Gtalk မှမိုဘိုင်းသို့ SMS Message ပို့နိုင်တော့မည်

Thursday, April 9, 2009 ·

Gtalk မှ မိုဘိုင်းဖုန်းများ သို့သော် လည်းကောင်း မိုဘိုင်းဖုန်းများမှ Gtalk သို့သော် လည်းကောင်း၊ Text Message များ အပြန်အလှန် ပေးပို့နိုင်သော ၀န်ဆောင်မှုကို အသုံးပြုနိုင်တော့မည်ဟု သိရှိ ရသည်။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူများသည် မိမိတို့ လက်အတွင်း မှ မိုဘိုင်းဖုန်းမှ တစ်ဆင့် sms ကိုအသုံးပြုပြီး Gtalk သို့ Message ပေးပို့ခြင်း/ပြန်လည်၍ ရယူနိုင်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ၎င်းဝန်ဆောင်မှု အသုံးပြုလို သူများတွင် ကိုယ်ပိုင် account များဖွင့်ထားပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ မကြာမီအချိန်တွင် ပြည်သူများ အသုံးပြုနိုင်ရန် account များဖွင့်ပေးသွားမည် ဖြစ်ပြီး ယခုအချိန် စမ်းသပ် ကာလတွင်သာ ရှိသေးကြောင်း သိရှိရသည်။ အသုံးပြုသူများအနေဖြင့် Gtalk ဘက်မှသော် လည်းကောင်း မိုဘိုင်းဖုန်း ကိုင်ဆောင်သူဘက် မှသော်လည်းကောင်း တစ်ဘက်ဘက်မှ account ဖွင့်ရန်လိုအပ်ပြီး အသင်းဝင် ဈေးနှုန်း များကို eTrade Myanmar မှယခင် web to sms တို့ ကဲ့သို့ပင် ကျပ်တစ်သောင်းနှင့် တစ်သောင်းခွဲ ဟူ၍ eTm Member Code များဝယ်ပြီး အသင်းဝင်နိုင်မည် ဖြစ်ပြီး ပို့သည့် message များပေါ်တွင်မူတည်၍ ကုန်ကျ စရိတ်ငွေကို တွက်ချက် ဖြတ်တောက် သွားမည်ဖြစ်ပြီး message တစ်ခုပို့လျှင် 50 ကျပ် သတ်မှတ် ထားကြောင်း သိရသည်။

“Gtalk“ ကနေမိုဘိုင်းဖုန်း၊ မိုဘိုင်းဖုန်းကနေ Gtalk ကိုပို့မယ်ဆိုရင် ရိုးရှင်းပါတယ်။ Gtalk သုံးသူတွေက gtalk@etmsms.com ကို မိမိရဲ့ Gtalk account ထဲမှာ ထည့်သွင်းထားပြီး အဲ့ဒီအကောင့်ထဲကို sms+space+ ဖုန်းနံပါတ် +space+ မိမိရိုက်လိုသောအကြောင်းအရာ (ဥပမာ-sms 51xxxxx Hello World!)- တွေကို ရိုက်သွင်းပြီး ပို့လိုက်ရင် တစ်ဘက်က မိမိပို့လိုသော ဖုန်းနံပါတ်ကို sms လိုင်းမှရောက်သွားမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းမှ Gtalk သို့ဆိုလျှင်လည်း မိမိဖုန်းရဲ့ message box အတွင်းမှာ စာရိုက်သည့်အခါတွင် +G ပြီးလျှင် မိမိပို့လိုသော gmail လိပ်စာကိုရိုက်ထည့်ပြီး space ခြား၍ (ဥပမာ+gyourid Hello World!)+ ပို့လိုသော အကြောင်းအရာ များကို ရိုက်ထည့်ပြီး eTm ၏ သက်ဆိုင်ရာ ဖုန်းသို့ ပို့လိုက်ပါက မကြာခင်တစ်ဘက် Gtalk သို့ ရောက်သွားမှာ ဖြစ်ပါတယ်” ဟု eTrade Myanmar မှ ကိုရင်ခိုင်မှရှင်းပြသည်။

“ကိုယ့်ရဲ့ဖုန်းထဲကို နိုင်ငံရပ်ခြားမှ Gtalk ကနေ တဆင့်ပြောချင်တယ်ဆိုရင်လည်း အဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ message အထွက်ကို ပိုက်ဆံကျခံစရာမလိုဘဲ Gtalk မှဖုန်းသို့အ၀င်ကိုသာ ကုန်ကျ စရိတ်ကို ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းဘက်မှ member ဖြစ်ပြီး gtalk ဘက်မှ member မဟုတ်သူများတွင် eTm ရဲ့သက်ဆိုင်ရာဖုန်းသို့ +add gmail account ဆိုပြီး မိမိရဲ့ဖုန်းကနေပြီး sms message လှမ်းပို့ရမှာဖြစ်ပါတယ်။ သို့မှသာ မသိသောအခြားဖုန်းများမှ message များပို့သွားပါက မိမိရဲ့ငွေကြေး balance တွေ အလဟသတ်မဖြစ်နိုင်မှာဖြစ်ပါတယ်။ အကယ်၍ gtalk ဘက်ကကော မိုဘိုင်း ဖုန်းဘက်ကပါ member ဆိုရင်တော့ လုပ်စရာမလိုပါဘူး” ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

မိုဘိုင်းဖုန်းမှ sms မိုဘိုင်းဖုန်းမှ email အစရှိသဖြင့် ပြုလုပ်ခဲ့ရာတွင် ယခုမိုဘိုင်းဖုန်းမှ Gtalk ကိုပို့နိုင်သော စနစ်တစ်ခု ကိုလည်း eTrade Myanmar မှထပ်မံပြုလုပ်ပေးသွားမည်ဖြစ်ပြီး မကြာမီတွင် ပြည်သူများ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/12264

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */