“လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အကြိုပညာရေး ထောက်ပံ့ ကြေးငွေ ပေးအပ်”

Friday, May 7, 2010 ·

၅.၅.၂၀၁၀ ဗုဒ္ဓဟူးနေ့ မွန်းလွဲ့ ၁ နာရီက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အကြို အဖြစ် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများကို ပညာရေး ထောက်ပံ့ငွေ ပေးအပ်ပွဲ တရပ်ကျင်းပခဲ့သည်။

အဆိုပါ ပညာရေး ထောက်ပံ့ ကြေးငွေ ပေးအပ်ပွဲသည် န၀မ အကြိမ်မြောက် ဖြစ်ပြီး တဦးလျှင် ၂၃၀၀၀ ကျပ်စီရရှိကြသည် ဟုသိရသည်။ အကျဉ်းကျ နိုင်ငံရေး သမားများ၏ သားသမီး ၁၂၅ ယောက်အတွက် (၂၈ သိန်း ၇သောင်း ၅ ထောင်) ကုန်ကျကြောင်း သတင်းရရှိသည်။

"စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချ"
၆.၅.၂၀၁၀ နေ့က ဦးရဲထွန်း ဦးဆောင်သော ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ)၏ ပါတီအမှတ်အသားကို ခွပ်ဒေါင်း သင်္ကေတ ထည့်သုံး၍ သရုပ်ဖော် ထားခြင်းကို မြန်မာနိုင်ငံအတွင်ရှိ စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချကြသည်။ ယင်းကန့်ကွက်စာကို နေပြည်တော်ရှိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ ပေးပို့လိုက်သည်။ ခွပ်ဒေါင်း သင်္ကေတသည် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး ဦးဆောင် ပြုခဲ့ကြသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဆင့်ဆင့် ကိုယ်စားပြုထားသည့်အတွက် နိုင်ငံရေးပါတီတခု အနေဖြင့် အသုံးပြုမသင့်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ ကျောင်းသားလှုပ်ရှားမှုများးကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်သင့်ကြောင်း ကန့်ကွက် စာတွင်ပါရှိသည်။

အဆိုပါကန့်ကွက်စာကို ယနေ့မြန်မာနိုင်ငံ စာပေနှင့်အနုပညာရှင်ကြီးများဖြစ်သည့် ဆရာဒဂုန်တာရာ ၊ လူထုစိန်ဝင်း ၊ မောင်ဝံသ အစရှိသူ ဆရာကြီးများနှင့်ပန်းချီ၊ ဂီတပညာရှင် လူငယ် ၃၀ ကျော် လက်မှတ်ရေးထိုးထားကြသည်ဟု သိရှိရသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */