အိမ်အမှတ် (၂၀၈/၁၂၄)၊ မူ (၁)တွင် အပုပ်နံ့များ ထွက်နေကြောင်း အနီး ပါတ်ဝန်းကျင်းမှ အကြောင်းကြား သဖြင့် အမှုစစ် အရာရှိ ရဲမှူးကြီး စီလီချိုင်စူစပ်က အောက်တိုဘာလ (၁၅)ရက်နေ့ ညနေ (၃)နာရီခန့်တွင် သွားရောက် စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူမှာ အသက် (၂၆)နှစ်အရွယ် မဖြူ ဆိုသူ ဖြစ်ပြီး အိမ်နောက်ဖက်၊ အလုပ်သမားများနေထိုင်ရာ အိမ်ခန်း အတွင်းရှိ အိပ်ယာပေါ်တွင် သေဆုံးနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
မဖြူနေအိမ်တွင် တယောက်တည်း ရှိနေစဉ် အမျိုးသား တဦးဦး ရောက်လာပြီး အဓ္ဓမ ပြုကျင့်ရန် အားထုတ် ခဲ့ကြောင်းနှင့် သူမက လက်ခံခြင်း မပြုဘဲ နီးစပ်ရာ အရာဝတ္ထုများဖြင့် ပစ်ပေါက်ပြီး ကာကွယ် ခဲ့ကြောင်း ရဲများ၏ ထွက်ဆိုချက်များကို ကိုးကား၍ ဖော်ပြထားသည်။ လူသတ်သမားသည် အဖိုးတန် ပစ္စည်းများနှင့် ငွေများပါ ယူသွားကြောင်းကိုလည်း ရေးသားထားသည်။
ရဲမှူးကြီး စီလီချိုင် စူစပ်က “အဓ္ဓမ ပြုကျင့်ရန် ကြံစည်မှု၊ လုယက်မှု၊ လူသတ်မှုတွေနဲ့ ကျနော်တို့ တရားစွဲဆို နိုင်အောင် တရားခံကို ရှာဖွေနေပါတယ်”ဟု ပြောသည်။
လူသတ်မှု ဖြစ်ပွားခဲ့သည်မှာ သုံးရက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ အလောင်းမှာ ပုပ်ပွနံစော်နေကာ အိပ်ယာပေါ်နှင့် အိမ်သာခန်း များတွင်လည်း သွေများ ပေကျံ ခြောက်သွေ့ နေပြီး အလောင်း၏ လည်ပင်းနှင့် ခန္ဓာကိုယ် အနှံ့ တို့တွင် ဓါးဒဏ်ရာ များစွာ ရှိသည်။ သေဆုံးသူမှာ မြန်မာ အလုပ်သမား တစ်ဦး ဖြစ်သည်ဟုသာ သိရှိရပြီး မြန်မာနိုင်ငံ မည်သည့်ဒေသမှ မည်သူ၏ သားသမီး ဖြစ်ကြောင်းကိုမူ သတင်းစာတွင် ဖေါ်ပြထားခြင်း မရှိပေ။
ထိုင်းနိုင်ငံ အတွင်း မြန်မာ အလုပ်သမား သန်းချီရှိသည့် အနက် အိမ်တွင်း အကူ အလုပ်သမား (ခေါ်) အိမ်ဖေါ် အလုပ်သမား အများအပြား ရှိသော်လည်း စနစ်တကျ စာရင်းပြုစုထားမှု မရှိခြင်း၊ ပြုစုရန်ခက်ခဲခြင်း၊ အလုပ်သမားများ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့်၊ အိမ်အလုပ်သမားများ အသတ်ခံခြင်း၊ အဓ္ဓမ ပြုကျင့်ခံရခြင်း၊ လုပ်ခမရရှိခြင်း အစရှိသဖြင့် ပြဿနာ တစ်စုံတစ်ခု ပေါ်ပေါက် လာပါက ကူညီ ဆောင်ရွက် လိုသူများက အစရှာမရ ဖြစ်လေ့ ရှိကြောင်း သိရသည်။
source by : GRASSROOTS HUMAN RIGHTS
0 ရဲ့ အမြင်:
Post a Comment