ဘယ်လမ်းရွေးမလဲ နအဖ

Saturday, August 1, 2009 ·

ဇူလိုင်လ(၃၁) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မတရားစီရင်ချက် မချရဲတဲ့ နအဖ၊ သြဂုတ်လ (၁၁) ရက်ကို တောင်လိုလို မြောက်လိုလိုနဲ့ ရွှေ့ပြောင်း ခဲ့ပြန်တယ်၊ ဒါဟာ မတရား သဖြင့် ပြုမူ လုပ်ဆောင် နေတာကို ဖင်ပိတ်ငြင်းနေလဲ အပို ဖြစ်နေပြီ ဆိုတာ ပြည်သူတွေက သဘောပေါက်နေကြပေပြီ။

ရဟန်းရှင်လူ ပြည်သူလူထု တစ်ရပ်လုံးဟာ ဘယ်ခေတ်တုန်း ကမှ မဟုတ်တာ မတရားတာကို ခေါင်းငုံ့ခံခဲ့ရိုး ထုံးစံ မရှိခဲ့ဘူးဆိုတာ နအဖ အနေနဲ့ အထူး သဘောပေါက် စေချင်ပေသည်၊ ယခု အချိန်အခါသည် နအဖ စစ်မိစ္ဆာကောင်များ အနေဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချခဲ့ပါက တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်တော့မည် ဆိုတာ တကမ္ဘာလုံးက မျက်ဝါးထင်ထင် တွေ့မြင် ကြရပေမည်။

ပြည်သူ ဆီက အာဏာကို မတရား လုယူပြီး ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး သာမက လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ စော်ကားချင်တိုင်း စော်ကား မော်ကား လုပ်နေတာကို ဘယ်ပြည်သူကမှ သည်းခံနိုင်စွမ်း မရှိဘူး ဆိုတာကို နအဖ အနေဖြင့် လက်တွေ့ ကျကျ တွေ့မြင်ရမည်ဖြစ်သည်။

အာဏာ ပါဝါရှိတိုင်း ထင်ရာစိုင်း လုပ်ချင်တဲ့ နအဖ ခေါင်းဆောင်များ အနေနဲ့ နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကို ရွေးချယ် မလဲဆိုတာ သေသေချာချာ စဉ်းစားထားကြဖို့ အထူး လိုအပ် နေပေပြီ၊ ပြည်သူ့ ညီညွတ်မှု စွမ်းအားကို ဘယ်အာဏာ ဘယ်ပါဝါကမှ တားဆီး နိုင်စွမ်း မရှိဘူးဆိုတာကို မကြာခင် တွေ့မြင် ရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ ခေါင်းဆောင် အစစ်ဖြစ်ပြီး နအဖ ဟာ ဘယ်တော့ ခါမှ ပြည်သူ့ ခေါင်းဆောင် ဖြစ်မလာနိုင်ဘူး၊ နအဖကို ဘယ်ပြည်သူ ဘယ်ကမ္ဘာ ကမှ အယုံအကြည် မရှိဘူး ဆိုတာကို စစ်မှန်တဲ့ လွတ်လပ်ရေးကို ဆာလောင် တောင့်တနေတဲ့ သန်း(၅၀) ကျော်သော ရဟန်းရှင်လူ ပြည်သူ တွေရဲ့ရင်ထဲက စစ်မှန်တဲ့ ဆန္ဒနဲ့ တောင်ဆို တိုက်ပွဲဝင်မှုတွေ မကြာခင် ပေါ်ပေါက် လာတော့မည် ဖြစ်သည်။

နအဖ ဖွတ်ခေါင်း အဖွဲ့များ အနေဖြင့် နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကို လိုက်မလဲဆိုတာ မိမိကိုယ်တိုင် ရွေးချယ်မလား ဒါမှမဟုတ် သန်း(၅၀) ကျော်သော ရဟန်းရှင်လူ ပြည်သူတွေရွေးချယ်တဲ့လမ်းကို လိုက်မလား ဆိုတာ မကြာခင် အဖြေတစ်ခု ထွက်ပေါ် လာတော့မည် ဖြစ်သည်။

ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */