အမြန်ချောပို့ပစ္စည်းနှင့်စာများ ရောက်ရှိမှုအခြေအနေ အွန်လိုင်းမှသိရှိနိုင်မည်

Thursday, April 9, 2009 ·

ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန စာပို့တိုက် လုပ်ငန်း လက်အောက်ရှိ ပြည်တွင်းအမြန်ချောပို့လုပ်ငန်း (DEMS) သည် ၀န်ဆောင်မှုတစ်ရပ်အနေဖြင့် ပြည်သူများ ကိုယ်တိုင် တိုက်ရိုက် သုံးစွဲနိုင်သော အွန်လိုင်းပေါ်မှ ပြည် တွင်းအမြန်ချောပို့လုပ်ငန်း ခြေရာခံ ထောက်လှမ်းစနစ်ကို ဧပြီလ (၁) ရက်နေ့မှစတင်၍ သုံးစွဲခွင့်ပေးထားပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစနစ်သည် အမြန်ချောပို့လုပ်ငန်း (DEMS) သို့ ပစ္စည်းလာရောက်ပို့ဆောင်သူကို ၎င်းဌာနမှ ကွန်ပျူတာဖြင့် ဘောက်ချာ ဖြတ်ပေး လိုက်မည် ဖြစ်သောကြောင့် ပစ္စည်းပိုင်ရှင်သည် မိမိလက်ခံရရှိထားသော ထိုဘောက်ချာတွင် ပါဝင် သည့် bar code နံပါတ်ကိုအသုံးပြု၍ အွန်လိုင်းပေါ်တွင် ၀င်ရောက် ကြည့်ရှုရခြင်း ဖြစ်သည်။ ထိုသို့အွန်လိုင်းပေါ်တွင် ၀င်ရောက်ကြည့်ရှုခြင်းဖြင့် မိမိပို့ထားသောပစ္စည်း (သို့မဟုတ်) စာများကို မည်သည့် မြို့ရှိစာတိုက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အမြန်ချောပို့လုပ်ငန်း (DEMS) ဌာနခွဲမှ ပေးဝေပြီး မပြီးကိုပါ ကြည့်ရှုနိုင်မည် ဖြစ်သည်။ အကယ်၍ ပေးဝေပြီးသွားပြီဆိုပါကလည်း ပေးဝေလိုက်သည့်အချိန်နှင့် ရက်စွဲများကိုအတိအကျသိ ရှိနိုင်မည်ဖြစ်သည်။ ထိုစနစ်ကို သုံးစွဲလိုသူများသည် ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည့် www.dems.net.mm ၀က်ဘ်ဆိုက်တွင် ၀င်ရောက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအမြန်ချောပို့လုပ်ငန်း ခြေရာခံထောက်လှမ်းစနစ်ကို မြို့ကြီး ၁၈ မြို့နှင့် အမြန်ချောပို့မှု များသော မြို့များ အပါအ၀င် စုစုပေါင်း ၂၆ မြို့တို့ကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့များမှာ နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မကွေး၊ မုံရွာ၊ ပြည်၊ ပဲခူး၊ မော်လမြိုင်၊ ပု သိမ်၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ စစ်တွေ၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ ပြင်ဦးလွင်၊ ဗထူး၊ တောင်ငူ၊ ပျဉ်းမနား၊ သံတွဲ၊ ကလေး၊ မြိတ်၊ ကော့သောင်းတို့ဖြစ်သည်။ ဖော်ပြပါမြို့များသာမက အခြား မြို့များ ကိုလည်း ထိုစနစ်အား ရရှိနိုင်အောင် ဆက်လက်၍ လုပ်ငန်း တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အွန်လိုင်းမှအမြန်ချောပို့လုပ်ငန်း ခြေရာခံထောက်လှမ်းစနစ်ကို နိုင်ငံတကာအမြန်ချောပို့လုပ်ငန်းတွင် တွင်ကျယ်စွာ သုံးစွဲခဲ့သည်မှာ တစ်နှစ်ကျော် ရှိသွားပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/12271

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */