![]() ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု အထွတ်အထိပ်ကာလ ဖြစ်သော ၂၀၀၇ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် စုဝေးလာသည့် လူထုကြီးအား သံဃာတပါးက အသံချဲ့စက်ကြီးဖြင့် စကားပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) |
ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် (၁)
ဒီသံဃာတွေ ထဲမှာ အရင်က စစ်သားတွေ ဖြစ်ခဲ့ဖူးတဲ့ သံဃာတွေ ပါဝင်နေရာမှာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် သံဃာ တပါးဖြစ်တဲ့ အရှင် ဂမႝီရလည်း တဦး အပါအဝင် ဖြစ်ပါတယ်။ အဲဒီလိုပဲ သံဃာ့ ဥသျှောင် အဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ ဦးသြဘာသဆိုရင်လည်း အရင်က သူရဘွဲ့ ချီးမြှင့် ခံခဲ့ရတဲ့ တပ်မတော်သား တဦး ဖြစ်ပါတယ်။
ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ၂ နှစ်ပတ်လည်ချိန်မှာ အဲဒီအချိန်က သံဃာလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတွေအကြောင်း တစေ့ တစောင်းနဲ့ အတူ သံဃာတွေအပေါ် မြန်မာစစ်တပ်က စစ်အရာရှိတွေ တပ်သားတွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး စစ်သည်တွေရဲ့ ပြောပြချက်တွေ၊ ရဲဘော်ဟောင်း တဖြစ်လဲ သံဃာတွေရဲ့ စစ်တပ်တွင်း အတွေ့အကြုံတွေကို တင်ပြပေးပါမယ်။
အစီအစဉ် အပိုင်း (၁) မှာ ဦးဆောင်သံဃာ အရှင်ဂမႝီရရဲ့ ဘဝအကြောင်း နားဆင်နိုင်ပါတယ်။ ဒေါ်နန်းခမ်းထွေးက တင်ပြထားပါတယ်။
အရှင်ဂမႝီရ၏ ဘဝဇာတ်ကြောင်း။
ရွှေဝါရောင် နှစ်ပတ်လည် အထိမ်းအမှတ် (၂)
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု အမှတ်တရ အစီအစဉ် အပိုင်း (၂) မှာ ဦးဆောင် သံဃာတပါးဖြစ်သူ အရှင် ဦးသြဘာသနဲ့ တွေ့ဆုံ မေးမြန်းချက် တွေထဲက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မအောင်မြင်ခဲ့ရတဲ့အပေါ် သုံးသပ်ချက်တွေနဲ့ မတူညီတဲ့ တပ်မတော်တွေ အကြောင်း နားဆင်နိုင်ပါတယ်။ ဒေါ်နန်းခမ်းထွေးက တင်ပြထားပါတယ်။
ဦးသြဘာသနှင့် တွေ့ဆုံမေးမြန်းချက်။
source by : အာအက်ဖ်အေ


0 ရဲ့ အမြင်:
Post a Comment