မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး မှ ထုတ်ပြန်ကြေငြာချက်
Friday, September 18, 2009 ·
နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ၊ မြို့နယ် သံဃာ့ နာယက ဆရာတော်ကြီးများ၊ ရပ်ကွက် သံဃာ့နာယက ဆရာတော်ကြီးများ ဘုရား…..
တပည့်တော်တို့ ပြည်တွင်း ပြည်ပရှိ သံဃာတော်များ အားလုံးမှ ခြေတော်ဦးခိုက် ရိုသေစွာ လျှောက်ထား အပ်ပါသည်ဘုရား…
        သံဃာ့ နာယက အဖွဲ့ကြီးသည် သာသနာတော်ကြီးကို မပျက်ဆီး စေပဲ ရေရှည် တည်တံ့ရေးနှင့် ဖွံ့ဖြိုး တိုးတတ်ရေး အတွက် ဖွဲ့စည်း ထားသော အဖွဲ့ကြီး ဖြစ်ကြောင်းကို သံဃာတော်များ အားလုံး နားလည် သဘောပေါက် လက်ခံထား ကြပါသည် ဘုရား။
        ယခုအခါသာသနာတော်ကြီးသည်ဖျက်ဆီးခံနေရသည့်ဘေးအန္တရာယ်အပေါင်းနှင့် ကြုံတွေ့ နေရပါသည် ဘုရား၊၂၀၀၇ စက်တင်ဘာတွင် သံဃာတော်များသည် မြတ်စွာဘုရားရှင်၏ ငြိမ်းချမ်းရေး လမ်းစဉ်နှင့် အညီ မေတ္တာသုတ် ပရိတ်တော်များကို ရွတ်ဆိုကာ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက် ခဲ့ကြသည်ကို နအဖ စစ်အာဏာရှင် များသည် ရက်ရက် စက်စက် သေနတ် နှင့် ပစ်၊ ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ကာ ဖမ်းဆီး ခေါ်ဆောင် သွားကြပါသည် ဘုရား။
        ယခုအခါ ဆရာတော်များ၏ မေတ္တာအရိပ်ကို ခိုလှုံနေကြသော သံဃာတော် အပါး ၂၄၀ ပါး၊ သီလရှင် ၁၀ပါး တို့သည် မေတ္တာသုတ် ပရိတ်တရားများကို ရွတ်ဆိုရုံဖြင့် အကျဉ်းထောင်ထဲတွင် အနှိပ်စက်ခံ နေရပါသည် ဘုရား။ယခုတဖန်အပြစ်မရှိပဲ နာယက ဆရာတော်ကြီးများ၊ တိုက်အုပ် ဆရာတော်များ၊ စာချ ဆရာတော်များ၊ ဆက်လက် အဖမ်းခံ နေကြရပါသည် ဘုရား။ အချို့ သံဃာတော် များသည် လိုက်လံ ဖမ်းဆီးနေသည့် အတွက် မိမိ ကျောင်းတိုက်တွင် မနေရဲဘဲ ထွက်ပြေး တိမ်းရှောင် နေကြ ရပါသည် ဘုရား။ သံဃာတော် အများအပြား လူဝတ်မလဲချင်ပဲ လူဝတ်လဲကုန် ကြရပါသည် ဘုရား။ ယနေ့ သာသနာတော်သည် အကာအကွယ်မဲ့ နေသည့် အတွက် သာသနာ့ ဘောင်ထဲသို့ နောက်ထပ် သံဃာတော်များ ၀င်ရောက် မလာတော့ဘဲ သာသနာ့ ဘောင်ရှိ သံဃာတော်များ တစ်နေ့တခြား လျော့ပါး လာသည်မှာ သာသနာတော် ပျက်ဆီး ဆုတ်ယုတ် လာသည့် အခြေအနေနှင့် ရင်ဆိုင် ကြုံတွေ့နေကြ ရပါသည် ဘုရား။
        ယခု ကဲ့သို့ သာသနာတော်မှာ အန္တရာယ် ကြုံတွေ့ လာလျှင် မြတ်စွာ ဘုရားရှင်သည် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး တားမြစ် ပိတ်ပင် ကာကွယ်ရမည် ဆိုသည်ကို ၀ိနည်း ဒေသနာတော် ရှိခဲ့သည့် အတွက် သံဃာတော်များ အားလုံး စုဝေး တိုင်ပင်ကာ (၃.၁၀.၂၀၀၉) သီတင်းကျွတ် လပြည့် ပ၀ါရဏာ နေ့တွင် သပိတ်မှောက် ကမ္မ၀ါစာကို ရွတ်ဆိုကာ သပိတ် မှောက်ကြမည် ဖြစ်ပါသည် ဘုရား။ ယခု ပြုလုပ်ကြမည့် တတိယ အကြိမ် သပိတ်မှောက်ပွဲကို ဆရာတော်များသည် သာသနာတော်တွင် တာဝန် အရှိဆုံး ဆရာတော်များ ဖြစ်သည့် အတွက် ဆရာတော်ကြီးများ ကိုယ်တိုင် ဦးဆောင်၍ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက် ကံဆောင် ပေးကြပါရန် ပြည်တွင်း ပြည်ပရှိ သံဃာတော် များက ခြေတော် ဦးခိုက် ရိုသေစွာ လျှောက်ထား အပ်ပါသည် ဆရာတော်၊ သံဃာတော်၊ အရှင် သူမြတ်များ ဘုရား။
မြန်မာ နိုင်ငံလုံး ဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့ သာမဂ္ဂီ အဖွဲ့
0 ရဲ့ အမြင်:
ဗုဒ္ဓမြတ်စွာ ဘုရား
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်
ပျော်ပျော်ပါးပါးရေးပါ။
Type the MYANMAR fonts in here... Clip the Keyboard icon
Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ
ကမ္ဘာမကြေဘူး သီချင်းလေးပါ
ကမ္ဘာမကြေဘူး
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
အတူတူပေါင်းစည်းကြမယ်
/* EOT ----------------------------------------- */