မလေးရှားနိုင်ငံ Semenyih Detention Camp တွင် ဆူပူမှုဖြစ်ပွား

Friday, July 3, 2009 ·

ဇူလိုင်လ ၁-ရက်၊ ၂၀၀၉ ခုနှစ် ည ၁၀-နာရီဝန်းကျင်ခန့်တွင် မလေးရှားနိုင်ငံ၊ စမန်ညှင်းထိန်း သိမ်းရေးစခန်း (Semenyih Detention Camp) တွင် ဆူပူမှုဖြစ်ပွားကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ- ဇွန်လ ၃၀-ရက်နေ့တွင် Camp အတွင်း နေမကောင်းသူများဆေးခန်းပြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဆေးခန်းပြရာတွင် Camp ရှိ အဖမ်းခံထားရသောမြန်မာများမှ ဆေးခန်းပြရန်လူစာရင်းတင်ရာ နှစ်ယောက်ပိုသွားခဲ့သည်။ ထိုပိုသွားသောနှစ်ယောက်အား Camp အာဏာပိုင်များက ဆေးခန်းပြခွင့်မပြုသည့်အပြင် ရိုက်နှက်ခဲ့ပြီး ဆေးလိပ်မီးနှင့်ထိုးခဲ့သည်။ နေမကောင်းသောလူနာများအား ယင်းသို့နှိပ်စက်သည်ကို လက်မခံနိုင်သဖြင့် ကျန်သည့်မြန်မာများမှ ဇူလိုင်လ ၁-ရက်နေ့တွင် Camp အတွင်းနေ့စဉ်လုပ်ရသော တန်း စီရသည့်အလုပ်အားမလုပ်ဘဲ တနေကုန်ဆန္ဒပြခဲ့ကြသည်။

ည ၇-နာရီအချိန်ခန့်တွင် Camp အာဏာပိုင်များမှ အဆောင်တခုစီမှ မြန်မာငယ်အနည်းစီကို UNHCR မှ ကိုယ်စားလှယ်လာ ရောက် သည်ကိုတွေ့ဆုံရန်ဟု အကြောင်းပြကာ လာရောက်ခေါ်ဆောင်သွားပြီး အခန်းတံခါးပိတ်ကာ ရိုက်နှက်ခဲ့ကြသည်။ ထို့နောက် ပြန်လွှတ် ပေးမည်ဟု အကြောင်းပြကာ Camp ပြောင်းရန်စီစဉ်ခဲ့ကြသည်။ အရိုက်ခံရသောသူများအော်ဟစ်သံကြောင့် Camp တခုလုံးမှ လူများ သိရှိသွားပြီး ၀ိုင်းဝန်းအော်ဟစ်ကာ အဆောင်တံခါးများဖွင့်၍ ထွက်လာကြသဖြင့် ဆူပူမှုဖြစ်ပွားခဲ့သည်။

မီးသတ်ကားများ၊ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ ၃၀၀-နီးပါးခန့်ရောက်လာကြပြီး Camp တခုလုံးဝိုင်းလိုက်ကြပြီးနောက် သေနတ် များပစ်ဖောက်ကာ လူစုခွဲခဲ့သဖြင့် အခြေအနေပြန်လည်ငြိမ်သက်သွားကြောင်း သိရပါသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဒဏ်ရာအ နည်းငယ်သာရရှိခဲ့ပြီး မည်သည့်ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။ အဆောင်များမှခေါ်ဆောင်သွားသော မြန်မာများမှာ ၃၀-ဦးရှိပြီး ၁၇-ဦးသာ အဆောင်သို့ပြန်လည်ရောက်ရှိလာပြီး ကျန်သည့် ၁၃-ဦးမှာ Camp ပြောင်းခံရကြောင်းသိရပါသည်။

စမန်ညှင်းထိန်းသိမ်းရေးစခန်းသည် Selangor ပြည်နယ်တွင် အကြီးဆုံးစခန်းတခုဖြစ်ပြီး အဆောင် ၅-ဆောင်ဖြင့်ဖွဲ့စည်းထားသည်။ လက်ရှိတွင် လူ ၂၀၀၀-နီးပါးခန့်ရှိနေပြီး ၄င်းတို့ ထဲမှ တ၀က်ကျော်မှာ မြန်မာလူမျိုးများဖြစ်ကြောင်း သိရပါသည်။
--
Kyaw Htoo Aung
hp: +6012 223 0327
Burma-Workers' Rights Protection Committee (BWRPC)
Kuala Lumpur
Malaysia

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */