လမ်းဘေး ဒီဗီဒီအခွေ အရောင်းဆိုင်များကို စစ်ဆင်ရေးတစ်ရပ်လုပ်၍ ဖမ်းဆီးနေ သိမ်းဆည်းသွားသည့် အခွေများကို ရဲစခန်းတွင် တစ်ခွေ ၅၀၀ကျပ် ဖြင့်ပြန်လည် ရောင်းချ

Sunday, March 8, 2009 ·

ရန်ကုန်မြို့ရှိ လမ်းဘေးတွင် ရောင်းချသော ဒီဗီဒီ အရောင်းဆိုင်များကို မတ်လ၈ရက်နေ့ မှစ၍ ရန်ကုန်တိုင်း ဗီဒီယို အခြေခံ အဖွဲ့ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ စီမံချက် တစ်ရပ်အနေဖြင့် ဖမ်းဆီး နေကြောင်း သိရသည်။

ကျောင်းသားများ စာမေးပွဲရှိ၍ဟူသော အကြောင်းပြချက်ဖြင့်ဖမ်းဆီးသော်လည်း မြန်မာစာတမ်းထိုး နိုင်ငံခြား ဗီဒီယို ဇာတ်ကားများကြောင့် မြန်မာဗီဒီယို ဈေးကွက် နစ်နာမှုရှိနေသောကြောင့် ဖမ်းဆီးရသည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အမည်မဖေါ်လိုသူ တစ်ဦးက Freeodom News Groupသို့ ပြောသည်။

ထိုသို့ ဖမ်းဆီးမှုများသည် မတ်လ ၈ရက်နေ့ မနက်မှစတင်ကာ ကျောက်တံတားမြို့နယ်၊ လသာ၊ တာမွေနှင့် ၈မိုင်လမ်းဆုံတို့ တွင်တစ်ပြိုင်နက်ဖမ်းဆီးနေကြောင်းသိရသည်။“ပစ္စည်းတင် သိမ်းတာ မဟုတ်ဘူး လူကိုပါ ဖမ်းတာ မိရင်ထောင်ချမှာမို့ ကျွန်တော်တို့ ကိုလွန်ရုံးပြီးထွက်ပြေးရတယ်”လို့ သာကေတတွင်နေထိုင် ပြီး မဟာဗန္ဓုလမ်းတွင် လမ်းဘေးဒီဗီဒီ ဆိုင်ဖွင့်လှစ်ကာ ရောင်းချနေသူ တစ်ဦးကပြောသည်။

ဖမ်းဆီးရေးအဖွဲ့ မှသိမ်းဆည်းသွားသောဒီဗီဒီ နှင့် ဗီစီဒီအခွေများကို ရဲစခန်းများမှ ပြန်လည်ရောင်းချနေပြီး တာမွေရဲစခန်းတွင်မူ တစ်ချပ်ကို၅၀၀ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချ နေသည်ဟုသိရသည်။ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ မလာသော်လည်း မြို့ခံလူထုက ဒီဗီဒီ အခွေများကို နှစ်သက်စွာ ၀ယ်ယူကြသည်။ “မီးက မလာတော့ တီဗီကလာတဲ့ကိုရီးယားကားလည်း ကြည့်လို့ မရတော့ဘူး လာတဲ့အချိန်မှာ ဒီဗီဒီ လေးကြည့်ပြီး အပန်းဖြေရတာဟု ဆိပ်ကမ်းသာလမ်းတွင် နေထိုင်သော ကျောင်းဆရာ တစ်ဦးကဆိုသည်။

ဖမ်းဆီးရေးအဖွဲ့ မှဒီဗီဒီ အရောင်းဆိုင်များကိုလိုက် ဖမ်းဆီးနေသော်လည်း နယ်မြေရဲစခန်းတွင် လိုင်းဝင် ထားသော ဆိုင်များမှာ ကြိုတင် သတင်း ရထားသောကြောင့် အခွေများကို သိမ်းဆည်းထားပြီး ဆိုင်ကို ပိတ်ထားသသိရသည်။

source by : http://longwalktofreedom.wordpress.com/2009/03/08/%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%98%E1%80%B8%E1%80%92%E1%80%AE%E1%80%97%E1%80%AE%E1%80%92%E1%80%AE%E1%80%A1%E1%80%B1%E1%80%81%E1%80%BC%E1%80%A1%E1%80%B1%E1%80%9B%E1%80%AC%E1%80%84/#more-1889

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */