လုံခြုံရေး အတားအဆီးများ ပိုမိုချထားသည့် နေပြည်တော် |
နေပြည်တော် တွင် ဂျူနီယာ စစ်ဗိုလ်ချုပ် များအား စစ်ခေါင်းဆောင် များ၏ လုံခြုံရေး အဖွဲ့များက စောင့်ကြည့် မှုများ ရှိနေပြီး အချို့ စစ်ဗိုလ်ချုပ်များ၏ သွားလာမှု များကို ထိန်းချုပ် ကန့်သတ် ထားသည် ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် ရက်များတွင် စစ်ဗိုလ်ချုပ် နှစ် ဒါဇင် ကျော်ခန့် အထူး စီမံထားသော တရား စခန်းတွင် ၀င်ရောက် နေထိုင်ရမည် ဖြစ်ပြီး ထို တရား စခန်း၏ အပြင်ဘက် တွင် ကွန်မန်ဒိုများက စောင့်ကြပ်ကာ အပြင် ထွက်ခွင့် နှင့် မိသားစု နှင့် တွေ့ဆုံခွင့်များ မရှိရဟု သိရသည်။
လာမည့်ရက် အနည်းငယ်အတွင်း အရေးပါသည့် ရာထူးနေရာ အပြောင်းအလဲများ ဖြစ်ပေါ်မည် ဟု လည်းသိရသည်။
သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦးက အရေးပါသည့် စစ်လက်နက် ပစ္စည်းများအား နေရာ ရွှေ့ပြောင်း ထားရှိသည်ဟု ပြောသည်။ နေပြည်တော်ရှိ အရပ်ဘက် အစိုးရ အရာရှိ တစ်ဦးကမူ နေပြည်တော် ၏ သက်တမ်းလေး နှစ် အတွင်း ပထမဆုံး အကြိမ် မတည်မငြိမ် ဖြစ်မှုဟု ပြောကြားကာ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်ပွား နိုင်ကြောင်း သုံးသပ် ပြောကြားသည်။
source by : FREEDOM NEWS GROUP
0 ရဲ့ အမြင်:
Post a Comment