နိုင်ငံရေး အကျဉ်းသား နှစ်ဆယ်ကျော်ခန့် အကျဉ်းထောင် အသီးသီး၌ တိုက်ပိတ် ပြစ်ဒဏ် ခံရခြင်းများ ကြုံနေရ

Thursday, September 17, 2009 ·


ထောင်ဒဏ် နှစ်ငါးဆယ် အပြစ်ပေး ခံရသူ ဦးဇင်း မေတ္တာနိုင် ရဟန်းဘောင် မ၀င်ခင် တွေ့ ရစဉ်
တင်ကျော်ကျော်စိုး | သြဂုတ်လ နှောင်းပိုင်းမှ စ၍ မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံနေရသည့် နိုင်ငံရေး အကျဉ်းသား နှစ်ဆယ် ကျော်ခန့်သည် အကြောင်း အမျိုးမျိုးကြောင့်
တိုက်ပိတ် ပစ်ဒဏ်များ ခံနေရကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ မိခင်ဖြစ်သူက Freedom News Group သို့ ပြောသည်။

သမ္မတ အိုဘားမား ၏ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်၏ မူဝါဒ ပြန်လည် သုံးသပ်ချက်ကို ယနေ့အိမ်ဖြူတော်မှ ထုတ်ပြန် ကြေညာရာတွင် ဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

မော်လမြိုင် ထောင်တွင် ပြီးခဲ့သည့် သြဂုတ်လ လယ်ပိုင်းမှ စ၍ နိုင်ငံရေး အကျဉ်းသားတို့ပေါ် ချုပ်ချယ် ကန့်သတ်မှုများ ရှိလာပြီး ယခင်က တနေ့ လေးနာရီ တိုက်ပြင် ထွက်၍ လမ်းလျှောက်ခွင့် ရသော်လည်း လွန်ခဲ့သည့် သီတင်းပတ်မှ စ၍ နှစ်နာရီသာ ရရှိကြောင်း သိရသည်။

မော်လမြိုင် အကျဉ်းထောင်တွင်းရှိ ပုဒ်မ ၅ ည ဖြင့် ဖမ်းဆီး ခံထားရသည့် သားဖြစ်သူအား ထောင်ဝင်စာ တွေ့ပြီး ပြန်လာသည့် မိခင် တစ်ဦးက တစ်နေ့ကို အခန်းအပြင် နှစ်နာရီပဲ ထွက်ရတော့မယ် ဆိုတော့ တိုက်ပိတ်တာနဲ့ အတူတူပဲ ပေါ့နော် ”ဟု ပြောသည်။


မုံရွာ ထောင်တွင်း ရှိ မဇင်မာအောင် မှာလည်း စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ ထောင် အာဏာပိုင်များက တိုက်ပိတ် ပစ်ဒဏ် ပေးခံထားရသည် ဟု သတင်းထွက်ပေါ်လာသော်လည်း အမည် မဖေါ်လိုသော မုံရွာထောင် အာဏာပိုင် တစ်ဦးက မူ “အဲဒီလိုမျိုး တိုက်ပိတ် ပြစ်ဒဏ်မျိုး မဟုတ်ဘူး တိုင်းမှူးက ရွှေဝါရောင်မှာ ပါခဲ့ သူတွေကို အခု နှစ် နှစ်ပြည့် အတွင်းမှာ လုံခြုံရေး တင်းကျပ် ထားဖို့ အမိန့် ပေးထားလို့ပါ ဟု Freedom News Group သို့ ပြောသည်။

၁၉၉၈ ခုနှစ် ပြည့်သူ့ လွှတ်တော် ခေါ်ယူရေး ကျောင်းသားများ၏ လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် နှစ်ရှည် အပြစ်ပေး ခံရသည့် မဇင်မာအောင် မှာလည်း မန္တလေးထောင်တွင် ထောင်တွင် အမျိုးသမီး ထောင်ဝါဒါ တစ်ဦး နှင့် စကား အခြေအတင် ဖြစ်မှုကြောင့် သူမ၏ အကျဉ်းခန်း အတွင်းမှာပင် တိုက်ပိတ် ပစ်ဒဏ် ခံခဲ့ရသည်ဟု သိရှိရသည်။

လားရှိုး နှင့် ပူတာအို ထောင်များတွင်လည်း ထောင်အာဏာပိုင် များက နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းခန်း အပြင်ထွက်၍ လမ်းလျှောက်ခွင့်များ ပိတ်ပင်ထားသည်မှာ သီတင်း တစ်ပတ်ခန့် ပင်ရှိပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်း၌ ဖမ်းဆီး ခံထားရသော နိုင်ငံရေး အကျဉ်းသား နှစ်ထောင့်နှစ်ရာ ကျော် ရှိသည်ဟု ထိုင်း - မြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသူဟောင်း မလဲ့လဲ့နွယ်က ပြောသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */