ယနေ့ထုတ် မြန်မာ့ အလင်းသတင်းစာ တွင် “ လမ်းပေါ်တွင် ဆူပူ ဆန္ဒပြမှုများမှ တစ်ဆင့် နိုင်ငံရေး အာဏာ ရရှိရန် လုပ်ဆောင် သူများကို ဒီမိုကရေစီ လိုလားသူများ ဟု မခေါ်ဆို နိုင်ကြောင်း နှင့် ၎င်းတို့ ၏ လုပ်ဆောင်မှု များသည်လည်း ဒီမိုကရေစီ ကို သွေဖည်သော မင်းမဲ့စရိုက် ဆန်သည့် လုပ်ဆောင်မှုမျိုးသာ ဖြစ်သည် ဟု ထည့်သွင်း ဖေါ်ပြထားသည်။
ဒေါ်စုအား စီရင်ချက်ချမှတ်ရန် တစ်ရက် အလိုတွင် ရန်ကုန်မြို့အနှံ့ စစ်တပ် နှင့် ရဲ အပါအ၀င် ကြံ့ဖွတ်၊ စွမ်းအားရှင် အစရှိသည့် လုံခြုံရေး အင်အားကိုလည်း တိုးမြှင့် ချထားသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်မည့် အမိန့် ကို ခန့်မှန်း ပြောဆို ခြင်းသည် တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည် ဟုဆိုသည်။
source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:
Post a Comment