တစ်ချိန်တည်းမှာပဲ ဘာသာရေးအရ တူသူ ၊ မတူ ကွဲပြားသူတွေ များကြား အချင်းချင်း စည်းလုံး ညီညွတ်မှု ပျက်ပြားအောင်၊ အဓိကရုဏ်း ပုံစံမျိုး ပေါက်ပေါက် လာအောင် ရည်ရွယ်ပြီး ပြည်သူတွေအချင်းချင်းအကြားမှာ နားလည်မှုလွဲမှာအောင် အတွေးအမြင်တွေ ရှုပ်ထွေးအောင် လုပ်ဆောင် ဖန်တီး နေတာမျိုး တွေကိုလည်း ကြားသိ တွေ့မြင် နေကြရပါတယ်။ ဥပမာ အားဖြင့် များမကြာသေးမှီ ကာလများ အတွင်းကပဲ ရန်ကုန်နဲ့ အခြားမြို့ကြီးများမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာတို့ အကြား မတူကွဲပြားတဲ့ အယူဝါဒ များကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ အန္တရာယ် တစ်ခု အဖြစ် ပုံဖော်ပြီး ပုံနှိပ်ထားတဲ့ စာရွက် စာတမ်းများကို ပြည်သူတွေ အကြား သတိပေးတဲ့ ပုံစံ အနေနဲ့ ဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်။
အရှင်ဉာဏဟာ 1983 ခုနှစ်မှာ တစ်ကြိမ် ဗုဒ္ဓဘာသာကို အများ အကြည်ညို ပျက်အောင် လုပ်ဆောင်မှု ဆိုတဲ့ စွပ်စွဲချက်နှင့် ပထမအကြိမ် အဖြစ် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ် စီရင်ချမှတ် ခံခဲရပြီးတော့ ဒုတိယအကြိမ် အဖြစ် 1991 ခုနှစ်မှာ နောက်ထပ် တစ်ကြိမ် ထောင်ဒဏ် ဆယ်နှစ်ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ 1998 ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက် လာခဲ့ပါတယ်။
ယခုလို စာရွက်စာတန်း ဖြန့်ဝေမှု ကိစ္စနှင့် ပတ်သက်ပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ စစ်တပ်လုံခြုံရေး နှင့် စစ်ထောက်လှမ်းရေးက သော်လည်းကောင်း ဒါမှမဟုတ် စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံဖွတ်တို့လို စွမ်းအားရှင် တို့လို အဖွဲ့စည်းမျိုးက သော်လည်းကောင်း ရဟန်း သံဃာတော်တွေ အချင်းချင်း မညီညီညွတ်အောင် စိတ်ဝမ်းကွဲအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ အများပြည်သူတွေက ယုံကြည် ထားကြကြောင်းကို ရန်ကုန်ရှိ ဂျာနယ်လစ် လောကသားတွေက ပြောဆို နေကြပါတယ်။

0 ရဲ့ အမြင်:
Post a Comment