ရန်ကုန်မြို့တွင် အကြီးဆုံးစူပါမားကက်ဖွင့်လှစ်

Thursday, March 20, 2008 ·

NEJ/ ၁၉ မတ် ၂၀၀၈
ရန်ကုန်တိုင်း ဒေါ်ပုံမြို့နယ်တွင် Capital Hypermarket ဟု အမည် ပေးထားသည့် စူပါမားကက်ကြီး တခုကို ယခုလ (၁၅) ရက်တွင် ဖွင့်လှစ်လိုက်သည်။

“အဲဒီ စူပါမားကက်အဆောက်အအုံ နဲ့ အတွင်းဖွဲ့စည်းပုံဟာ နိုင်ငံတကာ မှာ ဆိုင်ခွဲတွေဖွင့်ထားပြီး ထိုင်းနိုင်ငံ မှာလည်း ဆိုင်ခွဲတွေရှိတဲ့ Lotus လို


ကုန်တိုက်မျိုးနဲ့ ဆင်တူတယ်။ မတူတာက အဲဒီကုန်တိုက်တွေမှာ လက်လီရော၊ လက်ကားပါ သူ့ဈေးနဲ့သူရောင်းတာမျိုး ဖြစ်ပြီး ဒီကုန်တိုက်ကတော့ လက်လီသက်သက် ရောင်းတာ” ဟု အဆိုပါ စူပါမားကက်တွင် ဈေးဝယ်ခဲ့သူတဦးက ပြောသည်။

ကျယ်ပြန့်သည့်မြေကွက်တွင် ကုန်တိုက်အဆောက်အအုံကို နှစ်ထပ်ဧရိယာ အကျယ်ကြီး ဆောက်ထားပြီး မျက်နှာပြည့်ဧရိယာ တခုလုံးနီးပါး ငွေရှင်းကောင်တာများ လုပ်ထားကာ ပြည်တွင်းပြည်ပမှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းချပေးနေသည်ဟု သိရသည်။

(၄) ဧကခန့်ကျယ်ဝန်းသည့် မြေကွက်လပ်ပေါ်တွင် ဆောက်လုပ်ထားသည့် အဆိုပါကုန်တိုက်မှာ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းပေါ်တွင် တည်ရှိသည်။

သာကေတမြို့ခံတဦးက “အခုကုန်တိုက်က သာကေတ (၃၄) ဒိုင်နာကားလမ်းဆုံးမှာရှိတယ်။ အနီးအနားမှာ လူနေထူထပ်တဲ့ သာကေတရပ်ကွက်တွေ ရှိပေမယ့် အများစုက ဆင်းရဲကြလို့ ဒီကုန်တိုက်ကိုလာပြီး ဈေးဝယ်ကြဖို့တော့ မမြင်ဘူး။ ပုဇွန်တောင်ချောင်းတဖက်မှာရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်နဲ့ သုဝဏ္ဏဘက်က သူဌေးတွေ ကိုယ်ပိုင်ကား တွေနဲ့ သာကေတဘက်လာပြီး ဈေးဝယ်ရင်တော့ မပြောတတ်ဘူး” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် အိုးရှင်းစူပါမားကက်၊ စင်ထရယ်စူပါမားကက် စသည့်စူပါမားကက် အများအပြား ရှိသော်လည်း စီးတီးမတ်အုပ်စုတခုသာ အောင်မြင်မှုရရှိသည်ဟု မြို့ခံများက ပြောသည်။

ခေတ်ပြိုင်သတင်းဌာန

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */