မော်လမြိုင် ကျောင်းသားများ၏ လျှပ်စစ်မီး အခွင့်အရေး တိုက်ပွဲမှာ ရန်ကုန်မြို့သို့ ကူးစက်သွားပြီး ရန်ကုန်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့် ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်းသားတချို့မှာ လျှပ်စစ်မီး ပုံမှန် မရရှိသဖြင့် စာကျက်ခြင်းမပြုနိုင်ကာ ဆယ်တန်းစာမေးပွဲကိုသပိတ်မှောက်ကြတော့မည်ဟု သတင်းရရှိသည်။
ရန်ကုန်တွင်ဗုံးများပေါက်ကွဲအပြီးတင်းကျပ်သည့်လုံခြုံရေးအနေအထားနှင့် ကျောင်းသားများကို စုစည်းနိုင်မှု အနေအထားအရ မော်လမြိုင်မြို့မှာ ကဲ့သို့ အင်အားကောင်းစွာ ဆန္ဒ ထုတ်ဖော်နိုင်ဖို့ အခြေအနေ မပေးသော်ကြောင့် မိမိတို့ သည် ဆယ်တန်းစာမေးပွဲကို သပိတ်မှောက်ရန်မှ တပါးအခြား မရှိတော့ပါဟု ဒဂုံမြို့သစ် အထက်တန်း ကျောင်းတစ်ကျောင်းမှ နေ၍ ဆယ်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုမည့် အထက်တန်း ကျောင်းသား ကိုမောင်မောင်ဦး (နာမည်ရင်းမဟုတ်ပါ) ကFreedom News Group သို့ ပြောသည်။
ရန်ကုန်မြို့တွင်လျှပ်စစ်မီးပျက်ခြင်းမှာစံချိန်တင်ဆိုးရွားနေသောကြောင့် ကျောင်းသားမိဘ နှင့် ဆရာ ဆရာမများကလည်း ဆယ်တန်းဖြေဆိုမည့်ကျောင်းသားများကို စာမေးပွဲ အတွက် တွန်းအား မပေးတော့ကြောင်း သိရသည်။
“မီးကမလာလို့ ကျွန်မတို့ လည်းစိတ်ပျက်သားကလည်းစိတ်လေနေတယ်လေ သူကပြောတယ် စာမေးပွဲ မဖြေတော့ဘူးတဲ့ ကျွန်မလည်း ဘာမှပြန်မပြော တော့ဘူးလို့ ”သမိုင်းမှ ဆယ်တန်း ကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူကပြောသည်။
မီးမလာသောကြောင့် ကျောင်းသားအများစုမှာလည်းဂိမ်းဆိုင်နှင့် အင်တာနက်ချတ်များတွင် အချိန်ဖြုန်းခြင်း တို့ဖြင့်သာ ညများစွာကို ကုန်လွန်ကြရသည်။
ကိုမောင်မောင်ဦး က “ကျွန်တော်တို့ စာမေးပွဲမဖြေဖို့ ကိုလိုက်စည်းရုံးနေကြပါတယ်။ မနက်ဖြန်မှာ ကျယ်ကျယ် ပြန့်ပြန့် လုပ်မယ်။ ဒါနိုင်ငံရေး မဟုတ်ဘူးလေ မီးမလာလို့  စာမကျက်နိုင် အဲဒီတော့ စာမေးပွဲမဖြေဘူးပေါ့ ”ဟု ပြောသည်။
၁၉၅၆ ခုနှစ်တွင် မတ်လတွင် သတ္တမတန်း အစိုးရစစ်စာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် တစ်တိုင်းပြည်လုံး ကျောင်းသားများအုံကြွရာတွင် အစိုးရက ပစ်ခတ်နှိမ်နှင်းသောကြောင့် စိန့် ပေါလ်ကျောင်းသား ဟယ်ရီတန် သေဆုံးရမှုဖြစ်ပွားခဲ့သည်။
source by : http://longwalktofreedom.wordpress.com/2009/03/08/%E1%80%B1%E1%80%99%E1%80%AC%E1%80%B9%E1%80%9C%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99/#more-1895
မော်လမြိုင် ကျောင်းသားများ၏ ဂယက်ရန်ကုန်မြို့သို့ ပြန်နှံ့ မီးမလာ၍ စာမေးပွဲကိုသပိတ်မှောက်မည်
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment