မြန်မာ့ရိုးရာသင်္ကြန် သံချပ်အသစ်ထွက်

Wednesday, March 19, 2008 ·

အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ “ဘုန်းဘုန်းချမှ လုံးလုံးရမယ်” အမည်ရှိ သင်္ကြန်သံချပ် စီဒီကို ယမန်နေ့ညက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တွင် စတင်ဖြန့်ချိပွဲ ပြုလုပ်ကြောင်း သိရသည်။

ဦးမြတ်ထက်ကရေးသားပြီး ကျောက်မဲကျော်ကြီးစီစဉ်သည့် အဆိုပါသံချပ်အခွေတွင် မြန်မာနိုင်ငံ၏ လူထုဘ၀အခြေအနေ၊ ကြံ့ဖွတ်စွမ်းအားရှင်းများလူမဆန်ပုံ၊ စစ်အုပ်စုက တဖက်သတ် ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို လှောင်ပြောင်သရော် ထားသည်။

ယခင်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးနှင့်ပတ်သက်၍ ...

“နှစ်ထောင့်ခုနှစ်ခု စက်တင်ဘာ . . . . . . ကမ္ဘာတလွှားမှာ တုန်ခါသွားခဲ့
မိုးသည်းသည်းမှာ ထီးဖိနပ်မပါ . . . . . . ချီတက်နေတာ သံဃာတော်ထု
တိုင်းပြည်အေးချမ်း သာယာစေ . . . . . . မေတ္တာသုတ်တွေ ရွတ်ဆိုလှည့်ကြ
အပ်တိုတချောင်းတောင် ကိုင်မထားပေ . . . . . . ဗုဒ္ဓသားတွေ ငြိမ်းငြိမ်းချမ်းချမ်း
စစ်အာဏာရှင် လူမဆန်စွာ . . . . . . နှိမ်နင်းခဲ့တာ ပခုက္ကူမြို့တွင်း
စစ်တပ် ကြံ့ဖွံ့ အော်ဆဲဆို . . . . . . သံဃာတွေကို ငါကိုင်တုတ်ခဲ့” ဟု သံချပ်ထိုးထားသည်။

အဆိုပါသံချပ်စီဒီ၏ခေါင်းစဉ်နှင့်ပတ်သက်ပြီး စာသားများရေးစပ်သည့် ဦးမြတ်ထက်က “၂၀၀၇ ခု သံဃာလှုပ်ရှားမှု နောက်ပိုင်းမှာ အိုင်ဒီယာ ရတာ။ ဒါကြောင့်မို့ သံဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုမျိုး နောက်တကြိမ်ပေါ်ပေါက်လာအောင် ရည်ညွှန်းတာရယ်၊ သံဃာတော်တွေရဲ့စွမ်းအားကိုယုံကြည်တာရယ် အဲဒီ ၂ ခုကြောင့် ဘုန်းဘုန်းချရင်တော့ ဒီမိုကရေစီ လုံးလုံးရမယ်ဆိုတဲ့သဘောပေါ့” ဟု ဧရာဝတီကို ရှင်းပြသည်။

“သံချပ်ဆိုတာက သင်္ကြန်နဲ့ဖွားဖက်တော်လေ၊ သံချပ်တွေမပါဘူးဆိုရင် သင်္ကြန်ဟာမပီပြင်ဘူးလို့ ပြောရမှာပါ။ သံချပ်တွေကို ဖိနှိပ်ထားခြင်းက မြန်မာ့ယဉ်ကျေးမှုကိုဖိနှိပ်ထားခြင်းလို့ ယူဆတယ်။ ကိုယ့်ယဉ်ကျေးမှုကိုဖိနှိပ်ရင် တဖြည်းဖြည်းနဲ့ ကိုယ့်လူ မျိုးပါ အောက်တန်း နောက်တန်း ကျလာမယ်” ဟုလည်း ဦးမြတ်ထက်က ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံပြီးကတည်းက စစ်အစိုးရသည် အတာသင်္ကြန်ကာလ သံချပ်ထိုးခွင့်ကို ပိတ်ပင်ခဲ့ သည်မှာ အနှစ် ၂၀ ရှိပြီဖြစ်သောကြောင့် တချို့ကလေးငယ်များ သံချပ်ဟူသည့်ဝေါဟာရကိုပင် မသိကြတော့ပေ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် စာရေးဆရာမ မေငြိမ်းက “လူထုကခံနေရတာ … အရာရှိတွေရဲ့ အနိုင်ကျင့်တာ တွေကို သံချပ်က ကိုယ်စားပြောပေးတာလေ။ သံချပ်က message ပေးဖို့အတွက် အကောင်းဆုံး ကြားခံပစ္စည်းတခု ဖြစ်တယ် … အဲဒီအခြေအနေမျိုးမှာ အိန္ဒိယကထွက်တဲ့သံချပ်ကို စောင့်ပြီးနားထောင်ရတာ” ဟု ပြောသည်။

မြန်မာ့ဒီမိုကရေစီအင်အားစုများ ယခုနှစ်ဖြန့်ချီလိုက်သည့်သံချပ်စီဒီသည် မျှော်လင့်ထားသည့်အတိုင်း ရွှေဝါရောင်တော်လှန် ရေးအား သမိုင်းတကွက်မှတ်တန်းတင်သည့်အလား စောင့်စေ့အောင် မှတ်တမ်း တင်ထားသည်ဟုလည်း ဆရာမ မေငြိမ်းက ပြောသည်။

“ဘုန်းဘုန်းချမှ လုံးလုံးရမယ်” သံချပ်စီဒီသည် အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများ၏ ၁၀ ခွေမြောက် သံချပ်အခွေ ဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ပရိသတ်များ၏ အားပေးထောက်ခံမှုကြောင့် နှစ်စဉ်ထုတ်လုပ်ဖြန့်ချိရခြင်း ဖြစ်သည်ဟုလည်း ဦးမြတ်ထက်က ပြောသည်။
“ဘုန်းဘုန်းချမှ လုံးလုံးရမယ်” သံချပ်ကို http://www.myanmarisp.com/thangyat2008/thangyat2008/ အင်တာနက် စာမျက်နှာတွင် နားဆင်နိုင်သည်။

ကိုသက် ဧရာဝတီသတင်းဌာန မှ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */