ကျော်ထင် ခေတ်ပြိုင်သတင်းဌာန
စစ်အစိုးရ တရားသူကြီးချုပ် ဦးအောင်တိုးအား မတရားဥပဒေ ပြဋ္ဌာန်းမှုဖြင့် အရေးယူရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာ နိုင်ငံရှေ့နေများကောင်စီ (ဘီ အယ်လ်စီ)က အာရှ-ပစိဖိတ်တရား သူကြီးများအဖွဲ့သို့ တောင်းဆို သည်။
၁၉၉၅ ခု အာရှ-ပစိဖိတ်တရား သူကြီးများ ညီလာခံတွင် လက်မှတ် ရေးထိုးသဘောတူညီခဲ့သော “လွတ် လပ်သော တရားစီရင်ရေးဆိုင်ရာ မူသဘောတူညီချက်” ပါအချက်ကို ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဦးအောင်တိုးအား အရေးယူပေး ရန် ဘီအယ်လ်စီ ဥပဒေရေးရာသုံးသပ်ရေးဌာနက ယမန်နေ့ရက်စွဲဖြင့် လျှောက်ထားခြင်းဖြစ် သည်။
တရားသူကြီးချုပ်ဦးအောင်တိုးသည် သက်သေခံဥပဒေနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတို့ကို ချိုး ဖောက်ကာ “ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးရဲနောင်ပါ-(၂) စီရင်ထုံးပြဋ္ဌာန်းပေးလိုက်သည်ဟု ဘီအယ်လ်စီ၏ လျှောက်ထားချက်တွင် ပါရှိသည်။
ဦးရဲနောင် ပါ-(၂) အမှုမှာ တရားခံဟု ယူဆရသူများအား (၁၃-၁-၈၉) နေ့၌ အပြီးအပိုင်လွတ်မိန့် ချခဲ့ပြီးမှ ဦးအောင်တိုးက တရားသူကြီးချုပ်စုံညီခုံရုံးဖြင့် ရှေ့နေချုပ်ရုံးမှတဆင့် အထူးအယူခံမှု စစ်ဆေးစီရင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအရ တရားခံနှစ်ဦး၏စစ်ထောက်လှမ်းရေးထံ စစ်ဆေး ခံချက်များကို အခြေခံ၍ ပြန်လည်စစ်ဆေးကာ ၁၉၉၁ ခုတွင် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။
ဘီအယ်လ်စီ ဥပဒေရေးရာသုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက “သက်သေခံပုဒ်မ (၂၆) အရ ရဲထံ အချုပ်ခံနေစဉ်အတွင်း တရားခံ၏ဖြောင့်ချက်ကို တရားရုံးတွင်တင်ပြခွင့်မပြုရလို့ ပါတယ်။ အဲဒီ တော့ ရဲရှေ့၊ စစ်ထောက်လှမ်းရေးရှေ့မှာ ထွက်ဆိုချက်တွေဟာ တရားရုံးမှာ ဘယ်တုန်းကမှ သက်သေခံချက်မ၀င်ခဲ့ဘူးဗျ။ ဒါပေမယ့် ဒီစီရင်ထုံးမှာ သက်သေခံချက်ဝင်အောင် တမင်တကာ ပြလာပြီးတော့ အစိုးရနဲ့အတိုက်အခံအင်အားစုတွေကို လွယ်လွယ်ကူကူထောင်ထဲထည့်နိုင်အောင် ပြဋ္ဌာန်းလာတဲ့စီရင်ထုံးဖြစ်တယ်” ဟု ပြောသည်။
၎င်းစီရင်ထုံးကို အသုံးပြု၍ အတိုက်အခံအချို့ကို ဖမ်းဆီး ထောင်ချထားကြောင်းလည်း ဘီ အယ်လ်စီက နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ စာရင်း ဇယားများကို ကိုးကားဖော်ပြထားသည်။
“တရားဥပဒေကိုချိုးဖေါက်ပြီး ပြဆိုထားတဲ့ စီရင်ထုံးအပေါ်မှာမူတည်ပြီးတော့ ကျန်တဲ့အမှုတွေကို ချတယ်ဆိုတော့ ကျနော်တို့ဟာ အမှန်တရားရှာဖွေတဲ့နေရာမှာ အမှားပေါ်မှာအခြေခံထားတဲ့စီရင် ထုံးကို မူတည်ပြီးတော့ အမှားတွေချည်း ဆုံးဖြတ်နေရင် တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး၊ တရား မျှတမှုမရှိတော့ဘူးလို့ ဥပဒေကြောင်းအရ သုံးသပ်တာပါ” ဟု ဦးမျိုးက ဆက်ပြောသည်။
ဦးအောင်တိုးကဲ့သို့ နိုင်ငံတော်တရားသူကြီးချုပ်တဦးကို အရေးယူရန်လျှောက်ထားမှုသည် အာရှ- ပစိဖိတ်တရားသူကြီးများအဖွဲ့တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရတရားစီရင်ရေးစနစ်၏ အားနည်းချက်များကို ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့် အရေးကော်မရှင်ကလည်း အကြိမ်ကြိမ် ဝေဖန်ထောက်ပြနေဆဲဖြစ်သည်။
ဦးအောင်တိုးကို အရေးယူရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်
FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။


0 ရဲ့ အမြင်:
Post a Comment