ရန်ကုန်မြို့ ရှိ တရုတ်သံရုံး အနီးတွင် လုံခြုံရေး တိုးမြှင့်ချထား

Thursday, September 10, 2009 ·

ယူကွန် | ရန်ကုန်မြို့ အမှတ် (၁) ပြည်ထောင်စု ရိပ်သာလမ်းအနီးရှိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသံရုံး အနီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေး အင်အားများ အပါအ၀င် စစ်ကား နှစ်စီးခန့်လည်း တိုးမြှင့်ချထားသည်။

၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နှင့် နီးကပ်လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး အင်အားများတိုးမြှင့်ချထားမှု များရှိသော် လည်းတရုတ်သံရုံး အနီး လုံခြုံရေး အင်အား တိုးမြှင့်ချထားမှု မှာ ထူးခြားသည် ဟု တရုတ် သံရုံး နှင့် နီးစပ်သည့် စာနယ်ဇင်း ဆရာ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ လုံခြုံရေး အင်အားများ တိုးမြှင့်ချထာသည် မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စတင်တည်ထောင်သည့် နှစ် ၆၀ ပြည့် အချိန် ကာလ နှင့် တိုက်ဆိုင်ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ တရုတ် ကုန်သည်ကြီး များအသင်းမှ အသင်းဝင် တစ်ဦးက ပြောသော်လည်း လျှောင်ဇူး တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ တာဝန်ရှိသူ တစ်ဦးကမူ ၀ နှင့် ကိုးကန့် အရေး နှင့် ပတ်သက်၍ တရုတ်နှင့် ဆက်ဆံရေး အေးစက် နေခြင်းကြောင့် ဖြစ်နိုင်သည် ဟု သုံးသပ် ပြောကြားသည်။

၂၀၀၇ နှင့် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း စစ်အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြသူများသည် ရန်ကုန်မြို့ရှိ တရုတ် သံရုံး အနီး သွားရောက် စုဝေး ဆန္ဒ ပြခဲ့ကြသည်။

ရန်ကုန်မြို့ရှိ တရုတ် ကုန်သည် ကြီးတစ်ဦးကမူ “အထက်မြန်မာ နိုင်ငံ မန္တလေး နှင့် လားရှိုးမြို့များတွင် တရုတ် နွယ်ဖွား ၀ နှင့် ကိုးကန့် နှင့် ၀ ဆန့် ကျင်ရေး စိတ်ဓာတ်များ ပြည်သူများကြားတွင် ဖြစ်ပေါ်နေ သဖြင့် ဟုသိရသည်။

ရန်ကုန်မြို့ တွင်ရှိသော တရုတ် သံရုံးသည် ၂၀၁၀ခုနှစ် တွင် နေပြည်တော် ရှိ တည်ဆောက်နေသော သံရုံးသစ်သို့ ပြောင်းရွှေ့တော့မည် ဟု သိရသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */