ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ဂျပန်ရောက် မြန်မာများက ထိုင်သပိတ်ဆန္ဒပြ

Wednesday, August 12, 2009 ·



တိုကျို၊ သြဂုတ်(၁၁)သန့်မျိုးထွေး၊ ဖြိုးဝေ-mmp
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုစီရင်ချက်နှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ယနေ့တွင် အင်းစိန်ထောင်အထူးတရားရုံးမှနေ၍ မတရားအမှုဆင်ပြီး စီရင်ချက်ချမည်ဆိုသောကြောင့် တိုကျိုမြို့၊ ရှီနာဂါဝါရပ်ကွက်ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လယ် ၁၂း၀၀ နာရီမှစတင်စုဝေး၍ တောင်းဆိုဆန္ဒပြဖို့ ထပ်မံပြုလုပ်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင်မတရား ပြစ်ဒဏ်အမိန့်ချမှတ်မည်ဆိုပါက ပြင်းထန်းစွာ ကန့်ကွက်တုံ့ပြန်မည်ဟု ပြောဆိုထားသည့်အတိုင်း အင်အား ၄၀၀ ခန့်က သွားရောက်စုဝေး ဆန္ဒပြခြင်းဖြစ်သည်။

ဂျပန်စံတော်ချိန် ၃ နာရီခွဲလောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁ နှစ်ခွဲ) ချလိုက်လိုက်ကြောင်း သိရှိကြသည့်အတွက် တောင်းဆိုဆန္ဒပြ နေကြသူများက အလွန်အမင်းဒေါ်သထွက်ကာ အနီးအနားရှိ ယာဉ်ကျောတားဆီးရေးတိုင်များနှင့် စစ်အခွန်ရုံးတံခါးသို့ ပစ်ပေါက်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် အန်အယ်ဒီ(လွတ်မြောက်နယ်မြေ-ဂျပန်)မှကိုမြသိန်းက "ဒေါ်စုကိုထောင်ချတယ်လို့ ကြားလည်းကြားရော မတိုင်ပင်ထားဘဲ အနီးနာမှာရှိတဲ့ မှတ်တိုင်တွေနဲ့ အခွန်ရုံးကိုပေါက်ပါလေရော။ နောက်ပြီး အထဲကလူတွေ(နအဖ၀န်ထမ်း)တွေကို ဘာကြောင့် ဒီလိုမတရားစီရင်ချက်ချရတယ်ဆိုတာကို ရှင်းပြပေးဖို့ တောင်းဆိုခဲ့ကြတယ်..."ဟုပြောပြသည်။

ယင်းနောက်တွင် လူထုခေါင်းဆောင်အတွက် အခွန်ရုံးရှေ့တွင် ထိုင်သပိတ်ဖြင့်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထိုင်သပိတ်ဆန္ဒပြသူများကို ဂျပန်ရဲများက ယခုလိုမပြုလုပ်ရန်နှင့် အမြန်ဆုံးလူစုခွဲပေးရန် ပြောဆိုခဲ့ကြသော်လည်း ဆန္ဒပြနေသူများက ရုံးဆင်းချိန် ညနေ ၅း၀၀ နာရီအထိ နေရာမှမဖယ်ပဲ ထိုင်သပိတ်တိုက်ပွဲ ဆက်လက်ဆင်နွဲခဲ့ကြကြောင်းသိရသည်။

"ဘယ်လိုဘဲကြည့်ကြည့် ဒါလူထုခေါင်းဆောင်ကို ၂၀၁၀ရွေးကောက်ပွဲမှာ ၀င်မပါနိုင်အောင် မတရားအမှုဆင်ထောင်ချတာ၊ ဘယ်လိုမှကျနော်တို့ လက်မခံနိုင်ပါဘူး။ အကယ်၍ လူထုခေါင်းဆောင်ကို ပြန်လွတ်ပေးရင်ပေး၊ မပေးဘူးဆိုရင် ဒီမိုကရေစီတိုင်ပွဲအတွက်ရော၊ လူထုခေါင်းဆောင် လွတ်မြောက်ရေးအတွက်ရော ဒီ့ထက်ပိုမိုတဲ့နည်းတွေနဲ့ကျနော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ အဲ့လိုနအဖကိုသတိပေးချင်တယ်...။"ဟု ဆန္ဒပြသူတဦးဖြစ်သည့် ကိုကျော်စိန်ထွန်းမှ ပြောဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးမှလည်း မြန်မာနအဖသံအမတ်(ဦးလှမြင့်)အား ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့မည်ပုံစီရင်ချက်ချပြီး အရေးယူအပြစ်ပေးသည်ကို ရှင်းလင်းပြောဆိုပေးရန် တောင်းဆိုကြောင်းလည်းသိရှိုရသည်။

ဂျပန်ရဲများ၏ မေတ္တာရပ်ခံမှုကြောင့် ထိုင်သပိတ်ကို ညနေ ၅း၀၀ နာရီတွင်ရုပ်သိမ်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။

အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၃)နှစ်ဟုဥပဒေကြောင်းအရ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊ နှင့်တဦးအပေါ်တဦး အာဃာတမထားလိုခြင်းစသည့် အကြောင်းပြချက်များဖြင့် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်အရ ပြစ်ဒဏ်ထက်ဝက်လျော့ချ၍ ထောင်ဒဏ်(၁၈)လကိုသာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် နေအိမ်တွင် အကျယ်ချုပ်ကျခံရမည်ဟု စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အလားတူဒေါ်အောင်ဆန်းစုကြည်အား ပြုစုစောင့်ရှောင့်နေသည့် ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းပပတို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်ကို ဒေါ်အောင်ဆန်းစုကြည်နည်းတူ ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကိုမှု ထောင်ဒဏ် (၇)နှစ် ကျခံစေရန်အမိန်ချမှတ်ခဲ့သည်။

ယခုလို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့မှုအတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာနအဖစစ်အုပ်စုအား ပြင်းထန်သည့်ဖိအားများပေးရန် မနက်ဖြန်(သြဂုတ်လ ၁၂ ရက်)နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ဂျပန်နိုင်ငံခြားရေးရုံးသို့သွားကာ တောင်းဆိုကြမည်ဟုလည်း သိရှိရပါသည်။

MARUNO UCHI လိုင်းဖြင့် KASUMIGASEKI ဘူတာတွင်ဆင်းပြီး၊ A4 A8 ထွက်ပေါက်များမှ ထွက်ကာ ဂျပန်နိုင်ငံခြားရေးရုံးသို့ သွားရောက်နိုင်ပါသည်။

အချက်အလက်စုဆောင်းပေးသူများ-နန်းအိမွန်ချစ်၊ ကိုစိုးအောင်ဝင်း
မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */