နအဖ အာဏာရူးကြီး သန်းရွှေပုံ ကာတွန်းထဲမှ ပုံရိပ်လွှာများ

Tuesday, October 13, 2009 ·


(ယခုဖေါ်ပြထားသော ကာတွန်းပုံအား အကျယ်ချဲ့ ကြည့်ရှူပါက မြန်မာပြည်မှ ရဟန်းရှင်လူ ပြည်သူ အပေါင်းရဲ့ ပုံရိပ်လွှာ တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်)။

ဒီကာတွန်း ပုံကို သေသေချာချာ ကြည့်ရင် နအဖ အာဏာရူးကြီးသန်းရွှေနဲ့  ဗိုလ်ချူပ်ကြီး တွေကြောင့် ရဟန်းရှင်လူ ပြည်သူ အပေါင်းရဲ့ ဘ၀တွေ သေကျေ ပျက်စီး ဆင်းရဲဒုက္ခရောက်နေကြတာကို ဖေါ်ကျူးထားတာ တွေ့ ရပါလိမ့်မယ်။

ရင်ဘတ်က တံဆိပ်ပါ အရောင်မျိုးစုံနဲ့  လူပုံတွေကတော့ တိုင်းရင်သားတွေကို ရည်စူးထားသလို၊ လည်ပင်းအောက် နေရာက ပုံကတော့ သပိတ်ကို ကိုင်ထားတဲ့ သံဃာတော်ပုံကို ဖေါ်ကျူးထားတယ်လို့  ယူဆရပါတယ်။

ညာဘက် လက်အောက် အရိုးခေါင်းပုံ အပွင့်အောက်က ပုံကတော့ ဘ၀တွေ ငတ်ပြတ်ဆင်းရဲလွန်းလို့  တောင်းရမ်းစားသောက်နေရတဲ့ ကလေးသူငယ် တစ်ယောက် ပုံသဏ္ဍန် အဖြစ် တွေ့ရပြီး၊ ဦးထုပ်ရဲ့ ထိပ်ဆုံးမှာ ဖေါ်ပြထားတဲ့ အမျိုးသမီး ပုံကတော့ နေအိမ် အကျယ်ချူပ် ကျခံနေရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်လွှာ သဏ္ဍန် ဖြစ်ပြီး ပြည်သူပြည်သား တွေရဲ့ ဘ၀တွေကို စာနာ ထောက်ထား နေတဲ့ အမူအယာလို့ ယူဆရပါတယ်။

မျက်နှာမှာ ဖေါ်ပြထားတဲ့ ပုံတွေကတော့ ဘ၀ဒုက္ခ အဖုံဖုံကို ခံစား နေကြရတဲ့ ပြည်သူတွေကို ရည်စူးထားတယ်လို့  ထင်မြင်ရပြီး၊ လက်မြောက်ထားတဲ့ ညာဘက်လက်ရဲ့ အင်္ကျီ ပေါ်မှာ မတ်တပ်ရပ် တန်းစီနေတဲ့ ပုံတွေကတော့ အာဏာရူး တွေရဲ့ ခုတုံးလုပ် အသုံးချ ခံနေရတဲ့ တပ်မတော်သားတွေ ပုံသဏ္ဍန် ဖြစ်ပြီး၊ လက်ချောင်း ထိပ်လေးတွေမှာ ပါးစပ်ဟ စကားပြော နေတဲ့ ပုံတွေကတော့ အာဏာရူး နအဖ ဗိုလ်ချူပ် ရူးကြီးတွေကနေ လက်သပ် မွေးထားတဲ့ နအဖ ဘက်တော်သား ပြည်သူ့ သစ္စာ ဖောက်လောက် ကောင်တွေလို့  ယူဆ ရပါတယ်။

ဘယ်ဘက်ပုခုံးးပေါ်က အရိုးခေါင်း အောက်မှာ ရှိတဲ့ ပန်းပွား ကျနေတဲ့ ပုံနဲ့ ညာဘက် ရင်ဘတ်ပေါ်က တံဆိပ်တွေ ကတော့ လူသေ အခေါင်း ပုံတွေ ဖြစ်ပါတယ်။ ရဟန်း ရှင်လူ ပြည်သူ လူထုကို သတ်ဖြတ်ပြီး အာဏာ သက်ဆိုး ရှည်ဖို့ အတွက် မိစ္တာ ဒိဌိ ဖြစ်နေကြတဲ့ နအဖ သန်းရွေနဲ့ ဗိုလ်ချူပ်ကြီးများရဲ့ ယုတ်မာ ပက်စက်မှုကို ဖေါ်ကျူးထားတာ ဖြစ်တယ်လို့ ယုံကြည် ရပါတယ်။

ဒီ နအဖ ခေါင်းဆောင်ကြီး သန်းရွှေရဲ့ ကာတွန်းပုံကို ယခုလို ပုံရိပ်လေးများ ထည့်သွင်းပြီး အဓိပ္ပါယ် အပြည့်နဲ့ ရေးဆွဲ ဖေါ်ပြတဲ့ သူကတော့ သြစတြေလျ နိုင်ငံသား Mr. Alan Moir ဖြစ်ပြီး၊ ကုလ သမဂ္ဂက ချီးမြှင့်တဲ့ “Winner 2nd Prize United Nations 'Political Cartoon of the Year 2004” ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ယခုလို နအဖ ခေါင်းဆောင်ကြီး သန်းရွှေနဲ့ ဗိုလ်ချူပ်ကြီးများရဲ့ ပုံစံ ကာတွန်းအား အောက်တိုဘာလ (၆) ရက်နေ့ ထုတ် The Age သတင်းစာ ထဲမှာ ပီပီပြင်ပြင် ရေးဆွဲ တင်ပြတဲ့ Mr. Alan Moir အား အထူး ကျေးဇူးတင်ရှိပါတယ်။ ဒီကာတွန်းပုံ ပေးပို့ လာတဲ့ သြစတြေလျ နိုင်ငံမှ မိတ်ဆွေ တစ်ဦးအားလည်း ကျေးဇူးတင်ရှိပါတယ်။

ဒီ နအဖ ခေါင်းဆောင်ကြီး သန်းရွှေနဲ့ ဗိုလ်ချူပ်ကြီးများရဲ့ ပုံ ကာတွန်းအား ရောင်စုံ ဓါတ်ပုံနဲ့ ထုတ်ပြီး မြန်မာပြည် အတွင်းမှာ ဖြန့်ချီမယ် ဆိုရင် လူကြိုက်များတဲ့ ကာတွန်းပုံ တစ်ပုံ ဖြစ်မှာ ဖြစ်သလို၊ နအဖ ခေါင်းဆောင်ကြီး သန်းရွှေနဲ့ ဗိုလ်ချူပ်ကြီးများ ထံကိုလည်း လက်ဆောင် အဖြစ် ပေးပို့ သင့်တယ်လို့ ယုံကြည် မိပါတယ်။

source by : နစ်နေမန်း

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */