ဧပြီလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိလာနိုင်

Thursday, April 9, 2009 ·

ဧပြီလအတွင်း ဘင်္ဂလားပင် လယ်အော်၌လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရှိရသည်။

''လေဖိအားနည်းရပ်ဝန်းက နေ မုန်တိုင်းငယ်အဆင့်ကို ရောက် ရှိနိုင်တယ်လို့ခန့်မှန်းရတာကြောင့် သတိရှိဖို့ လိုပါတယ်။ အသေးစိတ် အခြေအနေ ကိုတော့နေ့စဉ် ထုတ်ပြန် ချက်တွေမှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့သည်။

လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်ဟုသိရှိရသည်။

''နာဂစ်တုန်းက ဧပြီလ ၂၄ ရက်နေ့မှာ စတာပါ။ မေလကို ကူး သွားတယ်။ ခုလည်းဖြစ်မယ်ဆိုရင် ဧပြီနဲ့ မေ စပ်ကူးမပ်ကူးကာလမှာ ဖြစ်နိုင်ပါတယ်''ဟု ဒေါက်တာ ထွန်းလွင်က ပြောပါသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်တိုင်း မြန်မာနိုင်ငံ သို့ဝင်ရောက်လေ့မရှိသော်လည်း ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းတို့ သုံးနှစ်ဆက်၍ ၀င်ရောက်ခဲ့ပြီး ယင်းသို့ ၀င်ရောက်ခဲ့သည့်ကာ လမှာ မိုးကြိုကာလပင်ဖြစ်သည်။ ''ခန့်မှန်းချက်တွေကို ကြိုတင်ထုတ် ပြန်သွားမှာဖြစ်ပါတယ်''ဟု ဒေါက် တာထွန်းလွင်က ပြောကြား ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်တွင် ၁၉၈၀ပြည့်နှစ်၏အရှေ့ပိုင်းနှစ်များ၌ မုန်တိုင်းအကြိမ်ရေ ၁၀ ကြိမ်ဝန်း ကျင် ဖြစ်ပွားခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိမှာ ခြောက်ကြိမ် သာဖြစ်ပွားမှုရှိသည်ဟုသိရသည်။ ၂၀၀၈ ခုနှစ်တွင် မုန်တိုင်းအကြိမ် ရေ ခုနစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာ နိုင်ငံသို့ သက်ရောက် ခဲ့သော နာဂစ် မုန်တိုင်းမှာအဆိုးဝါးဆုံးနှင့် သေကျေ ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သည်။

ရာသီဥတု ပြောင်းလဲခြင်းများ၏ သက်ရောက်မှုကြောင့် မုန်တိုင်း ဖြစ်ပွားမှုများ ယခုနောက်ပိုင်း နှစ်များ တွင်များပြားလာခဲ့ပြီး နာဂစ် မှာလည်း ရာသီဥတုပြောင်းလဲခြင်း၏သင်္ကေတ တစ်ခုပင်ဖြစ်သည်ဟု သိရှိရသည်။

''ဒီနှစ်မှာတော့ တိုးတက်မှု တွေရှိလာပါတယ်။ မစ်ဆူဘီရှီရဲ့ လှူဒါန်းမှုနဲ့ ပြည်တွင်း စခန်းအသီးသီး မှာသီးသန့် ဆက်သွယ်ရေး လိုင်းတွေ ရှိလာတယ်''ဟု ဒေါက်တာထွန်းလွင် က ပြောပါသည်။ နေပြည်တော်ရှိ ဘက်စုံ သဘာဝဘေး ကြိုတင် သတိပေး ဗဟိုဌာန မှလည်း မုန်တိုင်း သတိ ပေးချက်များကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော်၌ ဧပြီလပထမ ၁၀ ရက်ပတ် တွင် အများအားဖြင့် သာယာမှု ရှိနေမည် ဖြစ်ကြောင်း သိရှိရသည်။

source by : http://weeklyeleven.com/m001/m001.php?id=1

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */