ပုန်းအောင်းနေသည့် ဗကသ ခေါင်းဆောင် (၂) ဦး ဖမ်းဆီးခံရ

Wednesday, March 19, 2008 ·

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ် လင်းအောင်တို့ကို နအဖစစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဗကသ နိုင်ငံခြားရေးရာကော်မတ်ီက ကြေညာသည်။

ကိုကျော်ကိုကို

ဗကသ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင် က “ (၁၆) ၇က်နေ့ ညပိုင်းမှာ ကိုကျော်ကိုကို ကို


သူ ပုန်းနေတဲ့အိမ်မှာ ၀င်ဖမ်းသွားတယ်။ ကိုဉာဏ်လင်းအောင်ကို အရင်မိတာ။ ဘယ်ကိုဖမ်း သွားတာလဲတော့ အတိအကျမသိရသေးဘူး။ နအဖက သူတို့ကို တောက်လျှောက်လိုက်ပြီး
တော့ ဖမ်းဖို့ကြိုးစားခဲ့တယ်။ သူတို့ အဖမ်းမခံရဘဲ တိမ်းရှောင်နိုင်ခဲ့တယ်။ (၁၆) ရက်နေ့မှာ
တော့ အဖမ်းခံလိုက်ရတယ်” ဟု ပြောသည်။

ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ ကျောင်းသားတဦးဖြစ်ပြီး ကိုဉာဏ်လင်း အောင်မှာ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည်။ ၎င်းတို့သည် ယမန်နှစ် သြဂုတ်က ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဗကသအဖွဲ့တွင် ခေါင်းဆောင်များအဖြစ် တာဝန်ယူ ထားပြီး စက်တင်ဘာအရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သူများ ဖြစ်သည်။

ကျောင်းသားအင်အားစုများကို ဖမ်းဆီးထောင်ချရုံဖြင့် ကျောင်းသားလှုပ်ရှားမှု ရပ်တန့်သွားမည် မဟုတ်ဘဲ မတရားသည့် စစ်အာဏာရှင်များကို ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဟု ဗကသ နိုင်ငံခြားရေးရာကော်မတီက ကြေညာချက်ထုတ်ပြန်သည်။

ကိုမင်းနိုင်က “နအဖစစ်အုပ်စုကတော့ သူ့အာဏာကို ထိပါးမယ်ထင်လို့ရှိရင် ဘယ်သူ့ကိုမှ ညှာတာမှာမဟုတ်ဘူး။ ဖမ်းဖို့ဆီးဖို့ အမြဲတမ်းကြိုးစားနေမှာပဲ။ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစား ကြိုးစား လူငယ်မျိုးဆက်ဆိုတာ အဆက်ပြတ်သွားတာမဟုတ်ဘူး။ ကျောင်းသားမျိုးဆက်
ဆိုတာ ဆက်ပြီးရှိနေဦးမှာပဲ။ တဗိုလ်ကျတဗိုလ်တက်ပေါ့။ လက်ဆင့်ကမ်းပြီး ဒီတာဝန်ကို ဆက်ပြီးယူသွားကြမှာပဲ” ဟု ပြောသည်။

စစ်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းရာ၌ နာမည်ကြီးပြီး ဖမ်းဆီးပြီးနောက် စစ်ကြောရေးကာလတွင် အဆိုးရွားဆုံးဆက်ဆံလေ့ရှိသဖြင့် ဖမ်းဆီးခံရ
သည့် ကျောင်းသားခေါင်းဆောင်နှစ်ဦးအတွက် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ယနေ့ ထုတ်ပြန်ကြေညာ
သည်။

ပီတာအောင် ခေတ်ပြိုင်သတင်းဌာန မှ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */