မြန်မာလိင် အလုပ်သမားများအား ဖမ်းဆီးပြီး ဒဏ်ငွေရိုက်

Thursday, October 1, 2009 ·

ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံနယ်စပ် ဟတ်ယိုင်မြို့ရှိ လိင်လုပ်ငန်းရုံ တစ်ခုသို့ ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးရာ ထိုင်းလိင် အလုပ်သမများ အပါအ၀င် မြန်မာလိင် အလုပ်သမများပါ ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သော (၂၇)ရက်နေ့က နိုင်ငံခြားသား အမြောက်အများ လာရောက်ပျော်ပါးသည့် အဆိုပါ လိင်လုပ်ငန်းခွင်တွင် ကိုယ်လုံးတီး ချွတ်ပြီး စင်ပေါ်တွင် ကပြနေသော အမျိုးသား (၃)ဦးအား ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၎င်းတို့ သုံးဦးအား အသေးစိတ် စစ်ဆေးခဲ့ရာတွင် နှစ်ဦးမှာ မြန်မာ လူငယ်များ ဖြစ်နေသောကြောင့် အာဏာပိုင်များက လိင်အလုပ်သမား အမျိုးသမီးများ ကိုလည်း ဆက်လက် စစ်ဆေးခဲ့ရာ ထိုင်းအမျိုးသမီး (၇)ဦးနှင့် မြန်မာ အမျိုးသမီး (၃)ဦးတို့ကို ထပ်မံ ဖော်ထုတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီး ခံရသော မြန်မာလိင် အလုပ်သမများသည် အသက် (၂၄)နှစ်၊ အသက် (၂၁)နှစ် နှင့် အသက်(၁၉)နှစ် အရွယ်များ ဖြစ်ကြပြီး လိင်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ (၃)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ထွက်ဆိုကြသည်။

အဆိုပါ လိင် အလုပ်သမများ၏ ဓါတ်ပုံများကို အလုပ်ရုံရှေ့တွင် ထောင်ထားကြောင်း CNNသတင်းတွင် ဖေါ်ပြထားသည်။ ၎င်းလိင်ငန်းကို တည်ထောင် ထားသူမှာ ဟတ်ယိုင်မြို့မှ တာဝန်ရှိ လူကြီးတစ်ဦး ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများကို ဒဏ်ငွေရိုက်ပြီး ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

မြန်မာလိင် အလုပ်သမားများမှာ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက် လာသူများ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတွင် စားဝတ်နေရေး ကြပ်တည်းမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ အတွင်းသို့ ရရာ လမ်းကြောင်း များဖြင့် မြန်မာနိုင်ငံသားများ ၀င်ရောက် အလုပ် လုပ်ကိုင် နေကြသည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပြီး ထိုအထဲတွင် ရောင်းစား ခံရ၍ ဖြစ်စေ၊ အခြား အကြောင်း များကြောင့် ဖြစ်စေ ထိုင်းနိုင်ငံ၌ လိင်ဖျော်ဖြေရေး လုပ်ငန်းတွင် မြန်မာ အမျိုးသမီး အချို့ ၀င်ရောက် လုပ်ကိုင်လျှက် ရှိကြသည်။

source by : GRASSROOTS HUMAN RIGHT

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */