နအဖ ရဲ နဲ့ ရ.ယ.က သတ်လို့ သေဆုံး ခဲ့ရသူ အပြစ်မဲ့ ပြည်သူ တစ်ဦး

Sunday, October 11, 2009 ·

ယခုလ (၈) ရက်နေ့ ည (၇) နာရီ ကျော်ကျော်ခန့် က ဦးကျော်မောင်လို့ ခေါ်တဲ့ အသက် (၅၆) နှစ်အရွယ် လူကြီး တစ်ယောက်ဟာ မြောက်ဥက္ကလာပ သုမာလာ လမ်းမကြီး အတိုင်း လမ်းလျှောက် လာနေစဉ် စံပယ်ဦး လက်ဘက်ရည်ဆိုင်နဲ့ မြင့်မြတ် မိတ္တူကူးဆိုင် အနား အရောက်မှာ သူ့ အနောက်ကို မလှမ်းမကမ်း ကနေ လိုက်ပါ လာတဲ့ ရဲ ယူနစ်ဖောင်းနဲ့ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦး နှင့်အတူ ဦးဝင်းချိုလို့ ခေါ်တဲ့ ရပ်ကွက် လူကြီးဟောင်းနဲ့ နောက်လိုက် အပေါင်းအပါ တွေဟာ ဦးကျော်မောင်ကို အမှီ လိုက်ပြီး နောက်ကနေ မည်သည့် အကြောင်း ပြချက်မှ မရှိဘဲ လက်ထိပ် ခပ်လိုက် ပါတယ်။

ဦးကျော်မောင်က “ဘာလုပ်တာလဲ” ဆိုပြီး လက်ကို ရုန်းလိုက် ချိန်မှာတော့ ရဲတပ်သား ပန်းသီးက “မင်းက ဘာကောင် မို့လည်း” ဆိုပြီး မျက်နှာကို ဖြတ်ထိုး လိုက်တယ်။ ဒီဖြစ်ပျက်မှုကို T ပုံသဏ္ဍန် လမ်းဆုံမှာ ဖြစ်နေတာရယ်၊ ထိုးလိုက်ချိန် မှာဘဲ လမ်းပေါ်က မောင်းလာ နေတဲ့ ဂျစ်ကား တစ်စီးက မီးထိုး လိုက်တာ ရယ်ကြောင့် အဖြစ်အပျက်က ဘေး ပတ်ဝန်းကျင်က လူတွေ လယ်ပြင်မှာ ဆင်သွား သလို အထင်းသား မြင်တွေ့ လိုက်ရပါတယ်။

အဲဒီလို လက်သီးနဲ့ ပြင်းပြင်း ထန်ထန် ထိုးနှက်မှုကြောင့် ဦးကျော်မောင်ဟာ ကတ္တရာ လမ်းပေါ် ပြုတ်ကျ သွားတဲ့ “ဘုံး” ကနဲ ဆိုတဲ့ အသံ ကျယ်လောင်မှုကြောင့် အနီးက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေသူတွေ အားလုံး လိုလို မြင်တွေ့ သွားစေ ခဲ့ပါတယ်။

လဲကျ နေတဲ့ ဦးကျော်မောင်ကို ဦးဝင်ချို ဆိုသူ ရ.ယ.က လူကြီးဟောင်းက လည်ပင်းနဲ့ ရင်ဘက်ကို ထပ်မံပြီး မညှာမတာ တအုန်းအုန်း ကန်တော့တာ ပါဘဲ။ လဲကျစဉ် ကတည်းက သတိလစ် ချင်ချင် ဖြစ်နေသူ ဦးကျော်မောင်ဟာ လက်သီးနဲ့ ထိုးခံရတဲ့ ဒဏ်ရယ်၊ ဦးခေါင်းနဲ့ လမ်းပေါ် အရှိန် ပြင်းပြင်း ကျခဲ့ရတဲ့ ဒဏ်ရယ်၊ ထပ်မံ အကန် ခံရတဲ့ ဒဏ်ရယ်ကြောင့် လမ်းမပေါ်မှာ မေ့မျှော သွားပါတော့တယ်။

ဒီအခါမှာ မေ့မျှော နေသူ ဦးကျော်မောင်ကို ဦးဝင်းချိုနဲ့ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦးတို့ဟာ ရ.ယ.က ရုံးကို ခေါ်ဆောင် သွားပါတယ်။ ဒါပေမယ့် ရယက ဥက္ကဌ ဖြစ်သူ ဦးညီညီလွင် က “ရုံးထဲကို အ၀င် မခံနိင်ဖူး၊ တော်ကြာ ရ.ယ.က က လုပ်တယ် ပြောအုန်း မယ်လို့ ” ပြောပြီး ဦးကျော်မောင်ကို ခေါ်လာတဲ့ နေရာမှာဘဲ ဆိုက်ကားပေါ်မှာ ဒီအတိုင်း ပစ်ထား ကြပါတယ်။ ဘယ်လို ဖြစ်တာလည်း၊ ဘယ်သူက ဒီလို ဖြစ်အောင် လုပ်တာလည်း၊ ဘယ်သူမှာ အပြစ်ရှိလည်း ဆိုတာတော့ မေးမြန်း စစ်ဆေးဖို့ မလုပ် ခဲ့ပါဖူး။ ဦးကျော်မောင်ကို ခေါ်ဆောင်လာသူတွေဟာ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦးနဲ့ ဦးဝင်းချိုလို့ ခေါ်တဲ့ ရပ်ကွက် လူကြီးဟောင်းတို့ ဖြစ်တာကြောင့် ရယက ဥက္ကဌ ဖြစ်သူ ဦးညီညီလွင်က ဒီအတိုင်းဘဲ လစ်လျူရှု လိုက်တာ ဖြစ်ပါတယ်။

အဲဒီလိုနဲ့ ဦးကျော်မောင်ရဲ့ မိသားစုတွေ ရောက်လာပြီး၊ ဦးကျော်မောင်ကို ကြည့်ချိန် မှာတော့ ဦးကျော်မောင် ဟာ ပြန်လည် သတိရ လုလု ဖြစ်လာပြီး မိသားစုက အိမ်ပြန် ခေါ်သွားလို့ ရလားလို့ မေးမြန်းကာ အိမ်ပြန် ခေါ်သွား ခဲ့ကြရပါတယ်။

ဒါပေမယ့် ည (၁၀) နာရီကျော်ချိန် မှာတော့ ဘယ်လိုမှ အခြေအနေ မကောင်းလားလို့ ဦးကျော်မောင်ကို မြောက်ဥက္ကလာပ ဆေးရုံကြီးကို ညတွင်းချင်း ည (၁၀း၃၀) နာရီမှာ ဆေးရုံတင်လိုက်ရပါတယ်။ နောက်တစ်ရက် နံနက် (၇) နာရီ မထိုးမှီမှာဘဲ ဦးကျော်မောင်ဟာ ပြင်းထန်စွာ ရရှိထားတဲ့ ဒဏ်ရာ တွေကြောင့် သေဆုံး ခဲ့ရ ပါတယ်။

မြို့နယ် တာဝန် ရှိသူတွေထံ တိုင်ကြားခဲ့ပေမယ့် ရပ်ကွက် လူကြီးဟောင်း ဖြစ်တဲ့ ဦးဝင်းချို တစ်ယောက် ကိုသာ ဖမ်းဆီး ထားပေမယ့် ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦး ကိုတော့ ဒီနေ့ အထိတိုင် ဖမ်းဆီးထားခြင်း မရှိသေးလို့ အမှန်တရားကို မြတ်နိုးပြီး ဥပဒေကို ဥပဒေ အတိုင်း ကျောသား ရင်သား မခွဲခြားဘဲ အဓိကတရားခံတွေအားလုံးကို အရေးယူသင့်တာ ဖြစ်ပေမယ့်၊ တရားမျှတမှု မရှိတဲ့ ဥပဒေ မရှိတဲ့ ဥပဒေ အတိုင်း မလိုက်နာကြတဲ့ နအဖ အုပ်ချူပ်မှု အောက်မှာ ဒီလို မတရားမှုကြီးတွေကို ပြည်သူတွေ ဒီအတိုင်း လက်ပိုက် ကြည့်နေ ရမှာလားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေ ပါတယ်။

အကြောင်းမဲ့ သက်သက် ထိုးနှက် နှိပ်စက်ခံရလို့ သေဆုံး သွားခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ တစ်ဦး ဖြစ်တဲ့ ဦးကျော်မောင်ရဲ့ နာရေး အသုဘကို ယနေ့ ချရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံ ဖြစ်သူ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦးကို မဖမ်းသေးလို့ နေပြည်တော် တက်တိုင် ခဲ့ပေမယ့် အဓိက တရားခံ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦး ကိုတော့ အရင်ဆုံး ဖမ်းဆီးမှု မပြုဘဲ ဦးကျော်မောင်ရဲ့ အလောင်းကို မီး မသဂြိုလ်ခိုင်းသေးလို့ တားမြစ်ခံထား နေရပါတယ်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */