ အတွက် .....

ကိုယ့်ခံယူချက် နဲ့ သဘောထား ရပ်တည်ချက်တွေကို ပွင့်လင်း လွတ်လပ်စွာ ဖော်ဆောင်နိုင်ဖို့ အတွက် ...... ရည်ရွယ်၍....... ယနေ့ ဇန်န၀ါရီ လ (၄) ရက်၊ တနင်္လာနေ့ တွင်ကျ ရောက်သော (၆၂) မြောက် လွတ်လပ်ရေးနေ့ မှသည် ...........

လွတ်ငြိမ်း ပြည့်ဝသော လွတ်လပ်မှုဆီသို့ ဦးတည်ကာ ဆန္ဒပြု ဆုတောင်း မေတ္တာ ပို့သ လိုက်ရပါသည်

ခင်ဗျား ......... ။

နားဆင်ရန်

generationwave

ဖတ်ကြည့်ချင်သေးလား....

အင်္ဂါနေ့ အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံ့ မှာ ရွတ်ဆိုကြပါရန် နှိုးဆော်

Monday, December 21, 2009 · 0 ရဲ့ အမြင်

အကယ်၍ မိတ်ဆွေတို့ အနေနင့် မေတ္တာသုတ် မရလျှင်

စီဒီ ကတ်ဆက်ခွေ ဖွင့်ပြီး နေရာတိုင်း အိမ်တိုင်းမှာ အနုနည်းဖြင့် အိမ်ထဲကနေ မေတ္တာ ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုကြပါရန် အထူးတောင်းဆို မေတ္တာ ရပ်ခံအပ်ပါသည် သူတော်ကောင်း အပေါင်းတို့ .....

ရွတ်ဆိုရန် မေတ္တာသုတ် အား ဒေါင်းလုပ် ရယူရန်


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လိုလာသူများ အဖွဲ့
International Peace Makers

ဖတ်ကြည့်ချင်သေးလား....

ပိုက်ဆံအသစ် ၅၀၀၀ တန်နဲ့ ပတ်သက်တဲ့ သီချင်းလေးပါ

Thursday, October 1, 2009 · 0 ရဲ့ အမြင်

မိတ်ဆွေများခင်ဗျား

မြန်မာနိုင်ငံမှာ မကြာခင်ထုတ်ဝေတော့မဲ့ ပိုက်ဆံအသစ် ၅၀၀၀ တန်နဲ့ပတ်သက်တဲ့ သီချင်းလေးပါ။

စာသားတွေက ကြမ်းတယ်၊ ရိုင်းတာလေးလဲပါတယ်။ ဒါပေမဲ့ တေးရေး/ဆိုက ပြည်တွင်းက လူငယ်လေးတဦးပါ။ ရှစ်လေးလုံး အရေးတော်ပုံ ကာလတုန်းက ၅ နှစ်သား ကလေး တယောက်က ဒီနေ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို သူတတ်တဲ့ နည်းနဲ့ အချိန်မှီ ရှုတ်ချတယ် ဆိုတာကို အားပေးချင် တာရယ်၊ ဖြန့်ပေးဘို့ ပြောလာတာရယ်ကြောင့် မျှဝေ လိုက်ပါတယ်။

ကျေးဇူးတင်လျှက်

၅၀၀၀ တန်

တေးရေး/တေးဆို - နေပြည်တော်

၅၀၀၀ တန် ၅၀၀၀ တန် ဘိုးတော်ပေးတဲ့အကြံဥာဏ်
၅၀၀၀ တန် ၅၀၀၀ တန် စောက်သုံးမကျတဲ့ ၅၀၀၀ တန်
၅၀၀၀ တန် ၅၀၀၀ တန် ချီးကုံးရမဲ့ ၅၀၀၀
၅၀၀၀ တန် ၅၀၀၀ တန် ဘုရင်ရူးရဲ့ ၅၀၀၀ တန်
၅၀၀၀ တန် ၅၀၀၀ တန် လင်တရူးမ ၅၀၀၀ တန်

ဆလိမ် ဆင်ကောင်ကြီးနဲ့ ဘုရင်ရူးရဲ့ ၅၀၀၀ တန်
ဆလိမ် ဆင်းရဲသားတွေ စောက်ကျိုးနဲမဲ့ ၅၀၀၀ တန်
ဆလိမ် ဆင်ရဲ့ ဆင်( _ီး)ကြီးကို ဘုရင်ရူးက ကျိတ်ပီးကြိုက်နေတာ

ဘိုးတော်ပေးတဲ့အကြံဥာဏ် စောက်ဆံ ၅၀၀၀ တန်
နေပြည်တော်မှာသရဲခြောက် သန်းရွှေအသက်ပျောက်


၅၀၀၀ တန်

ဖတ်ကြည့်ချင်သေးလား....

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး မှ သီချင်း ၇ ပုဒ်

Thursday, September 24, 2009 · 0 ရဲ့ အမြင်

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှသီချင်း ၇ ပုဒ်ပါခွေ တစ်ခွေကို ရေးစပ် သီဆိုပြီး ဖြန့်ချိ မျှဝေလိုက် ပါသည်။ အချို့သော အခက်အခဲ များကြောင့် နောက်ကျပြီးမှ ဖြန့်ဝေ နိုင်ခြင်းကို ခွင့်လွှတ် နားလည် ပေးပါရန်လည်း မေတ္တာ ရပ်ခံ အပ်ပါသည်။ သီချင်းများကို နားဆင်ရန် အတွက် အောက်ပါ လင့်များ၌ download လုပ်၍ နားဆင် နိုင်ပါသည်။

Our Generation Wave released one album including 7 songs. We do apologize for the delay caused in distributing. All the songs can be download at from the following links;

1.) (နိုးထကြလော့)
2.) (တစ်ဆယ်)
3.) (အမေ ၆၄)
4.) (အခြေအနေများ)
5.) (မာရ်နတ်အိမ်)
6.) (တိုက်)
7.) (ခွင့်ပြုတော့ မေမေ)

Best Regards,

Generation Wave

ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင် လှုပ်ရှားမှု နှစ်ပတ်လည်

Wednesday, September 9, 2009 · 0 ရဲ့ အမြင်

အာအက်ဖ်အေ | မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ပြည်သူလူထု ဆင်းရဲ ဒုက္ခအပေါင်း ကင်းဝေးစေဖို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းရင်း လှည့်လည့် ကချီကြတာကို စစ်အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့တာ ဒီနှစ်ဆိုရင် ၂ နှစ် ပြည့်ခဲ့ပါပြီ။ ရှစ်လေးလုံး လူထုအရေးတော်ပုံ နောက်ပိုင်းမှာ အကြီးဆုံး အုံ့ကမှု ဖြစ်တဲ့ ရွှေဝါရောင် သံဃာနဲ့ လူထုလှုပ်ရှားမှု အထူးအစီအစဉ်များကို စုစည်းတင်ဆက်ထားပါတယ်။

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု အထွတ်အထိပ်ကာလ ဖြစ်သော ၂၀၀၇ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် စုဝေးလာသည့် လူထုကြီးအား သံဃာတပါးက အသံချဲ့စက်ကြီးဖြင့် စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် (၁)

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုလို့ လူသိကြတဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာတွေ မေတ္တာပို့ ကြွချီကြတဲ့ အချိန်မှာ စစ်တပ်က ပစ်ခတ်လို့ ရဟန်းရှင်လူတွေ ထိခိုက် သေကျေခဲ့သလို အဲဒီ နောက်ပိုင်းကစပြီး ဒီကနေ့အထိ သံဃာတွေကို စစ်အစိုးရက ဆက်တိုက် ဖမ်းဆီး ထောင်ချ နေပါတယ်။

ဒီသံဃာတွေ ထဲမှာ အရင်က စစ်သားတွေ ဖြစ်ခဲ့ဖူးတဲ့ သံဃာတွေ ပါဝင်နေရာမှာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် သံဃာ တပါးဖြစ်တဲ့ အရှင် ဂမႝီရလည်း တဦး အပါအဝင် ဖြစ်ပါတယ်။ အဲဒီလိုပဲ သံဃာ့ ဥသျှောင် အဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ ဦးသြဘာသဆိုရင်လည်း အရင်က သူရဘွဲ့ ချီးမြှင့် ခံခဲ့ရတဲ့ တပ်မတော်သား တဦး ဖြစ်ပါတယ်။

ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ၂ နှစ်ပတ်လည်ချိန်မှာ အဲဒီအချိန်က သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတွေအကြောင်း တစေ့ တစောင်းနဲ့ အတူ သံဃာတွေအပေါ် မြန်မာစစ်တပ်က စစ်အရာရှိတွေ တပ်သားတွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး စစ်သည်တွေရဲ့ ပြောပြချက်တွေ၊ ရဲဘော်ဟောင်း တဖြစ်လဲ သံဃာတွေရဲ့ စစ်တပ်တွင်း အတွေ့အကြုံတွေကို တင်ပြပေးပါမယ်။

အစီအစဉ် အပိုင်း (၁) မှာ ဦးဆောင်သံဃာ အရှင်ဂမႝီရရဲ့ ဘဝအကြောင်း နားဆင်နိုင်ပါတယ်။ ဒေါ်နန်းခမ်းထွေးက တင်ပြထားပါတယ်။

အရှင်ဂမႝီရ၏ ဘဝဇာတ်ကြောင်း။

ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် (၂)

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု အမှတ်တရ အစီအစဉ် အပိုင်း (၂) မှာ ဦးဆောင် သံဃာတပါးဖြစ်သူ အရှင် ဦးသြဘာသနဲ့ တွေ့ဆုံ မေးမြန်းချက် တွေထဲက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မအောင်မြင်ခဲ့ရတဲ့အပေါ် သုံးသပ်ချက်တွေနဲ့ မတူညီတဲ့ တပ်မတော်တွေ အကြောင်း နားဆင်နိုင်ပါတယ်။ ဒေါ်နန်းခမ်းထွေးက တင်ပြထားပါတယ်။

ဦးသြဘာသနှင့် တွေ့ဆုံမေးမြန်းချက်။

source by : အာအက်ဖ်အေ

ဖတ်ကြည့်ချင်သေးလား....

၂၀၁၀ မြန်မာ့နိုင်ငံရေးဘောလုံးပွဲ။

Tuesday, September 1, 2009 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

အကောင်းဆုံး မြေသြဇာ အဖွဲ့ မှ ဆရာတော် ဦးဝေပုလ္လ နှင့် အင်တာဗျူး

Thursday, August 13, 2009 · 0 ရဲ့ အမြင်

11-8-09 ရက်နေ့ ၁၉ နာ၇ီအတိတွင် အာအက်အေ အသံလွှင့်ဌာနနှင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ၊ လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ မှ ဆရာတော် ဦးဝေပုလ္လ နှင့် အင်တာဗျူး ချက်အား ၅၀း၃၅ စက္ကန့် အချိန်တွင် နားထောင်နိုင်ပါသည်။

11-8-09 ရက်နေ့ ၁၉ နာ၇ီအတိတွင် အာအက်အေ အသံလွှင့်ဌာနနှင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ခွဲ၊ လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ မှ ဆရာတော် ဦးဝေပုလ္လ နှင့် အင်တာဗျူး ချက်အား ၅၀း၃၅ စက္ကန့် အချိန်တွင် နားထောင်နိုင်ပါသည်။


download Buttom

ဖတ်ကြည့်ချင်သေးလား....

ဒီကေဘီအေအဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိ

Saturday, August 1, 2009 · 0 ရဲ့ အမြင်

ဒီကေဘီအေမှ နယ်စပ်ရဲလုပ်ရန် သဘောတူထားပြီး နအဖမှ လိုအပ်သော အင်အား ထပ်ဖြည့်ဖို့ ညွှန်ကြားတာကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ၂၀၀၉ ခုနှစ် ဇွန်လပိုင်းက ဒီကေဘီအေ အဖွဲ့မှ အတင်းအဓမ္မ တပ်သားသစ်များ ကောက်ခံလျက်ရှိပါ တယ်။

နဘူး မြို့နယ်ရှိ ကျေးရွာများကို တပ်သားသစ် ၃၀၀ ကောက်ခံ ထားပြီး ကျေးနယ် တနယ်ကို ၇ ဦး ကနေ ၁၀ ဦးအထိ သတ်မှတ်ထားပြီး မပေးနိုင်ရင် တဦးအတွက် လေးသောင်း ကနေ ၂ သိန်း ထိတောင်းပါတယ်။ တပ်သားသစ် များကို ၃ နှစ်အမှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။

ငွေမပေးနိုင်တဲ့အိမ်တွေကို ပစ္စည်းတွေသိမ်းတယ်။ သူကြီးတွေကိုဖမ်းပြီး တောင်းထားတဲ့ ငွေနဲ့ရွေးခိုင်းတယ်။

နဘူးမြို့နယ် အတွင်းရှိ နောင်တပွဲ ကျေးနယ်၊ ထီးကလေး ကျေးနယ်၊ နောင်ကိုင်း ကျေးနယ်၊ ထီးပိုစံကျေးနယ်၊ သကြားချောင်း ကျေးနယ်၊ အင်းရှည် ကျေးနယ် တွေကို အစည်းအဝေး ခေါ်ပြီး ဒီကေဘီအေ ၉၉၉ မှ အရာရှိများ ဖြစ်တဲ့ ဗိုလ်မြခိုင် နဲ့ ဗိုလ်ဂတုံးတို့က အခုလို တပ်သားသစ်တွေ ကောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီ ကျေးရွာတွေ အတွက် ကာကွယ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြ ပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း တပ်သားသစ်ကောက်ခံခဲ့ပါသေးတယ်၊ အဲဒီတုန်းက တနယ်ကို နှစ်ဦး တောင်းတယ်။

- (အသံဖိုင်) အတင်းအဓမ္မ တပ်သားသစ်ကောက်ခံတာကို အမေ တယောက်က ဒီလို ပြောထားပါတယ်။ ဒီမှာ နားထောင်ကြည့်ပါ။ mp3 file download

source by : နေ့သစ်

ဖတ်ကြည့်ချင်သေးလား....

အာဇာနည်နေ့ တို့မမေ့

Sunday, July 19, 2009 · 0 ရဲ့ အမြင်

အလေးပြုပါတယ် ( မေလှမြိုင် )
လွတ်လပ်ရေး မီးရှုးတန်ဆောင် ( ကိုမြကြီး )

ဖတ်ကြည့်ချင်သေးလား....

ဗုံးကျင်းထဲက စာ

Friday, July 17, 2009 · 0 ရဲ့ အမြင်


ရေးဆို | လာရှိုး သိန်းအောင် (jimmy Jack)
ဒေါင်းလုပ်လင့်

ဖတ်ကြည့်ချင်သေးလား....

ဗကသ(အထက်ဗမာပြည်-ယာယီ) ပြန်လည် ဖွဲစည်းခြင်းနှင့် အထက် ဗမာပြည် တာဝန်ခံ ကိုစိုင်းသီဟမောင်ရဲ့ မိန့်ခွန်း

Friday, July 3, 2009 · 0 ရဲ့ အမြင်




ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */