ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ အပေါင်ဆိုင် အချို့တွင် ရွှေထည် ပစ္စည်းများကို အတိုးနှုန်း ၃ ကျပ်မှ ၂ ကျပ်နှုန်း သို့ လျော့ချ

Tuesday, October 6, 2009 ·

ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ် ရပ်ကွက်များတွင် ဖွင့်လှစ်ထား သော အပေါင်ဆိုင်များ၌ စက်တင်ဘာလမှ စတင်၍ လာရောက် ပေါင်နှံသူဦးရေ လျော့နည်း လာခြင်း နှင့်အတူ ဆိုင်အချို့မှာလည်း ယခင် သတ်မှတ် ထားသော အတိုး နှုန်းထက် လျော့၍ ယူလာကြောင်း ယင်းဆိုင်များမှ စုံစမ်းသိရှိရ ပါသည်။

ယခုနှစ် ဧပြီလ မတိုင်မီကာလ တွင် အပေါင်ဆိုင်များ၌ ရွှေအတိုး နှုန်းကို လေးကျပ်တိုးနှုန်း ယူရာမှ ဧပြီလ ကုန်ပိုင်းမှ စတင်၍ အတိုး နှုန်းကို သုံးကျပ်နှုန်းဖြင့် ပြောင်း လဲသတ်မှတ်ခဲ့ပြီး ယခုအောက်တို ဘာလဆန်းပိုင်းမှ စတင်၍ အချို့အပေါင် ဆိုင်များမှာမူ အတိုးနှုန်းကို နှစ်ကျပ် နှုန်းသို့ လျော့ချပြောင်းလဲ၍ အပေါင် ပစ္စည်းများကို လက်ခံလာကြောင်း သိရှိရသည်။

''ကျွန်တော်က ဒေါပုံမြို့နယ် မှာနေတာပါ။ အောက်တိုဘာလ ၂ ရက်နေ့မှာ ပိုက်ဆံ အခက်အခဲရှိတာနဲ့ တစ်ပဲခြောက်ရွေး အလေးချိန်ရှိတဲ့ မောင်းကွင်း လက်စွပ်ကို ပေါင်နေကျ အပေါင်ဆိုင်မှာ သွားပေါင် ဖြစ်ခဲ့ပါ တယ်။ အဲဒီ တစ်ပဲလေးရွေး ရှိတဲ့ရွှေ ထည်ကို ကျပ်ငါးသောင်း ပေးပါ တယ်။ ပြီးတော့ ရွှေ အတိုး နှုန်းကိုလည်း သုံးကျပ်နှုန်းကနေ နှစ်ကျပ် နှုန်းလျော့ချလိုက်ပါပြီလို့ ပြောပါ တယ်။ ဒီလိုမျိုး လျော့ချ လိုက်တဲ့ အတွက် အတိုးနှုန်း လစဉ် သတ်ရာမှာ အရင်ထက် ပိုပြီး အဆင်ပြေ သက်သာ သွားပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီပစ္စည်းကို လုပ်တုန်းက နှစ်ပဲ တစ်ရွေး ရှိပါတယ်။ အဲဒါကို အပေါင်ဆိုင်က တစ်ပဲခြောက်ရွေး နဲ့ပဲ ဘောက်ချာ ဖြတ်ပေးပါတယ်။ အလေးချိန် ကိုလည်း သေသေ ချာချာ ဂရုပြုသင့် ပါတယ်''ဟု အမျိုးသား တစ်ဦးက ပြောပြ ပါသည်။

''အခုလို ရွှေထည် ပစ္စည်းကို အပေါင် လက်ခံရာမှာ နှစ်ကျပ်တိုး သက်မှတ် ခဲ့ရခြင်းရဲ့ ရည်ရွယ်ချက် ကလည်း အခြားဆိုင်တွေ ထက်လျော့ ပြီးယူချင်တဲ့သဘောပါပဲ။ အရင် သူ များဆိုင်တွေက လေးကျပ်နှုန်း ယူတုန်း ကလည်း ကျွန်မတို့ ဆိုင်က သုံးကျပ်တိုးပဲ ယူပါတယ်''ဟု ဒေါပုံ မြို့နယ်ရှိ အတိုးနှုန်း လျော့ချ ပေးခဲ့သည့် အပေါင်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

ဘဏ် တိုးနှုန်းမှာမူ လျော့ကျခြင်း၊ လျော့ချခြင်း မရှိကြောင်းသိရ ပါသည်။ အစိုးရ ဘဏ်များမှ ငွေ ချေးသူများ ပေးသွင်းရမည့် အတိုး နှုန်းကို မြန်မာ နိုင်ငံ ဗဟိုဘဏ်မှ ၁၅ ရာခိုင်နှုန်း သတ်မှတ်ထား ကြောင်း သိရသည်။ သို့သော် ပုဂ္ဂလိက ဘဏ်များ အနေဖြင့်မူ ချေးယူသူ ထံမှ အတိုးနှုန်း ၁၅ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းအကြား အတိုး ယူနိုင်ခွင့် ရှိသည်ဟု ဗဟို ဘဏ်မှ သတ်မှတ် ထားကြောင်း သိရသည်။
ဝင်းမြင့်ကျော်၊ ရတနာဦး

source by : WEEKLY ELEVEN

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */