ဤ ပုံကို ကြည့်လိုက် ပါက လျှပ်တပြက် ဂျာနယ် က နအဖရဲ့ လက်ကိုင်တုတ် ဂျာနယ် ဆိုတာ သိသာ ထင်းရှား နေတဲ့ သက်သေ တခုပါဘဲ..။ ဘာကြောင့်များ လူထု ချစ်မြတ်နိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုသူတို့ ကြောက်လန့် နေကြတာလဲ ဆိုတာတော့ စဉ်းစားစရာ တစ်ခု ပါဘဲ..။
အမှန်တရားကို တကယ် ချစ်မြတ်နိုးတဲ့ လူတွေကတော့ လူထု ခေါင်းဆောင်ကို ချစ်မြတ်နိုးပြီ လေးစား ချစ်ခင် ကြတာပါ...။ အမှန်တရားကို ဖုံးကွယ်နေကြတဲ့ စစ်အုပ်စု အာဏာရှင်တွေ ကတော့ တော်တော် လေးကို ကြောက်လန့် နေကြ တာပါ..။
ဒါကြောင့် ကျမတို့ ခေါင်းဆောင် ပြောတဲ့ စကားလေး အတိုင်းဘဲ အမှန်တရား အတွက် လုပ်တဲ့ သူတွေဟာ ရှုံးရင်လဲ နိုင်တာပဲ.. နိုင်ရင်လဲ နိုင်တာပဲ.. ဘယ်တော့မှ မရှုံးဘူး.. ဆိုတာကိုတော့ စစ်အုပ်စု အာဏာရှင် တွေနဲ့သူတို့ရဲ့ လက်ကိုင်တုတ် သတင်း ဂျာနယ်တွေ အထူးသဖြင့် လျှပ်တပြက် ဂျာနယ် အယ်ဒီတာ အဖွဲ့နှင့် စစ်အုပ်စု အာဏာရှင်တွေကို မျက်နှာ ရအောင် လုပ်တတ်သော ဦးမြတ်ခိုင်ကို ဒီပို့စ်လေးနဲ့ ပြောကြား လိုက်ပါသည်။
မမြတ်လေးငုံ ဘလော့ဂ်မှ ပြန်လည် ကူးယူ ဖော်ပြသည်။

0 ရဲ့ အမြင်:
Post a Comment