အသတ်ခံ ရသူမှာ ထောက်လှမ်းရေးကျော်ဝင်း သမီးမဟုတ်

Thursday, April 9, 2009 ·

ဟိန်းခိုင်ထွန်း |


သတင်းစာမှ နာရေး ကြော်ငြာ
ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) အခန်းတွင် နေထိုင်သည့် သင်္ဘောသား ဇနီးမောင်နှံ နှစ်ဦး မတ်လ ၃၀ ရက်နေ့က အသတ်ခံခဲ့ရရာ သေဆုံးသူ မအေးအေးဝင်း ခေါ် ဒေါ်မြတ်သီရိခင် မှာ ပြည်ပ အခြေစိုက် မီဒီယာ တစ်ချို့တွင် ဖေါ်ပြထားလို့ ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ်ကျော်ဝင်းသမီး မဟုတ်ကြောင်း ယခင် စစ်ထောက်လှမ်းရေးဟောင်း တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးမှ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း နှင့် နီးစပ်သော စာနယ်ဇင်းဆရာ တစ်ဦး ကFreedomNews Group သို့ ပြောသည်။

အချစ် ဂျာနယ် နှင့် လျှပ်တစ်ပျက် ဂျာနယ် များတွင် စွန်ရဲ ဆိုသည့် ကလောင် အမည်ဖြင့် စာများရေးနေသော ဗိုလ်ချုပ်ကျော်ဝင်း မှာ ၂၀၀၅ ခုနှစ် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီး ခြောက်လ အကြာတွင် ဗိုလ်ချုပ် ဘ၀ဖြင့် မသိမသာ အငြိမ်းစားယူသွားသူ ဖြစ်သည်။ ယခု ဝေဇယန္တာ ရှောပင်းမော ရှိရာ သုဝဏ္ဏ အားကစား ကွင်း အနီးရှိ လူကုံထံများ နေထိုင်သော ရိပ်သာ တစ်ခုတွင်နေ ထိုင်ပြီး သူ၏ သားဖြစ်သူမှာ ကြေးအိုးဆိုင် နှင့် စံပယ်မင်း တေးထုတ်လုပ်ရေး ဇာမဏီ ဂျာနယ် တို့ကို ပိုင်ဆိုင်သည် ဟု ရန်ကုန် စာနယ်ဇင်းအသိုင်း အ၀ိုင်းတွင် လူပြောများသည်။

ယခု နှစ်လောင်းပြိုင် လူသတ်မှုတွင် သေဆုံးသူ တစ်ဦးဖြစ်သည့် မအေးအေးဝင်း၏ ဖခင်မှာ ယခင် ကကကြည်းမှ ဗိုလ်မှုးချုပ် ကျော်ဝင်း ဖြစ်သည် ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာ တစ်ဦးက အတည်ပြု ပြောကြားသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ကျော်ဝင်းမှာ ထောက်လှမ်းရေးကို နာမည် ပြောင်းထားသော စစ်ဖက်ရေးရာ လုံခြုံရေးတွင် ထောက်လှမ်းရေး အရာရှိသစ်များအား ထောက်လှမ်းရေးနှင့် ပတ်သက်သော သင်တန်းများပို့ ချပေးရန် တစ်ဦးလျှင် ကျပ်ခုနှစ်သိန်း မော်တော်ကား တစ်စီး စသည်ဖြင့် ခံစားခွင့်များ ရရှိသည်။

ဗိုလ်ချုပ် ကျော်ဝင်းမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို သစ္စာခံသူ တစ်ဦးအဖြစ် လူသိများပြီး သူ၏ သားအကြီးဆုံးမှာ အသက် ၃၉ သာရှိသေးသည်။

ထိုသတင်း နှင့်ပတ်သက်၍ မအူကုန်းလမ်းကျယ်ရှိ ကားပွဲစား တစ်ယောက် ကို Freedom News Group မှ ဆက်သွယ်မေးမြန်းကြည့်ရာ “ရန်ကုန်မှာလည်း လူတွေက ပြောကျတယ်လေ ထောက်လှမ်းရေး ကျော်ဝင်း သမီး လို့ပဲ သေချာသိတဲ့ လူတွေ ကတော့ မဟုတ်ဘူးလို့ ပြောတယ်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */