လောက်ကိုင်တွင် မြန်မာရဲ နှင့် စစ်သားများစွာ ၀င်ရောက်တပ်စွဲထား

Thursday, September 10, 2009 ·


ကိုးကန့် ဒေသတွင် အခြေစိုက်ထားသည့် ရဲတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ-ရိုက်တာ
ယူကွန် | ကိုးကန့် တပ်ဖွဲ့ များ၏ အခြေစိုက်ရာမြို့တော် ဖြစ်သည့် လောက်ကိုင်တွင် မြန်မာ စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ထောင်ပေါင်း များစွာ ၀င်ရောက် တပ်စွဲထားပြီး ထိန်းချုပ် ထားသည် ဟု ယမန်နေ့က လောက်ကိုင်တွင် ပြုလုပ်သော မြန်မာ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်း သမား တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုလ ၈ ရက်နေ့ က လောက်ကိုင်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ၏ သတင်း ပေးချက် အရ လောက်ကိုင် တွင်ရှိသည့် လျှို့ဝှက် တည်ဆောက် ထားသော လက်နက် စက်ရုံ နှင့် စိတ်ကြွ ဆေးပြား လုပ်ငန်းများကို ၀င်ရောက် သိမ်းပိုက် ရခြင်း ဖြစ်သည် ဟုဆိုသည်။

မြန်မာ စစ်တပ်က ၀င်ရောက်စဉ် ထွက်ပြေး သွားသော ခေါင်းဆောင် ဖုန်ကြားရှင် နှင့် သစ္စာခံများက ရဲအဖွဲ့ ဝင် ၃၉ ဦးကို ပြန်ပေး ဆွဲခဲ့ပြီး ၁၁ ဦးကို သတ်ပြစ် ခဲ့သည်ဟု ပြောသည်။

သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက် ခဲ့သည့် စာနယ်ဇင်း ဆရာက “လောက်ကိုင်မှာတော့ တစ်မြို့လုံး ရဲ နဲ့ မြန်မာ စစ်သား နဲ့ ရဲတွေ ချည်းပဲ ရဲကားတွေ က မြို့ ထဲမှာတင် လေးဆယ် ကျော်တွေ့တယ် အသစ် တက်လာတဲ့ ပိုင်စိုးချိန် ကို လည်း ရဲအရာရှိ နှစ်ယောက် လောက်က အမြဲ စောင့်ကြည့်မှု ရှိတယ် ၊ အခုဖွဲ့ ထားတဲ့ ကိုးကန့် ဦးဆောင်မှု အဖွဲ့ မှာ ဘာအာဏာမှ မရှိဘူး ရုံးခန်း ပြောင်းချင် ရင်တောင် ရှမ်းပြည်နယ် ရဲမင်းကြီး ကနေ ရဲချုပ် ကို တင်ပြရတယ် လို့ ပြောတယ် ”ဟု ကိုးကန့် နယ်မြေ၏ နောက်ဆုံး အခြေအနေများ နှင့် ပတ်သက်၍ သူက Freedom News Group သို့ ပြောသည်။

သိမ်းဆည်းရမိသည့်လက်နက်များ
ကိုးကန့် လူမျိုးများနှင့် ဒေသခံ အချို့က ထိုသို့ မြန်မာ စစ်တပ် ၀င်ရောက် လာခြင်းကို မနှစ်မြို သော်လည်းနောက် ဘာဖြစ်အုံးမည် ကို မပြောနိုင်သေးဟု ဆိုသည်။

ကိုးကန့်တွင် မြန်မာ စစ်အင်အား အလုံးအရင်းချထား သလို ၀နယ်မြေ နှင့် ထိစပ်နေသော နေရာထိ လက်နက်ကြီးများ တင်ပို့ ရန်လည်း လမ်းများ အရေးပေါ် ဖေါက်လုပ်လျှက် ရှိသည်ကို တွေ့ ရသည်။

ကိုးကန့်ရောက် ရဲတပ်ဖွဲ့ဝင် တစ်ဦးကမူ ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ကိုးကန့်တို့ လက်ချက်ဖြင့် ကျဆုံး သွားခြင်းကြောင့် မကျေနပ် ဟု ပြောပြီး ဒေသခံ ကိုးကန့် အမျိုးသမီး တစ်ဦးကမူ နောက်ထပ် ရဲတပ်ဖွဲ့ ဝင်များ ကိုးကန့် ဒေသတွင်းသို့ ၀င်လာဦးမည် ဖြစ်သဖြင့် ပြန်လည် လက်စား ချေမှုများ ဖြစ်လာမည်ကို စိုးရိမ်လျှက် ရှိသည်။

မြန်မာ စစ်တပ်သည် အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ်ခြောက်ဆယ် ပြည့် အပြီးတွင် ၀ဒေသ ကို စစ်ရေးအရ ကျူးကျော် ၀င်ရောက်မှု ရှိနိုင်ကြောင်း ကိုးကန့် ဒေသခံများက ခန့်မှန်း ပြောဆို နေကြသည်။

ထွက်ပြေး သွားသော ကိုးကန့် ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်သည် ၀နယ်မြေ ထဲတွင် သွားရောက် ခိုလှုံနေသည်။

ကိုးကန့် စစ်သားနှစ်ဦး
စစ်အစိုးရ ၏ သတင်းစာ ရှင်းလင်းပွဲတွင် သံတမန်များကို ပါဖိတ်ကြားခဲ့ပြီး ကိုးကန့် အဖွဲ့ မှ ဖမ်းဆီး ရမိသော လက်နက်များ စိတ်ကြွ ဆေးပြားများကို ပြသထားသည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */