သံဃာများကို သတ်ဖြတ်ရာတွင် တရုတ်နှင့် နအဖထပ်တူဟု

Monday, March 24, 2008 ·

ကျော်ထင် ခေတ်ပြိုင်သတင်းဌာန

ချင်းမိုင်တွင် ငြိမ်းချမ်းရေးလှုပ်ရှားသူများ ဆန္ဒပြတောင်းဆိုစဉ်

ယခုလ (၁၀) ရက်မှစ၍ တိဘက်တွင် တရုတ် အစိုးရ၏ အကြမ်းဖက် နှိမ်နင်းခဲ့မှုသည် ၂၀၀၇ခု စက်တင်ဘာလှုပ်ရှားမှုတွင် မြန်မာစစ်အစိုးရ နှိမ်နင်းပုံနှင့် တထပ်တည်းကျကြောင်း ငြိမ်းချမ်းရေးလှုပ်ရှား သူများက ထုတ်ဖော် ပြောဆိုသည်။

မြန်မာ၊ ထိုင်းနှင့် နိုင်ငံတကာမှ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးလှုပ်ရှားသူ (၅၀)ခန့် ပါဝင်သည့် ငြိမ်းချမ်းရေးလှုပ်ရှားသူများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တရုတ်ကောင် စစ်ဝန်ရုံးရှေ့တွင် ယနေ့
ဆန္ဒပြတောင်းဆိုစဉ် ထိုသို့ သတင်းထုတ်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အမျိုးသမီးအများစုပါဝင်သော ဆန္ဒပြသူများတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အဖွဲ့
ဝင်များလည်းပါဝင်ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်နှိမ်နင်းခံနေရသောတိဘက်လူထုနှင့် သွေး
စည်းညီညွတ်ခြင်းကို ပြသလို၍ဖြစ်ကြောင်း ပြောသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် မတိုးတိုးက “တိဘက်လူမျိုးတွေက မြန်မာနိုင်ငံက ဒီမိုကရေစီအရေး
အတွက် လှုပ်ရှားနေသူတွေဟာ သူတို့နဲ့တသားတည်း ရှိနေပါလားဆိုတာ သိသွားမယ်၊ နောက်
တခုက နိုင်ငံတကာမျက်နှာစာမှာ ဒီလိုလုပ်ပေးခြင်းအားဖြင့် တိဘက်ထဲမှာ ဖြစ်နေတဲ့ အကြမ်း
ဖက်မှုတွေ လျှော့သွားမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တိဘက်လူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးတောင်းဆိုမှုကို အကြမ်းဖက်နည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးဆွေးနွေးမှုများဖြင့်ဖြေရှင်းရန်နှင့် တရုတ်အစိုးရက နအဖအားနည်းမျိုးစုံဖြင့် ထောက် ပံ့နေမှုများကို ရပ်တန့်ရန်တောင်းဆိုကြောင်း၊ လာမည့်သြဂုတ်တွင် အိုလံပစ်အားကစားပွဲကို
အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်နိုင်ငံအတွက် အကြမ်းဖက်နှိမ်နင်းမှုသည် အမည်း
စက်ကြီးတခု ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် Regional Women Human Right Organization of Asia-Pacific
forum on Woman Law and Development မှ ဖီဂျီနိုင်ငံသူ နာလီနယ်ဆင်ကလည်း “သေချာ
တာကတော့ တရုတ်အစိုးရအနေနဲ့ တိဘက်ရဲ့သီးခြားလွတ်လပ်စွာတည်ရှိမှုကို အသိမှတ်ပြု
သင့်တယ်၊ တိဘက်ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အာမခံသင့်တယ်၊ လွတ်လပ်ရေးပေးပြီး
တရုတ်တွေ ထွက်သွားသင့်တယ်” ဟု ပြောသည်။

သီးခြားလွတ်လပ်သော တိဘက်နိုင်ငံသို့ ၁၉၄၉ ခုတွင် တရုတ်ကွန်မြူနစ်တပ်များ ၀င်ရောက်
လာခဲ့ရာ တိဘက်လူထုက ကန့်ကွက်ဆန္ဒမှုများ စတင်ဖြစ်ပွားခဲ့သည်။ ၁၉၅၁ ခု တွင် တရုတ်
အစိုးရနှင့် အချက် (၁၇) ချက်ပါသဘောတူညီချက်ကို ချုပ်ဆိုနိုင်ခဲ့သဖြင့် တရုတ်က တိဘက်
အား လွပ်လပ်ရေးပေးလိုက်ကြောင်း ကမ္ဘာသို့ ကြေညာခဲ့သည်။

သို့သော် လက်တွေ့အကောင်ထည်ဖော်မှုမရှိသဖြင့် လူထုလှုပ်ရှားမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ
၁၉၅၉ ခု မတ်လ (၁၀) ရက်တွင် ဘုန်းတော်ကြီးဒလိုင်လားမားနှင့် တိဘက် ပြည်သူ (၁) သိန်း
ကျော်ခန့်သည် ပြည်ပသို့ ထွက်ခွာလာခဲ့ကြသည်။

တိဘက်နယ်မြေတွင် တရုတ်အစိုးရ၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့်အနေဖြင့် တရုတ်ကတိဘက် အား ၀င်ရောက်သိမ်းပိုက်ခြင်း (၄၉) နှစ်မြောက်အဖြစ် ကမ္ဘာတ၀န်းရှိ တိဘက်လူမျိုးများ၏ တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် အိန္ဒိယရှိ တိဘက်လူမျိုးများက ယခုလ (၁၀) ရက်မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */