စိုင်းကာ
စစ်ဖိနပ်အောက်တွင် တိုင်းပြည်က စိစိညှက်ညှက်ကြေမွခဲ့လေပြီ။ မြန်မာလူမျိုးဆိုလျှင် အနုတ်စုတ်ဂုတ်စုတ်သဖွယ် အထင်မြင်သေးစရာ လူမျိုးတမျိုးအဖြစ် အများကမှတ်ယူကြသည်။ ရေတိမ်တွင် နစ်မွန်းရသည့်အဖြစ်နှင့်သဏ္ဍန်တူသည့် ကြားဖူးသော ဆိုရိုးစကားတခုနှယ် ဖေါင်စီးရင်းရေငတ်ရသည့် ဘ၀မျိုးသို့ ရောက်ကြရရှာလေပြီ။
သောကဖိစီးမှု အစုံစုံတို့ဖြင့် မလှမပ ဘ၀နိဂုံးချုပ်ကြရှာကာ ယူကြုံးမရစရာ တောင်မင်းကမြောက်မင်းကို မကူနိုင်ကြတော့။ ထမင်းတလုပ် ဖြောင့်အောင်စားနိုင်ဖို့ မိသားစုရဲ့ အသိုက်အမြုံတွေကို စွန့်ခွာ ဘ၀သွေးချွေး အသက်တွေနဲ့ရင်းပြီး မျက်နှာမွဲ ဘ၀ဖြင့် ၀မ်းအရေးအတွက် ရှာဖွေစားသောက်နေကြရပြီ။
ခေတ်အဆက်ဆက် ကိုယ်ကျိုးရှာသမား စစ်ခေါင်းဆောင်တသိုက်နဲ့ အပေါင်းအပါတစ်စုရဲ့ အာသာငမ်းငမ်းတက် အာဏာယစ်မူးမှုကြောင့် ရွှေနိုင်ငံသည် ယခုလင်းတနှင့်ဖုတ်ဖုတ် ဖြစ်သွားသည်။
ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ၏ စစ်မှန်သော အောင်လံကို လွင့်ထူရမည့်အစား ဖက်ဆစ်လူသတ်အလံကို လွင်ထူဖို့ တဖန်ကြိုးစားလာပြန်ပြီ။ သွေးစွန်းသော လက်အစုံတို့ဖြင့် ကျောသပ်နေသည်ကို ယခု တွေ့မြင်နေရသည်။
မျက်နှာဖုံးစွပ်နှင့် အရေခွံခြုံထားသည်ကို ခွာကြည့်ပါက အစွယ်ငေါငေါနှင့် ဖက်ဆစ်စစ်ဘီလူးတစ်ကောင် ဖြစ်သည်ကို ဘွင်းဘွင်းကြီး မြင်နေရသည်။ စစ်ယန္တရားနောက်ကွယ်က အဆိပ်လက်သဲချွှန်များနဲ့ မျက်လုံးပေါင်းများစွာကို ဖေါက်ထုတ်ခဲ့တာကိုလည်း ငါတို့အားလုံး နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်။
တချိန်သောအခါက ဖက်ဆစ်ဂျပန်တို့ကို ဒို့ ... အဖိုးအဖွားတွေက ရရာလက်နက်စွဲကိုင်ပြီး ငါတို့မြေပေါ်က အပြီးတိုင်မောင်းထုတ်ခဲ့ကြပြီးပြီ။ အဲဒီနေ့နှစ်ပါတ်လည်နေ့ဟာလည်း နောက်(၃) ရက်ဆို ကျရောက်တော့မယ်။ မတ်လ(၂၇)ရက်နေ့ မြန်မာပြည်သူလူထုအားလုံးရဲ့ အောင်ပွဲခံခဲ့တဲ့ နေ့တနေ့ပါပဲ။
ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့မှာ ဖက်ဆစ်တွေလိုက်ပါလာတဲ့စစ်ကားကို ချောက်ထဲမောင်းပြီး ဖက်ဆစ်တွေနဲ့အတူ အသေခံသွားခဲ့တဲ့ ကျနော့် အဖိုး ....... ။
ဘုန်းတော်ကြီးကျောင်းက ခွေးစာကို အလုအယက်စားပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ အဖိုးနဲ့ အဖိုးရဲ့ ရဲဘော်တွေ ဖက်ဆစ်တော်လှန်ရေးသမားများနဲ့ ပြည်သူလူထုအားလုံးကို ဒီဆောင်းပါးနဲ့ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်။
ဖက်ဆစ် စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှာ တဖန်ပြန်လည်အသက်သွင်းဖို့ ကြိုးစားချက် မှန်သမျှကိုလည်း ဒို့တိုင်းရင်းသားပြည်သူတွေအားလုံးက ပြတ်ပြတ်သားသား ချေမှုန်းကြပါစို့ .............။
ကိုယ်ကျိုးရှာသမား စစ်ဝါဒီတွေကို မျိုးချစ်တပ်မတော်သားတွေက ပြည်သူနဲ့အတူ အဲ့ဒီနေ့မှာ တိုက်ပွဲဝင်ကြပါစို့ ...........၊၊
“ နအဖလွင့်ထူမဲ့ ဖက်ဆစ်လူသတ်အလံကို မီးတင်ရှို့ကြ ”
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်
FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

0 ရဲ့ အမြင်:
Post a Comment