စစ်အာဏာရှင်လှည့်ကွက်ကို ယုံစားခဲ့မယ်ဆိုရင်

Thursday, August 13, 2009 ·

ရဟန်း ရှင်လူ ကျောင်းသား မျိုးချစ် ပြည်သူ့ တပ်မတော် တစ်ရပ်လုံး အနေနဲ့ အရေးတကြီး သိရှိနားလည် သဘောပေါက်ဖို့က စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို မယုံစားမိစေဖို့ ပါပဲ၊ (၁၁.၈.၂၀၀၉) နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလိမ့်တစ်ပတ်နဲ့ မတရားစီရင်ချက် ချခဲ့ပြီးပါပြီ၊ ထိုသို့ မတရား စီရင်ချက် ချခဲ့တာကိုပင် နအဖ အာဏာရူး သန်းရွှေက ကရုဏာကြီးမား သယောင်ယောင် တိုင်းပြည်အပေါ် စေတနာရှိ သယောင်ယောင် နှင့် ပြည်သူလူထုကြီးကို လိမ်လည် လှည့်ဖျားခဲ့သည်ကို အထူး သတိပြု ကြစေလိုသည်၊
နအဖသည် ဘယ်သော အခါမှ တိုင်းပြည်အပေါ် စိတ်ကောင်း နှလုံးကောင်း စေတနာ မရှိခဲ့ဘူး ဆိုသည်ကို ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံးအနေဖြင့် အထူး သတိချပ်သင့်ပေသည်၊ ပြည်သူလူထုကို တစ်ခါမှမသုံးဖူးတဲ့ နူးညံ့တဲ့ စကားလုံးများကို ရွေးသုံး နှစ်သိမ့်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ကျခံစေခဲ့ပေသည်၊ ဒါဟာ ပြည်သူလူထုရဲ့ ပေါက်ကွဲထွက်လာမဲ့ ဒေါသကို အနုနည်းနဲ့ ထိမ်းချုပ် လိုက်ခြင်းသာ ဖြစ်ပေသည်၊ မြန်မာလူမျိုးများသည် ပင်ကိုယ်အားဖြင့် စဉ်းစား တွေးခေါ်မှု အားနည်းသည့် အလျှောက် သနား ကရုဏာ သက်ဝင်မှု ရှိတတ်ကြသော လူမျိုးများ ဖြစ်ပေသည်၊ ဒါကို နအဖ အာဏာရူး သန်းရွှေက အခွင့်ကောင်းယူ အသုံးချလိုက်ခြင်းသာဖြစ်ပေသည်။
အမှန်တကယ် ရိုင်းရိုင်းပြောရလျှင် ဘယ်သူတွေ ဘာပြောပြော ဘာကောင်မှ စောက်ဂရုစိုက်စရာ မလိုဘူး၊ ငါလုပ်ချင်တာ လုပ်မယ် မင်းတို့ခေါင်းဆောင်ဆိုတာကို အဲလိုဖမ်းပီး ထောင်ချလိုက်တယ် ကဲ မင်းတို့ဘာလုပ်ချင်သေးလဲ လို့ ပြောပီး လူထုကို စိမ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်၊ ရဟန်းရှင်လူ ပြည်သူ လူထုကြီး အနေနဲ့ အော် တော်သေးတာပေါ့ နေအိမ် အကျယ်ချုပ်နဲ့ ၁ နှစ်ခွဲချလိုက်တာ ဆိုပြီး စိတ်ကူးတော့ မလွဲ လိုက်မိပါစေနဲ့၊ ဒါဟာ စစ်ကျွန်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို မီးစိမ်း ပြလိုက်ခြင်း ပါပဲ၊ နအဖဟာ စစ်အာဏာရှင် တည်မြဲရေး အတွက် ညစ်ပတ် ကောက်ကျစ် စဉ်းလဲတဲ့ မည့်သည့်နည်းကို မဆို သုံးဖို့ အဆုံးစွန် ရည်ရွယ်ထားပီးသားပါ၊ နအဖ ပြောတဲ့ ဒီမိုကရေစီဆိုတာလည်း ဖာသည် ဒီမိုကရေစီ မျိုးသာဖြစ်လာနိုင်ပြီး ပြည်သူကို သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် လုပ်ဆောင်မဲ့ စစ်အရေခြုံ အာဏာရှင်စနစ်မျိုးသာလျှင်ဖြစ်ပါလိမ့်မည်။

နအဖ ဟာ အရင်ကလည်း ရဟန်းရှင်လူ ပြည်သူ လူထုအပေါ်မှာ အစွမ်းကုန် ညစ်ပတ် ကောက်ကျစ် ယုတ်မာ ခဲ့သလို ခုလဲ ယုတ်မာ နေဆဲ နောင်လဲ ယုတ်မာ နေဦးမည်သာ ဖြစ်ပေသည်၊ နအဖ သည် တိုင်းပြည်နှင့် လူထုအပေါ် ဘယ်သောအခါမှ ကောင်းကျိုး ပြုလုပ်မည့်သူ မဟုတ်ပေ၊ သမိုင်းအဆက်ဆက် အသက်တွေ ဘ၀တွေ ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်း အပေါင်းတို့ရဲ့ ခါးသီးလှတဲ့ သင်္ခန်းစာတွေ အတွေ့အကြုံ တွေကို ဘယ်သောခါမှ မမေ့ပစ်ကြပါနဲ့၊ ကျွန်ုပ်တို့ သူရဲကောင်း အပေါင်းတွေ ပေးခဲ့ကြတဲ့ စစ်အာဏာရှင် တော်လှန်ရေး အမွေအနှစ်တွေကို တာဝန်ထမ်းရွက်ဖို့ တာဝန်သည် ကျွန်ုပ်တို့ အားလုံးရဲ့ပခုံးပေါ်ကို ရောက်ရှိ နေပါပြီ၊ ဘာမှလုပ်လို့ မရပါဘူး ဆိုတဲ့ တာဝန်မဲ့တဲ့ စိတ်ဓာတ်ကို မမွေးမြူကြပဲ ကျရာတာဝန်ကို အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်နေပါပြီ။

နအဖဟာ ပြည်သူ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အားလုံးကို ရန်သူလို သဘောထားပြီး တိုင်းပြည်ကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် လုပ်ဆောင် နေပြီ ဆိုတာကို အထူးသိရှိ နားလည် သဘောပေါက်ကြဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပေသည်၊ နအဖ ပြောတာကို နားယောင်ကာ ဇဝေဇ၀ါ ဖြစ်ပြီး ငြင်းခုံ နေကြဦးမည် ဆိုလျှင်တော့ နောင် အနှစ် (၁၀၀) တိုင်တိုင် စစ်ကျွန်အောက်က လွတ်မြောက်နိုင်မည် မဟုတ်ဘူးဆိုတာကို ဗေဒင် မေးစရာမလို အဖြေက ထွက်ပြီးသား ဖြစ်နေ ပါလိမ့်မည်၊ နအဖ စစ်ကျွန်ပြုတာကို လူစဉ်မမီ အဆင့်အတန်း နိမ့်ကျစွာနဲ့ မိမိတို့ရဲ့ သားစဉ် မျိုးဆက် တွေကို ခေါင်းငုံ လည်စင်းခံပြီး စစ်ကျွန် အဖြစ် နွံနစ်ခံမလား၊ ဒါမှမဟုတ် ရရင်ရ မရရင်ချ ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ လမ်းစဉ်ကို လိုက်ပြီး နအဖကို တော်လှန်ကြ မလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ မြန်မာ လူမျိုးမှန်ရင် မိမိကိုယ် မိမိ အကြိမ်ကြိမ် အလီလီ မေးသင့် မေးထိုက်တဲ့ မေးခွန်း တစ်ခုဖြစ်နေပြီး၊ မိမိ ကံကြမ္မာကို မိမိ ဖန်တီးရမဲ့ အချိန်ကြရောက် နေပြီဆိုတာကို တော်လှန်ရေး သတိကြီးစွာနဲ့ သတိပေး ရေးသားလိုက်ရပါသည်။

တက္ကသိုလ် သောတုဇန ဘိက္ခု(ရန်ကုန်)
၁၂.၀၈.၂၀၀၉

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */