အာဆီယံ ခေါင်းဆောင်များ နှင့် အိုဘားမား တွေ့ဆုံမည့် အစီအစဉ် တွင် မြန်မာ ၀န်ကြီးချုပ် တက် ရောက်မည်

Friday, October 9, 2009 ·

Channel News Asia | နိုဝင်ဘာ လထဲတွင် ကျင်းပမည့် အမေရိကန် သမ္မတ အိုဘားမား နှင့် အာဆီယံ ခေါင်းဆောင် များ တွေ့ဆုံပွဲသို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည် ဟု Channel News Asia သတင်းတွင် ဖေါ်ပြထားသည်။

ကနဦး သတင်းများ အရ မြန်မာ စစ်အစိုးရ တာဝန်ရှိသူများ တက်ရောက် မည် ဟု မထင်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရောဘတ် ဂစ်က ယနေ့ မနက် အစောပိုင်းတွင် ပြောကြား ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် တစ်ဦးတက် ရောက်မည် ဟု နေပြည်တော်မှ သတင်းထုတ်ပြန် ခဲ့သည်။

အာရှ – ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု အစီအစဉ် (APEC) အစည်းအဝေးကို စင်္ကာပူတွင် နိုဝင်ဘာလ လယ်၌ ကျင်းပချိန် တွင် သမ္မတ အိုဘားမားက အာဆီယံ ခေါင်းဆောင်များ နှင့် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်သည်။

ယခင်လ က မြန်မာ စစ်အစိုးရ အဖွဲ့ ဝင် ၀န်ကြီး တစ်ဦး ဖြစ်သူ သိပ္ပံ နှင့် နည်းပညာ ၀န်ကြီး ဦးသောင်း သည် အမေရိကန် နိုင်ငံ နယူးယောက် ၌ အာရှ - ပစိဖိတ် ရေးရာ ဆိုင်ရာ ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell နှင့် တွေ့ ဆုံခဲ့သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် သည် အမေရိကန် သမ္မတ တစ်ဦး နှင့် ပထမဦးဆုံး အကြိမ် တွေ့ဆုံမည့် မြန်မာ စစ်ခေါင်းဆောင် တစ်ဦး ဖြစ်လာ နိုင်ဖွယ် ရှိသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */