![]() အောက်တိုဘာလ ၂၆ ရက်နေ့ က ဟွာဟင်းမှ ပြန်လာသည့် ဗိုလ်ချုပ်ကြီး သိန်းစိန်အား သွားရောက် ကြိုဆိုသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ |
အသက် ၇၆ နှစ် အရွယ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အောက်တိုဘာလ ၂၆ ရက် (တနင်္လာ) နေ့ မနက် က ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးကို တက်ရောက်ပြီး ပြန်လာသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား နေပြည်တော် လေဆိပ် တွင် သွားရောက် ကြိုဆိုပြီး နောက်တစ်နေ့တွင် လေဖြတ် ရောဂါ ဖြစ်ပွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အရေးပေါ် ဆေးဝါး ကုသ ခံရခြင်း နှင့် ပတ်သက် ၍ သတင်း မျိုးစုံ ထွက်ပေါ် နေသော်လည်း အတည်မပြုနိုင် သေးသည့် သတင်း တစ်ရပ် အရ ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်က ရန်ကုန် လေဆိပ် အနီးရှိ ရမဒါ ဟိုတယ် အနီးတွင် ဓားထိုး ခံရသည် ဟု သိရသည်။
စိုးရိမ် ဖွယ်ရာ ရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ရန်ကုန် အခြေစိုက် စာနယ်ဇင်း ဆရာ တစ်ဦးက အမေရိကန်က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ် ကမ်ဘယ်လ် လာဖို့ ရှိတယ်လေ မတွေ့မကောင်း တွေ့မကောင်းလို့ တမင်နေ မကောင်း ချင်ယောင် ဆောင်တာ လားမသိဘူး “ ဟု သုံးသပ် ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၆ ခုနှစ်က စင်္ကာပူ နိုင်ငံရှိ ဆေးရုံ တစ်ခုတွင် သွားရောက် ဆေးကုသမှု ခံယူ ခဲ့ရသည်။
source by : FREEDOM NEWS GROUP
0 ရဲ့ အမြင်:
Post a Comment