ဒီနေ့ ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ

Friday, July 31, 2009 ·

လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..

ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏ ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မ တတ်ကာ လိမ်လည် လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်မည့် သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ် တပ်မတော်သားများသာလျှင် ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ် မရသည့် ခေါင်းဆောင် ဖြစ်ပေသည်၊ လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀) ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့ လက်တွင်း ကျရောက် နေသည်ကို အထူး သတိပြုသင့် ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင် တစ်ယောက် ဆုံးရှုံးသွားပါက မြန်မာနိုင်ငံ၏ အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ဖာသည်တိုင်းပြည်ဖြစ် ရုံမက သူတောင်းစား တိုင်းပြည် အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။

သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်လိုက်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */