ရန်ကုန်မြို့၌ သင်္ကြန်ကာလ တွင်း ရေကစားမည့် သူများ ကစား မည့်နေရာ အလိုက် ရေ ဆက်သွယ်ခွင့် လျောက်လွှာများ စတင် လျောက်ထား နိုင်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောပြ ခဲ့သည်။
ရေ ဆက်သွယ်ခွင့် လျောက်လွှာ ပုံစံများအား သက်ဆိုင်ရာ မြို့နယ် ရေနှင့် သန့်ရှင်းမှု ဌာန တာဝန်ခံ ရုံးများနှင့် ရေနှင့် သန့်ရှင်းမှု ဌာနရုံးချုပ် (မြို့တော်ခန်းမ) တို့တွင် အခမဲ့ရယူနိုင်သည်ဟု သိရသည်။ လျောက်လွှာများကိုသေချာစွာဖြည့် စွက်၍ အဆိုပါ နေရာ၌ပင် တင်ရမည် ဖြစ်ကြောင်းသိရသည်။ လျောက် လွှာတင်ရာတွင် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်ရေသန့် တာဝန်ခံ၏ မှတ်ချက်နှင့် ရန်ကုန် မြို့တော် စည်ပင်၊ လမ်းနှင့် တံတား ဌာန၏ မဏ္ဍပ်ဆောက်လုပ်ခွင့်ကို တစ်ပါတည်း ပူးတွဲတင်ရမည် ဖြစ်ကြောင်း၊ အချက်အလက်များ ပြည့်စုံပါက ရေ ဆက်သွယ်ခွင့် အမြန်ဆုံး ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
''ရေ ဆက်သွယ် ခွင့်လျောက်ပြီး အထောက်အထား ပြည့်စုံအောင် တင်ပြနိုင်ရင် ချက်ချင်း ခွင့်ပြုပေးမယ်။ ခွင့်ပြုတာနဲ့ သတ်မှတ် ကြေးပေး သွင်းရမယ်။ ရေ ဆက်သွယ်ခွင့်က လည်း နှစ်ခုရှိတယ်။ ပိုက်လိုင်းနဲ့က တစ်မျိုး၊ အင်းလျားနဲ့ ကန်တော်ကြီးက တစ်မျိုးရှိတယ်။ ရေဆက် သွယ်ခွင့်ပေးတဲ့ အခါမှာလည်းမြို့နေ လူထု ရေသုံးစွဲမှုကို မထိခိုက်အောင် လုပ်ပြီးပေးတာပါ။ ရေ ဆက်သွယ်ခွင့်ကို သင်္ကြင်္န် အကြိုနေ့ အထိ လုပ် ပေးပါတယ်''ဟု အဆိုပါ တာဝန်ရှိသူ က ရှင်းပြခဲ့သည်။
ရေဆက်သွယ်ကြေး ပေးသွင်း ရာတွင် ရေပိုက်လိုင်းမှ ၁ လက်မ နှင့် ၁ လက်မခွဲ ပိုက်ဖြင့် ဆက်သွယ်ပါက (1 connection) ကို ကျပ် လေးသောင်း၊ ၂ လက်မပိုက်ဖြင့် ဆက်သွယ်ပါက ကျပ်ခြောက်သောင်း ကျသင့်မည် ဖြစ်ပြီး ၂ လက်မ ထက် ကြီးသော ပိုက်များဖြင့် ရေဆက်သွယ် ခွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။ အင်းလျားနှင့် ကန်တော်ကြီးမှ ၃ လက်မ ပိုက်ဖြင့် ရေဆက်သွယ်ပါက (1 connection) ကို ကျပ် တစ်သိန်းခွဲ ကျသင့်မည် ဖြစ်ပြီး အဆိုပါဆက် သွယ်ကြေးမှာ သင်္ကြန်အကြိုနေ့ အတွက် မပါဝင်ကြောင်း သိရှိရ ပါသည်။
source by : http://weeklyeleven.com/m001/m001.php?id=14
သင်္ကြန်ကာလတွင်း ရေကစားမည့်သူများ ရေဆက်သွယ်ခွင့်လျောက်လွှာများ စတင်လျောက်ထားနိုင်
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment