ဒေါ်စုအိမ် ယက်တောလို ခိုးဝင်တဲ့ အန်ဘီစီ ရုပ်သံက The philanthropist စီးရီး

Friday, July 10, 2009 ·

ပြီးခဲ့တဲ့ အပါတ်က အမေရိကားမှာ လွတ်လပ်ရေးနေ့ Long Weekend ဆိုတော့ အနား ရက်ရှည်ရပြီး တယ်လီဗေးရှင်း ရှေ့မှာ အချိန်အတော်လေး ဖြုန်းလိုက်တယ်၊ နဂိုရ်ကလည်း မိသားစုက ရုပ်ရှင် ဝါသနာအိုးတွေ ဆိုတော့ အွန်လိုင်းမှာ ဘစ်လော့ဒ် နဲ့ မီနီနိုဗါ ဆိုဒ်ကနေ ဆွဲချလာတဲ့ ရုပ်ရှင်ကားသစ်တွေ ကြည့်ကြ၊ တယ်လီဗေးရှင်း တလှည့် ပြောင်းလို့ ကြည့်ကြနဲ့ မုန့်လုံး စက္ကူကပ် နေကြတာပေါ့။

သောကြာနေ့ မှာ ဝစ္စကွန်ဆင်က ဘော်ဘော် တယောက်က သတင်းပေးလာတယ် နာမည်ကျော် NBC ချာနယ်ကြီးမှာ စီးရီးအသစ်ဖြစ်တဲ့ The philanthropist ကနေ ယက်တော လို ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲ ခိုးဝင်တဲ့ မြန်မာပြည်အကြောင်း ဇါတ်လမ်း လာသွားတယ်တဲ့၊ အဲတာနဲ့ အင်တာနက် တန်ခိုးနဲ့ ဘစ်လော့ဒ် အားကိုးကာ မီနီနိုဗါ ဆပ်ရှ်ဘားမှာ သွားရိုက်ရှာတော့ တွေ့ပါလေရော၊ ဒေါင်းလုပ်ဆွဲ ကူးပြီး ဂျိမ်းဘွန်း လက်သစ်လိုလို ဇါတ်ကားကို နဖူးတွေ့ ဒူးတွေ့ တွေ့ပါတော့တယ်။

အိပ်ခ်ျဘီအို ရုပ်သံစီးရီးတွေနဲ့ အမ်မီဆု ရဖူးတဲ့ ဗြိတိန်ဖွား မင်းသား James Purefoy ဇါတ်ကားပါ၊ ပထမဆုံး စီးရီးကို နိုင်ဂျီးရီးယားမှာ ဇါတ်လမ်းစခဲ့ပြီး၊ အခု ဒုတိယမြောက် ဇါတ်ကတော့ မြန်မာပြည်မှာပါ၊ သူ့ရဲ့နောက်ကြောင်း ရာဇဝင်ကတော့ Teddy Rist အဖြစ်သရုပ်ဆောင်တဲ့ မင်းသားက ဘီလျံနာ သူဋ္ဌေးပါ၊ ထူးခြားတာက သူဟာ လူသားမျိုးနွယ်စု တွေထဲက အထူးသဖြင့် စီးပွားရေး လုပ်ရင်း တဖက်ကနေ ကလေးတွေကို ကယ်တင်နေသူပါ။

ဇါတ်လမ်း ကတော့ဗျာ နယူးယောက် မင်ဟက်တန်မှာ အခြေစိုက်တဲ့ The Maidstone Rist ကုမ္မဏီဟာ သူတို့ စေခိုင်းလို့ မြန်မာပြည်နဲ့ Gas ကုန်သွယ်မှုပြုနေတဲ့ သူတို့ရဲ့ လက်ဝေခံ တရုတ်က ချမ်းကုမ္မဏီနဲ့ အဆင်မပြေဖြစ်ပြီး၊ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံထဲကို သူတို့ ကိုယ်တိုင် လူ့အခွင့်ရေး အဖွဲ့အစည်း ပုံစံနဲ့ ဗမာပြည်ထဲဝင်ပြီး စီးပွားလုပ်ဖို့ စနဲနာတဲ့ ခရီး၊ တားမြစ်ကန့်ကွက်သူတွေ ရှိနေတဲ့ ကြားထဲကနေ ကုမ္မဏီရဲ့ Co-CEO တက်ဒီရစ် ကိုယ်တိုင် ရန်ကုန်သွားဖို့ အကြောင်းဖန် လာတာပါ၊ ထူးခြားတာက သူ (တက်ဒီ) ကြည်ညို ရင်းစွဲရှိတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အိမ်ချုပ်မိနေတဲ့ ဒေါ်မေလင်းဝေ ( ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် အမည် မသုံးတာလဲ မသိ၊ ပုံစံကတော့ တော်တော်တူအောင် လုပ်ထားပါတယ်) ကို ရန်ကုန်ရောက်ရင် တွေ့ဖြစ်အောင် တွေ့မယ်လို့ သူကိုယ်တိုင် သူ့ဇနီးရှေ့မှာ ကြိမ်းဝါးပြီး ရန်ကုန်သွားသူပါ။

ဇတ်ညွှန်း နာမည်အရ ဒေါ်မေလင်းဝေ
ရန်ကုန်မြို့ကို ဆူးလေဘုရားတဝိုက်က အစ အတော်တူအောင် NBC က ကြိုးစား ပြင်ဆင်ထားပါတယ် လမ်းဘေး ဝဲယာ ဆိုင်းဘုတ်တွေ၊ လမ်းသွား လမ်းလာတွေက အစပေါ့၊ ဆိပ်ကမ်းသာ ဟော်တယ်လို့ ခေါ်တဲ့ Strand Hotel မှ တည်းတယ်လို့ ကားသမားနဲ့ အချီအချ စကားပြောခန်းမှာ ကြားရပြီး၊ ကားခပေးတဲ့ အခါသုံးတဲ့ ပိုက်ဆံကအစ မြန်မာပိုက်ဆံ ၂၀၀ ရာတန်တွေ သေသေခြာခြာ သုံးထားပါတယ်၊ ပထမအကြိမ် ဒေါ်အောင်ဆန်းစုကြည် ( ဇါတ်ကားအရ ဒေါ်မေလင်းဝေ ) အိမ်ကိုသွားကြတဲ့ အခါ တက္ကစီသမား တားတဲ့ ကြားကပဲ အသွားမှာ လမ်းထိပ်က အစောင့်စစ်သားတွေနဲ့ တိုးပြီး အချင်းများနေတုန်း တက္ကစီသမား လန့်ပြေးလို့ အစီစဉ် ပျက်သွားခဲ့ ရပါတယ်၊ ဒီနေရာမှာ အစောင့် စစ်သားတွေ မြန်မာစကား တခွန်းစ နှစ်ခွန်းစ ပြောတာတွေ ပါလာပါပြီ။

ဒုတိယအကြိမ် ဒေါ်စုအိမ်ထဲ ဝင်ဖို့ လုပ်တော့ လမ်းထိပ်က အစောင့်စစ်သားတွေကို ယာဉ်တိုက်မှု တခုဖန်တီးပြီး အာရုံလွှဲကာ တက်ဒီ အိမ်ထဲ ရအောင်ဝင်ဖို့ သူနဲ့ ပါလာတဲ့ ( သူ့တပည့်လို့ ထင်ရတဲ့ ) Dax အဖမ်းခံထိပြီး တက်ဒီ ဒေါ်စုနေအိမ်ကို ခြံစည်းရိုးကျော်ကာ ခိုးဝင်ပါတယ်၊ ဒေါ်စုနေအိမ်ကိုလည်း အမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်း အိမ်နဲ့အတော်တူတဲ့ အိမ်အနေအထား တူအောင် ရှာရိုက် ထားပါတယ်၊ အိမ်ထဲအဝင် ဧည့်ခန်းမှာ ဒေါ်စု ခင်ပွန်း မိုက်ကယ်အဲရစ် နဲ့ လက်ထပ်စဉ်က ဓါတ်ပုံကို အခုစီးရီးထဲက သရုပ်ဆောင် မေလင်းဝေ ပုံ အစားထိုး ထားတာတွေ၊ ဒေါ်စုတို့ မောင်နှမတွေ ငယ်စဉ်တောင်ကျေး ဘဝက တာဝါလိန်း လမ်းထဲက အိမ်မှာ ရိုက်ထားတဲ့ ပုံတွေ သတိထားမိလောက်အောင် ရှာသုံး ပြထားပါတယ်။

တွေ့ဆုံခန်းမှာတော့ ဒေါ်စုက မိမိရဲ့ မွေးနေ့ထက်စာရင် အခုလို မြန်မာနှစ်ကူး ကာလကို ပိုအဓိကထားကြောင်း၊ တက်ဒီက ဒေါ်စုကို အိမ်အချုပ်ကျတာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီ မဟုတ်လား ? လို့ မေးတာ ရက်တွေများလို့ မရေနိုင်တော့တဲ့ အကြောင်းတွေ ပြောဖြစ်ပြီး၊ လက်ဖက်ရည်နဲ့ တည်ခင်းဧည့်ခံပါတယ်၊ ဒီတင် အိမ်စောင့်ကြပ်တဲ့ အစောင့် ရဲသား လာလို့ ဗမာလို ဒေါ်စုပြောလိုက်တဲ့ အခန်းက ( မင်း … လာတာ ခါတိုင်းထက် ၁မိနစ် နောက်ကျတယ် ဆိုတဲ့ ) စကားဝဲတာများ ဘာ … ဘာသာ စကားပြောတာလဲ မနည်း နားထောင် ယူရတယ်၊ ဒီမှာတင် ကြည့်နေရင်း အတွေးထဲမှာ NBC ကို မချိတင်ကဲ ဖြစ်ရတယ်၊ အမေရိကား အခြေစိုက်ရုပ်သံ ကုမ္မဏီကြီး တခု ဖြစ်ပြီး အစစ အရာရာ ဆက်တင်တွေ၊ အသုံးအဆောင်တွေ ပစ္စည်းပစ္စယတွေ သေခြာအောင် သုံးထားပါရဲ့နဲ့ သရုပ်ဆောင်ကြတော့မှ မြန်မာ မရှာနိုင်ခဲ့ဖူးလား? waste money ပေါ့လေ? ၊ သင်ကာ မကင်း ဖြစ်နေတဲ့ အစောင့်ရဲသား ဒုတိယံမိ လာစစ်တော့ တက်ဒီရစ် … ယက်တော လို ရေကူးမပြေးပဲ ခြံထဲကနေ ကျော်ခွကာ ခွေးပြေးဝက်ပြေး ပြေးရပါတယ်။

ဒူကဘာလဲ စောစောပြောသလို သံသယတွေနဲ့ ကြည့်နေတာပေါ့လေ၊ ဒါ ဘယ်မှာရိုက်တာလဲ ဆိုတာက အစပေါ့၊ တက်ဒီရစ် လမ်းကြို လမ်းကြားမှာ ပြေးရင်း တရုတ်မီးပုံးတွေ ချိတ်ထားတာတော့ သတိထားမိပါတယ်၊ နောက်တော့ လူစည်တဲ့ ဈေးလိုအခန်း ဖြတ်ပြေးရင်း၊ နှစ်ကူးအတာ သင်္ကြန်မှာ ရေပက်နေတဲ့ လူတွေထဲ ပြေးပါတယ်၊ အဲဒီကျမှ ဒေါ်မေလင်းဝေ (ခေါ်) ဒေါ်အောင်ဆန်းစုကြည်တို့ ဗမာ စကားပြောတဲ့ အစောင့်ရဲသားတို့ တက္ကစီဒရိုင်ဘာတို့နဲ့ သွားရိုက်တဲ့ နိုင်ငံတို့ ဟာ တခြား ဟုတ်ရိုးလားဗျာ! အန်ကယ်လ်ဟို တို့နိုင်ငံ ဖြစ်နေတာကိုး ဈေးထဲက ရေပက်လို့ ဗီယက်နမ် ခမောက်တွေ ဆောင်းထားတာက သက်သေ ပြနေတော့တာပါပဲ။

နောက်ရှိပါသေးတယ် … စီးပွားရေး လုပ်တယ်ဆိုတော့ စစ်ဗိုလ်ချုပ်တဦး ကို ငွေနဲ့ချဉ်းကပ်ရာမှာ မြန်မာငွေ ၅၀၀ တန်တွေ အထပ်လိုက် သုံးတာတွေ စီစဉ်တတ်တာတော့ ကောင်းပါတယ်၊ ဂျင်နရယ်ဝင်း လုပ်တဲ့ ဗိုလ်ချုပ်က ဗမာစစ်ဗိုလ်ပုံ မပေါက်ပဲ ဗီယက်နမ် စစ်ဗိုလ်တွေလို ခါးပတ် စလွယ်စောင်း ပတ်ထားတော့ ကောင်းချင်ရက်နဲ့ တက်တက်စင်အောင် လွဲတာပါပဲ၊ စစ်သားတွေ၊ ရဲတွေ ဝတ်စားပုံကတော့ တူပါတယ်၊ နောက်ဆုံး မရလည်း ဗမာစကားပြောနေရာကို အသံထပ်ယူ ဖို့များ အချိန်မရခဲ့လေ သလား? ဒါရိုက်တာရယ်လို့၊ အော်လို့သာ ငြီးချင်ပါတယ်၊ နောက် … တကားလုံးကြည့် ပြီး ဒါရိုက်တာ ပေးထားတဲ့ မက်ဆေ့ခ်ျက ဗမာ စစ်ဗိုလ်ချုပ်ကြီးများ နမူနာ ယူတတ်ကြဖို့ပါ၊ အစက သူ့ လက်မှတ်တချက် ပြယုံနဲ့ မြန်မာတနိုင်ငံလုံး သွားလာနိုင်အောင် တန်ခိုးထွားပေမဲ့ သူဖမ်းခံရချိန်မှာ သူ့လက်မှတ်ဟာ စက္ကူစုတ် ပမာ အောက်ခြေစစ်သားတွေက သဘောထားတတ်ပုံ၊ နောက်ဆုံးခန်း တက်ဒီ နဲ့ Dax တို့ အချုပ်ခန်းက လွတ်ချိန်မှာ ဂျင်းနရယ်ဝင်းက သံတိုင်လေးကိုင်လို့ တက်ဒီကို လှမ်းပြောလိုက်တာ ငါ့လဲ ကယ်ပါဦး တက်ဒီ ရယ်တဲ့ ... ပြောမရဖူး ဗိုလ်ခင်ညွှန့်လဲ အခုချိန် ဒီလို ပြောရင် ပြောနေမှာ။

သူက ဂျင်နရယ်ဝင်း
ရှုတတ်ရင် မြင်ပါတယ်၊ ဗမာ စစ်ဗိုလ်ချုပ်တွေ အခုပဲ တွေ့လိုက် ခဏနေ ပြုတ်စော်နံ သွားလိုက်၊ ဒီဖက်ကမ်းက သူတွေလည်း အဲဒီ အချိန်ဆို လက်သီး လက်မောင်းတန်းလိုက်ကြ၊ နောက် … မောတော့ ပြန်ငြိမ်သွားလိုက်ကြ၊ ဒီလိုနဲ့ပဲ သူ့အရပ်နဲ့ သူ့ဇါတ် ဂျာအေး သူ့အမေ ရိုက်နေတာ … ဟော့ … အခုပဲကြည့်လေ စစ်တပ်က လူပဲပြောင်းပြီး တဗိုလ်တက် တဗိုလ်ဆင်း စနစ်နဲ့ လှိုင်ခေါင်းတူးပြီး မိုက်တွင်းနက် နေကြတာ.....
ဘုရားသခင်…… အခုတော့ ကြည့်ပါဦး ဆဲဗင်း July တောင် ၄၇ နှစ် ရှိပြီတဲ့လေ။

source by : ချစ်တဲ့ မနောမြေ

ဗီဒီယိုကြည့်ရန်

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */