(၆၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ကျင်းပ။

Monday, July 20, 2009 ·





အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ကျင်းပသော ( ၆၂ ) မြောက် အာဇာနည်နေ့ အခမ်းအနား ကို ယနေ့ ကျင်းပရာ နံနက် ၅း ၃၀ တွင် သံဃာတော်များအား ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အန်ကယ် ဦးလှဖေ မှ ဦးဆောင်၍ အာရုံ ဆွမ်းကပ်လှူ ခဲ့သည် ။

နံနက် ၁၀း ၀၀ ခန့် အချိန်တွင် နော်အုန်းလှ ဦးဆောင်သော အမျိုးသမီး အင်အား ၁၅ ဦးခန့်သည် ဗိုလ်ချုပ် အောင်ဆန်းပုံ များကို ကိုင်ဆောင်၍ စီတန်းကာ ဆန္ဒပြ ခဲ့ကြသည်။

ဆက်လက် ၍ အာဇာနည်နေ့  အခမ်းအနားကိုကျင်းပရာ နံက် ၁၀း ၃၇ အချိန် တွင် တစ်မိနစ် ဥသြဆွဲကာ အဖွဲ့ချုပ် အဖွဲ့ဝင်များ အားလုံး အာဇာနည် ဗိမာန် ဘက်သို့ မျက်နှာမူကာ အလေး ပြုကြသည်။ အလေးပြု ပြီးနောက် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ဆုတောင်း အမျှဝေခြင်းကို တပြိုင်ထဲ ဆက်လက် ပြုလုပ် ခဲ့ကြသည် ။

ထိုနောက် ၁၁း၀၀ နာရီ ၀န်းကျင်တွင် အဖွဲ့ ချုပ် လူငယ်အင်အား ၅၀ ကျော် တို့  သည် အာဇာနည်ကုန်းဖက်သို့  အလေးပြုရန်အတွက် ချီတက် သွားကြရာ အခမ်းအနား ကျင်းပခြင်းကို စောင့်ကြည့် နေကြသော အာဏာပိုင် များသည် ထိုအဖွဲ့ဝင်များ နောက်သို့ လိုက်လံ သွားကြပြီး အာဏာပိုင်တို့ ဖက်မှာ ခေါ်ယူ သတိပေးခဲ့သည် ။ အဖွဲ့ဝင် လူငယ်များမှာ အာဏာနည် ဗိမာန်အား အလေးပြုရန် သက်သက်သာ ဖြစ်ကြောင်း ၊ သို့ပါသောကြောင့် အလေးပြုခွင့် တောင်းဆိုခဲ့ရာ အလေးပြုခွင့် ရရှိခဲ့သည် ။

အဖွဲ့ ဝင်လူငယ်များသည် အာဇာနည် ဗိမာန်တွင် အလေးပြု ခဲ့ကြပြီး အဖွဲ့ ချုပ်ရုံးသို့  နေ့လည် ၁၂း၀၀ အချိန်တွင် ပြန်လည် ရောက်ရှိ ခဲ့ကြပြီး ၊ အဖွဲ့ချုပ် ရုံးတွင် ကျင်းပနေသော အာဇာနည် အခမ်းအနားတွင် ပြည်လည် တက်ရောက်နိုင်ခဲ့ကြသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */