(၅) လောင်းပြိုင်လူသတ်မှု ပေါ်ပေါက်နိုင်ရေး လူအများအပြားကို ခေါ်ယူစစ်ဆေး

Saturday, March 15, 2008 ·

တရားခံ ဖမ်းဆီးမရသေးသည့် စိမ်းလဲ့ကန် သာလမ်း (၅) လောင်းပြိုင်လူသတ်မှုနှင့် ပတ် သက်၍ စစ်အစိုးရက လူများစွာကို ထိန်းသိမ်း စစ်ဆေးနေကြောင်း ကမာရွတ်ရဲစခန်းမှ အမည်မဖော်လိုသူ အမှုလိုက် ရဲဝန်ထမ်းတဦး က ပြောသည်။

အထက်ညွှန်ကြားချက်အရ အမှုနှင့်ဆက်စပ် သည်ဟု ထင်ရသူအားလုံးကို ၎င်းတို့ဌာနအပါ အ၀င် အက်စ်ဘီ၊ စရဖအဖွဲ့ပေါင်းစုံက ခေါ်ယူ စစ်ဆေးနေသည်ဟု ပြောသည်။

၎င်းက “အချင်းမဖြစ်ပွားခင် (၃) ရက်အတွင်း သူတို့အိမ်ကို ၀င်ထွက်ခဲ့တဲ့ လူတွေ၊ သူတို့ အိမ်ဖုန်း နဲ့ မိသားစုဝင်တွေရဲ့ လက်ကိုင်ဖုန်းတွေကို ဆက်သွယ်ထားတဲ့ ဖုန်းပိုင်ရှင်တွေ၊ အဲဒီအထဲကမှ မသင်္ကာဘူးလို့ ထင်ရတဲ့ လူတွေရဲ့ ဖုန်းအဆက်အသွယ်တွေ စသဖြင့် လူအများကြီးကို ဖမ်းပြီး စစ်ဆေးနေရတယ်” ဟု ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူများတွင် လက်ရှိဖုန်းနံပါတ် ပိုင်ရှင်ကို ရှာမတွေ့၍ မူလနာမည်ပေါက် ပိုင်ရှင် မှတဆင့် ဖုန်းလက်လွှဲရောင်းစားသူများ နှင့် ပွဲစားများပါ ပါဝင်ကြောင်း သိရသည်။

အဆိုပါအမှုသည် ပြီးခဲ့သည့် မတ် (၃) ရက်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း ခြံအမှတ် (၁၂၆) တွင် နေထိုင်သည့် ဦးချာလီ၊ ဒေါ်စန်းစန်းမြင့်၊ သမီးနှစ်ယောက်ဖြစ်သည့် မမြစန္ဒာ၊ မနှင်းပွင့်အေး နှင့် အိမ်ဖော်အမျိုးသမီးတဦး အပါအ၀င် စုစုပေါင်း (၅) ဦးကို သတ်ဖြတ်ကာ ဓားပြတိုက်သွား သည့်အမှုဖြစ်သည်။

“အမှုနဲ့ပတ်သက်ပြီး သေဆုံးသူ မမြစန္ဒာရဲ့ ခင်ပွန်း ဦးသုဇော်အပါအ၀င် ဆွေမျိုးအပေါင်းအသင်း (၁၃) ဦးကို တံခါးပိတ် စစ်ဆေးနေတယ်လို့ သိရတယ်” ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက ပြောသည်။

အသတ်ခံရသူ ဦးချာလီနှင့် ဒေါ်စန်းစန်းမြင့်တို့သည် ယခင်က မြန်မာနိုင်ငံ၌ အချမ်းသာဆုံး စာရင်းဝင် နာမည်ကျော် မိုးကုတ်ဦးမြမောင်၏ အဆက်အနွှယ်များဖြစ်ပြီး လုံခြုံရေးထူထပ်စွာ ချထားသည့်နေရာတွင် သေနတ်ဖြင့်ပစ်သတ်၍ ဓားပြတိုက်သွားခြင်းကြောင့် လူအများက အထူးစိတ်ဝင်စားလျက်ရှိပြီး စစ်အစိုးရ၏ ဖော်ပြချက်အရ ကျပ်သိန်းပေါင်း (၂,၀၀၀) ကျော်ဖိုးခန့် အတိုက်ခံခဲ့ရကြောင်း သိရသည်။

အမှုဖြစ်ပွားရာနေရာသည် လုံခြုံရေးထူထပ်စွာချထားသည့် အစိုးရဧည့်ဂေဟာနှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တည်ရှိရာ အနီးတ၀ိုက်တွင် ဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိကဂျာနယ်များအနေဖြင့် ယခုအမှုနှင့်ပတ်သက်ပြီး သတင်းရေးသားပါက အစိုးရပိုင်သတင်းစာများတွင် ရေးသားဖော်ပြသည်ထက် ပိုမိုဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားကြောင်းလည်း သိရသည်။

ရေဝေးသုဿာန်တွင် မြင်ရသည့် ဈာပနအခမ်းအနား

ခေတ်ပြိုင် သတင်းဌာန

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */