မဲဆောက်မှ လိုင်စင်မဲ့ကား တင်သွင်းသူများကို နေပြည်တော် မှ စစ်ဆင်ရေး တစ်ရပ် ပြုလုပ်၍ ဖမ်းဆီး

Thursday, September 17, 2009 ·


ထိုင်း နိုင်ငံဘက်ခြမ်း နယ်စပ်ဂိတ်တွင် မြန်မာ နိုင်ငံဘက်သို့ တင်သွင်းမည့် မော်တော်ကားများကို စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ ရစဉ်
Freedom News Group | ထိုင်း နိုင်ငံဘက် ခြမ်းသောင်းရင်း မြစ်ကမ်း နဖူးရှိ လိုင်စင်မဲ့ ၀စ်သောက် ကားများအား လာရောက် ၀ယ်ယူသူများကို နေပြည်တော် မှ ဆင်းလာသည့် အထူးအဖွဲ့က စစ်ဆင်ရေး တစ်ရပ် အဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့ မှ စတင်၍ စစ်ဆင်ရေးတစ်ရပ် အနေဖြင့် ဖမ်းဆီးခဲ့ရာ လူငါးဆယ်နီးပါး ဖမ်းဆီးထားသည် ဟု မြ၀တီ ဒေသခံ တစ်ဦးက Freedom News Group သို့ ပြောသည်။

စစ်ထောက်လှမ်းရေး၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အထူး ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော အဖွဲ့သည် မြ၀တီရှိ ဒေသခံ ထောက်လှမ်းရေး တပ်ဆွဲ ရုံးတွင် အခြေစိုက်ကာ ရန်ကုန် နှင့် အခြား ဒေသများမှ နေ၍ ထိုင်းနိုင်ငံ ဘက်ခြမ်းမှ နေ၍ မြန်မာ ဘက်ခြမ်းသို့ လိုင်စင်မဲ့ မော်တော်ကား တင်သွင်းသူများကို စတင် ဖမ်းဆီး နေသဖြင့် ထိုင်းဘက်ခြမ်းရှိ မော်တော်ကား ရောင်းချသည့် နေရာများမှာ လာရောက် ကြည့်ရှုသူပင် လုံးဝ မရှိတော့ပဲ ဈေးကွက် ပျက်သွားရသည် ဟု သတင်း ရရှိသည်။

မြန်မာနိုင်သို့ တင်သွင်းမည့် ကားများကို ဖောင်ပေါ်တင်၍ ဒီကေဘီအေ ဂိတ်ဘက်သို့ ပို့ဆောင်ပေးရသည့် ကယ်ရီ အလုပ်သမား တစ်ဦးကမူ နှစ်ရက် ရှိပြီ ဘယ်ကားမှ မပို့ရတော့ဘူး ဟိုဘက်ကနေ အကုန် စောင့်ဖမ်းနေတယ် ကျွန်တော်က မြ၀တီ မှာနေတာ ကားသွင်းတဲ့ လူတွေ အကုန်ဖမ်းတယ် ဆိုလို့ ကျွန်တော်တောင် မဲဆောက်မှာ လာပုန်းနေရတယ် ”ဟု ကယ်ရီသမား ကိုမင်းနိုင် က သောင်းရင်းမြစ် ဘက်ကမ်း အခြေအနေများနှင့် ပတ်သက်၍ ပြောပြသည်။

မြ၀တီ တွင် အခြေစိုက်၍ မြန်မာ နိုင်ငံသို့ တင်သွင်းမည့် မော်တော်ကား အာရ်စီ နံပါတ်ပြားများ လဲလှယ်ပေးသည့် သူများကို လည်း နေပြည်တော် အထူး အဖွဲ့ မှ ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်း နေသည် ဟု သတင်းရရှိသည်။ အမည် မဖော်လို သော ၀စ်သောက် ကား တင်သွင်းသူ တစ်ဦး၏ ပြောကြားချက် အရ “မြ၀တီက နာမည်ထွက်နေတဲ့ သူတွေကိုတော့ အကုန်လောက် နီးနီး ဖမ်းပြီးထားပြီ သူတို့ စီမံချက်နဲ့ လာတာ အကုန်လုံးကို ဆွဲမယ်တဲ့ ဘယ်သူ့ သားတွေ ဘယ်ဝါ့ သားတွေ မရ ဘူးတဲ့ နေပြည်တော် ရောက်မှ ရှင်းလို့ ပြောတယ်၊ ဒုတိုင်းမှူး တစ်ယောက်ရဲ့သား ကား လာဝယ်တာ ကားရော လူပါ ဖမ်းဆွဲထားတယ်“ ဟု မြ၀တီမြို့ အခြေအနေ နှင့် ပတ်သက်၍ ပြောသည်။

ယခုကဲ့သို့ မြ၀တီ - မဲဆောက် လမ်းကြောင်းမှ နေ၍ မော်တော်ကား တင်သွင်း သူများကို ဖမ်းရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်း မော်တော် ကားဈေးကွက် တွင် မော်တော်ကားဈေးများကျဆင်းနေခြင်းကြောင့် စက်မှု ဇုန်ထုတ် မော်တော်ကားများ ဈေးကွက်တွင် လုံးဝ ရောင်းချ ရခြင်း မရှိခြင်းကြောင့် ဟု ရန်ကုန်မှ မော်တော်ကား ၀ယ်ရောင်းဝယ်သူ တစ်ဦးက ပြောသည်။ ၎င်းကပင် ဆက်၍ “နယ်စပ် ကနေ တစ်နေ့ကို ဆယ်စီးလောက် ရန်ကုန်ကို ပုံမှန် သွင်းကြတယ်လေ ဒီပြင့် မြို့ တွေ မပါသေးဘူးလေ အခု ၀စ်သောက်တွေ ကြောင့် ဦးပိုင်က ဆာကူရာတောင် အလုပ် မဖြစ်ဘူးလေ ဒီတော့ ဖမ်းတာ ပေါ့ ”ဟု ပြောသည်။

နေပြည်တော် အထူးအဖွဲ့မှ ဖမ်းဆီးထားသည့် မော်တော်ကား တင်သွင်းသည် ဟု သံသယ ရှိခံထားရ သူများကို မည်သို့ အရေးယူ အပြစ်ပေးမည် ဟု အသေးစိတ် မသိရ သေးသော်လည်း ဖမ်းဆီး ထားသူများတွင် မြ၀တီမြို့မှ မော်တော်ကား ၀ပ်ရှော့ လုပ်သားများပင် ပါဝင်သည်။

ဝစ်သောက်ကား တင်သွင်း သူများကို နေပြည်တော် အထူးအဖွဲ့မှ နေ၍ စစ်ဆင်ရေး တစ်ရပ်အနေဖြင့် ဖမ်းဆီးနေခြင်း နှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်လကျော်ခန့်က ၀စ်သောက်ကား တင်သွင်းသည့် ဒီကေဘီအေ အဖွဲ့ ဝင် အချင်းဝေစုမတည့် ခြင်းကြောင့် ပေါ်ပေါက် လာသည့် လုပ်ကြံမှုများ နှင့် ဆက်စပ် နေသည်ဟု ခန့် မှန်းပြောဆိုခြင်းများရှိသည်။

လတ်တလောတွင် နေပြည်တော်မှ ခေါ်ယူ စစ်ဆေးခြင်း ခံနေရသည့် ရန်ကုန်တိုင်း ရဲမှုးကြီး ၀င်းနိုင်သည် ၎င်း၏ လုပ်ပိုင်ခွင့် ကို အသုံးချကာ မြ၀တီ - မဲဆောက် လမ်းကြောင်းမှ နေ၍ ၀စ်သောက် ကားများ တင်သွင်းနေသူ တစ်ယောက်ဖြစ်သည်။

Source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */