သြဂုတ်လ (၁၁) ရက်နေ့ မနေ့ တစ်နေ့ က နံနက် (၉) နာရီ၊ (၁၅) မိနစ် အချိန်ခန့်မှာ နေပြည်တော်၊ ပေါင်းလောင်း ကိုးလမ်း ထိပ်မှာ ကဗျာ ဆရာ (ကို) ညီဗလ ဟာ “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ရဲဝန့် စွာနဲ့ အာဏာရူး နအဖတွေရဲ့ မတရား ကလိမ်ကကျစ် ကျမှုကို ဆန့်ကျင် ဆန္ဒပြ ခဲ့ပါတယ်။
ဒီလို မိမိရဲ့ ခံစားမှုနဲ့ ဖြစ်ပျက်နေမှု အပေါ် အမှန်အတိုင်း ထုတ်ဖေါ် ပြောကြားရဲတဲ့ ကဗျာ ဆရာ (ကို) ညီဗလ ကို အထူး လေးစား ရပါကြောင်း မှတ်တမ်းတင် ပြောကြား လိုပါတယ်။ မြန်မာပြည်သူတွေ တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ရာတစ်ထောင် စုပေါင်းဖွဲ့ပြီး တစ်ပြိုင်နက် အင်တိုက် အားတိုက်သာ ယခုလို အခြေအနေမှာ အာဏာရူး နအဖကို ဆန့်ကျင် တော်လှန်ကြမယ် ဆိုရင် “အောင်ပွဲ ဆိုတာ တိုက်ရဲသူ အတွက် ဖြစ်တယ်” ဆိုတဲ့ အဆိုစကားက မြေကြီး လက်ခတ် မလွဲ ဖြစ်မှာပါ။

0 ရဲ့ အမြင်:
Post a Comment