ကျော်ထင် ခေတ်ပြိုင်သတင်းဌာန
လာမည့်မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ရခိုင်သံဃာများပါဝင်သည့် ဒီမို ကရေစီရေးလှုပ်ရှားသူများကမြို့တော်ဒက္ကာမှ စ၍ ခရီးရှည်လမ်းလျှောက်ခြင်းကို ယနေ့ စတင်သည်။
သံဃာ (၆)ပါးပါဝင်သော ဒီမိုကရေစီရေးလှုပ် ရှားသူ (၁၃) ဦးသည် ယနေ့နံနက် (၉) နာရီ တွင် ဒက္ကာတက္ကသိုလ်အနီးမှ စတင်လမ်း လျှောက် ဆန္ဒပြချီတက်ခြင်းဖြစ်ပြီး (၂၄၅)မိုင် ခန့်ဝေးသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့အထိ (၁၅) ရက်ကြာ ခရီးရှည် လမ်းလျှောက်မည်ဖြစ်သည်။
လမ်းလျှောက်ရာတွင်ပါဝင်သူ ကိုကံမြင့်က “ကျနော်တို့ အခုမြို့ထဲမှာပဲ ရှိသေးတော့ ကားတွေက လည်းရှုပ်၊ လူတွေကလည်းများ၊ နောက်ပြီး နားမယ့်နေရာ အပင်တွေကလည်း မရှိဘူးလေ၊ အခု (၁၀) မိုင်ကျော်ကျော်လောက်တော့ ရောက်နေပါပြီ” ဟုပြောသည်။
သာသနာ့အလံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံအပါအ၀င် ကြွေးကြော်သံပိုစတာများ ကိုင်ဆောင် ထားသော ခရီးရှည်လမ်းလျှောက်သူများကို အာဏာပိုင်များက နှောင့်ယှက်တားဆီးခြင်းမရှိဟု သိရသည်။
နအဖ ရေးဆွဲထားသည့် ဖွဲ့စည်းပုံသည် မမှန်ကန်သည့်လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများသဘော ပေါက်သိရှိလာစေရန်ယခုကဲ့သို့ ခရီးရှည်လမ်းလျှောက်ချီတက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ကိုကံမြင့် ကပြောသည်။


0 ရဲ့ အမြင်:
Post a Comment